အစကတော့ Facebook Graph Search အကြောင်း ရေးမလို့ပါ။ ဒါပေမယ့် ပိုပြီး များများပြောလို့ရအောင် Facebook search အကြောင်းကို ပြောပါမယ်။ အားလုံးသိတဲ့အတိုင်း Facebook က ကမ႓ာပေါ်မှာ လူသုံးအများဆုံး social network ဖြစ်ပါတယ်။ ဒီတော့ Facebook search ကို ကျွမ်းကျင်စွာ အသုံးပြုတတ်မယ်ဆိုရင် များစွာ အကျိုးရှိနိုင်ပါတယ်။ Facebook ကိုလူတိုင်းသုံးတတ်နိုင်ပါတယ်၊ ဒါပေမယ့် Facebook search ကိုတော့ ဘာရှာရမှန်း မသိတဲ့လူတောင် အများကြီးပါ။ လူနည်းစုကတော့ နည်းနည်းပါးပါး ရှာတတ်ပါမယ်။ ကျွမ်းကျွမ်းကျင်ကျင် ရှာတတ်တဲ့လူတော့ အတော်လေးကို ရှားပါမယ်။

ဆောင်းပါး တစ်ခုခုရေးမယ်လို့စဉ်းစားလိုက်ရင် မြန်မာနိုင်ငံက လူတွေအတွက် အထောက်အကူဖြစ်လားလို့ အရင်စဉ်းစားပါတယ်။ အထောက်အကူဖြစ်မယ်ထင်တဲ့ အကြောင်းအရာကို သိထားတာအပြင် လေ့လာဖြည့်စွက်ပြီး အပြည့်စုံဆုံးဖြစ်အောင် ရေးပါတယ်။ ရည်ရွယ်ချက်ကတော့ တစ်ပုဒ်ဆို တစ်ပုဒ် အရသာပြည့်ဝအောင်လို့ပါ။ သိပ်မကြာသေးခင်ကလည်း ဒီ website မှာ “အင်တာနက် (မရှိမှ) ဆော့လို့ရမယ့် Google Chrome ရဲ့ လျှို့ဝှက်ဂိမ်း” ဆိုတာကို ရေးခဲ့ပါသေးတယ်။

အရင်ဆုံး Facebook search ကို features အပြည့်အဝ သုံးချင်တယ်ဆိုရင်တော့ Language ပြောင်းရပါတယ်။ Facebook က အမေရိကန်နိုင်ငံသား မာ့ခ် အဲလိယတ် ဇတ်ကာဘာ့(ဂ်) တည်ထောင်တာဖြစ်တဲ့အတွက် Language ကို English(US) လို့ထားမှ Facebook search ကို လုံးစေ့ပတ်စေ့ သုံးနိုင်မှာ ဖြစ်ပါတယ်။ English(UK) ဆိုရင်တောင် မရပါဘူး။ ဒါက Facebook graph search အပါအဝင် search features အစုံအလင် သုံးနိုင်ဖို့ အရေးကြီးတဲ့ အချက်ပါ။

Facebook language ပြောင်းဖို့ဆိုရင်တော့ ကိုယ့်အကောင့်ကို facebook မှာ ဝင်ပြီးတော့ https://www.facebook.com/settings?tab=account ကို သွားရပါမယ်။ General Settings ကိုရောက်ပြီဆိုရင်တော့ အောက်ပါအတိုင်း မြင်ရပါမယ်။ Language ဆိုတဲ့နေရာမှာ English(US) ဖြစ်နေအောင် ရွေးထားရပါမယ်။

 

 

Language ရွေးပြီးသွားရင်တော့ စိတ်ဝင်စားစရာ အပိုင်း စတင်ပါပြီ။ Facebook search နဲ့ ရှာလို့ရတာတွေ အကုန် သုံးလို့ရပါပြီ။ ဒီနေရာမှာ ရှာတယ်ဆိုတာ လိုချင်တာရိုက်ပြီးရင် အောက်ကပုံထဲကအတိုင်း မှန်ဘီလူးလေးနဲ့ ပေါ်လာတဲ့စာတန်းကို နှိပ်ရမှာ ဖြစ်ပါတယ်။

 

ဘာတွေရှာလို့ရလဲဆိုရင် စိတ်ထဲရှိတဲ့အတိုင်း အကုန်ရှာနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရရင် –

မြင်ဖူးပြီးသားတွေ ရှာမယ်

ဥပမာ အရင်က အောင်အောင် Sule Shangrila Hotel မှာ check-in ဝင်ထားတာ မြင်လိုက်တယ်ဆိုရင်။ ဘယ်နေ့ကလဲ၊ ဘယ်အချိန်ကလဲ၊ စတာတွေအပြင် တင်လိုက်တဲ့ post ကိုပါ ပြန်ရှာနိုင်ပါတယ်။ အောက်ကပုံမှာတော့ နမူနာ ရှာပြထားပါတယ်။

အပေါ်က ပုံမှာဆိုရင်

  • 1 ကတော့ ရှာထားတဲ့ စကားလုံးပါ (နာမည် at sedona ball room)
  • 2 ကတော့ search filters တွေပါ။ လူတွေချည်းသက်သက်၊ ဓာတ်ပုံတွေချည်းသက်သက် စသဖြင့် ရွေးရှာနိုင်ပါတယ်။
  • 3 ကတော့ ရှာလိုက်တဲ့အတိုင်း Sedona Hotel ရဲ့ Grand  Ball Room မှာ check-in ဝင်ခဲ့တာကို တွေ့ရမှာပါ။
  • 4 ကတော့ check-in ဝင်ခဲ့တဲ့ Date ပါ။
  • 5 ကတော့ Like & Comment အရေအတွက်ပါ။ နှိပ်လိုက်မယ်ဆိုရင် like ထားတဲ့သူတွေနဲ့ ရေးထားတဲ့ comment တွေပါ ဖတ်နိုင်ပါသေးတယ်။

 

သူများမျက်လုံးနဲ့ ကမ႓ာလှည့်မယ်

သူများမျက်လုံးနဲ့ ကမ႓ာလှည့်မယ် ဆိုတာကတော့ ကိုယ်မရောက်ဖူးတဲ့ နေရာတစ်ခုခုကို ရှာလိုက်ပါ။ ကိုယ့်သူငယ်ချင်းတွေ ရောက်ဖူးတယ်ဆိုရင် သူတို့တင်ထားတာ မြင်ရပါမယ်။ ဒါမှမဟုတ် ကိုယ် like လုပ်ထားတဲ့ page တွေက တင်ထားတယ်ဆိုရင် မြင်ရပါမယ်။ Google မှာရှာတာနဲ့ ကွာခြားချက်ကတော့ သူငယ်ချင်းတွေတင်ထားတာတို့၊ သာမာန်ဖုန်းနဲ့ ရိုက်တင်တာတို့ဆိုရင် ပိုပြီး သဘာဝကျကျ တွေ့ရပါမယ်။ ဒါပေမယ့် Google ကလည်း အတော်ကလေး အသုံးဝင်တဲ့ Search engine တစ်ခုပါပဲ။

အောက်မှာတော့ နယ်သာလန်ရဲ့ မြို့တော်ဖြစ်တဲ့ Amsterdam ကိုရှာထားတာပါ။ ဆန်းသစ်တဲ့ ရှေးဟောင်းအမွေအနှစ်တွေကြောင့် နာမည်ကြီး လူသိများတဲ့ မြို့ပါ။

 

သူငယ်ချင်း အဟောင်းတွေ အသစ်တွေ ရှာမယ်

ဒါကတော့ ရှင်းပါတယ်။ ကိုယ့်အကောင့်ထဲက လူနာမည်တွေ ရိုက်လိုက်တာနဲ့ သူတို့ရဲ့ ဓာတ်ပုံနဲ့ post တွေ ပေါ်လာမှာပါ။ သူငယ်ချင်းအသစ်တွေဆိုတာကတော့ ဥပမာ Myo လို့ ရိုက်လိုက်တာနဲ့ Myo နဲ့စတဲ့လူတွေ ပေါ်လာမှာဖြစ်ပြီးတော့ ကိုယ် add ချင်တဲ့လူကို Add friend လုပ်နိုင်ပါတယ်။

ရှာချင်တာ ရှာမယ်

ဒါလည်း ရှင်းပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ရိုက်ပြီးတော့ ရှာနိုင်ပါတယ်။ ဥပမာ နည်းနည်းပြောရမယ်ဆိုရင်

  • songs my friends listen to
  • Women in Yangon who like Myanmar Web Designer
  • posts by people who like Myanmar Web Designer
  • My friends who are married (My married friends)
  • Places visited by my friends
  • Friends of Aung Aung

စသဖြင့် စိတ်ထဲရှိတဲ့အတိုင်း ရိုက်ရှာနိုင်ပါတယ်။ ဒါဆိုရင်တော့ Facebook search ကို ကျွမ်းကျင်စွာ သုံးတတ်သွားမှာ ဖြစ်ပါတယ်။

Source: မယုံနိုင်အောင် အသုံးတည့်တဲ့ Facebook search

About Myanmar Web Designer

Myanmar Web Designer has written 35 post in this Website..

An IT man who founded Myanmar Web Designer and love SEO crazily. I sometimes share IT related articles at Myanmar IT Blog.