ဘယ် ညာ Left Right

Ma MaMay 11, 20152min135642

မူလတန်းတက်တုန်းက “ဘယ်” ဘက်နဲ့ ” ညာ” ဘက် ကို သင်တဲ့အခါ ဆရာ/မတွေ လူကြီးမိဘတွေက စာရေးတဲ့ဘက်၊ ထမင်းစားတဲ့ဘက်က “ညာ” ဘက်လို့ မှတ်မိအောင် သင်ပေးကြပါတယ်။

သူ့ရဲ့ပြောင်းပြန်ကတော့ “ဘယ်” ဘက်ပေ့ါ။

(ဘယ်သန်များအတွက်မပါ) :mrgreenn:

 

အဲဒီကတဆင့်တက်လို့ “လက်ဝဲ” “လက်ယာ” ရယ်လို့ သင်ကြားရတဲ့အခါ အလွယ်တကူဖြစ်အောင်

ဝဲ          ယာ

ဘယ်    ညာ … လို့ အသံထွက်နဲ့ အစဉ်လိုက် မှတ်သားထားလိုက်တယ်။

 

အင်္ဂလိပ်စာ သင်ရတဲ့အခါ Left နဲ့ Right ကို “ဘယ်” နဲ့“ညာ” မမှတ်မိပဲ မှားမှားနေလို့ စစ်ရေးပြတဲ့အခါမှာ

ဘယ် ညာ ….. ဘယ် ညာ

Left Right     Left Right လို့ အော်တာနဲ့ တွဲမှတ်ထားရတယ်။ :s:

 

Marching

 

 

 

ခုရက်ထဲမှာ  ဘယ်ကဝင်လာမှန်းမသိတဲ့ ကြံကြံဖန်ဖန် အတွေးတစ်ခုက……

သံတူကြောင်းကွဲတွေဆီရောက်သွားတယ်။

 

သံတူကြောင်းကွဲတွေက………

-အင်္ဂလိပ်လိုမှာလည်း ရှိသလို

-မြန်မာလိုမှာလည်း ရှိတယ်။

 

မြန်မာလို  “ညာ” ဆိုတာ ညာဘက် (လက်ယာဘက်) ဆိုတဲ့ အဓိပ္ပါယ် နဲ့  လိမ်ညာတယ် ဆိုတဲ့ အဓိပ္ပါယ် နှစ်မျိုးရပါတယ်။

 

အင်္ဂလိပ်လို Right က ကျတော့ ညာဘက် (လက်ယာဘက်) ဆိုတဲ့ အဓိပ္ပါယ်အပြင် မှန်ကန်တယ် ဆိုတဲ့ အဓိပ္ပါယ်လည်း ရနေတယ်။

 

အဲဒီတော့……….

မြန်မာလို  သံတူကြောင်းကွဲအဓိပ္ပါယ်က လိမ်ညာတာ

အင်္ဂလိပ်လို သံတူကြောင်းကွဲအဓိပ္ပါယ်က မှန်ကန်တာ
ဆိုတော့ကာ……….

 စကားလုံးတစ်လုံးက ဘာသာစကားနှစ်မျိုးမှာ အဓိပ္ပါယ်ချင်း ပြောင်းပြန်တူ နေတဲ့ သံတူကြောင်းကွဲဖြစ်နေတာ အရမ်းထူးဆန်းတယ်လို့ ထင်မိတယ်။

 

အဲလိုအဓိပ္ပါယ်ပြောင်းပြန်တူနေတဲ့ စကားလုံးတွေများးးးးး  ရှိသေးလား……….

🙄

42 comments

  • kai

    May 11, 2015 at 5:11 pm

    ကြံကြံဖန်ဖန်နော… အံ့ဖွယ်…။

    ဆိုတော့…
    အင်္ဂလိပ် Cheese က အရသာရှိတဲ့စားစရာဖြစ်ပြီး.. ဗမာ ချီးက… အရသာမရှိတဲ့.. မစားစရာဖြစ်ပါတယ်..။
    နောက်တာ.. :k:

    • Ma Ma

      May 11, 2015 at 5:21 pm

      Cheese ကို ဘာမှန်းမသိခဲ့၊
      စားရင်ပဲ အမျိုးဖျက်သစ္စာဖောက် ဖြစ်မလောက်ထင်ခဲ့တဲ့ မဆလခေတ်ကို သတိရမိသွားပြီ။ :e:

      • kai

        May 11, 2015 at 5:26 pm

        မဆလခေတ်က… ပဒုမ္မာတို့.. မေတ္တာမွန်တို့မှာ.. Cheese တွေ… ထောပတ်တွေ.. တင်ရောင်းပါတယ်..။
        အဲဒီခေတ်ကတည်းက.. ဝန်ကြီးဝန်လေးတွေက.. ပေါချောင်ကောင်းဝယ်စားရပြီး…
        ..
        ..
        ..
        ဘုန်းဘုန်းကြီးတွေက.. အလကား..စား.. အဲ.. အဲ.. ဘုန်းပေးရတာ..။ :kwi:

        • မြစပဲရိုး

          May 12, 2015 at 12:00 am

          အဲ့ချိန်က စကော့ဈေး ထဲ မလဲ မှောင်ခို ချိစ် တွေ ရနိုင်ပါတယ် မဟုတ်လား။

  • ခင်ဇော်

    May 11, 2015 at 6:10 pm

    ဒီ ပို့(စ) ဖတ်ပြီး ရထားပေါ်မှာ တလမ်းလုံး စဉ်းစားလာတာ။
    ဟိဟိ။
    စကားလုံးမတွေ့ဘူးလို့။
    ဖတ်ရတာလေးပဲ သူများ ပြန်မျှဖို့ ယူသွားပြီ။
    ဟိ

    :k:

  • မြစပဲရိုး

    May 11, 2015 at 11:58 pm

    အလိုလေး။ ဒါမျိုး တစ်ခါ မှ မတွေးဖူးဘူး။
    ဘာတွေ ရှိသေးလဲ ဆိုတာ ဆက် စဉ်းစား ကြည့် ဦးမယ်။

    ဒါထက် ဒီ မှာ ဒေါ်မမ
    ၃၆၅ ပြည့် ဖို့ အတွက် ပြန်စဖို့ မစဉ်းစား သေးဘူးလား။
    ဒီမှာ မျှော်နေရတာ။
    :-))

    • Ma Ma

      May 12, 2015 at 6:51 pm

      (ဒါမျိုး တစ်ခါ မှ မတွေးဖူးဘူး။)
      တကယ့်တကယ်အရေးကြီးပြီး တန်ဖိုးရှိတဲ့ ကိစ္စမျိုးဆို မစဉ်းစားတတ်တော့ဘူး။
      အလကားနေရင်း မဟုတ်က ဟုတ်ကအတွေးတွေဆို ရောက်ရောက်လာတယ်။
      ဦးဏှောက်က အဲလိုဆို။ :a:

      (၃၆၅ ပြည့် ဖို့ အတွက် ပြန်စဖို့ မစဉ်းစား သေးဘူးလား။)
      သတိရတဲ့သူ မရှိတော့ဘူး အောက်မေ့လို့ ရေသာချိုအချောင်လိုက်မလားလို့ စဉ်းစားနေတာ။ :k:

  • uncle gyi

    May 12, 2015 at 12:16 am

    ဆံပင်ဖြူလို့ဆေးဆိုးနေရတာ
    ဆေးပါမနိုင်အောင်ဖြစ်တော့မှာပဲ

    • Ma Ma

      May 12, 2015 at 6:58 pm

      ဆောရီးပါ အန်ကယ်ကြီးရေ။ :kwi:

  • တစ်ကယ်တန်း စစ်ရေးပြတဲ့အခါဖြစ်ဖြစ်၊ စစ်ရေးပြမှာ Commander အဖြစ်နဲ့ ပြရတာဖြစ်ဖြစ် အခြေခံအားဖြင့်တော့ ဘယ်ညာနဲ့ စတာပေါ့။ အဲ့ဒီမှာ တစ်ခါတုန်းက ငါတို့ကို ဘယ်ကနေစခိုင်းတာ ညာဘက်ကနေစတော့ ဘာဖြစ်လဲဆိုပြီးတော့ ညာဘက်နဲ့ ခြေလှမ်းတော့ လက်ကပါ ညာဘက်ကြီးကို ပြနေတော့ ညာညာ ဘယ်ဘယ် ဖြစ်နေတာလဲ ကြုံဖူးတယ်။ ဒီမှာ ဘာတစ်ခု သဘောပေါက်သွားလဲဆိုတော့ ကိုယ်ခန္ဒာကြီးက ခြေနဲ့ လက်ဆို လက်ကို ပိုဦးစားပေးတယ်လို့ သိလိုက်သဗျ။ (ပြောရမယ်ဆို.. ခြေထောက်က လမ်းလျှောက်တာနဲ့ ဘောလုံးကန်တာပဲ ရတာ။ လက်ကသာ အကုန်လုပ်ရတာကိုး)

    ဆိုတော့ ပြောချင်တာက Left right left right ကို မြန်မာမှုပြုပြီးတော့ ဘယ်ညာ ဘယ်ညာ ထွက်တယ်ထင်နေတာ။ တစ်ကယ်တန်းတော့ နှစ်မျိုးကွဲသဗျ။ သင်တန်းကျောင်းတွေမှာတော့ အေး(အေးနဲ့ဂေးဂျားကအသံ)အေဂးညာ အေဂးညာ အေဂး အဲ့လိုအသံထွက်သဗျ။

    စစ်ရေးပြလမ်းလျှောက်ရင်တော့ သွားကြားထဲက ထွက်တဲ့လေသံလေးနဲ့ ချစ်ရှစ် ချစ်ရှစ်ဆိုပြီး လျှောက်ရသဗျ။

    အဲ့လိုဆိုတော့ ဘယ်လိုများတွေးကြမတုန်းလို့ စဉ်းစားမိပါသေး။ ။

    • Ma Ma

      May 12, 2015 at 7:16 pm

      ကိုယ်ခန္ဒာကြီးက ခြေနဲ့ လက်ဆို လက်ကို ပိုဦးစားပေးတယ်လို့ ဆိုတာကို သတိမထားမိဘူး။ 🙄

      က တဲ့အခါ ဘယ်ခြေညာလက်၊ ညာခြေဘယ်လက် လို့ဆိုထားတော့ ခြေကို ဦးစားပေးတယ်လို့ ပြောလို့ရမလားးး :kwi:

  • အောင် မိုးသူ

    May 12, 2015 at 9:00 am

    ဘယ်ညာ ဘယ်ညာ ဘယ်ညာ ဘယ့်……………….။ ဘယ်ရောညာရော သန်တာပိုကောင်းမယ်ထင်တယ်။ ပို့စ်လေးကိုတွေးသွားတယ်။ Believe ရဲ့ အလယ်မှာတောင် Lie ဆိုတာ ပါနေသေးတာပဲလေ။

    • Ma Ma

      May 12, 2015 at 7:17 pm

      အောင်မိုးသူလည်း ဉာဏ်ကျယ်လေးပဲ။ 🙂

  • Mike

    May 12, 2015 at 9:09 am

    .တကယ်အော်တော့…ဘိန်ညာ..ဘိန်ညာ..ဘိန်ညာ..ဘိန်း :k:

    • Ma Ma

      May 12, 2015 at 7:20 pm

      အထက်တန်းကျောင်းတုန်းက စစ်ရေးပြလမ်းလျှောက်ထွက်တုန်းကတော့ ဦးမိုက်ပြောသလို…
      ဆရာအော်သံကို ဘိန် ညာ ဘိန် ညာ ဘိန် ညာ ဘိန်းးးးး လို့ ကြားမိတာပဲ။

      .Leg လက်=ခြေထောက်
      အဲဒါလည်း မှန်ပ့ါ။ 🙂

  • ကထူးဆန်း

    May 12, 2015 at 10:18 am

    တကယ်တော့အားလုံးညာ နေတာပါဘဲ … လွှတ်တော် ထဲ မှာ ပြောတာပါ ..
    အတွေးက အဲ့ ရောက်သွားတာ ဘာ မှ လဲ ဆိုင်ဘူးနော် ..

    uncle gyi says:
    ဆံပင်ဖြူလို့ဆေးဆိုးနေရတာ
    ဆေးပါမနိုင်အောင်ဖြစ်တော့မှာပဲ

    right .

    • Ma Ma

      May 12, 2015 at 7:24 pm

      ကထူးဆန်းကိုတော့ ပုဏ္ဏားဘွဲ့ပေးရတော့မယ်။
      အမှန်တော့လည်း အခုအတွေးက ခေါင်းပေါင်းစတွေ ညာချဆိုတာကနေ ရလာတာ။ :a:

  • Alinsett @ Maung Thura

    May 12, 2015 at 10:23 am

    ဘာသာစကားနဲ့ ပတ်သက်ရင်..အဲဒီလိုတွေ ထိုင် တွေးပြီး…တွေးမိတာကို ရေးပြနိုင်တဲ့သူတွေ အများကြီးလိုတယ်ထင့်…..

    • Ma Ma

      May 12, 2015 at 7:24 pm

      ဖတ်ရှု့အားပေးတာပဲ ကျေးဇူးတင်ရသေးတာ။ 🙂

  • Mr. MarGa

    May 12, 2015 at 10:46 am

    ထိုင်စဉ်းစားတာ
    တစ်​လုံးမှ ထွက်​မလာ
    🙁

    • Ma Ma

      May 15, 2015 at 10:24 am

      ငယ်ငယ်ရွယ်ရွယ်သိကြားမင်းကို ဆံပင်ဖြူစေချင်တာ မဟုတ်ရပါဘူးနော်။ :p:

  • ဝင့်ပြုံးမြင့်

    May 12, 2015 at 12:43 pm

    .ဟိုက် ရှားပါးစ် အန်တီမမ ဉာဏ်ကောင်းလှပါကလား။

    • Ma Ma

      May 12, 2015 at 3:29 pm

      တခါတလေ ဘာမှန်းမသိပဲ အဲလိုကပေါက်တိကပေါက်ချာတွေ စိတ်ထဲရောက်လာတတ်တယ်။ 🙂

  • aye.kk

    May 12, 2015 at 3:56 pm

    မမရေ
    ပညတ်တွေကို ပညတ်လို့မှတ်ယူမိပါတယ်။

    • Ma Ma

      May 15, 2015 at 10:41 am

      မအေးလို တရားနဲ့ မတွေးတတ်သေးလို့ အတွေးတွေ ပေ ရှည်နေတာ။

  • မဟာရာဇာ အံစာတုံး

    May 12, 2015 at 4:13 pm

    အဲ့ဒါ .. အဲ့ဒါ ..
    အန်တီမားမားရဲ့
    ရှာဖွေတွေ့ရှိဂျင်းပေါ့ ခညာ ….

    • Ma Ma

      May 15, 2015 at 9:38 am

      ရှာဖွေလေ တွေ့ရှိလေ ကဏ္ဍပေ့ါ မဟာရာဇာကြီးရေ။ 🙂

  • black chaw

    May 12, 2015 at 4:26 pm

    ရှာဖွေလေ
    တွေ့ရှိလေ ပေါ့ မမရယ်…။
    ရှာဖွေတိုင်းတော့ တွေ့တတ်တာမျိုးတော့ ဟုတ်ဘူးဗျ…။
    တစ်ခါတစ်လေ တိုက်ဆိုင်မှ
    ကံကောင်းမှ တွေ့တတ်တာမျိုးမို့
    ဟုတ်သားဟ လို့ အာလုတ်သံကြီးနဲ့
    အော်ဟစ်ပြောဆိုသွားပါတယ်ဗျာ…။

    • Ma Ma

      May 15, 2015 at 4:46 pm

      ( တိုက်ဆိုင်မှ
      ကံကောင်းမှ တွေ့တတ်တာမျိုး)
      မှန်ပ့ါ ကိုဘလက်ရေ။

      ကွန်မန့်ကိုဖတ်ပြီး ဟုတ်သားဟ လို့ အာလုပ်သံကြီးနဲ့ အော်သံကိုတောင် ကြားမိတယ်။ :k:

  • ဦးကြောင်ကြီး

    May 13, 2015 at 9:45 am

    မားမားတူမ ကြောင်နှဲ့ယ

    • Ma Ma

      May 15, 2015 at 4:49 pm

      ကြောင်ကြီးလုပ်ပုံနဲ့တော့ ဆွေခန်းမျိုးခန်းတွေလည်း ပြတ်ကုန်တော့မှာပဲ :e:

  • naywoon ni

    May 15, 2015 at 12:25 am

    ဂျပန်​​ခေတ်​က စစ်​သင်​တန်​း​မောင်​း​တော့ ဘယ်​ညာ ဘယ်​ညာ လို့ ​မောင်​းရင်​မှားကြသတဲ့ ။ အဲ့​တော့ ဘယ်​ဘက်​​ခြေ​ထောက်​မှာ ​ကောက်​ရိုး ချည်​​ပေးထား ညာက်​​ခြေ​ထောက်​မှာ မြက်​ပင်​​ချည်​​ပေးထားပြီး ” ​ကောက်​ရိုး ​ခြေ​ထောက်​ မြက်​​ခြေ​ထောက်​လို့ သင်​တန်​းဆရာက ​ခေါ်​ပေးပြီး သင်​တန်​း​မောင်​းရသတဲ့ ။ မှီလိုက်​တဲ့ သူ​တွေ ပြန်​​ပြောပြတာ မှတ်​မိ​သေးတယ်​ 🙂

    • Ma Ma

      May 15, 2015 at 7:23 pm

      ကောက်ရိုးခြေထောက် မြက်ခြေထောက် ဆိုတာလည်း ကြားဖူးတယ်။ 🙂

  • weiwei

    May 15, 2015 at 9:57 am

    အခုတလော ဆံပင်ဖြူ စတွေ့ပြီးကထဲက စဉ်းစားခန်းတွေကို ရပ်ထားပြီး သူများစဉ်းစားပြီးသားကိုပဲ အဆင်သင့်ယူတတ်တဲ့အကျင့်ဖြစ်နေတာကြာပြီဆိုတော့ ..
    မစဉ်းစားတော့ပါဘူး .. 🙂

    • Ma Ma

      May 15, 2015 at 7:24 pm

      ဝေဝေ ရွာထဲက ပျောက်နေသလားလို့။
      ဆံပင်ကတော့ တခေါင်းလုံးဖြူနေပြီမို့ ထူးပြီးမဆန်းတော့လို့ ဂရုကို မစိုက်ဖြစ်တော့ဘူး။ 🙁

  • ကြောင်ဝတုတ်

    May 15, 2015 at 4:19 pm

    စံဇာနည်ဘိုပြောဖူးတဲ့စကားလေးတစ်ခွန်းသွားသတိရတယ်ဗျ…

    ကျွန်တော်တို့ရဲ့ လက်ယာဘက်ကို အင်္ဂလိပ်တွေက Right Hand လို့ခေါ်တယ်…
    အဓိပ္ပါယ်က ရှေ့မှာဖြစ်လာမယ့် အကြောင်းအရာ၊ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို ပြတဲ့လက်…

    လက်ဝဲဘက်ကို ကျတော့ အင်္ဂလိပ်လို Left Hand လို့ခေါ်တယ်…
    အဓိပ္ပါယ်ကျတော့ ဖြစ်ခဲ့သော… ပြီးခဲ့သော အကြောင်းအရာတွေကို ပြတဲ့လက်လို့ခေါ်တယ်တဲ့ဗျား…

    လက္ခဏာဗေဒအရ ပြောပါတယ်…

    ကျွန်တော် ဗေဒင်ဆရာတစ်ယောက်မဟုတ်ပါ…
    ဖက်ဖက်ကက်

    • ခင်ဇော်

      May 15, 2015 at 4:23 pm

      ရုံး မှာ ဆို စကားပြောဖြစ်ရင် By right, ……………….
      By right, …………………. နဲ့ ပြောဖြစ်ရင် အချင်းချင်းကတော့ By Left က ရော လို့ အမြဲ ဒေါက်ဖြုတ်ပြီး လှောင်နေကျ။

      :k:

      • Ma Ma

        May 15, 2015 at 7:25 pm

        (Right Hand လို့ခေါ်တယ်…
        အဓိပ္ပါယ်က ရှေ့မှာဖြစ်လာမယ့် အကြောင်းအရာ၊ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို ပြတဲ့လက်…

        လက်ဝဲဘက်ကို ကျတော့ အင်္ဂလိပ်လို Left Hand လို့ခေါ်တယ်…
        အဓိပ္ပါယ်ကျတော့ ဖြစ်ခဲ့သော… ပြီးခဲ့သော အကြောင်းအရာတွေကို ပြတဲ့လက်လို့ခေါ်တယ်တဲ့ဗျား…)

        မကြားဖူးတဲ့ ဗဟုသုတမို့ မှတ်သွားပါတယ်။ 🙂

      • Ma Ma

        May 15, 2015 at 7:27 pm

        By right ကတော့ ကိုယ့်ရပိုင်ခွင့်မို့ စဉ်းစားတာဖြစ်မယ်။
        By left ကိုတော့ မစဉ်းစားတဲ့အထဲ ထည့်ထားတယ်ပေ့ါ။ :kwi:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 16, 2015 at 12:34 am

    အောင်းမြလေး
    ထမင်းစားတဲ့လက်နဲ့
    ထမင်းကုန်းတဲ့ လက်နဲ့
    ရှုပ်ယှက်ကို ခတ်နေတာပဲ..
    ပိုရှုပ်သွားအောင် ဖြည့်အုံးမှ…

    ခန်းဂျိ (တရုတ်စာ) မှာ ဘယ် နဲ့ ညာ ကို
    左 - hidari (Left)
    右 – migi (Right) နဲ့ ရေးသဗျ…

    အမှတ်မမှားအောင် ညာဘက်ကို 口 kuchi (ပါးစပ်ပေါက်) ပါတာနဲ့ တွဲမှတ်ထားရတယ်
    ဆိုလိုချင်တာ ညာလက် နဲ့ ထမင်းစား သည် ပေါ့…။
    အဲ့သည့် ခန်းဂျိ ၂လုံးပူးကို sayuu (ဂျပန်ထွက်တဲ့ တရုတ်သံ)လို့ ဖတ်သဗျ… အဓိပ္ပာယ်က ဘယ်ညာ ဘယ်ညာ တော့မဟုတ်ဘူး
    ဟိုဘက်သည်ဘက် အတိုအရှည် ညှိတာ ရှန်တိန်လုပ်တာ စတာမျိုးမှာ အသုံးပြုတယ်ဗျ…
    ဥပမာ – နက္ကတိုင် အတိုအရှည် ညှိတာမျိးတို့မှာပေါ့…

    😛

    • Ma Ma

      May 16, 2015 at 6:38 am

      သူတို့လည်း ညာလက်ကို ထမင်းစားတဲ့ပါးစပ်ပေါက်နဲ့ တွဲမှတ်တယ်ဆိုတော့ မြန်မာလိုနဲ့ အတူတူပဲပေ့ါ။ :kwi:

      左 - hidari (Left) ကို တရုတ်လို zuo
      右 – migi (Right) ကို တရုတ်လို youဲ
      ဆိုတော့ တရုတ်စာကို မွေးစားပြီး အသံထွက်ကတော့ ကာလရွှေ့လျောတဲ့အလျှောက် ပြောင်းသွားတာဖြစ်မယ်။

      ဂျပန်စာက မွေးစားတာများတယ်လို့ထင်မိတယ်။
      ဓားကို နိုင်းဖု (အသံထွက်ပဲ မှတ်မိတော့တယ်) လိုမျိုး အင်္ဂလိပ်စာကို မွေးစားထားတာတွေလည်း အများကြီးပဲ။

Leave a Reply