ဘဝပေး မျက်နှာ

“ဘဝပေး မျက်နှာ”

301

 

 

224

 

လူတိုင်းလူတိုင်းမှာ မတူညီသော ဘဝ တွေရှိကြပါတယ်။

ဘဝ ခြင်း မတူ ရင် မျက်နှာပေးတွေလဲ မတူနိုင်ပါဘူး

အခုဒီပုံထဲမှာတော့ ကလေးတွေ ရဲ့ ဘဝ  မတူ တဲ့ အတွက်

သူတို့ရဲ့ ခံစားချက်အလိုက် မျက်နှာပေးတွေလဲပြောင်းသွားတာအမှန်ပါဘဲ။

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

11-5-2015

 

21 comments

  • မြန်မာပြည်နဲ့တရုပ်ပြည်နယ်စပ် မြို့ဖြစ်တဲ့ ကျယ်ခေါင်မြို့မှာ တွေ့ခဲ့ရတဲ့ ဘဝ ပေးမျက်နှာလေးတွေပါ။

  • Ma Ma

    May 11, 2015 at 7:30 pm

    ပထမပုံက ကလေးလေးတွေမျက်နှာကိုကြည့်ပြီး နှောင်ဖွဲ့ထားသလို ခံစားရတယ်။
    ဒုတိယပုံက ကလေးလေးကတော့ လုံခြုံမှုတွေနဲ့ ပြည့်ဝနေတယ်လို့ ခံစားရတယ်။

  • uncle gyi

    May 11, 2015 at 10:56 pm

    အားငယ်မှု နဲ့ ပျော်ရွှင်မှု
    နှောင်ဖွဲ့မှု နဲ့ လွတ်လပ်မှု
    မလုံခြုံမှု နဲ့ လုံခြုံမှု
    စကားပြောသောဓါတ်ပုံများ

  • မြစပဲရိုး

    May 11, 2015 at 11:37 pm

    ကပေါက်ကြီး
    . ပြည်မကြီး က ပြန်ရောက်လာပြီလား။
    အမာခံ တစ်ယောက်ပြန်ပေါ်လာလို့ ဝမ်းသာလှပါဘိ။
    အတွေ့အကြုံ သစ်တွေရော၊ ဆယ်ကျော်သက်လွန် ပလက်ဖောင်းနံပါတ် များ ကိုရော မျှော်နေပါတယ် ရှင့်။

    ထင်လို့လားမသိဘူး။
    အဲဒီ လို ပြည်နယ် တွေ က ကလေး တွေ ရဲ့လူနေမှု ပုံက ပိုပြီး သပ်ရပ် သန့်ပြန့် သလို လို့ ထင်နေမိတာ။
    ပုံ(၁) က ကလေး တွေ မှာ မေတ္တာငတ်နေသလိုမျိုး အကြည့်တွေလို့လဲ ထင်မိတယ်။
    ဂျစ်ကန်ကန် မျက်နှာ လေးတွေ။

    ကိုယ့်ကိုကိုယ် ရဲ့ ဘဝပေး မျက်နှာ တွေ ကို ပြန်လှည့်ကြည့်တော့
    ဘဝ ကြမ်းကြမ်း တွေ ကို လျှောက်ပြီး လိုက်ချိန်မှာ
    ငယ်တုန်း က “မာန မျက်နှာ” ကွာသွားတာကို အသေအချာ တွေ့ရပါ့။
    :-))))

  • Mike

    May 12, 2015 at 8:28 am

    .ပျောက်နေတာကြာပါပကော
    .ကလေးတွေမျက်နှာက သဘာဝအတိုင်းမို့ ခံစားမှုလေးတွေဖတ်လို့ရတယ်
    .ဒုတိယပုံက ကလေးကိုသဘောကျတယ်…စကားပြောသောဓါတ်ပုံများပေါ့

  • မမရေ
    အဲဒီကလေးတွေက တရုပ်ပြည်အဝင်တံခါးဝ နန်းတော်ပေါက်မှာ နေတဲ့ကလေးတွေပါ။
    နောက်တစ်ပုံက ကလေးကတော့ ကျယ်ခေါင်ထဲက ကလေးလေးပါ။
    တစ်နေ့ထဲ တစ်ချိန်ထဲ တစ်နေရာထဲမှာ ရိုက်လာတဲ့ ပုံလေးပါ
    ခြားနားသော ဘဝများပေါ့။

    • kai

      May 13, 2015 at 5:43 am

      မျက်နှာလေးတွေမာလိုက်တာ….
      ကလေးတွေနဲ့တောင်မတူ….။

      ဆိုတော့..
      စိန့်ပြည်က… ကလေးတွေက..တကယ်က.. တဦးတည်းသမား..သားတွေများတယ်..။
      ဥပဒေအရလေ..။
      အဲဒီတော့.. ကိုယ်ချင်းစာစိတ်နည်းတယ်..။
      တကိုယ်ကောင်းဆန်တယ်ဆိုကြတာပဲ..။
      ၁၉၈ဝ ကအဲဒီ One-Child Policy စခဲ့တာမို့.. အဲဒီကလေးတွေကြီးလာပြီးအခု..တိုင်းပြည်ရဲ့အဓိကနေရာတွေမှာရောက်ရှိ.. မောင်းနှင်နေကြပြီလေ…
      အဲဒဲကြောင့်… စိန့်တိုင်းသားတွေစီးပွားရေးလုပ်ရင်.. တကိုယ်ကောင်းဆန်တယ်..။
      အတ္တကြီးတယ်…။ .. … …
      စိတ်ပညာဆရာတွေ.. အဲလိုပြောကြတာပဲ…။

      ဆက်စပ်…ထင်ဟတ်ပြောရရင်..
      ဒီမျက်နှာမာမာကလေးတွေနဲ့တော့… မြန်မာပြည်အနာဂတ်.. ရင်လေးစရာ…။

      No siblings: A side-effect of China’s one-child policy
      By Celia Hatton BBC News, Beijing
      ==

      One-Child Policy Is One Big Problem for China
      By Susan Scutti / January 23, 2014 8:47 PM EST
      http://www.newsweek.com/2014/01/24/one-child-policy-one-big-problem-china-245118.html

      • ကိုခိုင်ရေ မာကျောကျော မျက်နှာပိုင်ရှင်လေးတွေက မြန်မာပြည်ဘက်ခြမ်းမှာနေတဲ့
        တောင်းရမ်းစားသောက်နေတဲ့ကလေးတွေပါ

    • padonmar

      May 13, 2015 at 9:03 am

      တရုတ်ပြည်နန်းတော်တံခါးဝက ကလေးတွေက သနပ်ခါးပါးကွက်နဲ့ ဆိုတော့ အံ့ဩမိတယ် ကိုပေါက်ရေ။

      • မပဒုမ္မာရေ
        အဲဒီကလေးတွေ က မြန်မာဘက် အပိုင်းက ကလေးတွေပါ
        သူတို့က အဲဒီနားမှာဘဲနေတယ်

  • uncle gyi ရေ
    တည်ငြိမ်သောစီးပွားရေး နဲ့ အုပ်ချုပ်ရေး ရှိတဲ့ နိုင်ငံက
    လူတန်းစား ကွားခြားချက် ကျဉ်းမြောင်းပါတယ်။
    မြန်မာပြည်ကတော့ သိတဲ့အတိုင်း

  • ကိုလတ်ကြီးရေ

    မန်းလေးကိုပြန်ရောက်နေပါပြီ

    ဒါပေမယ့်ဆက်ရန်ခရီးတွေရှိသေးတယ်

    ပလက်ဖောင်းများကတော့ ဆက်ရေးဘို့ အားမွေးအုံးမယ်

    အခုရေးပြီးသား အရှည်တစ်ပုဒ်ရှိတယ်

    ကျနော်ဓါတ်ဖမ်းသမား

    နက်ဖြန်တင်မယ်

    ကဗျာတွေကတော့ အများကြီးရေးထားပါတယ်

    နောက်ရေးနေတာက ရွှေလီကျယ်ခေါင်နဲ့ကျနော်တို့
    နာမယ်ကတော့ ခြေတစ်လှမ်းအကွာက သူတို့ နေရာ လို့ ပေးထားပါတယ်။

    နောက်ဓါတ်ပုံတွေက တော့ တစ်ပုံ တစ်ပင် အများ ကြီးရှိပါရဲ့

    ကလေးတွေခြင်းတူပေမယ့် ဘဝပေးအခြေ မတူသူတွေပေါ့

  • Mike
    ပျောက်တာ ကြာဆို ဝင်မရတဲ့နေရာမှာအကြာကြီး

    အခုရက်ပိုင်းကတော့ ဘဝ ပုံတွေကို ဘဲ စိတ်ဝင်စားပြီးရိုက်ဖြစ်ပါတယ်။
    လမ်းပေါ်ကလူတွေရဲ့ ဘဝအများကြီး ရိုက်လာခဲ့တယ်လေ

  • Alinsett @ Maung Thura

    May 12, 2015 at 9:47 am

    ပထမ ပုံလေးထဲက ကလေးတွေကို…အကြာကြီး… ပြန် စိုက်ကြည့်မိသွားတယ်…

  • ဝင့်ပြုံးမြင့်

    May 12, 2015 at 12:26 pm

    .တကယ့် သမာ္ဘရင့် ဝါရင့်ကြီး မန်းလေးပြန်ရောက်ပြီ။ ဒါ့ပုံတွေ စကားပြောကောင်းလွန်းတော့ ဘာမှ ပြန်မပြော တတ်တော့ဘူး လေးပေါက်ရေ။

  • သူတို့မျက်နှာအခံလေးတွေက ကလေးနဲ့ မလိုက်အောင် မာကျောနေသလိုပါဘဲ
    ဒီလိုပုံမျိုးကို မတင်ချင်ပါဘူး
    ဒါပေမယ့် ဒီလိုကလေးတွေရှိနေတယ်ဆိုတာ သိစေချင်လို့ပါ

  • Ma Ei

    May 13, 2015 at 9:09 am

    ဓာတ်ပုံလေးတွေ ပြန်တွေ့ရလို့ ဝမ်းသာပါတယ်…
    တစ်ချို့ ကလေးတွေ ဓာတ်ပုံရိုက်မယ်ဆို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးလို့ရယ်လို့ပါ
    ခုကလေးတွေက မျက်နှာ အနေထား နဲနဲမာတယ် သူတို့ရင်ထဲ မကျေနပ်ချက်တွေရှိနေသလိုဘဲ..
    ဒုတိယပုံက သားအမိရဲ့ အပြုံး အပျော်လေးတွေကတော့ ကြည့်သူကိုကူးစက် ပျော်ရွှင်လာတယ်…
    ဓာတ်ပုံလေးတွေက ပြောတဲ့စကားပေါ့နော်…

Leave a Reply