ပထမဆုံး အတွေ ့အကြုံ

ပထမဆုံး မြို ့ပတ်ရထား စီးဖူးတာက အဘိုးနဲ ့ဗျ… မှတ်မှတ်ရရ ကျွန်တော် ၃ တန်းသာသာပဲရှိဦးမည်ထင်… အရင်အခေါ် ချောင်တွင်းကုန်းဘူတာ… အခု ပါရမီ ဘူတာကနေ မြို ့တပတ်စီးသဗျ… သိပ်ငယ်လွန်းတော့ စီးဖူးတယ်ဆိုတာပဲ မှတ်မိတယ်… ပုံရိပ်တွေကတော့ ဝေဝေဝါးဝါး…

 

 

ပြန်လည်စီးဖြစ်ပုံ

ပထမဆုံး အခု ပြန်စီးဖူးတော့ မြို ့ထဲကနေဗျ… ဒီလိုရယ် အဲ့နေ ့က တကယ်တော့ ပျင်းပျင်းနဲ ့ ရုပ်ရှင်ကြည့်ဖို ့ထွက်လာတာ… ကံဆိုးချင်တော့ လက်မှတ်က ကြိုမဝယ်ထားမိဖူး… တင်တဲ့ကားက နိုင်ငံခြားကား တပတ်လည်း ရှိပီဆိုတော့ ကြိုဝယ်ဖို ့လိုလောက်မယ်မထင်ပါဖူးဆိုပီး ထွက်လာတာ… ဖြစ်ချင်တော့ လက်မှတ်ကုန်နေတယ်တဲ့ဗျာ… အဲ့ဒါနဲ ့ ကျွန်တော်လည်း ဘားလမ်းကနေတဆင့် ကုန်းတံတားပေါ်တက် … ရထားတွေကို ငေးမောကြည့်နေရင်းကနေ မြို ့ပတ်ရထားလေး စီးရင် ကောင်းသား ဆိုပီး အတွေးပေါ်သဗျို ့… ဒါနဲ ့ပဲ ကုန်းတံတားပေါ်ကနေ ဘူတာ စင်္ကြန် ဂိတ်ကို ဆင်းလာခဲ့မိတာပေါ့…

တိမ်မည်း ။ ။ မြို ့ပတ်ရထား စီးချင်လို ့ဗျ….

လက်မှတ်ရောင်း ။ ။ ခုံလေးကို မဖိနဲ ့ဗျာ… အနားသားတွေက ပါးနေလို ့ပါ…

အဲ့မှ သေချာကြည့်မိတယ်.. ဖိထားမိတဲ့ ဘက်က သစ်သားက ပါးပါးသာ ကျန်တော့သည်… ထို ့ဖြင့် ထောက်ထားသော လက်ကို ဖယ်လိုက်ပီး လက်မှတ်စစ်အား ဆက်ပြောရာ…

တိမ်မည်း ။ ။ မြို ့ပတ်ရထား စီးချင်လို ့ပါ…

လက်မှတ်ရောင်း ။ ။ တစောင် ၃၀၀

တိမ် ။ ။ ဘယ်အချိန်လဲဗျ…

ရောင်း ။ ။ ၃ ခွဲ

တိမ် ။ ။ ဟာ… အခုကို ခွဲနေပီ… မှီပါ့မလား…

ရောင်း ။ ။ မှီပါတယ်… အောက်ကို ဆင်းသွားလိုက် ရထား အပြာကြီး…

ထို ့ဖြင့် အောက်ကို တချက်ဝှေ ့ကြည့်လိုက်သည်.. ဘာရထားမှ မမြင်ရ…

တိမ် ။ ။ မတွေ ့ဖူးဗျ…

ရောင်း ။ ။ ဆင်းသွားပါလေ… တွေ ့ပါလိမ့်မယ်…

တိမ် ။ ။ ဘယ်စင်္ကြန်လည်းဗျ…

ရောင်း ။ ။ ဆင်းသာကြည့်ပါဗျာ… အဲ့တစီးပဲရှိပါတယ်…

ထို ့နောက် ကျွန်တော်လည်း လက်မှတ်ကို ယူကာ အောက်ကို အသောဆင်းလာမိသည်…. ကြည့်လိုက်ရာတွင် ရထား အပြာမှာ ညဘက် စင်္ကြန်တွင် ထီးထီးကြီး ရပ်ထားတာကို မြင်လိုက်ရသည်… မှီသေးသည် အထင်ဖြင့် တအေးအေး လျှောက်လာမိသည်… သို ့သော် အခြေအနေက မအေး… တခနတွင် ဥဩံသံ နှစ်ချက် ဆင့်ကြားလိုက်ရသည်…

ရထားထွက်တော့မည်လား…

ထင်သည့်အတိုင်းပင် ရထား ဘီးများ စလိမ့်လေပီ… ကျွန်တော်လည်း နှစ်ပေါင်း များစွာမှ ပြန်စီးဖြစ်သော မြို ့ပတ်ရထားအား မလွဲချော်စေရန် အလို ့ငှာ ဖနောင့်နှင့် တပါးသားတည်း ကျအောင် ပြေးပီးနောက် မှီရာ ရထားပွဲ ကို စွေ ့ခနဲ ခုန်တက်လိုက်သလို တွဲထိန်းမှ ဂရုဏဒေါသနှင့် ဆဲဆိုသံကို လည်း တပါတည်း ကြားလိုက်ရပါသည်၊

ထို ့နောက် ရထားအတွင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်….

အဲကွန်းရထားလို ့လူသိများတဲ့ သုံးရာတန် မြို ့ပတ်ရထားဟာဖြင့် ပြတင်းပေါက်များ ဖွင့်ထားကာ လူအများနဲ ့ပြည့်သိပ်နေပါသည်…

ထိုင်ခုံများက အများကပ်ထိုင်လို ့ရသော ဘေးထိုင်ခုံများသာ၊ တဦးချင်းထိုင်ခုံ မရှိ… အများထိုင်ခုံဆိုသော်လည်း ကျွန်တော့်အတွက် ထိုင်စရာမရှိ…

အဲကွန်းဆိုတော့လည်း အေးသော အရသာ မပြောပါနဲ ့ လေတောင် အနဲငယ်ပဲရတာ…

သို ့နှင့် ထိုင်ခုံရလို ရငြား တတွဲပီး တတွဲ ပြောင်းလျှောက်ကြည့်သို ့လည်း ထိုနည်းသာ…

ထူးခြားသည်ကား နိုင်ငံခြားသားများ တွေ ့ခြင်းပဲ.. ပြင်သစ်သံ ဖြင့် နိုင်ငံခြား သား ယောကျာင်္း မိန်းမ တချို ့ဟာ တွဲထဲမှာ ဟိုမှသည် တယောက်စ နှစ်ယောက်စ ရပ်နေသည်ကို တွေ ့ရပါသည်…

ရှမ်းလမ်းဘူတာ အရောက်မှ ကျွန်တော် ထိုင်စရာနေရာ ရလိုက်ပါသည်… ဖုန်းကို gps ဖွင့်ပီး ဘူတာမှတ်တိုင်များ လမ်းကြောင်းများ ဖွင့်ပီး ကြည့်မိပါသည်…

ခရီးစဉ်အလျောက် ကြာချိန် ကို မှတ်သားမိသည် မှာ အောက်ပါအတိုင်းဖြစ်သည်…

  1. ညနေ ၃း၃ဝ – ရန်ကုန်ဘူတာကြီး
  2. ညနေ ၃း၃၁ – ဘုရားလမ်း
  3. ညနေ ၃း၃၄ – လမ်းမတော်
  4. ညနေ ၃း၃၄ – ပြည်လမ်း
  5. ညနေ ၃း၃၉ – ရှမ်းလမ်း
  6. ညနေ ၃း၄၁ – အလုံလမ်း
  7. ညနေ ၃း၄၄ – ပန်းလှိုင်လမ်း
  8. ညနေ ၃း၄၈ – ကြည့်မြင့်တိုင်
  9. ညနေ ၃း၅၁ – ဟံသာဝတီ
  10. ညနေ ၃း၅၅ – လှည်းတန်း

လှည်းတန်းမှာ ရောက်သော် ရှည်လျားစွာ တပတ် အတိ မစီးချင်တာက တကြောင်း အခါအားလျော်လျင် ကျူရှင် သွားရန် လှည်းတန်းမှ တဆင့် သွားလို ့တာက တကြောင်း…. နှစ်ကြောင်းပေါင်းကာ လှည်တန်းမှာ ဆင်းနေခဲ့မိသည်…

ထို ့နောက် လှည်တန်း ဘူတာမှ အရောင်းစာရေးနှင့် အောက်ပါအတိုင်း စကားအချီ အချ ပြောဖြစ်လေသည်…

တိမ် ။ ။ ဘူတာအားလုံးရဲ့ ဝင်ချိန်ထွက်ချိန် စာရင်း စာအုပ်လေးများရမလား ခင်ဗျ…

ရောင်း ။ ။ လောလောဆယ်တော့ ကုန်နေပီ မောင်ရင်ရဲ့… ပုံမှန်အားဖြင့်တော့ ရိုက်ထားပါတယ်လေ… ဒီဘူတာရဲ့ ဇယာားကတော့ အပြင်မှာ ကြည့်ပါလေ….

တိမ် ။ ။ အချိန်က ဘယ်လို ကြည့်ရလဲဗျ…

ရောင်း ။ ။ မောင်ရင် က ဘယ်သွားမှာလဲ…

တိမ် ။ ။ ရန်ကုန် ပါ ခင်ဗျ…

ရောင်း ။ ။ ဒါဆို လက်ဝဲရစ် ဘယ်ဘက်အခြမ်းက ရန်ကုန်သို ့ဆိုတာကိုကြည့်ပါလေ…

တိမ် ။ ။ သုံးရာတန် နှစ်စီး ဆက်တိုက်တွေ ့ပါ့ ဦးလေး… စောတဲ့ တစီး ပေးပါလေ…

ရောင်း ။ ။ စောတဲ့ တစီးက အဲကွန်း မကောင်းဖူး မောင်ရင်… မောင်ရင် စောင့်နိုင်သပ ဆိုရင် နောက်တစီး စီးပါလေ… အဲ့တစီးကမှ အဲကွန်း ပါသဗျို ့…

ထို ့နောက် လက်မှတ်ရောင်း ညွန်ကြားချက်အတိုင်း စောင့်စီးလေရာ ထိုင်ခုံ နှစ်ခုံတွဲ တဖတ်နှစ်ခုံစီဖြင့် အဲကွန်းကောင်းသော ရထားကို စီးမိသည်။

အသွားခရီးစဉ်ထက်စာရင် အပြန်ခရီးစဉ်ကသာပီး သက်တောင့် သက်သာ ရှိလှပေသည်…

 

 

ဒဏ်ငွေဆောင်ရရန် တလက်မအလို

များမကြာမှီ ကျွန်တော်သည် မြို ့ပတ်ရထား စီးရန် အကြောင်း ပေါ်လာပြန်သည်…

ထို ့နေ ့ကား သဃန်းကျွန်း တွင် မင်္ဂလာဆောင်ကို ရက်မှားပီးလာမိသည်… ထို ့သို ့ရောက်ခါနီးမှ ရက်မှားလာမိသည်ကို အမှတ်ရမိသဖြင့် ရသော အချိန်ကို မလေလွင့်စေရန်…

သဃန်းကျွန်းမှ သံလမ်း ရှိ ကျူရှင်သို ့သွားရန် လှည်တန်း ဘူတာမှတဆင့် သွားကြည့်ရန် အကြံပေါ်လေသည်…

ထိုတွင်ပြသာနာက သဃန်းကျွန်းဘူတာမှ လှည်းတန်းသို ့တိုက်ရိုက်ရထားမရှိ… ဘူတာရောက်ပီး အချိန်ကြည့်နေဆဲ တခနမှာပဲ ရထား တစီး ဆိုက်ကပ်လာသည်…

အချိန်မကုန်စေရန်အလို ့ငှာ အရောင်းစာရေးထံသို ့သာ ပြေးသွားမိသည်…

တိမ် ။ ။ အခုရထားက မလွကုန်းရောက်လားဗျ…

ရောင်း ။ ။ ရောက်တယ်….

အလျင်လိုနေသဖြင့် အိပ်ကပ်ထဲမှ ပိုက်ဆံတရွက်ထုတ်လိုက်ရာ ပါလာသည်က ၁၀ဝ တန်တရွက် (ကျန်တဲ့ပိုက်ဆံတွေက အိတ်ထဲက ထုတ်ရမည်ဖြစ်သဖြင့် အလျင်မမှီတော့)… စီးရမည့် ဘူတာမှာ (သဃန်းကျွန်း – နှင်းဆီကုန်း – မလွကုန်း) နှစ်မှတ်တိုင်သာ စီးရမည် ဖြစ်သဖြင့် လက်မှတ်ပါလည်း မနဲပါဟူသော ထုံးမူပီး ၅ဝ တန် လက်မှတ်ကိုသာ ဝယ်ဖြစ်လိုက်သည်…

တကယ်တမ်းကျတော့ ပြသာနာက ၅ဝ တန်နဲ ့ ၂၀ဝ တန် တွဲကို မကွဲ…

(မှတ်ချက်… ထို ့အဖြစ်အပျက်နောက် မှတ်သားမိသည်က ထိုရထားသည် ၅ဝ ၂၀ဝ ရထားဖြစ်သည်… ယမန်နေ ့က အဲကွန်းရထားလို ဘေးထိုင်ခုံအကောင်းစားမဟုတ်ပေမယ့် သစ်သားဘေးထိုင်ခုံနဲ ့ လူ ချောင်ချိသော ၂၀ဝ တန်းတွဲ အများစုနဲ ့ ၅ဝ တန် တွဲ အနည်းငယ် ပါရှိသည်။ ၅ဝ တန်းတွဲမှာ နှစ်ယောက်တွဲသစ်သားခုံ နှစ်ခုကို မျက်နှာချင်းဆိုင်ထားသော အတွဲဖြစ်သည်… တွဲဘေးနားတွင်လည်း အဖြူရောင်နှင့် မထင်မရှားရေးသားထားသည်ကို သေချာကြည့်ပါက မြင်တွေ ့နိုင်သည်)

ထိုနှင့် ကျွန်တော်သည် အလျင်တစော တက်လိုက်ရာ ရထားစတင်ထွက်ပါမှ ၂၀ဝတွဲကို မှားယွင်းတက်ရောက်မိမှန်း သတိထားမိလိုက်သည်….

တွဲပြောင်းရန် ကြိုးစားသော်လည်း ငါးဆယ်တန်တန်းကို ကူးရန် အပေါက်မထားရှိသဖြင့် လက်လျော့ခဲ့ရသည်…

ကံကြမ္မာက နှင်းဆီကုန်းဘူတာတွင် လက်မှတ်စစ်များ တက်ရောက်လာသည်ကစသည်…

(မှတ်ချက်… ယမန် နေ ့က ရန်ကုန်ဘူတာကြီးမှ လှည်းတန်းအထိ လက်မှတ်စစ်များ တက်ရောက်ခြင်းမရှိ၊ ယနေ ့မှာလည်း မလွကုန်းမှ လှည်းတန်းသို ့ တခြား ၅ဝ ၂၀ဝ ရထားဖြင့် ပြောင်းလဲ စီးနှင့်ခဲ့သော်လည်း လက်မှတ်စစ်နဲ ့ မကြုုံ)

စစ် ။ ။ လက်မှတ်ပြပါ…

တိမ် ။ ။ ကျွန်တော့်မှာ ငါးဆယ်တန် ပဲ ပါပါတယ်ခင်ဗျ…

စစ် ။ ။ ဘယ်က တက်လာတာလည်း…

တိမ် ။ ။ ကျွန်တော် သဃန်းကျွန်းက တက်လာတာပါ… တွဲမှားတက်မိတာပါ…

ကျွန်တော့် မျက်နှာကို စေ့စေ့ တချက်ကြည့်ပီး….

စစ် ။ ။ နောက်မှတ်တိုင်ကျရင် တွဲပြောင်းစီးလိုက်ပါ….

သက်ပြင်းရှည်မကြီး တချက်ချလိုက်မိသည်… ထိုအခါ ဘေးနားက လူက..

ဘေး ။ ။ ခင်ဗျ ကံကောင်းတာဗျ… ပုံမှန်ဆို ဒီလူတွေက ဒဏ်ရိုက်ရုံတင်မကဖူး… လူပါ ရစ်သေးတာ…

စိတ်ထဲနဲ ့တွေးလိုက်သည်…. နောက်တခါ ၅ဝ တန် ၂၀ဝ တန် တွဲကို ခွဲခြားအောင် စီးမည်။ အလျင် မလိုတော့ ဟု….

(မှတ်ချက် – ထို ့နေ ့တွင် တခြားမှတ်သားစရာ တခုကား မလွကုန်းမှ လှည်းတန်းအသွား ဘူတာကြီး အားဖြတ်သွားရန် နာရီဝတ်နီးပါးမျှ စောင့်ဆိုင်းရခြင်းပင်….)

 

လေးစားလျက်

တိမ်မည်း

 

 

မီးရထား လမ်းပြ (မြန်မာလို)

မီးရထား လမ်းပြ (မြန်မာလို)

 

မီးရထား လမ်းပြ (အင်္ဂလိပ်လို)

မီးရထား လမ်းပြ (အင်္ဂလိပ်လို)

ရထား အချိန် စာရင်း - လှည်းတန်းဘူတာ

ရထား အချိန် စာရင်း – လှည်းတန်းဘူတာ

ရထား အချိန် စာရင်း - မလွကုန်းဘူတာ

ရထား အချိန် စာရင်း – မလွကုန်းဘူတာ

 

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........