ဖူးပွင့်ဝေဆာ Flowers

Ma MaMay 13, 20154min24717

ပြီးခဲ့တဲ့ရက်ပိုင်းက ကလောရောက်တော့ အဲဒီကရာသီဥတုနဲ့ ပန်းတွေ အရောင်စုံ အမျိုးစုံ (မမြင်ဖူးတာတွေအများကြီး) တွေ့လို့ ရိုက်လာခဲ့တယ်။

 

အရင်ကဆို ပုံဆိုဒ်တွေကို ချုံ့ပြီးမှတင်ပေမယ့် ပန်းပုံလေးတွေဆိုတော့ လှတပတခံစားရအောင် မူရင်းအတိုင်းပဲ တင်လိုက်ပါတယ်။ 🙂

 

ခိုင်ဇာ ရဲ့ Fuchsia ပန်းကိုကြည့်ပြီး ………….

 

IMG_4434
၁၁ ကျပ် ကျတဲ့ပန်း

ပန်းက ၁၁ ကျပ်ပေးရတယ်လို့ မထင်လိုက်ပါနဲ့။

စိတ်ဓာတ်ကျနေတဲ့ပုံ ဇောက်ထိုးပွင့်နေလို့ ၁၁ကျပ် ကျတဲ့ပန်းလို့ ကို်ယ့်ဖာသာကိုယ်   နာမည်ပေးထားလိုက်တာ။ :k:

 

 

 

IMG_5190

ဒါကတော့ ဂန္ဓမာပန်းလို့ ထင်တာပဲ။

သွေးသောက်ညီအမရဲ့ နည်းနဲ့ နာမည်ပေးရရင်တော့ ပန်းဝါ ပေ့ါ။  :chit:

 

CAM03697

နှင်းဆီနီနီ မလှဘူးလား။

ရန်ကုန်မှာမြင်ဖူးတဲ့ အပွင့်တွေထက် ၂ဆလောက်ကြီးတယ်။ 🙂

 

IMG_4428
နှင်းဆီဝါဝါ (၁)

 

IMG_4429
နှင်းဆီဝါဝါ (၂)

 

နှင်းဆီဝါဝါ။

ပန်းတစ်ပွင့်ထဲကိုပဲ angel ၂မျိုးနဲ့ ရိုက်ထားတာ။

ဘယ်လိုရိုက်ရိုက် ပန်းလှသလောက် ပုံကသိပ်မလှတာတော့ ကင်မရာမန်းကြောင့်ပဲ။ :s:

 

IMG_4427

 

ပန်းဖြူ

မင်းသမီးမဟုတ်ပါ။

ပန်းနာမည်မသိလို့ သွေးသောက်ညီအမနည်းနဲ့ ပေးလိုက်တဲ့နာမည်ပေ့ါ။ :a:

 

IMG_4436

ဒါကလည်း တမျိုးပေ့ါ။

အိုးထဲထည့်စိုက်ထားတဲ့ ပန်းရောင်လေး။ 🙂

IMG_4460

ဒါကတော့ ဒေသမျိုးပေ့ါ။

ရတနာငွေအုပ်လို့ ခေါ်တယ်ထင်တာပဲ။

IMG_4449

ဒါကတော့ ပန်းချဉ်ပေါင် တဲ့။

ရောနှောစိုက်ထားတာ အရောင်စုံပဲ။

 

 

 

 

 

IMG_4507

 

ပန်းနီနီကို တပွင့်ထဲ အနီးကပ်ရိုက်ထားတာ။

 

IMG_4501

ဒါကတော့ ပန်းနီနီ ခြုံလိုက်။

 

IMG_4456

ကလောရဲ့ ရာသီဥတုက မြေပြန့်မှာပွင့်တဲ့ တရုတ်စကားပန်းလည်း ပွင့်တယ်။

 

IMG_4457

လေးကျွန်းကြာခိုင်တွေလည်း အနီရောင်တစ်မျိုးပဲ ရိုက်လာမိပေမယ့် အရောင်စုံရှိတယ်။

IMG_4450

IMG_4509

 

IMG_4454

ခြုံလိုမျိုး အပင်တွေမျိုးစုံ စိုက်ထားတာ၊ ပန်းမျိုးစုံ အရောင်မျိုးစုံ ရောနှောပွင့်နေတာ။

 

IMG_4452

လမ်းဘေးတလျှောက်မှာ ပွင့်နေတဲ့ ခရမ်းရောင်ပန်း။

သူက အပင်ကြီးတယ်။

ဇွန်းဆွဲပြီး ကားသွားတုန်း ရိုက်လာတာမို့ ဒီလောက်ပုံရတာတောင် ကံကောင်း။

 

 

IMG_5231

ကလောမြို့မဈေးရှေ့မှာ ပန်းပင်မျိုးစုံ အရောင်းဆိုင်လေးတွေရှိတယ်။

အတူသွားတဲ့သူတစ်ယောက်ဝယ်လာတာ အပင်မျိုးစုံ ကျန်ကျောင်းအိတ်နဲ့တစ်လုံးကိုမှ ၆၅၀ဝ ပဲ ပေးရတယ်။

ကိုယ်လည်းသွားဝယ်ရော တစ်ပင် ၂၀၀ဝ ၃၀၀ဝ ကနေ တစ်ပင် ၂၀၀၀ဝ လောက်ထိ ခေါ်တာနဲ့ ဘာပင်မှ ပါမလာဘူး။ 🙁

17 comments

  • ခင်ဇော်

    May 14, 2015 at 12:59 am

    လှလိုက်တာ လှလိုက်တာ…..
    သဘာဝ ပင်လေးးတွေ……
    ဖူးးရှားးး က ရှမ်းးပြည်မှာ ရှိသကိုးးးး
    ရတနာရွှေအုပ်ကို ချင်းးသစ်ခွ ဆိုလားး ဖယောင်းးသစ်ခွ ဆိုလားး ခေါ်သေးးတယ်
    ခြုံ လိုမျိုးးနဲ့ ပွင့်တဲ့ ပန်းး လေးးတွေ က တဂျီးး စာရင်းးထဲက တစ်ခု နဲ့ တူတယ်။ ကျော့် ထဲမှာ ရှိတယ်။ တူမတူပြန်ရှာလိုက်အူးးမယ်။
    လမ်းးဘေးး မှာပွင့်တဲ့ ပန်းး ခရမ်းးက စိန်ပန်းးပြာခေါ်တယ်မို့လားး

    • Ma Ma

      May 14, 2015 at 6:13 am

      ရတနာငွေအုပ်က အဆုပ်လိုက်ပွင့်တာ။
      ဖယောင်းသစ်ခွက လက်တံအရှည်ကြီးပွင့်တာ။
      မတူဘူး။

      လမ်းဘေးမှာပွင့်တဲ့ ခရမ်းရောင်ပန်းကလည်း အပင်ကြီးပေမယ့် အပွင့်သေးတယ်။
      ဇော်မွှားပန်းလိုမျိုး ပွင့်ဖတ်က သေးသေးလေးတွေ။

      • ခင်ဇော်

        May 14, 2015 at 8:11 am

        ဟုတ်လားး
        အာ့ဆို ရတနာ ငွေအုပ်ပန်းကို မှတ်ထားလိုက်ပြီ။
        ရှာကြည့်မို့။
        ဟို ခရမ်းရောင်က ပျဉ်းမ ပန်း နေမှာ။
        :k:

  • Ma Ei

    May 14, 2015 at 9:41 am

    ဒါကတော့ ဂန္ဓမာပန်းလို့ ထင်တာပဲ။ …ဆိုတဲ့ပန်းဝါဝါလေးက ဒေလီယာ…
    လမ်းဘေးတလျှောက်မှာ ပွင့်နေတဲ့ ခရမ်းရောင်ပန်း။… ဆိုတာက စိန်ပန်းပြာ…
    ဒေသမျိုးပန်းလေးက…ရတနာ ရွှေခက်…
    ပန်းဖြူ… ပန်းမျိုးစုံ အရောင်မျိုးစုံ ရောနှောပွင့်နေတာ။…လေးတွေက ဂန္ဒမာမျိုးရင်းလေးတွေ…
    အဲ့ဒါနဲ့…ပန်းပင်ဆိုင်လေးတွေ့တော့ ဝယ်ချင်ပြန်ပါရော…လှလိုက်တာ…

    • Ma Ma

      May 15, 2015 at 7:33 pm

      ဖဘမှာ သစ်ခွစိုက်ကြမယ်ဆိုတဲ့ ဂရုရှိတယ်။
      အဲဒီမှာဝင်ကြည့်ရင်းနဲ့ ကလောသွားရင် သစ်ခွတွေ ဝယ်မယ်လို့ မောင်းတင်ပြီးသွားတာ
      ဧည့်သည်ဆိုပြီး ဈေးတင်ရောင်းတာနဲ့ စိတ်တိုပြီး တစ်ပင်မှပါမလာဘူး။

  • အောင် မိုးသူ

    May 14, 2015 at 10:52 am

    ရတနာငွေအုပ်တဲ့လား ရွှေကွက်လို့လည်း ခေါ်တာ ကြားဖူးသလားလို့။

    • Ma Ma

      May 15, 2015 at 7:34 pm

      ရတနာရွှေအုပ်ဆိုတာ ရတနာငွေအုပ်နဲ့တူပြီး ပွင့်ဖတ်အဝါရောင်တမျိုးကို ပြောတာထင်တယ်။

  • Mike

    May 14, 2015 at 11:12 am

    .ဒီတစ်ခါ ပန်းပုံလေးတွေတော်တော်လှပါတယ်
    .ပန်းဖြူ ဆိုတာ ဒေစီပန်းထင်ရဲ့

    • Ma Ma

      May 15, 2015 at 7:36 pm

      ဘရာသာမိုက်ရေ….မြောက်သွားပြီ။

  • Alinsett @ Maung Thura

    May 14, 2015 at 12:30 pm

    .ရောက်ဖူးပြီးတော့ ကိုယ်တိုင်ကိုယ်ကျ မြင် သိ ခံစားချင်တယ်

    • Ma Ma

      May 15, 2015 at 9:26 pm

      ရောက်အောင်သွားလိုက်ပါ ဆက်ဆက်ရေ။
      လမ်းတွေကောင်း ကားတွေကောင်းလို့ Express ကားနဲ့ ဆိုရင် ညသွား မနက်ရောက်တယ်။
      ဒီမှာပူပြင်းအိုက်စပ်နေတဲ့အချိန်မှာ ကလောမှာ အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းတယ်။ 🙂

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 15, 2015 at 11:50 pm

    အဲ့ဒီ့ ဒယ်အိုးထဲက မြို့ကလေးကို ပြန်မရောက်ဖြစ်တာ ဘာလိုလိုနဲ့ ဆယ်နှစ်တောင် ရှိတော့မှာပါ့လား…

    ♫♫ ငယ်ရည်းစားလေး အခုဆို .. .ဘယ်သူတယောက်နဲ့ နှဖူးစာလည်….♫♫

    ငိငိ

    နောက်တာပါဗျာ…

    ပန်းတွေ အားပေးသွားပါကြောင်း…

    😛

    • Ma Ma

      May 16, 2015 at 5:53 pm

      အားပေးသွားတာ ကျေးဇူးတင်ပါတယ်။
      ပန်းတွေရိုက်နေရင်းတောင် မောင်ဂီ့ကို သတိရမိသေးတာ။
      မောင်ဂီသာ ရိုက်လိုက်ရရင်လို့…….. 🙂

  • မြစပဲရိုး

    May 16, 2015 at 5:47 am

    နှင်းဆီနီ နဲ့တရုတ်စကား ကို ကြည့်ရတာ အပြင် ကို တကယ် ထွက်လာမလို 3D ပုံစံ နဲ့။
    တို့ ချစ်မမ ရိုက်ချက် က စွမ်းသကွာ။ :-))

    • Ma Ma

      May 16, 2015 at 6:05 pm

      သွေးသောက်ညီအမတွေလို့ မပြောရဘူး အကောင်းချည်း မြင်ပေးလို့။ 🙂

  • padonmar

    May 16, 2015 at 9:35 pm

    ပန်းလေးတွေ လှလိုက်တာ။
    ကင်မရာဝူးမင်းရဲ့ လက်ရာကလည်း တက်လာပါပေ့။
    အနီးကပ်ပုံတွေ အတော်ကောင်းတယ်။

    • Ma Ma

      May 17, 2015 at 8:58 am

      ရမ်းသမ်းပြီး ရိုက်လာတဲ့ ပုံတွေအများကြီးထဲကမှ မနည်းရွေးပြီး တင်ထားတာ။ :kwi:

Leave a Reply