နှလုံးသားဖြင့် အလုပ်လုပ်သူ – Working Attitude
https://www.facebook.com/tin.nyunt.338?fref=ts
နှလုံးသားဖြင့်လုပ်သူ (Credit to Tin Nyunt)
“ဂျွန် မင်းကို ငါဘယ်လောက်ပေးရမလဲ”
ကျွန်တော့်ဖေဖေက ပထမလူငယ်ကိုမေးလိုက်ခြင်းဖြစ်သည်။ ဖေဖေသည်သူ့ကို ကောက်ရိတ်ချိန်ရာသီတွင် ငှားရမ်းခဲ့သည့်အတွက် အခကြေးငွေပေးရန် မေးနေခြင်းဖြစ်သည်။ ဂျွန်က
“မစ္စတာဘားရက်စ် ၅၅ ဒေါ်လာကျပါတယ်”
ဖေဖေက ၅၅ ဒေါ်လာဟု ချက်လက်မှတ်တွင်ရေးပေးလိုက်ပြီး “ကျေးဇူးတင်ပါတယ်ကွာ” ဟုတလေးတစား ပြန်ပြောလိုက်သည်။
ဖေဖေသည် ဂျွန်ကဲ့သို့အလုပ်လာလုပ်နေသည့် နောက်ထပ် လူငယ်တစ်ယောက်အား..
“မိုက်ကယ် မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟု မေးလိုက်သည်။ သူသည် ဂျွန်နှင့်အတူတူ အလုပ်လုပ် သည့် လူငယ်တစ်ယောက် ဖြစ်သည်။
“၇၅ ဒေါ်လာကျပါတယ်ခင်ဗျာ”
ဖေဖေက အံ့အားသင့်သလိုပြန်ကြည့်လိုက်ပြီး
“ဘာဖြစ်လို့ ပိုသွားရတာလဲ မိုက်ကယ်” ဟုပြန်မေးလိုက်သည်။
မိုက်ကယ်က “အလုပ်လုပ်မယ့်နေရာအရောက် ကားနဲ့သွားရတာရယ်၊ အပြန်အတွက် ဓာတ်ဆီဖိုးရယ်၊ ထမင်း စရိတ်ရယ် ပေါင်းပြီးတောင်းတာပါခင်ဗျာ” ဟုပြောလိုက်သည်။
“အော် သိပြီ၊ သိပြီ” ဟုဖေဖေကပြောပြီး ချက်လက်မှတ်တွင် ၇၅ ဒေါ်လာဟုရေးပေးလိုက်သည်။
ဖေဖေက နောက် အလုပ်သမားတစ်ယောက်ဖြစ်သည့် နာသန်ဆိုသူအား
“ကိုင်း မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟုမေးလိုက်သည်။
“၃၈ ဒေါ်လာနဲ့ ဆင့် ၅ဝ ပါခင်ဗျာ”
ဖေဖေက တောင်းသည့်ငွေပမာဏ ကွာခြားလွန်းလှသဖြင့် အံ့အားသင့်သွားသည်။ တတိယလူငယ်သည်လည်း ပထမနှင့် ဒုတိယ လူငယ်နှစ်ယောက်တို့ကဲ့သို့ပင် တစ်ချိန်တည်းနှင့် အလုပ်တစ်မျိုးတည်းအတွက် အတူတူ ငှားရမ်းခဲ့ခြင်းဖြစ်သည်။ သူတို့ အလုပ်သို့ လာရောက်ကြရသည့် ခရီးအကွာအဝေးမှာလည်း အတူတူပင် ဖြစ်သည်။ ဖေဖေက သူဘာကြောင့် ကျန်နှစ်ယောက်ထက် လျော့တောင်းနေရသည်ကို ရှင်းပြခိုင်းသည်။
“နေစမ်းပါဦးကွ မင်းကဘာကြောင့် သူတို့ထက်လျော့ တောင်းနေရတာလဲ”
“ဆရာကတော်က ကျွန်တော်တို့ကို နေ့လည်စာကျွေးပါတယ်။ အဲဒီအတွက် နေ့လည်စာဖိုး ကျွန်တော့်ကို ပေးစရာမလိုပါဘူး။ နောက်ပြီး ကောက်ရိုးတွေကို အမိုးအောက်သယ်သွားချိန်မှာ ကျွန်တော်တို့နားနေရပါတယ်။ နားချိန်အတွက်လည်း ထည့်မတွက်ထားပါဘူး။ လယ်ကွင်းကို ကျွန်တော်ကားနဲ့မလာပါဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြောရင်း လမ်းလျှောက်လာနေကျဖြစ်လို့ ဆီဖိုးလည်းမကုန်ပါဘူး။ ဒါကြောင့် ကျွန်တော့်အလုပ်ချိန်နဲ့ ကျသင့်တဲ့ငွေပမာဏကိုတွက်လိုက်ရင် ၃၈ ဒေါ်လာနဲ့ ဆင့် ၅ဝ ပဲရှိပါတယ်” ဟု ရှင်းပြ လိုက်သည်။
ဖေဖေက ချက်လက်မှတ်တွင် ဒေါ်လာ ၁၀ဝ ဟုရေးပေး လိုက်လေသည်။
ဖေဖေသည် လူငယ်သုံးယောက်စလုံးကိုပြန်ကြည့်လိုက်သည်။ သူတို့သုံးယောက်စလုံး ဖေဖေ့ကို စိတ်မသက် မသာနှင့် ပြန်ကြည့် နေကြသည်။ ရရှိထားသည့် ချက်လက်မှတ်လေးတွေကို ကိုင်ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေကြသည်။ ဖေဖေက
“ငါ မင်းတို့ကို အလုပ်ခိုင်းဖို့ခေါ်လာတုန်းက တန်းတူညီမျှ အလုပ်တစ်ခုတည်းအတွက် ငွေတန်ဖိုးကိုလည်း တစ်တန်းစားတည်း သတ်မှတ်ပြီးခေါ်လာတာပါ။ လူတိုင်း သူနဲ့ ထိုက်တန်သလောက် ရတတ်ပါတယ်ကွာ” ဟု ပြန်ပြောလိုက်သည်။
သူက လူငယ်သုံးယောက်စလုံးကို စိတ်ကောင်းရှိသည့် ဖခင်တစ်ယောက်၏လေသံဖြင့်
“သားတို့ အလုပ်ကို နှလုံးသားနဲ့လုပ်တဲ့လူပဲ ငါကလေးစားတာကွ” ဟုပြောလိုက်လေသည်။
(Mind and Soul)
၁၄.၅.၂၀၁၅
~~~~~~~~~~~~~~~~~~~~~~~~~~
အဲ ဒီ စာလေး ကို ကြိုက်လို့ ပါ။
ကိုယ်တွေ့နဲ့ ယှဉ်တော့ လည်း မှန်နေတယ်။
ကိုယ်တိုင်ကလည်း အရမ်းတော်တဲ့ထဲ မပါဘူးး၊
တတ်မြောက်တာတွေလည်း အများကြီး မရှိဘူးရယ်။
လုပ်ဖြစ်တဲ့ အလုပ်မှာတော့ စေတနာပါအောင် ကြိုးစားလုပ်ခဲ့တာချည်း။
ကိုယ့်စေတနာကို မြင်တဲ့သူကျ တော်ရုံ ကိုယ့် အမှားကို ခွင့်လွှတ်ကြတယ်။
ကိုယ်က အရမ်း လွဲပြီး အမှားအယွင်းများတာရယ်။
နောက်ပြီး စိတ်မပါရင် ဘာမှ မလုပ်ချင်ဘူးးး၊
နောက်တော့ Chicken Soup for the Soul ထဲက လုပ်ချင်တာ မလုပ်ရရင်လည်း လုပ်နေရတဲ့ အလုပ်လေးမှာ ပျော်ရွှင်အောင် လုပ်ပါ ဆိုတာလေးနဲ့ အမြင်မှန်ရခဲ့တာ။
နောက်ပြီး ဘယ်သူနဲ့ အလုပ် လုပ်ဖြစ်ဖြစ် ကိုယ့်ကြောင့် ပြသနာ နည်းအောင် Complaint နည်းအောင် ကြိုးစားခဲ့တော့ တော်တန်ရုံ မတတ်မြောက်တတ်တာကို သင်ပေးသွားချင်သူနဲ့ ချည်း တွေ့ခဲ့ရတယ်။
စေတနာချည်းပဲ စိုက်ရလို့ ကိုယ့်ဘက်က အရှုံးမရှိဘူး ပြောတာပါ။
.
သူများနိုင်ငံမှာ အလုပ် စ လုပ်ရတဲ့ အချိန် မှာ ဒီမှာ ရောက်ပြီးသားလူတွေ သင်ကြ တယ်။
ကိုယ့် အခွင့်အရေးကို အတိအကျယူဖို့…
လျှော့မပေးဖို့…
တင်းမာ ထားဖို့ … စသည်ဖြင့်ပေါ့။
ခက်တာက ကိုယ့် အခွင့်အရေးကို အဲလိုကြီး တစာစာ မတောင်းချင်ဘူးးး
တောင်းရမှာ ရှက်ခဲ့တာ။
လုပ်ရတဲ့ အလုပ်ကို ကြိုးစားပြီး စိတ်နှစ်ပြီး လုပ်ပေးခဲ့တယ်။
ပြောသမျှ မှတ်ထားပြီး အထာကြည့်နေခဲ့တာပဲ။
.
ရှိတာပေါ့။ တစ်ခါတစ်လေ ကိုယ့် အပေါ် မတရားသဖြင့်လို့ ထင်တဲ့ ကိစ္စတွေ ရှိတာပေါ့။
လိုက်လျောနိုင်သလောက်ဆို စိတ်ထဲ ဘာမှ ထားမနေဘူးးး
.
ကိုယ်ကလည်း ကိုယ့်တွက်ကိန်းနဲ့ ကိုယ်။
စနေ အလုပ်ဆင်းရတဲ့ အလုပ်တွေချည်းပဲ ရှိတဲ့ နိုင်ငံမှာ ၂ ရက်လုံး နားခွင့်ပေးထားတဲ့ အလုပ်…
ကိုယ်က ဝေးလို့ ကိုယ့် အလုပ်ချိန်ကို သက်တောင့်သက်သာ ထားပေးထားတဲ့ အလုပ်…
အလုပ်ချိန် အွန်လိုင်းသုံးလို့ရတဲ့ အလုပ်…
အလုပ်ပြီးရင် ရတယ်၊ တခြား ပရက်ရှာဘာမှ မပေးတဲ့ အလုပ်… တစ်ခုမှာ ကိုယ် ပျော်တယ်လေ။
.
.
ဒါက မင်းသားကြီးဘက်က ကိုယ် ရဲ့ အလုပ်လုပ်နိုင်ခြေမသိခင်မှာ သူပေးထားခဲ့တဲ့ အခွင့်အရေးမို့ ကိုယ့်ဘက်က လည်း ကိုယ်ပေးနိုင်သလောက်က ဘယ်တော့မှ မကပ်တွက်ခဲ့ဘူးးး
အလုပ် အရမ်း များလို့ ပြန်ခေါ်ရင် တနင်္ဂနွေကိုလည်း ကိုယ်ဘက်က ဘာ အပိုမှ မတောင်းဆိုပဲ သွားပေးတယ်။
လိုအပ်ရင် ည ၁ဝ နာရီထိ နေရတုန်းကလည်း နေပေးတယ်။
ရုံးကလူတွေကတော့ ဝိုင်းမြှောက်ပေးတာပေါ့။ ဟိုဟာတောင်း ဒီလိုတောင်းနဲ့။
မင်းသားကြီး အထာက ကျ တစ်မျိုးရယ်။
သူ က လည်း Calculative မဖြစ်ဘူးးး
သူ့ကို စေတနာ အရင်းမခံပဲ Calculative ဖြစ်တာကို မုန်းပါတယ်။
သူ တရုတ် နှစ်ကူးဆို ၁ဝ ရက် ပိတ်ပေးတဲ့ ကြားထဲက HR Ladies တွေ စနေပိတ်ရက်ကျရင် ပြန်ပေးဖို့ ကတ်တွက်တာကို မုန်းပြီး နှစ်ကူးတဲ့ ၃ ရက်ပဲ ပိတ်ပေးတော့တာ ၃ နှစ်လောက် ရှိပါပေါ့။
ဒီကြားထဲ ကိုယ့် အချိန်ပို ဆင်းမှုတွေ အတွက် ပိတ်ရက် ကို သူများထက် ပိုပေးတော့ မကျေနပ်ကြဘူးးး
အစည်းအဝေးမှာ ပြောတာလေး မှတ်ထားတယ်။
“သူများထက် အခွင့်အရေး ရချင်ရင် သူများထက် အလုပ်ပိုလုပ်ရတယ်” တဲ့။
“လုပ်တဲ့ အလုပ်တိုင်းကို ငါကချည်း လုပ်နေရတာ၊ ငါချည်းရှုံးတယ်လို့ မတွက်ရဘူး” တဲ့။
“ကိုယ် ချည်းရှုံးတဲ့ အလုပ်မရှိဘူး၊ အနည်းဆုံး အတွေ့အကြုံ က အမြတ်” လို့ သူပြောခဲ့ဖူးတာပါ။
.
ကိုယ့် စိတ် အတိုင်းပဲ။ ဘာမှ မရရင်တောင် အတွေ့အကြုံ က အမြတ်လို့ စိတ်ဖြတ်နိုင်လို့ ဘယ် လို အလုပ်သစ်မဆို မညည်းမညူ လက်ခံပြီး ကြိုးစားခဲ့ရတာ။
ဘယ်သူမှတော့ အလုပ်စ လုပ်တဲ့ အချိန် ရာထူးကြီးကြီး ပိုက်ဆံ များများ ဘယ်ပေးမလဲလေ။
ကိုယ် ရချင်တဲ့ ပမာဏ နဲ့ တန်အောင် ကိုယ် လုပ်နိုင်သလား ကိုယ့် ကိုယ်ကို အသိကြဆုံးပေါ့။
ဒီလိုပဲ ကိုယ်က ဒီလောက်ပဲ ရလို့ ဒီလောက်ပဲ လုပ်ပေးမယ် ဆိုတဲ့ စိတ်လည်း အလုပ်လုပ်တဲ့ နေရာမှာ မထားသင့်ဘူးရယ်။
.
ကျွဲကူး ရေ ပါ ပါတယ်။
ကြိုးစားမှု၊ စေတနာ၊ စိတ်ပါမှု နောက်မှာ အထက်တက်ဖို့ လမ်းစ က ပေါ်လာမြဲလို့ ယုံတယ်။
ခု တလော အရောင်း ဝန်ထမ်းတွေရဲ့ မခြေမငံတွေ ဆက်ဆံခံရတာတွေ ကြားမိလို့ပါ။
ကိုယ့် ရတဲ့ နေရာကို အရမ်းနိမ့် တယ် ဒါမှ မဟုတ် အရမ်း မြင့်တယ် ထင်လို့ မရပါဘူးးး။
အဲဒီ စိတ်ထဲက တစ်ခုမဟုတ် တစ်ခု ဝင်လာမိရင် လက်ရှိအလုပ်ကို စိတ်ကုန်တတ်တယ်၊ အားလျော့တတ်တယ်လေ။
ကြိုးစားသူအတွက် အခွင့်အရေးဟာ အမြဲလာပါတယ်။
.
တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။
သူများ အတွက် လုပ်နေရပါလား မစဉ်းစားပဲ နဲ့ ကိုယ့် အတွက်ကိုယ် ကြိုးစားနေရတာလို့ စဉ်းစားလိုက်ရင် အားပြန်တက်လာရော။
.
လခ စားမှန်သမျှမှာ ကိုယ့် အလုပ်ကို လုပ်သလို သဘောထားပြီး လုပ်တဲ့သူ အတော် နည်းတယ်။
အဲတော့ ကိုယ့် အလုပ်လို သဘောမထားရင် တောင်မှ ကိုယ့် အတွက် နောက် အမြင့်ကို ကူးရမဲ့ အချိန်မှာ ရှိသင့်တဲ့ အရည်အချင်းကို စုဆောင်းနေတယ် လို့ တွေးရင် ရော ရတာပေါ့နော့။
.
ဒီ နေ့ နည်းနည်း အားနေလို့ ပွါးချင်ရာလေး ပွါးလိုက်တာပါ။
ဒီ မေ ၁၂ ဆို မင်းသားကြီးဆီ မှာ လုပ်သက် ရ နှစ် ရှိပြီ လေ။
ကြိုက်သဗျာ ၊
စိတ်ဓါတ်ကိုပြောတာ ၊
Was this answer helpful?
LikeDislikeသူ့ ရဲ့ အဲဒီ စိတ်လေးကို ကြိုက်လို့လည်း မြဲတာ။
အတုခိုးမှန်ခဲ့ရတာ။
Was this answer helpful?
LikeDislikeဘာပဲလုပ်လုပ် စေတနာလေးထည့်လုပ်ပေးပါတယ်။ တစ်ခါတစ်လေတော့ ဝန်ထမ်းဘဝကို ငြီးငွေ့သလိုရှိသား။
Was this answer helpful?
LikeDislikeဟုတ်တယ်။
နောက် ၅ နှစ်လောက် ဆိုရင် တော့ နောက် လမ်းကြောင်း တစ်ခု ကို ပြောင်းမယ်။
ဝန်ထမ်းကောင်းဖြစ်ဖူးမှ အလုပ်ရှင်ကောင်း ဖြစ်တာကိုးနော့။
Was this answer helpful?
LikeDislike.ဆုံးမစကားလေးကြိုက်တယ်..
.အဲ့လိုဘော့စ်နဲ့တွေ့ရတာ ခင်ဇော် ကံကောင်းတာပေါ့
Was this answer helpful?
LikeDislikeအဲလို ကံကောင်းဖို့လည်း ရင်း ခဲ့ရတဲ့ အချိန်တွေ စိတ်ဓာတ်တွေ ရှိတာပေါ့ မိုက်မိုက်ရယ်။
မြန်မာ ဆိုရင် စစချင်း မယုံဘူးကိုးးး
၂ နှစ်လောက် က တစ်ယောက်အထာ တစ်ယောက်သိဖို့ အချိန်ယူရတာ အပင်ပန်းဆုံးပဲ။
နောက် ခန့်မဲ့သူဆို မြန်မာ မှ လိုချင်အောင် နေထိုင်ပြခဲ့ရတာ။
Was this answer helpful?
LikeDislike(နောက် ခန့်မဲ့သူဆို မြန်မာ မှ လိုချင်အောင် နေထိုင်ပြခဲ့ရတာ။)
ကောင်းလိုက်တဲ့ စိတ်ဓာတ်။
အမျှော်အမြင်ကြီးပါပေတယ်။
ဒီလိုစိတ်တွေထားနိုင်လို့လည်း အောင်မြင်တာပေ့ါ။
များသောအားဖြင့်တော့ ခုရေတွင်းတူး ခုရေကြည်သောက်ချင်ကြတယ်။
ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတာထက် ဘယ်လောက်ရမှာလဲကို ပိုသိချင်ကြတယ်။
Was this answer helpful?
LikeDislikeအဟုတ်ပါ့ ချစ်မရယ်။
တစ်ချို့ဆို ဘာမှ မပေးချင်ပဲ သူများ တန်းတူရချင်တာ ဆိုးပါ့။
Was this answer helpful?
LikeDislikeကိုယ်လုပ်နိုင်သလောက် စေတနာရှိရှိ လုပ်ပေးတာ
ကောင်တဲ့ အတွေးတွေ ကိုရစေတာ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးဘဲ
ခုနနှစ်ဆိုတာ မနဲဘူးဘဲ လေးစားပါတယ်
Was this answer helpful?
LikeDislikeအချိန်တွေကို နောက်ပြန်ကြည့်မိတော့ ရ နှစ်ဟာ ခန လေး လိုပဲ နော် အရီးလေးးးး
အလုပ်စ ဝင်ကာစက ဒီ မှာ ၂ နှစ်လောက် လုပ်နိုင်ပါ့မလားလို့တွေးခဲ့မိတာ။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ကျုပ်ကတော့ (၇)နှစ်လဲပြည့်ရော…. အလုပ်ထွက်စာတစ်ခါတည်းတင်ပစ်လိုက်တာပဲ…
ဝန်ထမ်းအလုပ်မှာပျော်ဖို့ဆိုတဲ့ကိစ္စမှာ အကြောင်းအချက် (၂)ချက်က အဓိကကျတယ်လို့ မြင်တယ်…
(၁) ဝန်ထမ်းတစ်ယောက်ကို သူ့ရဲ့ စီမံခန့်ခွဲသူက နှစ်စဉ်အကဲဖြတ်နေဖို့…
(၂) ဝန်ထမ်းတစ်ယောက် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ရမယ့်တာဝန်… ပြတ်ပြတ်သားသားရှိနေဖို့…
ဒီ(၂)ချက်ကို အလေးထားရင်… အဆင်ပြေမယ်လို့ထင်ပါတယ်…
ဥပမာပြောရရင် ကျွန်တော်ဝန်ထမ်းတစ်ယောက်လုပ်တယ်… ဒါပေမယ့် ကျွန်တော့်လုပ်ရည်ကိုင်ရည်အတွက်… ရာထူးတိုးပေးဖို့… လစာတိုးပေးဖို့ (၇)နှစ်တာကာလပတ်လုံး… တစ်ခွန်းမှမပြောဘဲ… စေတနာနဲ့ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်ခဲ့တယ်…
ဘာမှမပြောတဲ့အတွက် ဘာမှပြန်မရဘူးဆိုတဲ့အချိန်တွေရှိခဲ့သလို… နားလည်တတ်တဲ့ အထက်အရာရှိတွေကြောင့် လစာ… ရာထူးတစ်ခုခုတိုးတက်အောင် လုပ်ပေးခံခဲ့ရတာလဲရှိပါတယ်…
ဒါပေမယ့် (၇)နှစ်တာကာလကို ပြန်ခြုံကြည့်ရင်တော့ ငိုပြတတ်တဲ့ကလေးက မုန့်ပိုစားရတာကိုတော့ ငြင်းမရပါဘူးဗျာ…
နောက်တစ်ချက်က…
တချို့အလုပ်တွေမှာ တာဝန်ခွဲဝေမှု (Job Description) အရ ရှင်းရှင်းလင်းလင်းမရှိရာကနေ…
တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာတွေ… အလုပ်မှာမပျော်တာတွေဖြစ်ကောင်းဖြစ်လာတတ်တယ်…
အဲဒီမှာ ကိုယ်လုပ်ရင်တော့အဆဲခံရတယ်… သူလုပ်ရင်တော့ကောင်းတယ်… ဒါမျိုးတွေဖြစ်လာတတ်သပေါ့…
အကောင်းဆုံးကတော့ တိကျသေချာတဲ့ တာဝန်ခွဲအပ်မှု…
ဝန်ထမ်းတစ်ယောက်ရဲ့ Performance ပေါ်မှာ အမြဲမပြတ်အကဲဖြတ်ပြီး သိတတ်မှုပေးခြင်းဆိုတာ
ဝန်ထမ်းတစ်ယောက် အလုပ်တစ်ခုမှာ… ကြာရှည်စွဲလုပ်ဖို့ အကြောင်းအရင်းတစ်ခု ဖြစ်ကောင်းဖြစ်လာ မှာပါပဲ…
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeဟုတ်တယ်။
ဒါပေမဲ့ ကိုယ့် အကြောင်းကို သိသလောက် ကိုယ့်ကို ဘယ်လို နေရာပေးရမယ် ဆိုတာ သိတဲ့ စီနီယာမျိုးနဲ့မို့ ကိုယ်လည်း အဲလောက် မြဲတယ် ထင်မိတယ်။
ငိုပြမှ ပိုရ မဲ့ နေရာဆို ကျုပ်တော့မငိုတတ်တာနဲ့ ပြောင်းရမှာ။
Was this answer helpful?
LikeDislikeဝန်ထမ်းတစ်ယောက် အလုပ်တစ်ခုမှာ ကြာရှည်နေတဲ့အတွက်…
သူရဲ့တက်လမ်းအတွက် လမ်းတစ်ချို့ပိတ်သွားတဲ့အကြောင်းကို အလုပ်ထွက်ပြီး…
အားနေတဲ့အချိန်ကြရင် ရေးပါဦးမယ်….
ခင်မင်လျက်-
ဖက်ဖက်ကက်
Was this answer helpful?
LikeDislikeရေးပါအူးအေ။
ခါတလေကျ အမြင် အတွေးတွေ ယူချင်ပါသေးတယ်။
Was this answer helpful?
LikeDislikeပိုစ့်ပိုင်ရှင် ဝတုတ်မဂျီး နဲ့ အစိမ်းရောင် ဟိုဝတုတ်ထီးကြီးခည…
လူဆိုတာ ဆက်စ် အင်န် မန်းနီး ထက် ရီကော့ဂ်နစ်ရှင်န်း ကို တခါတရံမှာ ပိုမက်မောတတ်ကြစမြဲရယ်လို့..
ဖတ်ဖူးပါကြောင်း
သများအတွက်ကတော့ ၃ခုစလုံး
တန်- ဆေး
လွန် – ကောင်း
များ – ဗဲဒီးဂွတ်..
Was this answer helpful?
LikeDislikeဒါလည်းး အမှန်ပါပဲ ဂီ…
အမ ခုနောက်ပိုင်းးမှာ ရိကော့နေးးရှင်းး နောက် လိုက်မှန်းး မသိ လိုက်မိ နေတာ..
Was this answer helpful?
LikeDislikeရ နှစ်တောင် ရှိပြီပဲ
အဲ့ဒီနှစ်တွေအတွင် ခိုင်မြဲသေချာတဲ့ နေရာတစ်ခု အသိအမှတ်ပြု ခံရပြီလို့ မှတ်ရင် ရမယ်ထင့်
လုပ်သက်ထက် လုပ်ကွက်ကို ပိုကြည့်ကြတဲ့ ဒီခေတ်မှာ လုပ်သက်ကော လုပ်ကွက်ပါ
အတိုင်းအတာတစ်ခု ရောက်နေပြီဖြစ်တဲ့ မမဂျီးကို
အဲ့လို တော်တဲ့အလုပ်ရှင်တစ်ယောက်ကလည်း
လက် မလွှတ်ချင်လောက်အောင် အားကိုးနေလောက်ပါပြီ။
Was this answer helpful?
LikeDislikeဆက်ဆက်ရယ်။
မမဂျီးက အဆင်ပြေရင် နေရာ တစ်ခုမှာ ငြိမ်နေချင်တဲ့ သူမျိုးမို့
ကိုယ့် ကို ငြိမ်ငြိမ်ထားတဲ့ သူနားမှာများ မြဲလေသလား မသိ။
Was this answer helpful?
LikeDislikeအဖိုး..မိဘ…အထိက..အစိုးရဝန်ထမ်းမျိုးရိုး…
ကျုပ်ကကျ… နိုင်ငံတကာလှည့်.. လခစားလုပ်စားတဲ့သူ…။
လုပ်ခဲ့တဲ့အလုပ်တွေမှ.. ရေတွက်လို့တောင်မရနိုင်…။
အမျိုးအစားလည်းစုံပါ့..။ အလုပ်ချိန်လည်း.. တရက်၁၈နာရီအထိ…လုပ်ဖူးပါ့…။
ဆိုတော့..
လခစားဘဝစိတ်ကုန်လာပြီ..
ကိုယ်ပိုင်အလုပ်လုပ်မယ်.. လုပ်ရမယ်… လုပ်သင့်တယ်…လို့… တွေးမိ..
Was this answer helpful?
LikeDislikeတဂျီးးး
အဲ ဒီအ တွေးကို မနှစ်ကတည်းက တွေးမိ။
ဗေဒင်က နောင်နှစ်မှ ကောင်းမယ် ဆိုလို့ စောင့်နေ။
နောက်နှစ်ကို ၂ မျိုး ခွပြီး ကိုယ်ပိုင် အလုပ် အိုကေရင် အိမ်မှာ နေ စာရေးစားးး
တဂျီး ပိုက်ပိုက်ယူ/
Was this answer helpful?
LikeDislike.အဲဒါတွေက ဟိုနိုင်ငံရောက်နေလို့ ပြောအားရှိတာပါ။ ဒီနိုင်ငံမှာ နေရင် တစ်မျိုး ဖြစ်သွားမှာ။ ဒီမှာက ကိုယ်ကလျှော့ပေးလေ နောက်ရောက်လေ။
Was this answer helpful?
LikeDislikeပြောကြတယ်။
ကိုယ့် ကံကြမ္မာနဲ့ အကျိုးပေး ကို စိန်ခေါ်ကြည့်ချင်သေးရဲ့။
ဘာ မဆို အသွားအပြန် ရှိတယ်လို့ ယုံကြည်တုန်းမို့။

Was this answer helpful?
LikeDislikeတီဒုံကတော့ လခစားဆိုလို့ ဟောက်ဆာဂျင်ဘဝမှာ သူများလက်အောက်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံပဲရှိတယ်။
လစာ ဘာမှ မရပါဘူး။ဒါပေမယ့် အတွေ့အကြုံက သိပ်အဖိုးတန်တယ်။ကိုယ့်အထက်က ဆရာတွေ မမတွေ၊ကိုယ့်လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ၊သူနာပြုတွေ ၊လူနာတွေ အားလုံးအပေါ် တာဝန်ကျေတာထက် ပိုအောင် လုပ်ခဲ့တယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်တယ်။
လူနာကို အရင် စမ်းသပ်ရတိုင်း ကိုယ့်ဆရာတွေဆို ဘာလုပ်မယ်လို့ ကြိုတွေးပြီး အဆင်သင့်လုပ်ပေးထားတတ်တာ။သူတို့ရောက်လာလို့ ဒါစမ်းမယ်၊ဒါလုပ်မယ်၊ဒီလိုကုမယ် ပြောတဲ့ အချိန်မှာ ကိုယ်အဆင်သင့်ပြင်ပေးထားတာလေးကြောင့် အချိန်ကုန်၊လေကုန်သက်သာသွားတာ ၊လူနာလည်း မြန်မြန်သက်သာရာရသွားတာ မြင်လိုက်ရရင် ကျေနပ်တာပဲ။
Was this answer helpful?
LikeDislikeအခု အလုပ်ရှင်ဘဝရောက်တော့လည်း ဘယ်သူဟာ အပြလုပ်တယ်။ဘယ်သူဟာ တကယ်လုပ်တယ်။ဘယ်သူကတော့ဖြင့် ချီးမွမ်းခံချင်လွန်းလို့ အိုဗာဖြစ်နေတယ်ဆိုတာ အလုပ်ရှင်တွေမှာ sense ရှိတယ်၊အာရုံသိတယ်လို့ ပြောချင်ပါတယ်။
ကိုယ်လုပ်တာ အသိအမှတ်ပြုမခံရသေးဘူးဆိုရင်
အသိအမှတ်ပြုခံရလောက်အောင် ကိုယ်တကယ်မလုပ်သေးလို့ပါလို့ ပြောချင်တယ်။
မိဖုရားကြီး မောင် ခွေးကြည့်ခိုင်းသလို ပုံပြင်လိုပေါ့။
ဒါ့ကြောင့် ကေဇီလေး ရဲရဲကြီး စိန်ခေါ်လိုက်စမ်းပါ။
တချိန်ချိန် ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါ မင်းသားကြီးဟာ အလုပ်ရှင်-အလုပ်သမား ဘဝကနေ ကေဇီလိုတာမှန်သမျှ ကူပေးမယ် ဆိုတဲ့ မိတ်ဆွေရင်းဖြစ်သွားမှာပါ။
Was this answer helpful?
LikeDislikeဟုတ်တယ် အာတီဒုံရေ။

သူ ပြောဖူးတယ်။
သူ့ ဆီက ဘယ်လောက်ရမှ ဖြစ်မယ် လို့ တောင်းဖို့ ကြံရင် သူ့ အတွက် ဘယ်လောက်ဖိုး လုပ်ပေးဖို့ သူ့ဘက်ကလည်း တောင်းဆိုမှာပဲ ဆိုတာ မျှော်လင့်ထားပါတဲ့။
လိုတာထက် ပိုရချင်တာ လူ့သဘာဝ ဆိုပေမဲ့ ကိုယ်ပေးနိုင်တဲ့ ပမာဏထက် အမြဲ ရချင်နေတာက ပုံမှန် မဟုတ်ဘူးထင်ပါရဲ့။
ချစ်ခြင်းမေတ္တာ အပါအဝင်ပေါ့လေ။
Was this answer helpful?
LikeDislikeမျိုးရိုးထဲမှာ တစ်ယောက်မှ မလုပ်ခဲ့ဖူးတဲ့ အစိုးရဝန်ထမ်းအလုပ်ကို လုပ်ခဲ့တာ ၁၅ နှစ်ပြည့်တော့မယ် ..
ကောင်းတာလဲပါ ဆိုးတာလဲပါတဲ့ အခြေအနေမှာ သေချာတွက်ချက်ကြည့်ရင် အဆိုးဘက်က ပိုများပါတယ် .. ပညာအတော်အသင့်ရပေမယ့် ဥစ္စာမရခဲ့ဘူး … ကုသိုလ်စိတ်ထက် အကုသိုလ်စိတ် ပိုရတယ် ..
လူတစ်ယောက်အတွက် အဓိကကျတဲ့ ..
၁။ ပညာရသလား ….. (နောက်ထပ် ရစရာ မမြင်တော့)
၂။ ဥစ္စာရသလား …. (ဝင်ငွေနဲ့ကွက်တိဖြစ်အောင် မနဲကြိုးစားပြီး သုံးနေရ)
၃။ ကုသိုလ်ရသလား …. (စိတ်ပျက်လွန်းလို့ တရားကျမိပေမယ့် အကုသိုလ်စိတ်က ပိုဖြစ်ရ)
တော်ပါပြီ … မကြာခင်ပဲ လွတ်လပ်စွာနဲ့ ကိုယ်ပိုင်အလုပ် လုပ်ပါတော့မယ် …
Was this answer helpful?
LikeDislikeကိုယ်ပိုင် အလုပ် လုပ်တာလည်း အားပေးတယ် ဝေ။
သများ နောက်နှစ်မှ စ မှာ။
Was this answer helpful?
LikeDislikeweiwei says:
” ဝင်ငွေနဲ့ကွက်တိဖြစ်အောင် မနဲကြိုးစားပြီး သုံးနေရ ”
့အောင်မယ် ၊ အောင်မယ် ၊ အစိုးရ ဝန်ထမ်း အရာရှိမကြီး ၊
အပျို ကြီး ( သူဋ္ဌေးမကြီး ) ကများ ညည်းနေရသေးတယ် ။
တခြားသူတွေ ညည်းဖို့ ချန်ပါဦး ။
Was this answer helpful?
LikeDislike.ဒီပို့စ်နဲ့ဆိုင်လို့ မလာတာပါ
Was this answer helpful?
LikeDislikeကျေးကျေး မိုက်မိုက်။
အလုပ်သမား ကောင်းဖြစ်ဖူးမှ အလုပ်ရှင်ကောင်းဖြစ်တာမို့
ကိုယ်ချင်းစာ တရား နဲ့ စည်းကမ်းတိကျမှု မျှရင် အဲဒီ အလုပ်က စိတ်ကြည်သာစရာ ကောင်းမှာပါ။
Was this answer helpful?
LikeDislike. ဒီ အတိုင်း စာတို လေး ရေးပြီး ထွက် လို့ မရ အောင် ချုပ် ထား နိုင်မဲ့ ပို့စ် ထင်ရဲ့။
အခု တော့ ပြေးပြီ။
သိတယ်နော်။ ဒီ အဖွားကြီး လေရှည်တော့မည်။ lol:-)))
Was this answer helpful?
LikeDislikeပြန်လာခဲ့နော် အရီးး
Was this answer helpful?
LikeDislike.ပြောရင် ယုံပါ့မလားမသိ…
.အခုထိ အလုပ်လုပ်နေတဲ့ … — Group of Co, မှာ 1996 ထဲက ခုထိ ဆိုတော့….
.ဒီ နှလုံးသားကို လိုအပ်တဲ့ နေရာ Entity ရွှေ့ခိုင်းလာတာ ခု တတိယ — — Ltd… မှာလုပ်ရတဲ့
.၃ နှစ်နီးပါးမှာတော့ ဒါဏ်ရာ တွေနဲ့ နှလုံးသား ဖြစ်နေပါပြီ ဆွိရေ…
Was this answer helpful?
LikeDislikeခါတလေကျ အလုပ်နဲ့ မပတ်သက်တဲ့ အရာတွေ၊
ကိုယ့် အလုပ်ပုံရိပ်နဲ့ မပတ်သက်တဲ့ အရာတွေ အတွက်တော့ အထိခိုက်မခံပါနဲ့ မွအိရေ။
ကိုယ့် အမ အေးဆေးသဘောကောင်းတာကို သိတာမို့ တက်ချင် နင်းချင်သူတွေ လည်း ရှိမှာပါပဲ။
Was this answer helpful?
LikeDislike.ကျုပ် လခစား ဝန်ထမ်းဘဝမှာတုန်းက
.သူများတွေ သိပ်အကောင်းမပြောတဲ့အလုပ်ရှင်တွေဟာ
.ကျုပ်အပေါ်မှာတော့ တော်တော်ကြီး ကောင်းတယ်လို့ ထင်တာပဲ…
.အဲဒိအလုပ်တွေလုပ်လို့ ဘာ ရ လ ာ လဲ ဆိုတော့-
.အလုပ်ကို ကိုယ့်အလုပ်ကို စိတ်ထဲထားလုပ်တော့
.အလုပ်ရဲ့ ဖိစီးနှိပ်စက်မှု့ ကို ကောင်းကောင်းခံနိုင်တယ်
.အလုပ်ကို ကျုပ်က နိုင် သွားတယ်
.အလုပ်က ထွက်ခွာတဲ့အခါ
.ပညာနဲ့ အတွေ့အကြုံတွေ တပုံကြီးကျန်တယ်..
.အဲဒါတွေက ရောင်းစားလို့မရပေမယ့် လုပ်စားလို့တော့ရတယ်လေ…။
Was this answer helpful?
LikeDislikeမှန်လိုက်လေ ဦးပါ ရေ။
ကိုယ့် လုပ်သမျှက (ကောင်း/ဆိုး) ကိုယ့် အတွက် ကျန်တယ် ဆိုတာလေး သိလိုက်ရင်
ကိုယ့် အတွက် ကောင်းဖို့ ဘာလုပ်ရမယ် ဆိုတာ ကောင်းကောင်း သိသွားတာပါပဲ။
Was this answer helpful?
LikeDislikeအလုပ်သမား ကောင်းဖြစ်ဖူးမှ အလုပ်ရှင်ကောင်းဖြစ်တာမို့
ကိုယ်ချင်းစာ တရား နဲ့ စည်းကမ်းတိကျမှု မျှရင် အဲဒီ အလုပ်က စိတ်ကြည်သာစရာ ကောင်းမှာပါ။
မှတ်သားစရာတွေအများကြီးရလိုက်ပါတယ် တီတီခင်ဇော်။
Was this answer helpful?
LikeDislikeလာအားပေးတဲ့ အတွက် ကျေးကျေးပါ ချို.
Was this answer helpful?
LikeDislikeအတွေ့အကြုံလေးတွေ ဝေမျှပေးတာဖတ်လို့ကောင်းလိုက်တာ..
ကြည်ဆောင်းကတော့ စိတ်ထားကောင်းရင် ကံကောင်းတယ်လို့ယုံတယ်
စိတ်တော့ပင်ပန်းပေမဲ့ ကိုယ့်ကို ကိုယ် စိတ်ရှင်းတယ်
Was this answer helpful?
LikeDislikeကိုယ် နိုင် သလောက် အကောင်းးဆုံးး လုပ်ပေးးခဲ့တော့

ကြည်ဆောင်းးလေးးပြောသလို
၁) စိတ်ရှင်းးတယ်
၂) လိပ်ပြာလုံတယ်
၃) နောင်တနည်းးတယ်
၄) အိပ်ပျော်တယ် လေ..
Was this answer helpful?
LikeDislike“လုပ်ချင်တာ မလုပ်ရရင်လည်း လုပ်နေရတဲ့ အလုပ်လေးမှာ ပျော်ရွှင်အောင် လုပ်ပါ ” ဆိုတာလေး ဖတ်လိုက်ပြီး ပြုံး မိလိုက်တယ်။
မောင်ဂီ ဆီမှာ Stay hungry လို့ နောက်လိုက် မိတဲ့ အာရုံ က ဆက် နေလို့လား မသိ။
ပန်းသီးပါပါး ရဲ့ စကား ကို သွားသတိရလိုက်တာ။
သူက
“You need a lot of passion for what you’re doing because it’s so hard.
Without passion, any rational person would give up.
If you don’t love it, you’re going to fail.” တဲ့။
မပြီးသေး။ ““If you haven’t found it yet, keep looking. Don’t settle.” တဲ့။
သဘော ကတော့ ကိုယ်မလုပ်ချင်တဲ့ အလုပ်၊ ကိုယ်မကြိုက် တဲ့ အလုပ် ကို လုပ် နေရင် ဘယ်တော့မှမအောင်မြင်ဘူး၊
ဒီတော့ ကိုယ်လုပ်ချင်တာကို ရအောင်ရှာ လုပ် ၊ မကြိုက်တာ လုပ်ပြီး အတည်ဖြစ် မသွားစေနဲ့ လို့ ဆိုချင်သလားဘဲ။
အမှန် တော့ ဒီမှာ ဇီကလေး ကို ငြင်းဖို့ မဟုတ်။
ထောက်ခံဖို့ပါ။
စတိဗ် ကိုလဲ မှားတယ် မပြောပါဘူး။
သူ့လို လိုချင်တာ ကို မရ ရအောင် လုပ်တတ်တဲ့ လုပ်နိုင်တဲ့ စိတ်မဝေဝါး တတ် တဲ့ သူ အတွက်တော့ မှန်မှာပေါ့။
ဒါပေမဲ့ လူတော်တော်များများ ဟာ မလုပ်ချင်တာ တွေ တော့ များပြီး ကိုယ်ဘာလုပ်ချင်တယ် ဆိုတာ ကို အတိအကျ မသိတော့ ရည်မှန်းချက် မရှိကြတာများတယ်။
ဒီအတွက် ကိုယ်ကျရာမှာ မပျော်လဲ မလုပ်ချင်လဲ စေတနာ လေးထည့်ပြီး လုပ်တာ က ကိုယ့် အတွက် အောင်မြင်ဖို့ အခွင့် များပါတယ်။
ကိုယ့် က စေတနာ ထားတာ ကို မှန်ကန်တဲ့ နည်း နဲ့ ပြတတ်ဖို့လဲ လိုတယ်။
တစ်ချို့ အလုပ်မှာ စေတနာကောင်း ပေမဲ့ ပြသပုံ မမှန်တော့ တစ်ခါတစ်ခါ စေတနာ က ဝေဒနာ ဖြစ် ပြီး အလုပ်မှာ မပျော်တတ်ဘူး။
အရေးကြီးဆုံး က ဘယ်မှာ ဘာလုပ်လုပ် အကောင်းမြင်စိတ် ကို ရှေ့ထားပြီး တွန်းတွန်းတိုက်တိုက် လုပ်သင့်မလားဘဲ။
အထက်လူကြီး က သဘောပြည့် မှု ပေါ်မှာလဲ အောက်လက်ငယ်သား တွေ ရဲ့ လုပ်ရည်ကိုင်ရည် တိုးတက်မှု/ ကျဆုံးမှု ရှိမှာပါ။
တစ်ချို့ လူကြီး က တကဲ့ စွမ်းရည်ရှိ သူ တွေ ကို ရှေ့တန်းတင်ပြီး တန်ဖိုးထား တယ်။
တစ်ချို့ လူကြီး က ထက်ရင် ချောင်ထိုးချင်တယ်။
ဒီတော့ မဖြစ်သာလို့ ဒီလို လူ နဲ့ လုပ် ရရင်လဲ အလိုက်အထိုက် ပေါင်းရင်း
ကိုယ့်ဘက်ပါအောင် ဆွဲနိုင်ဖို့ …..
ဟိ … ပြောတော့ လွယ်သား။ တကယ်တော့ အဲလို လဲ တွေ့ရော သီအိုရီ တွေ မသုံးနိုင် အောင် စိတ်ပျက် ကြရပါတယ် မဟုတ်လား။
အဲဒီအချိန်မှာ မပြုတ် မရှုပ် နေသာသလို လုပ်ရင်း နေနေရတဲ့ ဘဝ တွေ ရွှေပြည်ကြီး ထဲ အများကြီးပါ။
မပျော်တဲ့ စွမ်းအား တွေ နဲ့ သွားနေရတဲ့ ယန္တယား ကြီး ဘယ်နှဲ့ တိုးတက်ပါ့။
ဒီတော့ ၂၀၁၅ မှာ တကယ် တော်သူ တွေ ကို ဂရုထားမဲ့ သူ အတွက် မဲ တစ်ပြား အရေးကြီး သနော်။
(အိုး အို ဘာမှလဲ မဆိုင် ဘဲ ဘိုလိုဖစ်ပြီး ဒီဘူတာ ဆိုက်သွားပါလိမ့်)
Many Congratulations on your long and happy loyal service! :-)))
Was this answer helpful?
LikeDislikeခါတလေ မလုပ်ချင်ဘူးးလို့ ဆိုတဲ့ အလုပ်တစ်ခု ကို လုပ်ရမယ်


ဆိုရင်တော့ ကျနော်တော့ သင့်/မသင့် နဲ့ ယေဘူယျ ပြန်စဉ်းးစားးမိတယ်..
ဒါပေမယ့်လည်းး ပိုက်ဆံ ဝင်တဲ့ သိက္ခာရှိတဲ့ ကိုယ့် အသက်မွေးးဝမ်းးကြောင်းးအလုပ်က လွဲရင်
ကျန်တာတွေတော့ စိတ်ပါတာပဲ လုပ်မိနေတုန်းးပဲ..
မဲတပြားး အတွက်ကတော့
စေတနာ ခေါင်းးစဉ်အောက်ကပဲပြောပြော…
သင့်/မသင့် ခေါင်းးစဉ်အောက်ကပြောပြော…
တခြားးးခေါင်းးစဉ် အများးကြီးးအောက်ကပြောပြော,..
သူ့ တစ်ယောက်တည်းး အတွက်ပါ…
Was this answer helpful?
LikeDislikeအတွေးအခေါ်တို့ရဲ့..အထွဋ်သည်ဘာသာရေး..
ဆိုတော့..
မြန်မာအများစုက.. သည်းခံသည်းခံ..ထေရာပြော/လုပ်သမျှသည်းခံ.. ထေရာဝါဒဝင်..
စတိဗ်ဂျော့က.. ဇျာန်ဗုဒ္ဓဘာသာဝင်…။
Opinion Journal: Arctic Drilling: The Next Energy Boom? 3:15
NEWS.com.au-Mar 25, 2015
STEVE Jobs used one particular technique to help clear his mind and achieve … It was mindfulness, the kind taught in Zen Buddhism, which an …
Was this answer helpful?
LikeDislike{စတိဗ်ဂျော့က.. ဇျာန်ဗုဒ္ဓဘာသာဝင်…။ }
. ထေရဝါဒီမဟုတ် လို့ ပြောချင်တဲ့ သဘောလား ။ရှင်းရှင်း ပြောပါလေ။ lol:-))))
Was this answer helpful?
LikeDislikeလောလောဆယ် လူက အူကြောင်ကြား ဖြစ်ချင်နေပါတယ်ဆိုမှ ဒါဖတ်လိုက်တာ အူလည်လည်ဖြစ်သွားတယ်
ဘယ်အလုပ်ပဲဖြစ်ဖြစ် ပညာ နဲ့ ငွေကြေး တစ်ခုခုတော့ရမှ ကိုယ့်အတွက်လည်း အကျိုးရှိမယ်လို့ နားလည်ထားမိတာ(လွဲနေသလားတော့မသိ)
တစ်ရက်တစ်ရက် ကိုယ့်အတွက် ဘာမှမကျန်ဘဲ နေ့စဉ်လည်ပတ်နေရတာကို မကြိုက်လို့ အခုအလုပ်ကထွက်ဖြစ်တာ
ရှေ့ကိုတိုးစရာ ဘာမှ မမြင်တဲ့အချိန်မှာ ကိုယ့်အချိန်တွေ အလဟဿ ကုန်နေတယ်လို့ မြင်နေမိတော့ motivationက ပျောက်ကရောလေ
လောလောဆယ်တော့
ဘာဖြစ်ချင်တာလဲ လို့ ကိုယ့်ကိုကိုယ် ပြန်မေးနေရတယ်
ငွေရှာမယ်ဆို ကိုယ့် profession က သိပ်ပြီး ရှာလို့လွယ်တဲ့အထဲမှာမရှိဘူး
ကိုယ်ပိုင်အလုပ် လုပ်တာကမှ ပိုလွယ်မယ်လို့ မြင်နေမိတာလေ
အလုပ်ကို အရှုံးအမြတ်တွက်တာ သိပ်ပြီး များနေသလားမသိ
ပညာရှာချင်သလား ငွေရှာချင်သလား မေးနေရတုန်း
ဘာတွေပြောနေမိမှန်းလည်းမသိတော့ပါဘု
Was this answer helpful?
LikeDislikeမျက်စေ့လည်စရာမလိုဘူးလေ။
ဘယ်အတွက် အလုပ်လုပ်ပါ လို့ ပြောထားတာမဟုတ်။
ဘယ် အလုပ်လုပ်ပါလို့ ပြောထားတာလည်းမဟုတ်။
အလုပ်တစ်ခုကို လုပ်နေရတုန်း အချိန်မှာ စေတနာ ပါပါ ကိုယ့် အလုပ်လိုသဘောထားပြီး လုပ်သင့်တယ်လို့ ပြောတာ။
ပြောင်းချင်လဲ ပြောင်းချင်တဲ့ အချိန်ပြောင်းလို့ရတယ်။
ကိုယ့် စိတ်ရင်းထည့်ပြီး လုပ်ပေးခဲ့တာဖြစ်တဲ့ အတွက် ပိုမြင့်တဲ့နေရာတွေ့လို့ ကူးခဲ့ရရင်တောင် သူတို့ အပေါ် ကိုယ့်ရဲ့ လုပ်နိုင်စွမ်း အကြွေးမကျန်ဘူး လို့ ပြောချင်တာ။
နာ့ အတ္တကတော့ ကိုယ့်ကို အမှတ်တရ ကျန်စေချင်တဲ့ ဂီ ပြောတဲ့ ရီကိုနိုက်ဇေးရှင်း အတွက် ပို အလုပ်လုပ်ဖြစ်တယ်။
Was this answer helpful?
LikeDislikeစာရေးစာဖတ်ဝါသနာရှင်ဂရုကို ရှဲသွားပါတယ်နော်။
Was this answer helpful?
LikeDislikeဟုတ်။
အာတီဒုံ ကျေးကျေးးး
အဲဒီ ပေ့(ချ) ကို ပစ်ထားမိတာကြာပေါ့။
ပြန်လာပါအူးမယ်။
Was this answer helpful?
LikeDislike