အားလုံးရဲ့ ……………. ပုဂံ

အလုပ်က ကင်မရာနဲ့ ဓာတ်ပုံရိုက်ရင်းကနေ ဓာတ်ပုံရောဂါ စရခဲ့တယ်ဆိုပါတော့။  တကယ်တော့ အလုပ်နဲ့လည်း တော်တော်လေးကို ဆက်စပ်မှုရှိတာကိုး။ အဲသည်အလုပ်က ထွက်ပြီး တစ်နှစ်ကြာကြာလောက်ထိ Freelance အနေလောက်ပဲ လုပ်နေခဲ့ရင်းကနေ  စင်ကာပူကို သွားကြည့်ဖို့ ဆုံးဖြတ်အပြီးမှာ ဆွေမျိုးတွေထဲက အဒေါ်တစ်ယောက်က တစ်မျိုးလုံးကို ပုဂံလိုက်ပို့ပေးမယ်ဆိုတာနဲ့ ပုဂံကို သွားဖြစ်ခဲ့တယ်။ ကျွန်တော်လည်း တစ်ခါမှ မရောက်ဖူးဘူးလေ။

ဓာတ်ပုံကလည်းရိုက်ချင်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က  Canon Kiss လေး ဝယ်ထားတာနဲ့ သုံးရက်လောက် ငှားပါဆိုပြီး မလာတော့တယ်။ သူငယ်ချင်းကလည်း အရမ်းခင်မင်တော့ စိတ်ရှိသလောက်သုံးပေါ့။

ပြောသာပြောရတယ် ငှားထားတဲ့ ကားက ဒရိုင်ဘာမကောင်းတော့ အေးဆေးမနေရဘဲ  ပြေးလွှားကတိုက်ကရိုက်ဘုရားဖူး ဖြစ်တော့တာပါပဲ။  ထမင်းဆိုင်ဆိုလည်း ချိုချောင်မကောင်းတဲ့ဆိုင်ကိုပို့။ ပုဂံဘက်ဆိုတာ ထမင်းဟင်းအရမ်းကောင်းတာ ကြားဖူးတာလေ။ စိတ်တွေတိုနဲ့ ဓာတ်ပုံရိုက်ခြင်းဟာ အနည်းငယ်သာ ရိုက်ဖြစ်ခဲ့ပါတယ်။

ခုပုံလေးတွေကတော့ Resolution ကောင်းကောင်းလေးတွေ နဲ့ တင်ဖြစ်လိုက်နိုင်တယ်။

အခွင့်ရှိတဲ့အချိန်ကျရင်သော တစ်ပတ်လောက ်အေးအေးဆေးဆေး ခရီးထွက်ပြီး ဓာတ်ပုံရိုက်ချင်သေးတယ်။

IMG_9734 copy
ထုမှာ ဓမ္မရံတဲ့

IMG_9807 copy

IMG_9945 copy
ရွှေစည်းခုံမှာပါ

IMG_9857 copyIMG_9947 copy

IMG_0003 copy
နံပါတ်(၁၁) အဒေါ်အငယ်ဆုံးရဲ့ သမီေးလးပါ ကျွန်တော်ချစ်တဲ့ ညီမလေးပေါ့။ နံနက်စောစော ရွှေစည်းခုံမှာ လျှပ်တစ်ပြတ် ရိုက်ခဲ့တာ။
IMG_0006 copy
ဒီပုံကတော့ ကျတော်ရိုက်တာမဟုတ်ပါဘူး ညီလေးရိုက်ပေးတာပါ။ ကျွန်တော်ညီမလေးတွေချည်းပါပဲ။
IMG_0018 copy
ကျွန်တော်က နံပါတ်(၅)ဆို သူက နံပါတ်(၃)ပါ ကျွန်တော့်အစ်မအရင်းနဲ့ သူ့သမီးလေးပါ။ နေအထွက်လေးမှာ ရိုက်ထားတဲ့ပုံလေး။ ကျွန်တော်က နာမည်ပေးထားတယ်။ You Are My Sunshine လို့။
IMG_9860 copy
နံပါတ် (၈) ကျွန်တော့်အဒေါ်နဲ့ သူ့သမီးလေးပါ။ သူများရိုက်နေတာကို ကျွန်တော်အမှတ်မထင်ရိုက်ထားတာပါ။
IMG_9604 copy
ကိုယ်ကပဲရိုက်ပေးနေတော့ ကိုယ့်အလှည့်ကျ အပြေးအလွှား ညီလေးကိုရိုက်ခိုင်းရတယ်။

 

 

လေးစားစွာဖြင့်

အောင်မိုးသူ

10 comments

  • ခင်ဇော်

    May 13, 2015 at 1:25 pm

    ပထမ ပုံ က အမ နဲ့ ဆင်တူ ရှိတယ်..

  • lu lu

    May 13, 2015 at 4:30 pm

    လှလိုက်တာနော်
    ပုဂံရှု ခင်းတွေ
    ဘယ်လိုကျိကျိ မရိုးနိုင်ဘူးးး
    ရာဇဝင်ထဲက ပုဂံ
    🙂

  • ကြည်ဆောင်း

    May 13, 2015 at 4:35 pm

    ဒီပုံတွေကိုမြင်တော့ ပုဂံကိုလွမ်းတယ် . . . .
    2 ခေါက်ရောက်ဘူးပေမဲ့ ထပ်ပြီးသွားချင်နေတုန်းဘဲ

  • uncle gyi

    May 13, 2015 at 9:53 pm

    ပုဂံပုံလေးတွေလှ
    ကြော်ငြာပုံလေးတွေလှ

  • Ma Ei

    May 14, 2015 at 9:31 am

    ပုဂံတော့ ဘယ်နှစ်ခေါက်ရောက်ရောက် မရိုးနိုင်
    ထပ်သွားမယ်ဆိုလဲ သွားချင်ပြန်တာပါဘဲ…
    တီအိ..ရိုက်လာတဲ့ ပုဂံ ကိုလဲ တင်ဦးမှ…

  • Mike

    May 14, 2015 at 2:05 pm

    .ပုံလေးတွေတော်တော်ကောင်းတယ်ဗျို့

    • အောင် မိုးသူ

      May 14, 2015 at 4:22 pm

      နာက လှပီးသားလေ။ ဘယ်လိုရိုက်ရိုက် ကတိုက်ကရိုက်လည်း လှပီးသား။ အဲ့ဒါတော့ မပြောလည်းသိတယ်။
      🙂

Leave a Reply