အင်တာနက်ပေါ်မှာ ခြိမ်းခြောက်ခံရရင် ဘာတွေလုပ်ရမလဲ

Myanmar Web DesignerMay 13, 20152min1414

အခုတစ်လော Viber ကနေ ခြိမ်းခြောက်စာပို့တာတို့၊ Facebook ကနေ ခြိမ်းခြောက်စာပို့တာတို့ ရှိလာတာ တွေ့ရပါတယ်။ အရင်တုန်းကတော့ E-mail (သို့မဟုတ် G-mail) ခေတ်ဆိုတော့ မေးလ်တွေကနေ ခြိမ်းခြောက်စာတွေ ပို့တတ်ကြပါတယ်။

bully

 

ခြိမ်းခြောက်ခံရတဲ့ထဲမှာ အမျိုးသမီးတွေ များပါတယ်။ ဒါကြောင့်မို့လို့ ခြိမ်းခြောက်ပြီးရင်လည်း ငွေ (သို့မဟုတ်) လိင်မှုကိစ္စတွေ တောင်းဆိုတတ်ကြပါတယ်။ ငွေပေးလိုက်ရတာ ပြဿ      နာမရှိပေမယ့် နောက်တစ်ခုကတော့ ပြဿ      နာရှိပါတယ်။ ဒါပေမယ့် ဘယ်ဟာပဲဖြစ်ဖြစ် တစ်ခါလိုက်လျောမိရင် ထပ်ခါထပ်ခါ တောင်းဆိုလာမှာ ကျိန်းသေပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဟာမှ မလိုက်လျောမိဖို့ အရေးအကြီးဆုံးပါ။

bully02

 

အဲဒီလိုခြိမ်းခြောက်မှုတွေဟာ အောက်တန်းကျလွန်းပါတယ်။ အဲဒါအပြင် ခြိမ်းခြောက်သူတွေက သူတို့ကိုယ်သူတို့၊ “IT ပညာရှင်” တို့ “Hacker” တို့ စတဲ့အသုံးအနှုန်းတွေ သုံးကြတာပါပဲ။ တစ်ကယ်က ဘာမှမဟုတ်တဲ့ လူတွေပါ။ အဲဒီလိုလူတွေကို အားလုံး စုပေါင်းပြီးတော့ ဖယ်ထုတ်ရပါမယ်။

အဲဒီလို ခြိမ်းခြောက်စာတွေ များနေတဲ့အချိန်မှာ တစ်ချို့ကလည်း ကိုယ်မကျေနပ်တဲ့လူ၊ ကိုယ်နဲ့ မတည့်တဲ့လူကို ချောက်တွန်းကြတာလည်း ရှိပါတယ်။ ဘယ်လိုချောက်တွန်းလည်းဆိုတော့ ဥပမာ မောင်မောင်က အောင်အောင်ကို မကျေနပ်ဘူးဆိုပါတော့ .. မောင်မောင်က ဓာတ်ပုံပြင်တဲ့ software တွေကိုသုံးပြီးတော့ အောင်အောင်က တစ်ခြားမိန်းကလေးတစ်ယောက်ကို ခြိမ်းခြောက်စာပို့နေသယောင် ဖန်တီးလိုက်ပါတယ်။ နောက်ပြီးတော့ အဲဒီပုံကို Facebook လိုနေရာမျိုးမှာတင်ပါတယ်။ တင်တဲ့အခါမှာ အောင်အောင်ရဲ့ ဓာတ်ပုံနဲ့ Facebook profile လိပ်စာကိုလည်း ထည့်တင်လိုက်ပါတယ်။

ဒီလိုဆိုရင် မသိတဲ့လူတွေက အဟုတ်ထင်ပြီးတော့ Share ကြတဲ့အခါ တဖြည်းဖြည်းနဲ့ လူသိများလာပြီး အောင်အောင်က မကောင်းတဲ့လူတစ်ယောက်အဖြစ် သိက္ခာကျပါတယ်။ တစ်ချို့လည်း အောင်အောင်ရဲ့ wall မှာ၊ chat မှာ သွားဆဲကြပါလိမ့်မယ်။ အဲဒီလိုလုပ်တာကလည်း အင်တာနက်ကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင် တစ်ကယ်ခြိမ်းခြောက်ခံရလို့ Facebook မှာ တင်မယ်ဆိုရင်လည်း share များလို့ လူသိများသွားတာသာ ရှိပါမယ်။ တစ်ခြားလူတွေ သတိထားမိတာကလွဲလို့ ဘာမှအကျိုးကျေးဇူး မများပါဘူး။ ဒါကြောင့် အဲဒီလို အကြောင်းအရာတွေကို မ share သင့်ပါဘူး။ ဒါဆို အဲဒီလို ခြိမ်းခြောက်ခံရတဲ့အခါ ဘာတွေလုပ်သင့်လဲဆိုတာကို WikiHow ရဲ့ post တစ်ခုက ပုံတွေ ကို ကိုအိမောင် ဘာသာပြန်ထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။

01

 

ခြိမ်းခြောက်သူကို စာပြန်တာဟာ သူတို့ပို့တဲ့စာကို ဖတ်ပြီးသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ စာမပြန်ဘဲထားတာကမှ သူတို့စာကို မဖတ်မိသေးဘူးအထင်နဲ့ အချိန်ပိုရနိုင်ပါသေးတယ်။ တစ်ချို့ chat application တွေမှာတော့ Seen ဆိုတာပြန်ပေါ်တဲ့အတွက် ဖတ်ပြီးကြောင့် ခြိမ်းခြောက်သူက သိနိုင်ပါတယ်။ ဒါပေမယ့်လည်း စာပြန်ပို့တာက ကိုယ်စိတ်ပူနေကြောင်းကို ပြောတာနဲ့ အတူတူပါပဲ။

အဲဒီလိုလူတွေက စာနာစိတ် မထားတာကြောင့် စိတ်ပူလေပိုကြိုက်လေပဲ ဖြစ်ပါတယ်။ အသနားခံတာတို့ဘာတို့လုပ်ရင်လည်း ပိုပြီး ခြိမ်းခြောက်ရုံပဲရှိပါတယ်။ ကိုယ့်ဘက်ကပြန်ပြီး သက်ဆိုင်ရာတိုင်မယ်လို့ ခြိမ်းခြောက်ရင်လည်း ပြဿ       နာကို ပိုဆွပေးရာပဲရောက်ပါလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးက စာမပြန်ပဲနေတာဖြစ်ပါတယ်။

02

 

သက်ဆိုင်ရာကို တိုင်တဲ့အခါမှာ သက်သေခံအထောက်အထား ပြနိုင်အောင် ဖြစ်ပါတယ်။ ခြိမ်းခြောက်လာသူနဲ့ ပတ်သတ်ပြီး အချက်အလက် များနိုင်သမျှ များအောင် စုဆောင်းပါ။ အဲဒါတွေပေါ်မူတည်ပြီး ခြိမ်းခြောက်မှုကို ရပ်တန့်အောင် ဘယ်လိုလုပ်နိုင်မလဲ စဉ်းစားနိုင်ပါတယ်။

03

 

သက်သေအထောက်အထားတွေ သိမ်းဆည်းပြီးတာနဲ့၊ ခြိမ်းခြောက်သူက နောက်တစ်ကြိမ် ဆက်သွယ်လို့မရအောင်

– Gmail မှာဆိုရင် သူ့အကောင့်ကို ကိုယ့်စာရင်းထဲက ဖျက်ပစ်ပါ။ (သူပို့တဲ့စာတွေ ဖျက်ခိုင်းတာမဟုတ်ပါ)

– Chat app တစ်ခုခုမှာဆိုရင် block လုပ်ပစ်ပါ။

– Phone မှာဆိုလျှင် Blacklist စာရင်းထဲ ထည့်လိုက်ပါ။

– Facebook မှာဆိုလျှင် Report လုပ်ပြီး block လုပ်ပါ။ အကောင့်နာမည်ပြောင်းပါ (တစ်ခြားအကောင့်တစ်ခုနဲ့ လာ add နိုင်သောကြောင့်ပါ)။ အဲဒီအတောအတွင် လာ add လုပ်တဲ့သူများကို လက်မခံပါနဲ့၊ မှတ်ထားပါ။ ဓာတ်ပုံပါလျှင် သိမ်းထားပါ (သက်ဆိုင်ရာ တိုင်တဲ့အခါ ထည့်သွင်းပြောကြားပါ)။ ဖုန်းနံပါတ်၊ လိပ်စာတို့ကို အလွယ်တကူမမြင်နိုင်အောင် setting ပြောင်းပါ။ အရေးမကြီးလျှင် ထိုအချက်များကို Only me ဖြင့်သာထားပါ (သို့မဟုတ်) facebook ပေါ် မတင်ပါနဲ့။

04

05

06

07

ဒီ နံပါတ် (၇) အချက်ကလည်း အရေးကြီးပါတယ်။

  • လွတ်လပ်စွာ ကွဲလွဲလို့ရတယ်ဆိုပြီး အရည်မရအဖတ်မရ ကိစ္စလေးတွေကအစ စောင်းချိတ်ပြီး Status တင်တာမျိုး၊
  • တစ်ကယ့်အပြင်လောကမှ သူများအတင်း၊ မကောင်းကြောင်းပြောတာမျိုး
  • အင်တာနက် သို့မဟုတ် အပြင်လောကမှာ အကြွားသန်တာမျိုး
  • မလုံ့တလုံ ဓာတ်ပုံမျိုးကို Public နဲ့ တင်တာမျိုး

စတဲ့အချက်တွေကလည်း ကိုယ့်ကို ခြိမ်းခြောက်မယ့်သူတွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။ အထက်ပါ အချက်လေးချက်မှာ

– ပထမနဲ့ ဒုတိယ အချက်ကတော့ ကိုယ့်ကို ရန်စများစေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ရန်ငြိုးထားတဲ့သူက ကိုယ့်ကို သိက္ခာကျအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်မှန်ပေမယ့်လည်း အရေးမကြီးတာတွေကို သိပ်ပြီး မကွဲလွဲဖို့လိုပါတယ်။

– တတိယအချက်ကတော့ မဆိုင်ဘူးလို့ ထင်ရပေမယ့် ဆိုင်ပါတယ်။ ကြွားလိုက်မိခြင်းအားဖြင့် ကိုယ့်မှာ ရှိကြောင်း သိသွားပါတယ်။ ရှိကြောင်းသိသွားတဲ့အခါမှာ ငွေညှစ်တာ၊ ခြိမ်းခြောက်ပိုက်ဆံတောင်းတာတွေလုပ်ဖို့ အားပေးရာရောက်ပါတယ်။

– စတုတ္ထအချက်ကတော့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အရှက်သိက္ခာကိုထိခိုက်နိုင်ပါတယ်။ ယောက်ျားလေးဆို ပြဿ       နာမရှိလောက်ပေမယ့် မိန်းကလေးဆို ဒုက္ခများနိုင်ပါတယ်။ Facebook မှာ Public နဲ့တင်တဲ့ပုံတွေဆို လူတိုင်းမြင်နိုင်ပါတယ်။ အကောင့် login ဝင်ထားဖို့မလိုဘဲ အလွယ်တကူ မြင်တွေ့၊ သိမ်းယူနိုင်ပါတယ်။ ခြိမ်းခြောက်မယ့်သူက ကိုယ့်ရဲ့ အဝတ်အစားကိုမြင်ပြီး တစ်လွဲတွေးပြီး လိင်ကိစ္စကို ခြိမ်းခြောက်တောင်းဆိုဖို့ အားပေးရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ပုံတွေတင်တိုင်းမျာ Facebook သူငယ်ချင်းတွေသာ မြင်နိုင်တဲ့ Friend privacy နဲ့သာတင်သင့်သလို့ Friend လက်ခံတဲ့အခါမှာလဲ ကိုယ်နဲ့ တစ်ကယ်အပြင်မှာသိတဲ့ သူတွေကိုသာ လက်ခံသင့်ပါတယ်။

ဒါဆိုရင်တော့ တော်တော်လေး စုံလင်သွားပါပြီ။ မသိသေးတဲ့သူများအတွက် မျှဝေအသိပေးလိုက်ပါ။

Source: အင်တာနက်ပေါ်မှာ ခြိမ်းခြောက်ခံရရင် ဘာတွေလုပ်ရမလဲ

 

4 comments

  • အောင် မိုးသူ

    May 13, 2015 at 3:19 pm

    အင်တာနက်မသုံးတာ မရေလည်သေးတဲ့ လူတွေဆိုရင်တော့ ပိုပြီးကြောက်လန့်ကြမှာပဲ။ တကယ်တော့ ဒါဟာ ကြောက်စရာမဟုတ်ဘူးလို့လည်း ပြောရဖို့ခက်ပေမယ့် ။ ကိုယ်တိုင်လည်း ချိန်းခြောက်ခံဖူးတယ်။ ဒါပေမယ့် အဓိက ကိုယ်ကမှန်နေတဲ့အတွက် မကြောက်ဖူးဆိုတာရယ်။ ဖေ့ဘွတ်မှာဆို ပုံတွေကို ပရိုင်ဗေစီနဲ့တင်ဖို့ရယ် သူငယ်ချင်းကို စီစစ်လက်ခံမယ်ဆိုလည်း။ ကြိုတင်ကာကွယ်ပြီးသားဖြစ်မှာပါ။

  • ခင်ဇော်

    May 13, 2015 at 3:36 pm

    သူငယ်ချင်းတွေထဲ အပြင်မှာမသိရင် တခြား လစ်(စ) ထဲ ထည့်ထားတယ်။
    ပုံကို ဖရန့်အုံးလီးပဲ တင်တယ်.တယ်။
    ခြိမ်းခြောက်ခံရရင် ဘယ်သူတွေလက်ချက်တုန်း တန်းသိအောင်။
    ခိခိ

    :mrgreenn:

  • Ma Ma

    May 13, 2015 at 5:52 pm

    ရှဲပြီနော် 🙂

  • Alinsett @ Maung Thura

    May 14, 2015 at 7:15 am

    အင်တာနက်ပေါ်မှာ ခြိမ်းခြောက်ခံရရင်
    အင်တာနက် ပိတ်လိုက်မယ်

Leave a Reply