အလင်းခြုံတဲ့ သတင်း Zone-37

alinsettMay 14, 20152min30314

အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ်) အောင်ဇေမီဒီယာကနေ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့ …

 

 ရွှေတိဂုံ ကယ်တင်ရေး ဖိုရမ်တခုကို ရန်ကုန်မှာ ပြုလုပ်သွားမယ် ဆိုတဲ့သတင်း ၊
 ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆) ယောက်ကို ဖမ်းဆီးလိုက်တဲ့သတင်း ၊
 အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် ထိန်းသိမ်းထားသူ ၂ ယောက်ကို စစ်ဘက်တရားရုံးကနေ တရားသေ လွတ်ပေးလိုက်တဲ့သတင်း ၊
 လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနား ကျင်းပတဲ့သတင်းနဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့ ပညာရေး ဝန်ကြီးဌာနကို တရားစွဲဆိုမယ်ဆိုတဲ့ ကျောင်းသားသပိတ်ဆိုင်ရာ နောက်ဆက်တွဲသတင်းများ၊
 US မှာ နေတဲ့ ပညာတတ် မြန်မာတွေဟာ မြန်မာပြည်ရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ပါဝင်ကူညီပေးနိုင်ဖို့အရေး အလေးထားသင့်တယ်လို့ NNER အဖွဲ့က ပြောဆိုလိုက်တဲ့သတင်း၊
 မြန်မာပြည်ဟာ မိခင်တွေအတွက် ရှင်သန်နေထိုင်ဖို့ရာ အခက်ခဲဆုံး နေရာတစ်ခု ဖြစ်နေတဲ့သတင်း၊
 IS စစ်သွေးကြွတွေ တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ကြောင့် စိုးရိမ်ရတဲ့ အခြေအနေတွေ ဖြစ်နေတဲ့ အမေရိကပြည်ထောင်စုဆိုင်ရာသတင်း ၊
 US ဒေါ်လာ နဲ့ လဲလှယ်ရာမှာ မြန်မာငွေကျပ် တန်ဖိုး ပိုမို ကျဆင်းသွားတဲ့သတင်း၊
 ကိုးကန့်ဒေသနဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေကို ဂျပန်နို်င်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းရဲ့ ပေးကမ်းကူညီမှုသတင်း၊
 လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေးအဖွဲ့ကြီးရဲ့ တိုက်တွန်းပြောဆိုချက်သတင်း၊
 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပါကစ္စတန်သမ္မတတို့ တွေ့ဆုံမှုဆိုင်ရာသတင်း၊
 မြန်မာနဲ့ ဘင်္ဂလာဒေရှ့်တို့ နှစ်နိုင်ငံ နယ်စပ်ကို ပူးပေါင်း တိုင်းတာမှုတွေ ပြုလုပ်နေတဲ့သတင်း၊
 မြန်မာပြည်ရဲ့ တရားစီရင်ရေးဟာ လွတ်လပ်ပြီးပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးဖြစ်စေချင်တယ်ဆိုတဲ့ သာယာဝတီထောင်ထဲက ကျောင်းသားတွေရဲ့ ပြောဆိုချက်များ…
 US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများနဲ့…
 အခြား သိမှတ်ဖွယ်ရာ ထူးခြားသတင်း အဖြာဖြာကို စုစည်း တင်ပြပေးမှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကိုယ့် ကိုယ်တွေကို အရင်ကယ်…

.ေမေ ၁၃ ။
မြန်မာနိုင်ငံ ဗိသုကာအသင်းဟာ ရွှေတိဂုံ ကယ်တင်ရေး ဖိုရမ်တစ်ခုကို ရန်ကုန်မှာ ပြုလုပ်သွားမယ်လို့ ပြောဆိုလိုက်ပြီး အဆိုပါ ဖိုရမ်ကို ကဏ္ဍစုံမှ ပညာရှင်တွေ တက်ရောက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။
Save Shwedagon Forum အမည်ရှိ အဆိုပါ ဖိုရမ်ကို ရန်ကုန်မြို့အတွင်း မေလ ၁ရ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ ရွှေတိဂုံဘုရား ရေရှည်တည်တံ့ ခိုင်မြဲမယ့် စီမံချက်တွေ စနစ်တကျ ချမှတ်လုပ်ဆောင်ပေးဖို့ အရေး ဆွေးနွေးဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဖိုရမ်အတွင်း ဆိုင်ရာဆိုင်ရာ ပညာရပ်နယ်ပယ်အသီးသီးရှိ ပညာရှင်တွေက တက်ရောက် ပြောဆိုဆွေးနွေးကြမှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဗိသုကာအသင်းအနေနဲ့ ဒီတစ်ကြိမ်ဖိုရမ်ပြီးတဲ့အခါမှာ သမ္မတထံကိုလည်း အကြံပြုစာတစ်စောင်ပေးပို့သွားမယ်လို့ သိရပါတယ်။

ဒါဟာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ရွှေတိဂုံဘုရားအနီးမှာ မြို့ပြစီမံကိန်းတစ်ခု တည်ဆောက်ဖို့ အတွက် ကုမ္ပဏီတစ်ခုကို ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ရွှေတိဂုံဘုရား ပြိုကျပျက်စီးမှာကို စိုးရိမ်နေတဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်စဉ်မှာပဲ အခုလို ရွှေတိဂုံကယ်တင်ရေး ဖိုရမ်လုပ်မယ့် သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဖမ်းပြန်ပြီ… မိပြန်ပြီ…

.မေ ၁၂ ။
ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆) ယောက်ကို ထိုင်းအမျိုးသား လူပွဲစားတစ်ဦးနဲ့အတူ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသူတွေကို ထိုင်းလူကုုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲနဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဝင်ရောက်လာသူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး မြန်မာနိုုင်ငံသားအဖြစ် တရားမဝင်ဘူးဆိုသူတွေကိုလည်း လိုအပ်တဲ့ကိစ္စတွေ ပြီးစီးသွားတဲ့အခါ မြန်မာနိုင်ငံထဲ ပြန်ပို့မယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးရမိသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး ၅ ယောက်ပါဝင်ပြီး ကန်ချနဘူရီ ခရိုုင် အနီးတစ်ဝိုက်က စက်ရုုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ခေါ်လာတာဖြစ်ကြောင်း သိရပါတယ်။
လောလောဆယ်မှာတော့ သူတို့အားလုုံးကိုု ထောဖာဖွန် ရဲစခန်းမှာ ဖမ်းဆီး ချူပ်နှောင်ထားပြီး ထိုင်းတရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ဖြစ်မှဖြစ်ရလေ…

.မေ ၁၁ ။
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ အမှုကို ကျိုက်မရော တရားရုံးမှာ သေမူသေခင်း စစ်ဆေးနေစဉ်အတွင်းမှာ စစ်ဘက်တရားရုံးကနေ လူသေမှု တရားခံအဖြစ် ထိန်းသိမ်းထားသူ ၂ ယောက်ကို တရားသေ လွတ်ပေးလိုက်ကြောင်း သိရပါတယ်။
မြန်မာနိင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ သတင်း ထုတ်ပြန်ချက်အရ အမှတ်၂၁ဝ ခြေမြန်တပ်ရင်းက အစောင့်စစ်သည် (၂) ယောက် ဖြစ်တဲ့ ဒုတပ်ကြပ် ကျော်ကျော်အောင်နဲ့ တပ်သား နိုင်လင်းထွန်းတို့ကို တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ ပြစ်မူဆိုင်ရာ ဥပဒေ ၃၀၄ တို့နဲ့ စစ်ဆေးပြီး တရားသေ လွှတ်လိုက်ကြောင်း အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကိုပါကြီးရဲ့ မိသားစုက အရပ်ဖက်တရားရုံးမှာ အမှုဖွင့် စစ်ဆေးနေစဉ်မှာပဲ စစ်ဖက်တရားရုံးက အခုလို အမိန့်ချမှတ်လိုက်တဲ့အတွက် ဒါဟာ အရပ်ဘက် တရားရုံးကို လွှမ်းမိုးရာ ရောက်ကြောင်း ကိုပါကြီးရဲ့ ဇနီး မသန္တာရဲ့ ရှေ့နေ ဥိီးရောဘတ်ဆန်းအောင် ကပြောဆိုလိုက်ပါတယ်။
ကိုပါကြီးအမူကို အရပ်ဘက်တရားရုံးက စစ်ဆေးနေစဉ်မှာ စစ်ဘက်တရားရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် ဒါကို ကန့်ကွက်စာ ပေးပို့သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်နိုင် သေဆုံးမှုကို မွန်ပြည်နယ် ကျိုက်မရော မြို့နယ် တရားရုံးမှာ လက်ခံစစ်ဆေးပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်ကလည်း တောင်းဆို လိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ကျောင်းသားအရေး.. မြောင်းနားတွေးးး

.မေ ၁၁ ။
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ တည်ထောင်ခြင်း ၇၉ နှစ်ပြည့်နဲ့ လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနား ကျင်းပခဲ့တဲ့ သတင်းကို ဖော်ပြပါမယ်။
အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ မေလ ၁၁ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အခမ်းနားမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အားလုံး စည်းလုံးညီညွတ်ကြဖို့အရေးကို လက်ရှိ ဗကသအဖွဲ့အစည်း ဥက္ကဌဖြစ်သူ ကျော်ကိုကိုက ဗီဒီယိုမိန့်ခွန်းနဲ့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက်၊ လူ့ဘောင်သစ်လူငယ်အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ… စတဲ့အဖွဲ့စည်း (၁၇) ဖွဲ့တို့က သဝဏ်လွှာတွေလည်း အသီးသီး ပေးပို့ခဲ့ကြပါတယ်။
ဒါ့အပြင် ၈၈မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်လည်း တက်ရောက် ဂုဏ်ပြုခဲ့ပါတယ်။
အလားတူအအခမ်းအနားတွေကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာလည်း ကျင်းပခဲ့ကြောင်း သိရပါတယ်။
လက်ပံတန်းကျောင်းသားသပိတ်စခန်း ဖြိုခွင်းခံရမှုကြောင့် လက်ရှိသာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသား (၇၀) လောက်ဟာလည်း ဗကသအဖွဲ့ဝင်တွေဖြစ်ပါတယ်။
——————————————–
လက်ပံတန်းကျောင်းသားအရေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအနေနဲ့ သိရတာကတော့ ပညာရေး ပင်မသပိတ်စစ်ကျောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အဲဒီ့လိုအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် တွန်းအားပေးခဲ့တယ်လို့ ယူဆရတဲ့ ပညာရေး ဝန်ကြီးဌာနတို့ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)က တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ကြီးကို နိုင်ငံတကာ ဥပဒေတွေ အရဖြစ်စေ၊ ပြည်တွင်းဥပဒေတွေ အရဖြစ်စေ သင့်တော်တဲ့ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုသွားမှာဖြစ်ကြောင်း ဗကသကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပညာ့အရေး ပြင်ကြရေး..

.မေ ၁၁ ။
US မှာ ပညာသင် တတ်မြောက်လာတဲ့ မြန်မာလူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ပါဝင်ကူညီပေးနိုင်ဖို့အရေး အလေးထားသင့်တယ်လို့ NNER အဖွဲ့ရဲ့ ဦးဆောင်သူ ဒေါက်တာ သိန်းလွင်က US ခရီးစဉ်အတွင်းမှာ စည်းရုံး ဟောပြောနေပါတယ်။
NNER ကိုဦးဆောင်နေသူ ဒေါက်တာသိန်းလွင်ဟာ (၁၀) ရက်ကြာ ခရီးစဉ်အဖြစ် US ကို ရောက်ရှိနေစဉ်မှာ မြန်မာပြည်ရဲ့ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
US မှာရှိတဲ့ ဗမာနိုင်ငံသားတွေဟာ ဗမာပြည်က ကျောင်းသားများ ပညာရေးလှုပ်ရှားကြတာကို ထောက်ခံကြတယ်လို့ သိရတာကြောင့် US မှာ ရှိနေတဲ့ ဗမာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး မြန်မာ့ ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ဆောင်ရွက်တဲ့လုပ်ငန်းတွေ၊ အခက်အခဲတွေတင်ပြပြီးတော့ အကြံဉာဏ်တွေ ယူချင်တယ်လို့ ဆိုပါတယ်။
အမေရိကရဲ့ နာမည်ကျော် တက္ကသိုလ်တွေမှာ တက်ရောက် ပညာသင်ပြီး ဘွဲ့ရထားတဲ့ ပညာတတ်တွေဟာ မြန်မာပြည်ရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကြီးကို တစ်ဖက်တစ်လမ်းက ပြန်လည် ကူညီနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
US မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲကနေ မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ ပညာရေးစနစ်အခြေအနေတွေနဲ့ပတ်သက်ပြီး US ရောက် မြန်မာတွေနဲ့ ဘယ်လိုကူညီဆောင်ရွက်သင့်သလဲဆိုတဲ့နည်းလမ်းတွေ တွေ့မြင်လာခဲ့ကြောင်း ဒေါက်တာသိန်းလွင်က ပြောဆိုလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်ဟာ ဝါရှင်တန်ဒီစီမြို့တော်ရှိ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒေါက်တာသိန်းလွင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအပါအဝင် ကျောင်းသားတွေတောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပညာရှင်တွေစုစည်းဖွဲ့စည်းထားတဲ့ NNER က ကျောင်းသားတွေကို အကူအညီတွေ ပေးနေတဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.မြန်မာပြည်မှ မိခင်များရဲ့ ရင်လေးစရာ အခြေအနေ…

.မေ ၁ဝ ။
အာရှဒေသတွင်းက နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ မိခင်တွေအတွက် ရှင်သန်နေထိုင်ဖို့ရာ အခက်ခဲဆုံး နေရာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
အမေများနေ့ဖြစ်တဲ့ မေလ ၁ဝ ရက်နေ့မှာ Save the Children ဆိုတဲ့ အဖွဲ့ကြီးက ကမ္ဘာ့ မိခင်များ နေ့ဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို ဖော်ပြရာမှာ ထည့်သွင်းဖော်ပြလိုက်တာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မိခင်များအတွက် အဆိုးဆုံးနဲ့ အကောင်းဆုံး နေရာတွေကို စစ်တမ်းကောက်ယူခဲ့ပြီးနောက်မှာ နိုင်ငံပေါင်း (၁၇၉) ခုထဲမှာ မြန်မာနိုင်ငံက နံပါတ် (၂၁) အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ မိခင်သေဆုံးမှုနှုန်းဟာ အယောက် (၂၅၀) မှာ (၁)ယောက်ဖြစ်နေပြီး ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းကတော့ (၁၉) ယောက်မှာ (၁) ယောက် ဖြစ်နေပါတယ်။
ကမ္ဘာပေါ်မှာ မိခင်များအတွက် နေထိုင်ရန်အကောင်းဆုံးနေရာကတော့ နော်ဝေနိုင်ငံဖြစ်ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ရောက် မြန်မာများ သိစေဖို့

ေ.မေ ၉ ။
US မှာရှိတဲ့ စစ်သားတွေနဲ့ ရဲအရာရှိတွေကို IS စစ်သွေးကြွတွေ တိုက်ခိုက်နိုင်တဲ့အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေတွေဖြစ်နေတာကြောင့် အမေရိကနိုင်ငံတဝန်းက တပ်စခန်းတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ထားရကြောင်း သိရပါတယ်။
IS စစ်သွေးကြွတွေရဲ့ Online ပေါ်က ဆော်ဩချက်တွေကို လိုက်လုပ်မယ့်သူတွေဟာ
US မှာ ထောင်နဲ့ချီ ရှိနေနိုင်ကြောင်း FBI ညွှန်ကြားရေးမှူးက ကြေညာခဲ့ပြီးနောက်မှာ အခုလို လုံခြုံရေးတွေ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Texas ပြည်နယ် Dallas မြို့မှာ ဖြစ်ပွါးခဲ့တဲ့ တမန်တော်မိုဟာမက်ပုံတူ ရုပ်ပြောင် ကာတွန်းပြိုင်ပွဲ ကျင်းပတဲ့နေရာမှာ ပစ်ခတ်တိုက်ခိုက်မှုကို IS စစ်သွေးကြွတွေလုပ်ခဲ့တာဖြစ်ကြောင်း IS တွေကပဲ ဝန်ခံပြောကြားကြောင်းလည်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.ရေအသက် တစ်မနက်

.မေ ၉ ။
မနှစ်က မိုးရာသီမှာ မိုးရွာသွန်းမှု နည်းလွန်းခဲ့တဲ့အတွက် မကွေးတိုင်းဒေသကြီးအတွင်းမှာ သောက်သုံးရေ ရှားပါးမှုများကြုံတွေ့နေရကြောင်း သိရပါတယ်။
အဆိုပါဒေသတွေအတွင်းက ကျေးရွာ တချို့မှာ ဧပြီလလယ်ပိုင်းကစပြီး ရေ မလုံလောက်မှုများ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး (စကု)၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ အောင်လံ၊

ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ မြိုင် စတဲ့ မြို့တွေ အတွင်း … ကျေးရွာတွေမှာ သောက်သုံးရေအတွက် အဓိကမှီခိုနေရတဲ့ ကန်တွေဟာ ရေများခန်းခြောက်ခဲ့တာ ဖြစ်ပါတယ်။
အဝီစိစက်ရေတွင်း လုံးဝမရှိတဲ့ ကျေးရွာတွေမှာ နီးစပ်ရာ သဘာဝ စမ်းတွင်းများ.. ၊ လက်တူးတွင်းများကနေ ရေကို ညသန်းခေါင်ကျော်တဲ့အထိ တန်းစီစောင့်ဆိုင်းပြီး ခပ်ယူ နေရပါတယ်။
အဆိုပါ ရေအခက်အခဲတွေ အတွက် မကွေးတိုင်း ကျေးလက်ဦးစီးဌာနက အာရှ၊ ဂျပန် ပေါင်းကူးအဖွဲ့(BAJ) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) တို့နဲ့ ပူးပေါင်းပြီး အဝီစိစက်ရေတွင်းများ ပြုပြင်ခြင်း၊ အသစ် တူးဖော်ခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောဆိုထားပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.ငွေကြေးဖောင်းပွမှု. . .

.မေ ၈ ။
US ဒေါ်လာ နဲ့ လဲလှယ်ရာမှာ မြန်မာငွေ တန်ဖိုး ကျဆင်းခဲ့တာဟာဆိုရင် အခုဆို ပိုမို ကျဆင်းသွားကြောင်း သိရပါတယ်။
၂၀၁၅ နှစ်ဆန်းတုန်းက US တစ်ဒေါ်လာကို ကျပ်တစ်ထောင် ဝန်းကျင် ဖြစ်ခဲ့ရာကနေ မေလ ရ ရက်နေ့မှာတော့ တစ်ထောင့်တစ်ရာ ကျော်သွားပြီ ဖြစ်ပါတယ်။
အခုလို ကျပ်ငွေတန်ဖိုး ဆက်လက် ကျဆင်းနေဦးမယ်ဆိုရင် နိုင်ငံခြားဘဏ်တွေဆီကနေ ငွေချေး ယူရမယ့် လုပ်ငန်းရှင်တွေ အနေနဲ့ အခက်တွေ့နိုင်တာကြောင့် ဗဟိုဘဏ်ကနေ ကြားဝင်ပြီး ထိန်းချုပ်သင့်ကြောင်း သုံးသပ် ပြောဆိုနေကြပါတယ်။
ဒါ့အပြင် ပို့ကုန် အနေနဲ့ပို့ရာမှာ ကုန်ကြမ်းတွေ ကိုသာ ရောင်းချ နေရတာက များပြီး စီးပွားရေး လုပ်ငန်းတွေ မတည်မငြိမ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။
အဲဒီနောက်မှာတော့ မြန်မာကျပ်ငွေနဲ့ US ဒေါ်လာ လဲလှယ်နှုန်းဟာ အစိုးရ သတ်မှတ်ထားတဲ့ ဘောင်ထက် ကျော်လွန်နေတဲ့အတွက် သတ်မှတ်နှုန်းအတိုင်း ရောင်းချဖို့ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတိပေးတာတွေ လုပ်လာပါတယ်။
အခုလို မြန်မာငွေ ဖောင်းပွလာရတာဟာ ပို့ကုန်ထက် သွင်းကုန်တန်ဖိုး ပိုများပြီး ကုန်သွယ်ရေး လိုငွေ ပြနေတဲ့အတွက်လည်း ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်းမှာ နှစ်စဉ် ကုန်သွယ်မှုလိုငွေတွေ ပြရာမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ လိုငွေ US ဒေါ်လာ သန်း ငါးထောင် အထိ ရှိခဲ့ကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကယ်တော်မုူကြပါ !!!  SOS

.မေ ၈ ။
ကိုးကန့်ဒေသနဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေကို ဂျပန်နို်င်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းကနေ ဆန်နဲ့ အခြား ထောက်ပံ့ပစ္စည်းတွေ ပေးကမ်းကူညီခဲ့ကြောင်း သိရပါတယ်။
တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ငါးထောင်ကျော်ဖိုးကို လှုဒါန်းလိုက်တာဖြစ်ပြီး အာဏာပိုင်တွေနဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက တဆင့် စစ်ဘေး ဒုက္ခသည်တွေကို ဖြန့်ဝေကူညီသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပေးကမ်း လှူဒါန်းပွဲမှာ နိပွန်ဖေါင်ဒေးရှင်းက ကိုယ်စားလှယ် တာဝန်ရှိသူတဦး တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ အဖွဲ့က အလှူပစ္စည်းတွေကို လက်ခံခဲ့ပါတယ်။
နိပွန်ဖေါင်ဒေးရှင်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၂၀၁၂ခုနှစ်တုန်းကလည်း မြန်မာပြည်တွင်းရှိ စစ်ပြေးဒုက္ခသည်တွေကို US ဒေါ်လာ သုံးသန်း အကူညီပေးခဲ့ပါတယ်။
ဒါ့အပြင် (၁၉၆၂)ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ နိပွန်ဖေါင်ဒေးရှင်းဟာ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ အိုးအိမ် စွန့်ခွါသူတွေကိုလည်း အခုချိန်ထိ အကူညီပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၉)ရက်နေ့ကနေ စတင်ဖြစ်ပွါးခဲ့တဲ့ ကိုးကန့် စစ်ရေး ပဋိပက္ခကြောင့် သိန်းနဲ့ ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တရုတ်နယ်စပ်နဲ့ လားရှိုးမြို့တွေမှာ စစ်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

လူကုန်ကူးခံရခြင်းအစ ဆင်းရဲခြင်းက

.မေ ၈ ။
မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ တရုတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ထပ်မံတိုးချဲ့ ဆောင်ရွက်သွားဖို့ရှိကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားနယ်စပ်အနီးက ထိုင်းနိုင်ငံထဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ မူဆလင်တွေရဲ့ ဖြစ်ရပ်နဲ့ ပက်သက်ပြီး ထိုင်း – မြန်မာ – မလေးရှား ၃ နိုင်ငံ ပူးပေါင်းကာ အစည်းအဝေး တရပ် ခေါ်ယူဖို့ ရှိပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်း ၊ နယ်စပ်နားမှာ လူကုန်ကူးသူတွေကြောင့် သေဆုံးနေတဲ့ ရုပ်အလောင်း ၃ဝ ကျော်ဟာ ရိုဟင်ဂျာ မူဆလင်လို့ ယူဆရပြီး အဲ့ဒီနောက် ဒေသတွင်း လူကုန်ကူးမှု ပြသနာကို ထိုင်း-မြန်မာ-မလေးရှား ၃နိုင်ငံ ပူးပေါင်းပြီး ဖြေရှင်းသွားနိုင်ဖို့ ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာနိုင်ငံတွေဆီက လာတာဖြစ်တယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအခြေချသူ ၃ဝ ကျော်ရဲ့ အလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း ဆုမ်ကလာ ခရိုင်ထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
အခုကြုံတွေ့နေရတဲ့ ရိုဟင်ဂျာမူဆလင်တွေ သေဆုံးသွားတဲ့ လူကုန်ကူးမှု ပြဿနာရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာ နယ်စပ်ဒေသတွေမှာ စတင် ဖြေရှင်းသင့်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
လူကုန်ကူးမှုတိုက်ဖျက်ဖို့အရေးမှာ ထိုင်းနိုင်ငံဟာ တာဝန် ပျက်ကွက်နေတယ်လို့ US က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ထောက်ပြခံထားရပြီး ဒီပြသနာကို အမြန်ဖြေရှင်းဖို့ US က တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဒါ ဘာ သဘောလားးး

 

.မေ ၈ ။
ပါကစ္စတန်နိုင်ငံကို ရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါကစ္စတန်သမ္မတ မမ်နွန်းဟူစိန်နဲ့ တွေ့ဆုံပြီး ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးနဲ့ စစ်တပ်အချင်းချင်း ချစ်ကြည်ရေးမြှင့်တင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တွေ့ဆုံပွဲအတွင်း ပါကစ္စတန်သမ္မတက မြန်မာနဲ့ ကုန်သွယ်ရေး၊ ကာကွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဆက်ဆံရေးတိုးမြင့်ဖို့ ဆန္ဒရှိကြောင်း ၊ ပညာရေး၊ ကာကွယ်ရေးနဲ့ တခြားကဏ္ဍတွေမှာ မြန်မာပြည်ကို သင်တန်းတွေပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါကစ္စတန် တပ်မတော် ကြည်းတပ် ဦးစီးချုပ်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပြီး ပါကစ္စတန်နိုင်ငံရဲ့ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွေ့အကြုံနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းသောင်းကျန်းမှု အတွေ့အကြုံ နှစ်ရပ် ပူးပေါင်းဖလှယ်နိုင်ရင် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှုူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ပါကစ္စတန်နဲ့ ဆားဘီးယားနိုင်ငံတွေကို မေလ ၆ ရက်နေ့ ကတည်းက ချစ်ကြည်ရေးခရီးထွက်ခွာသွားတာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

လူ့စည်း ဘီလူးစည်း

.မေ ၈ ။
မြန်မာနဲ့ ဘင်္ဂလာဒေရှ့်တို့ရဲ့ နှစ်နိုင်ငံ နယ်စပ်ကို နှစ်ဘက်အရာရှိတွေ ပူးပေါင်းပြီး တိုင်းတာမှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။
ဘင်္ဂလာဒေရှ့်နိုင်ငံရဲ့ နယ်စပ် မြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာ အရာရှိတွေနဲ့ အတူ မြန်မာဘက်က နယ်စပ်ပွိုင့်တွေကို လေးရက်တိတိ တိုင်းတာခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာ မြေတိုင်း ဦးစီးဌာနဘက်က နယ်စပ်တိုင်းတာရေးအဖွဲ့ ဟာလည်း အဖွဲ့ဝင် ၁၁ ဦးနဲ့ ဘင်္ဂလာဒေရှ့်နိုင်ငံ ကော့စ်ဘဇားမြို့ကို သွားရောက်ပြီး ဘင်္ဂလာဒေရှ့် မြေတိုင်းအဖွဲ့နဲ့ ပူးပေါင်းကာ နယ်စပ် တိုင်းတာမှုများကို ပြုလုပ်ခဲ့ပါတယ်။
မြန်မာနဲ့ ဘင်္ဂလာဒေရှ့်တို့ဟာ နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုတွေ မကြာခဏ ပေါ်ပေါက်နေတဲ့အပြင် ဘင်္ဂလာဒေရှ့် ငါးဖမ်းသမားတွေဟာ နတ်မြစ်အတွင်း ငါးဖမ်းစဉ်မှာ ရေပိုင်နက် ကျူးကျော် ဝင်ရောက်တာတွေ မကြာခဏ ရှိနေကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.ပြောသင့်တာ ပြော

.မေ ၈ ။
ြ.မြန်မာပြည်ရဲ့ တရားစီရင်ရေးဟာ လွတ်လပ်ပြီးပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးဖြစ်စေချင်ကြောင်း ပညာရေးလှုပ်ရှားမှုကြောင့် သာယာဝတီထောင်ထဲမှာ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေက ပြောဆိုလက်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရိုက်နှက်ခံရသူတွေဟာ အတွင်းဒဏ်တွေ ခံစားနေရသေးတယ်လို့ သိရပါတယ် ။
ဖမ်းဆီးခံထားရတဲ့အထဲမှာ နယ်ဘက်က ကျောင်းသားတွေများပြီး သူတို့ မိဘတွေက အပတ်စဉ်ထောင်ဝင်စာမတွေ့နိုင်တဲ့အတွက် အစားအသောက်နဲ့ ဆေးဝါးတွေ မလုံလောက်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အမှု မစစ်ခင်မှာ ရှေ့နေတွေနဲ့ တိုင်ပင်ဖို့ အချိန်ကာလလည်း လုံးလောက်စွာ ရချင်ကြောင်း၊ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးဖြစ်စေချင်ကြောင်း ပြောဆိုနေပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US သဘင် အတူတက်ချင်

US အနောက်ဘက်ခြမ်း၊ ဆီအာတယ်လ်မြို့ကနေ – အရှေ့ဘက်ခြမ်း နယူးယောက်မြို့အထိ မိုင် (၃, ၅၀၀) စက်ဘီး ခရီးစဉ်တစ်ခုကို ကရင်ဒုက္ခသည်တွေအတွက် အလှူရန်ပုံငွေပွဲ အဖြစ် ပြုလုပ်မယ်လို့ သိရပါတယ်။
အဆိုပါ ရန်ပုံငွေ စုဆောင်းမှုဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်တွေကို ကူညီဖို့အတွက်ဖြစ်ပြီး ဒေါ်လာ ၁၀,၀၀ဝ နဲ့ အထက် ရန်ပုံငွေ စုဆောင်းနိုင်အောင် ခရီးရှည် စက်ဘီးစီးပြီး လှုံ့ဆော်စည်းရုံးမှာ ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်ကို ဦးဆောင်သူဖြစ်တဲ့ မစ်ရှီဂန်ပြည်နယ်၊ နော့သ်ဗီးလ်မြို့ရှိ ဝါ့ဒ်ဘုရားရှိခိုးကျောင်းရဲ့ ဆက်သွယ်ရေးဒါရိုက်တာဖြစ်သူ ဂျက်ဖ် မစ်ချယ်လ်နဲ့ အဖွဲ့ဝင် ၈ ဦးဟာ ဇွန်လ ၈ ရက်နေ့မှာ အမေရိကနိုင်ငံကို ကန့်လန့်ဖြတ် စက်ဘီးခရီး စတင်ကြမှာ ဖြစ်ပါတယ်။
အဲဒီနောက် ၂ လအကြာ ဇူလိုင်လ ၃ဝ ရက်မှာ နယူးယောက်မြို့ကို ဆိုက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
သူတို့အဖွဲ့ဟာ တစ်နေ့ကို မိုင် ၁၀ဝ ကျော် စက်ဘီးစီးပြီး လမ်းခရီးမှာ ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ၊ အပန်းဖြေနေရာနဲ့ ပန်းခြံများအတွင်း- ကရင်ဒုက္ခသည်တွေရဲ့ ဘဝအခြေအနေကို ရှင်းလင်းဟောပြောကြမှာ ဖြစ်ကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
US ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာ ကွန်မြူနီတီနှင့် ယဉ်ကျေးမှုစင်တာမှာ ၂၀၁၅ မြန်မာတို့ရဲ့ အတာသင်္ကြန်ပွဲတော်ကြီး ကျင်းပဦးမယ်လို့ သိရပါတယ်။
အဆိုပါ ပွဲတော်ကို မေလ ၂၄ ရက် ၊တနင်္ဂနွေနေ့မနက် ၁ဝ နာရီမှာ စတင် ကျင်းပမှာ ဖြစ်တဲ့အတွက် ပွဲတော် ကျင်းပမယ့်နေရာ Kennedy Park, 1333 Decoto Rd, Union City , CA 94587 ကို ကြွရောက် ပါဝင် ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
US ၊ နော့သ်ကာရိုလိုင်းနားပြည်နယ်၊ ဓမ္မဗိမာန်ကျောင်းတိုက်မှာလည်း မြန်မာနှစ်ကူးအတာသင်္ကြန်ပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။
ပွဲတော်ကို ကျောင်းတိုက်တည်ရှိရာ 6612 Brass Rd, Jamestown, NC 27282 မှာ မေလ (၂၄)ရက်နေ့ မနက် ၁ဝ နာရီမှာပဲ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာမိတ်ဆွေများအနေနဲ့ နှစ်သစ်ဦး ကုသိုလ်မင်္ဂလာများ ပါဝင်နိုင်စေဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများကတော့ ဖုန်း – 336 – 882-5012 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊ Theravada Dhamma Society, 699 Serramonte Blvd. # Daly City, CA 94015 မှာ ဆရာတော် ဦးဃောသိတာ ဘိဝံသကနေပြီးတော့ ထေရဝါဒ ဓမ္မတရားတော် သင်တန်းတွေကို ပို့ချ သင်ကြားပေးနေပါတယ်။
ဓမ္မသင်တန်းတွေကို ဇွန်လ (၂) ရက်နေ့အထိ နေ့စဉ် ည(၇)နာရီမှာ သင်ကြားပို့ချပေးနေတာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများအနေနဲ့ မည်သူမဆို တက်ရောက် နာယူ သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း – (၆၅၀) ၉၉၃ ၈၇၇ဝ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

1

 

 

 

 

14 comments

  • ခင်ဇော်

    May 14, 2015 at 9:44 am

    ဆက်ဆက် ပြောတဲ့ Save Ourselves first ကို မှတ်ထားတယ်။

    :mrgreenn:

    • Alinsett @ Maung Thura

      May 14, 2015 at 11:16 am

      အတ္တကြီးသူလို့ပဲ ဆိုချင်ဆို. . .
      ကယ်တင်ရမယ့်သူတွေ အရာတွေရဲ့ စာရင်းမှာ
      ထိပ်ဆုံးက ကိုယ့်နာမည်နဲ့ ကိုယ်တွေ ဖြစ်နေတော့တာာာာာာ

      😆

  • ဝင့်ပြုံးမြင့်

    May 14, 2015 at 1:32 pm

    .(ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါကစ္စတန်သမ္မတ မမ်နွန်းဟူစိန်နဲ့ တွေ့ဆုံပြီး ၊)
    ——
    .ကြံကြီးစည်ရာတွေပါလားနော်။ အာဖဂန်နစ္စတန် စုတ်ပြတ်သတ်သွားအောင် ပူးသတ်ခဲ့တာ ပါကစ္စတန်ပဲ။ အိမ်နီးချင်းကောင်း မပီသဆုံး တိုင်းပြည်။ ဘာသာရေးအယူဝါဒ သိပ်ပြင်းထန်တယ်။ အဲဒီတိုင်းပြည်နဲ့မှ သွားပတ်သက်တာ ရွံစရာကြီး။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါ့။

    • kai

      May 14, 2015 at 1:56 pm

      အစ္စလမ်မစ်တိုင်းပြည်တွေထဲ.. ညူကလီယားလက်နက်ရှိတဲ့တိုင်းပြည်တခု…
      ဂန္ဒီကြီးတောင်းပန်နေတဲ့ကြားက.. အိနိ္ဒယကခွဲထွက်လိုက်တဲ့တိုင်းပြည်တခု…။
      ယူအက်စ်နဲ့.. အိုကေစိုပြေတဲ့တိုင်းပြည်တခု..။
      ပါကစ္စတန်..။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 16, 2015 at 12:50 am

    ဘားးး မှ မပူပါနဲ့ဂျာ …
    ဒီကိစ္စတွေအကုန်လုံး… ဟိုခေါင်းလောင်းကြီး တွေ့ရင်သော်လည်းကောင်း
    သဂျိုင်ခီးဆီက CJ Card ဆိုလား အဲ့ဒါဂျီး ရရင်သော်လည်းကောင်း ..
    အားလုံးဟုံးဟုံး ပြေလည်သွားမှာပါ….

    ဒက်ဂလောက် ဒက်ဂလောက်

    😛

    • မြစပဲရိုး

      May 16, 2015 at 12:15 pm

      သဘောက သူကြီးမင်း ရဲ့ CJ Card ဆိုတာ ဟိုခေါင်းလောင်းကြီး လို ယုံတမ်းစကား လို့ ပြောတာလား။
      အဲဒါ တကယ်လား၊ နောက်တာလား၊ ရွဲ့တာလား၊ ရိတာလား။
      ဟောဒီမှာ သူကြီးမင်း ရေ့ …………………… 😉 lol:-))))

      • kai

        May 16, 2015 at 1:20 pm

        ဘာလဲဟင်.. CJ Card ဆိုတာ.. :kwi:

        • မြစပဲရိုး

          May 16, 2015 at 1:37 pm

          “Chief Judge” ဖြစ်မလားဘဲ နော်။ ရွာထဲ ဟင်းချက် Chief တွေ က များ တော့ သူရို့ ကို Judge လုပ်ဖို့။ lol:-))))))

  • မြစပဲရိုး

    May 16, 2015 at 12:12 pm

    ဆက်ဆက် ရဲ့ သတင်း တွေ နဲ့ ခေါင်းစဉ် တွေ က ပိုပြီး မိုက်လာတယ်။ (မိုက် ဆိုတာ ကကြီးမိုက် မဟုတ်၊ မကောင်းတာမဟုတ် )
    စစချင်း ထင်းကနဲ ပေါ်လာတဲ့ { ကိုယ့် ကိုယ်တွေကို အရင်ကယ်…} ဆိုတာလေး ကို လဲ သဘောကျပါ့။
    ဒါပေမဲ့ “ကိုယ့် ကိုယ်တွေကို အရင်ကယ်…” တာမှာ တစ်ယောက်ချင်း က ကိုယ့် အတွက်ချည်း ကိုယ် ကွက်ကွက်လေး ကယ်နေတဲ့ စိတ်ဓာတ် တွေ ကြောင့်မို့
    တို့များ ရွှေပြည်ကြီး စုတ်တီးစုတ်ဖဲ့ နဲ့ ယိုင်နဲ့နဲ့ ဖုတ်လှိုက် ဖုတ်လှိုက် မသေမရှင် တိုးတက် လာတာ လို့ မြင်မိတယ်။
    တကယ်က ကယ်ရာမှာ သူ့ဖက် ကိုယ့်ဖက် ဝင်း-ဝင်း အခြေအနေ ကို မြင်အောင် ကြည့် ညှိ ပြီး ကယ် မှ လှလှပပ စနစ်တကျ အသက်ရှူ ဝဝ လေး တိုးတက် မှာပါ။
    အခုတော့ “ကိုယ့် ကိုယ်တွေကို အရင်ကယ်..” လွန်းကြလို့ ချမ်းသာ လာ တဲ့ လူတွေ မှာ လဲ
    ရုပ်ဘဲချမ်းသာတယ်၊ တကယ် နေတဲ့ ဘဝ မှာ စိတ်ချမ်းသာ တယ်ပြောနိုင်မလား လေ။

Leave a Reply