အလှူခံဗျို့ အလှူခံ . . .

kotun winlattMay 13, 20151min3869101

ရွာသူားများ အားလုံး မင်္ဂလာပါ ခင်ဗျား…..။

မကြာမှီ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည် ဖြစ်ပါ၍ ကျနော်တို့ အဖွဲ့လေး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စာရေးကိရိယာ အလှူခရီးစဉ်အတွက် စာရေးကိရိယာများ လိုအပ်လျှက်ရှိနေပါသဖြင့် အလှူခံဖလားကြီး ပိုက်ကာ ယခုစာလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှ ယခုနှစ်တွင် စာရေးကိရိယာအလှူခရီးနှင့်အတူ ကျေးရွာများတွင် စာပေရေချမ်းစင်ကဲ့သို့သော နေရာများဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စာပေရေချမ်းစင် ဖြစ်မြောက်ရေးအတွက် မိမိတို့ထံတွင် ရှိနေသည့် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။ ထို့အတူ စာရေးကိရိယာများကိုလည်း လှူဒါန်းနိုင်ပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၂၀၁၃/၁၄ ပညာသင်နှစ်က ကျနော်တို့ ရွာသူားများ၏ လှူဒါန်းမှုဖြင့် မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ယခု ၂၀၁၅/၁၆ ပညာသင်နှစ်တွင်လည်း ကျနော်တို့အဖွဲ့ မှ ယခင်နှစ်များအတိုင်း မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းရန် စီစဉ်ထားပါသည်။ သို့သော် ကျနော်တို့အဖွဲ့တွင် မူလတန်းကျောင်း တစ်ကျောင်းစာကျော်ကျော်မှသော စာရေးကိရိယာများသာ ရှိနေပါသဖြင့် အကူအညီတောင်းခံရခြင်း ဖြစ်ပါသည်။

မူလတန်းကျောင်း ၉ ကျောင်းတွင် ကျောင်းသူားဦးရေ မည်မျှရှိနိုင်သည်ကို အတိအကျ မသိရပါ။ သို့သော် နှစ်စဉ်လှူဒါန်းမှု အတွေ့အကြုံအရ တစ်ကျောင်းလျှင် အနည်းဆုံး ကျောင်းသူားဦးရေ ၅ဝ နှင့်အထက် ရှိနေတတ်ပါသည်။ ကျောင်းသူား တစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံတစ်ဒါဇင်၊ ပေတံတစ်ချောင်း၊ ခဲဖျက်တစ်ခု၊ ခဲချွန်စက်တစ်ခုနှုန်းဖြင့် လှူဒါန်းလိုပါသည်။

ကျောင်းသူားတစ်ဦးလျှင် ၂၁၀ဝ ကျပ်နှုန်းခန့် ကျသင့်နိုင်ပါသည်။ ဆရာ/မများအတွက် လိုအပ်သည့် မြေဖြူ၊ မင်နီ၊ သင်ပုန်းဖျက်များကိုမူ ကျနော်တို့အဖွဲ့မှ တာဝန်ယူ လှူဒါန်းပါမည်။ ရွာသူားများမှ ဝိုင်းဝန်းပံ့ပိုးကူညီ လှူဒါန်းပေးကြမည်ဆိုလျှင် များစွာ ကြည်နူးဝမ်းမြောက်ရပါမည်။ ယခင်နှစ်ကအတိုင်း ရန်ကုန်မှ အလှူရှင်များ အဆင်ပြေစွာ လှူဒါန်းနိုင်ရန်အတွက် ရန်ကုန်မှ ရွာသူားများ ကူညီပေးကြစေလိုပါသည်။ မန ္တလေးမြို့မှ ရွာသူားများလည်း ဝိုင်းဝန်းကူညီပေးကြစေလိုပါသည်။

ယခုနှစ်တွင် နိုင်ငံတော်အစိုးရမှ မူလတန်းကျောင်းသူားများကို ကျောင်းစိမ်းဝတ်စုံနှင့် စာရေးကိရိယာများ အခမဲ့ဝေငှပေးမည် ဆိုသည့်အကြောင်းကို သိရှိရသဖြင့် များစွာ ဝမ်းမြောက်မိပါသည်။ အစိုးရမှ အခမဲ့ဝေငှပေးမည့် စာရေးကိရိယာများ၊ ကျနော်တို့အဖွဲ့မှ သွားရောက်လှူဒါန်းများ စာရေးကိရိယာများပေါင်းလိုက်လျှင် မူလတန်းကျောင်းသူားများအတွက် တစ်နှစ်စာ ဖူလုံသွားလိမ့်မည်ဟု မျှော်လင့်မိပါသည်။

လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံများနှင့် ခရီးစဉ်အကြောင်းများကို ရွာထဲတွင် ပြန်လည်ရေးသားမျှဝေ တင်ပြပေးပါမည်။ အဆင်ပြေလျှင် အလှူခရီးစဉ်ကို ဗီဒီယိုမှတ်တမ်းဖြင့် ရိုက်ကူးပြီး အလှူရှင်များထံ အခွေများ ပေးပို့နိုင်ရန် ကြိုးစားပါမည်။ ကျနော်တို့ နိုင်ငံအနာဂတ်ကို ဦးဆောင်ကြမည့် လူငယ်လေးများကို တတ်နိုင်သည့်ဘက်မှ ကူညီဖေးမခြင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်တိုင်းပြည်ကို တည်ဆောက်ရာရောက်သည်ဟု ထင်မြင်ယူဆမိပါသည်။ ဆရာမဂျူးရေးသားသည့် ဝတ္ထုတစ်အုပ်ထဲမှ စာသားလေးဖြင့် အဆုံးသတ်ပါရစေ….
“မျိုးဆက်တိုင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရမည်”
ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
K.T.W.L

 

==============

မရွှေအိ ပို့ပေးတဲ့ အလှူငွေ စာရင်းလေး စစ်ကြည့်ပြီး လိုအပ်တာရှိရင် ကွန်မန့်ပေးပါခင်ဗျာ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Final List
Final List-12 June 15

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

101 comments

  • ခင်ဇော်

    May 14, 2015 at 1:19 am

    I will donate and contact you soon, Bro.

    • kotun winlatt

      May 14, 2015 at 3:50 am

      ဟုတ်ကဲ့ပါ ကျေးဇူးပါဗျာ

  • Ma Ei

    May 14, 2015 at 9:49 am

    ဘယ်လိုလှူ ရပါမလဲ…
    အစီစဉ်လေးတွေပြောဦးနော်…

    • kotun winlatt

      May 14, 2015 at 10:04 am

      ဟုတ်ကဲ့ပါ မအိရေ ရန်ကုန် မန်းလေးတွေက အလှူငွေ စုဆောင်းကောက်ခံပေးမဲ့ ရွာသူားများကို အကူအညီတောင်းပါတယ် အရင်တစ်ခေါက်တုန်းကတော့ ရန်ကုန်က ကိုအမတ်မင်း မအိကြည်ပြာစိုး ကိုထူးဆန်း မန်းလေးကတော့ ကိုပေါက် ကိုပေတို့က ဆောင်ရွက်ပေးပါတယ် ယခုနှစ်အတွက်လည်း သူတို့ကို အကူအညီတောင်းချင်ပါတယ် ဖြစ်နိုင်မယ် ဆိုရင်ပေါ့

  • အောင် မိုးသူ

    May 14, 2015 at 10:57 am

    ကျတော်တို့အလုပ်ကတောင် လာမယ့်စနေနေ့ ဝါးနက်ချောင်းကျေးရွာက ဘုန်းတော်ကြီးစာသင်ကျောင်းမှာ စာအုပ်တွေ သွားလှူမို့လုပ်နေတယ်။

  • Mike

    May 14, 2015 at 11:05 am

    .တတ်နိုင်သလောက်ပါဝင်လှူဒါန်းပါ့မယ် ကိုထွန်းဝင်းလတ်ရေ

    • kotun winlatt

      May 15, 2015 at 5:42 am

      ကျေးဇူးပါ အစ်ကိုရေ
      အလှူငွေ စုဆောင်းပေးတာကိုရော လုပ်ပေးနိုင်ရင် ကောင်းမယ်ခမျ ဖြစ်နိုင်မယ်ဆိုရင်ပေါ့ အစ်ကိုရာ . . . .
      ကထူးဆန်း ကမတ် မအိကြည်ပြာစိုးတို့ ပေါ်မလာသေးဘူးးးးး

  • lu lu

    May 14, 2015 at 11:22 am

    လှူချင်ပါတယ်
    လုလုတို ့ကျောင်းတက်တုန်းက အဲ့လို အဖွဲ ့အစည်းတွေ
    မရှိသေးတော့ ကလေးများတဲ့မိဘတွေအတွက် အရမ်း
    ဒုက္ခများခဲ့ရတယ် အာ့ကြောင့်
    လှူချင် ပါတယ် လို ့
    🙂

    • ဦးကြောင်ကြီး

      May 17, 2015 at 12:24 am

      ကခြင်သဘုံ လုမနဲ့ ဂဗျီ းတင် လှူ ဗျစေ…

  • Alinsett @ Maung Thura

    May 14, 2015 at 12:26 pm

    လှူသင့်တဲ့အလှူမို့ အင်မတန်စိတ်ဝင်စားမိပါကြောင်းးး
    ကျနော်တို့ အခုလက်ရှိမျိုးဆက်က အခုထက် ပိုကောင်းတဲ့ နောက်အနာဂတ်မျိုးဆက်တစ်ခုကို ဖန်တီးပေးခဲ့ဖို့
    တာဝန်ရှိတယ် ဆိုတာလေးလည်း ပြန် သတိရသွားပါကြောင်းးး

    တဆက်တည်း တွေးမိတာက ဗမာပြည် ပညာရေး အထောက်အကူပြု လုပ်ငန်းတွေ
    အဖွဲ့အစည်းတွေက ပရဟိတစိတ်နဲ့ စာရေးကိရိယာတွေ ပညာရေး အထောက်အကူပြုပစ္စည်းလေးတွေ ထောက်ပံ့နေတဲ့အချိန်မှာ
    တကယ် တာဝန်ရှိတဲ့ ပညာရေးဝန်ကြီး ဌာနဆိုင်ရာတွေ အနေနဲ့
    ပညာရေး တိုးတက်ကောင်းမွန်လာရေးအတွက်
    ဘာတွေ လုပ်ဆောင်ပေးနေသလဲ. . .

    ကလေးတွေရဲ့ ပညာရေးအတွက် စာအုပ်တွေ ဈေးလျှော့ရောင်းရုံ
    .ကျောင်းမှာ အလှူမခံရတော့ဘူးလို့ ကြေညာရုံ
    .ခဲတံတွေ ဗလာစာအုပ်တွေ ခွဲတမ်းနဲ့ ထုတ်ပေးရုံ
    ဒါလောက်နဲ့တော့ ကလေးတွေရဲ့ ဘဝကို အာမခံချက် မပေးနိုင်ပါဘူး
    တကယ်က အဲ့ဒီ ပစ္စည်း ကိရိယာတွေ နံရံပေါ်က စာတန်းတွေထက်
    တကယ် အသုံးဝင်တဲ့ ပညာ အရည်အချင်းကို မြှင့်တင်ပြီး ပေးဖို့
    လိုတာပါ။

    ကျနော့်ညီ ဆယ်တန်း ဖြေထားတယ်။ မြန်မာစာ စကားရဲ့ အခြေခံဖြစ်တဲ့ ဗျည်း/သရ တချို့ကို အသံထွက်မှန်အောင်
    မခေါ်တတ်သေးဘူး။ အင်္ဂလိပ်ဝေါဟာရတချို့ကို ဘယ်လိုအသံထွက်ရမှန်းတောင်မသိသေးလို့ လာလာမေးနေရတယ်။
    ဆိုတော့ သူတို့ သင်နေတဲ့ပညာတွေအပေါ်
    ကျနော် အကြီးအကျယ် သံသယရှိနေပြီ

  • ကိုလတ်ရေ

    အရင်နှစ်တွေလိုပါဘဲ

    ငွေကောက်ပေးမယ်

    ပစ္စည်းဝယ်ပေးမယ်

    ရထားဂိတ်ရောက်အောင် ပို့ပေးမယ်

    • kotun winlatt

      May 15, 2015 at 5:08 am

      ကျေးဇူးပါ လေးပေါက်ရေ ဒီနှစ်က ကျယ်ဂေါင်ရောက်နေတဟ်ဆိုလို့ ကျနော် အားငယ်နေတာ အခုလို စကားကြားရတော့ အားတက်မိပါသဗျာ

  • kai

    May 14, 2015 at 4:53 pm

    အဲဒီတနယ်လုံးမှာ ပညာအထူးချွန်ဆုံးကျောင်းသားတယောက်ထဲကို ရွေးလှူလို့ဖြစ်နိုင်မလားသိချင်တယ်ဗျ..
    ဥပမာ..။ ချီးမြှင့်ငွေ တသိန်း ဆိုပါစို့..။

    • kotun winlatt

      May 15, 2015 at 5:15 am

      ဟုတ်ကဲ့ပါ သူကြီးရေ စီစဉ်ပေးပါ့မယ်။ သူကြီးက ထူးချွန်ကျောင်းသူားဆိုတော့ အထက်တန်းအဆင့်လား အလယ်တန်းအဆင့်လား မူလတန်းအဆင့်လားဆိုတာလေး ပြောပေးပါ သူကြီးဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင် စီစဉ်ပေးပါ့မယ် ခမျ

      • kai

        May 15, 2015 at 5:22 am

        အောက်မှာ အမတော်ပဒုမ္မာပြောတဲ့.. အတိုင်းဖြစ်ချင်ပါတယ်..။
        ၁ဝတန်းအမှတ်အများဆုံး.. ဂုဏ်ထူးအများဆုံးကလေးတယောက်ပေါ့…။

        ကျုပ်က.. ကျပ်၁သိန်းမတည်ပေးပါမယ်..။
        ဆုပေးပြီး ပစ်မထားပါဘူး..။ ဘာဆက်လုပ်နေသလည်းသိရအောင်ဆက်စောင့်ကြည့်သွားချင်ပါတယ်..။
        ဆက်လည်းထောက်ပံ့ချင်ပါတယ်..။

        တခြားရွာသူားများလည်းပါဝင်စေချင်.. ဆွေးနွေးကြစေချင်..။

        • kotun winlatt

          May 15, 2015 at 7:16 am

          ဟုတ်ပါပီ သူကြီးရေ ကျနော် ဆောင်ရွက်ပေးပါမယ် ထူးချွန်ကျောင်းသူားပြည့်စုံရမဲ့ အချက်လေးတွေ သတ်မှတ်ဦးမလား ဆက်လက်စောင့်ကြည့်ရေး တာဝန်ကိုလည်း ကျနော်မှ ဆောင်ရွက်ပေးပါမည်။သူကြီးမှ ယခုလို စိတ်ဝင်တစားရှိပီး အစီအစဉ်အသစ်တစ်ခုချပြပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်သူများလည်း ဝင်ရောက်ဆွေးနွေးပေးကြပါဦး ခမျ

  • padonmar

    May 14, 2015 at 10:11 pm

    သူကြီးပြောတာ ထောက်ခံတယ်။
    နွမ်းပါးတဲ့ ကလေးတွေကို ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့ရင်း ပညာတတ်တာ အကျိုးမဲ့ မဟုတ်ပါလား ဆိုတဲ့ အတွေး ဝင်စေချင်တယ်။
    ဇွန်လ (၇)ရက်မှာ ဆယ်တန်းအောင်စာရင်းထွက်မယ်ကြားမိတယ်။
    အဲဒီ အောင်စာရင်းမှာ (အမှတ်သိရရင်တော့ ပိုကောင်းတာပေါ့) ဂုဏ်ထူးအများဆုံး ကလေးကို မြန်မာ့ဂဇက် မန်ဘာများက ဆုချတယ် ဆိုတာလေး လုပ်ရင် ဖြစ်နိုင်မလား။
    (တီဒုံတို့မြို့မှာတော့ လူရည်ချွန်ရတဲ့ကလေးကို ငွေစုပြီး ဘဏ်စာရင်းဖွင့် ဆုချကြတယ်။)

    • kotun winlatt

      May 15, 2015 at 5:18 am

      ဟုတ်ကဲ့ပါ မပဒုမ္မာရေ
      အစ်မပြောတဲ့ အစီအစဉ်လေးက ကောင်းပါတယ်ခမျ
      ကျနော်လည်း ထောက်ခံပါတယ်

      • Ma Ma

        May 15, 2015 at 7:14 am

        တစ်ယောက်တည်းကို ဆုချမယ်ဆိုရင်

        ဂုဏ်ထူးအများဆုံးဆိုတာထက် အမှတ်အများဆုံး ဆိုတာက ပိုကောင်းမယ်ထင်တယ်။
        ၁ဘာသာဂုဏ်ထူးက ၃ဘာသာဂုဏ်ထူးထက် အမှတ်များတာလည်း ဖြစ်နိုင်သေးတယ်လေ။
        ၅ဘာသာဂုဏ်ထူးက ၆ဘာသာဂုဏ်ထူးထက် အမှတ်များတာလည်း ရှိသေးတယ်။

        • kotun winlatt

          May 15, 2015 at 9:22 am

          ဂုဏ်ထူးများတာနှင့် အမှတ်များတာ ဘယ်ဒင်းကို ရွေးချယ်သင့်တယ်ဆိုတာကိုလည်း အကြံပြုပေးကြပါဦးဗျို့

  • မိဘ က ငွေကြေးတောင့်တင်းပြီး ကျူရှင်ထားနိုင် ကျောင်းထားနိုင် ပံ့ပိုးပေးနိုင်လို့

    လတ်တလောထူးချွန်နေတဲ့ ကျောင်းသားထက်စာရင်

    ကျောင်းတက်ဘို့ အခက်အခဲဖြစ်နေတဲ့ကလေးတွေကို ပိုဦးစားပေးပြီး လုပ်ပေးသင့်တယ် လို့မြင်ပါတယ်။

    တကယ်လို့ထူးချွန်နေတဲ့ကျောင်းသားက သာမန်သူလို ကိုယ်လို မိဘ က ပေါက်ဖွားလာပြီး

    တကယ်ကျိုးစားတဲ့ ကလေးဆိုရင် တစ်မျုးိ စဉ်းစားတာပေါ့။

    လောလောဆယ် အနေအထားမှာ အမှတ်အများဆုံးဆိုတဲ့ တစ်ဦးတစ်ယောက်ထဲကို ဦးစားမပေးဘဲ
    စာတောင်ဖြောင့်အောင်မသင်နိုင်တဲ့ မူလတန်းကလေးတွေကို ပိုဦးစားပေးစေချင်ပါတယ်။

    စာမတတ်တဲ့ ကလေး နည်း နိုင်သမျှ နည်းအောင်ပေါ့

    • kotun winlatt

      May 15, 2015 at 9:52 am

      ဟုတ် လေးပေါက်ရေ မိဘအဆင်ပြေလို့ ဘော်ဒါဆောင်ကောင်းကောင်းမှာ ထားနိုင်လို့ ထူးချွန်တဲ့ ကျောင်းသားထက် သူလိုုကိုယ်လို မိဘတွေထဲကပေါက်ဖွားလာပြီး ပညာထူးချွန်တဲ့ ကျောင်းသူားမျိုးကို ရွေးချယ်ပြီး မြေတောင်မြောက်ပေးရမှာပါ အထက်တန်းအဆင့်ထက် မူလတန်း အဆင့် အလယ်တန်း အဆင့်တွေကို လုပ်ဆောင်ပေးနိုင်မယ်ဆို ပိုပြီး ထိရောက် အကျိုးများမယ်လို့တော့ တွေးမိတာပါပဲ သို့သော်လည်း လုပ်နိုင်ရင်တော့ အားလုံးကို လုပ်ဆောင်သင့်တယ် ထင်ပါရဲ့ ဘာကြောင့်လဲဆိုတော့ လိုအပ်ချက်တွေရှိနေကြတာချည်းမို့ပါ

  • ဦးဦးပါလေရာ

    May 15, 2015 at 11:42 am


    အရင်အလှူတွေလိုပဲ..
    ကျုပ်လဲ တတ်နိုင်သမျှလေး ပါဝင်ပါမယ်..

    ၂.
    သူကြီးနဲ့ အမတော်များ အတော်ဆုံးကလေးကို ချီးမြှင့်ဖို့ကိစ္စ ဖတ်ရလို့
    သိပ်ဆိုင်သလားမဆိုင်သလားတော့မသိ –
    ကျုပ်ကိုယ်တိုင်ကြုံဖူးတာလေး ဝင်ပြောချင်တယ်..
    ၁၉၉၁ လောက်မှာ ကျုပ်က အညာမှာ ရောက်နေတုန်း ဘုန်းကြီးတချို့ ဘုန်းကြီးလူထွက်တချို့နဲ့ ရင်းနှီးမိတယ်။
    အဲသည်မှာ ပထမကျော်/အထူးအောင် တစ်ပါးပါးကို ပစ္စည်းလေးပါး ဒါယကာအဖြစ်လျှောက်ထားချင်တယ်ပြောမိတော့
    တောင်သမန်တိုက်က ဦးဇင်းညိုက ဒီဖိုးတရုတ်တော့ ထွေးခံစာမိချင်တယ်ထင်တယ်..လို့ ရယ်ရယ်မောမော မှတ်ချက်ချတယ်..
    ဆိုချင်တာက
    အဲသည် အထူးအောင်တွေဆိုတာ ဒီခေတ်စကားနဲ့ဆို စပွန်ဆာ အင်မတန်များအင်မတန်ကောင်းတတ်လို့
    ခြောက်ပြားတပဲနဲ့ ပစ္စည်းလေးပါး ဒကာခံမယ်ဆိုရင် ဆရာရင်းတိုက်အုပ်က ထွေးခံနဲ့တောင်ပေါက်လွှတ်လိမ့်ဦးမယ်လို့ ဆိုတာပါပဲ..။


    အပေါ်မှာ ကိုပေါက်မန့်ထားသလိုလေး ကို ပိုတောင် သဘောကျမိသေး…..
    လိုတဲ့နေရာ လောင်းကြရင် ပိုကောင်းတာပေါ့နော..

  • Shwe Ei

    May 15, 2015 at 1:35 pm

    -အလှူငွေ ကောက်ပေးပါမယ်…ဘယ်နေ့စလက်ခံလို့ရမလဲ..
    -ဘယ်နေ့နောက်ဆုံးထားပီးလက်ခံရမလဲပြောပေးပါဗျာ။
    -ဘဏ်အကောင့်နဲ့မှတ်ပုံတင်နဲ့ ငွေထုတ်လို့ အဆင်ပြေမဲ့ အနီးစပ်ဆုံးဘဏ်လိပ်စာတွေပေးပါမယ်။

    • kotun winlatt

      May 15, 2015 at 3:33 pm

      ဟုတ်ကဲ့ပါ မရွှေအိရေ အလှူငွေကို ဒီနေ့က စပြီး လက်ခံလိုက်တော့တာပေါ့ လကုန်အထိ အလှူငွေလက်ခံပါမယ် ၆ လပိုင်းဆို ကျောင်းဖွင့်ပီလေ တစ်ချို့ကျောင်းလေးတွေ မိုးဖြိုင်ဖြိုင်ကျရင် သွားလို့မရတော့လို့ပါ ကျောင်းသားတစ်ဦးလျှင် ၂၁၀ဝ နှုန်းဖြင့် တတ်နိုင်သလောက်လှူဒါန်းနိုင်ပါကြောင်း
      အလှူငွေထည့်ဝင်သူများစာရင်းကို ဖော်ပြပေးဖို့ရန်အတွက် အလက်ဇင်း အလင်းဆက်မှ တာဝန်ယူပေးနိုင်လျှင် ယူပေးစေလိုကြောင်း အကူအညီတောင်းခံအပ်ပါသည်။ ဝိုင်းကြ ဝန်းကြ ကူညီပေးကြပါဦးခမျာ

      • Alinsett @ Maung Thura

        May 19, 2015 at 11:41 pm

        အလှူရှင်/ငွေ စာရင်းလား
        ပိုစ့်ထဲ ထည့် ပြပေးရဖို့လား။
        လုပ်ပေးချင်တယ်။ ဒါမဲ့
        ကျနော်က အိတ်ဇဲ သိပ်မကျွမ်းကျင်ဘူးဗျ။
        စာရင်းအင်း လုပ်တတ်သူတယောက်ယောက်ဆို ပိုအဆင်ပြေမလားလို့
        စာရင်းကို လုပ်တော့ လုပ်တတ်တယ် ဒါမယ့် လုပ်ပြီးသားထဲ ထပ် ထပ် ဖြည့်ဖို့ကို
        အရှင်အဖြစ် ပိုစ့်ထဲ မထည့်တတ်တာ

        😥

        • kotun winlatt

          May 20, 2015 at 2:44 am

          Excel နဲ့ လုပ်ခိုင်းတာ မဟုတ်ပါဘူး ခမျ ပို့စ်အောက်မှာ ကွန်မန့်အဖြစ် ဘယ်သူက ဘယ်လောက် လှူတယ်ဆိုတာလေး ဖော်ပြပေးဖို့ပါ ။ ကျနော့်ဆီက ကွန်နက်ရှင်က အမြဲမကောင်းသလို ဘယ်သူက ဘယ်လောက်လှူတယ်ဆိုတာလည်း ချက်ချင်း မသိနိုင်လို့ပါ အဲ့တာလေးကို မရွှေအိနဲ့ ချိတ်ဆက်ပီး ဆောင်ရွက်ပေးပါလားလို့ အကူအညီတောင်းတာပါ ခမျ

  • Shwe Ei

    May 15, 2015 at 4:38 pm

    Acc No. : 0016600100035629
    Name : Daw Ei Kyipyar Soe
    NRC No. : 8/MaKaNa(N)160312
    CB Bank (Sayar San Plaza)
    အကောင့်ထဲကို လွှဲချင်ရင် ဆရာစံဘဏ်ခွဲကိုရောက်ပါမယ်။
    မှတ်ပုံတင်နဲ့ငွေလွှဲချင်ရင် CB Bank ဝိဇယ ဘဏ်ခွဲကို လွှဲလို့ရပါတယ်။

  • kai

    May 19, 2015 at 8:52 am

    ကြည့်ရတာ.. ကျုပ်အစီအစဉ်စိတ်ဝင်စားသူသိပ်မရှိ..။
    တဦးချင်းစီ.. တတ်နိုင်သလောက်လိုက်ပံ့ပိုးနေတာထက်စာရင်.. ထူးချွန်တဲ့ကလေးတဦးထဲ.. ပုံအောတာက.. ကောင်းတယ်ဆိုးတယ်.. မငြင်းလို..
    ကမ္ဘာတန်းအောင်မြင်နေတဲ့.. လုပ်ထုံးတခုသာဖြစ်ကြောင်း..

    တဦးချင်းစီကတော့.. ကြိုက်သလောက်ဖြည့်.. မပြည့်ရေးချမပြည့်အပြင်.. ဒါက.. အစိုးရဆိုတဲ့လူတွေအလုပ်ဖြစ်ကြောင်း…
    ယူအက်စ်ရောက်ဆိုင်ရာ မြန်မာလွှတ်တော်အမတ်တွေကိုလည်း.. ပညာရေးဘက်ဂျက်တိုးပေးနိုင်ဖို့..တတ်နိုင်သလောက် ဝိုင်းပြောလိုက်ကြပြီဖြစ်ပါကြောင်း..
    လူထုအလုပ်ကလည်း… ကိုယ့်အခွန်ငွေတွေကို.. ဘက်ဂျက်ကိုင်ရတဲ့.. အမတ်တွေ..ပညာရေးမှာတိုးပေးနိုင်မှသာ.. မဲထည့်မယ်ဆိုတဲ့ဖက်ဆွဲသင့်ကြကြောင်း..
    ဒီလိုလုပ်တာကသာ.. မှန်ကန်တဲ့..လမ်းကြောင်းလုပ်ရပ်ဖြစ်ကြောင်း…ရယ်လို့သာ..။
    ပိုဖြစ်နိုင်ရင်တော့.. အခုဟော့လာတဲ့.. ဖုံးကဒ်ကြေးတွေကို ..၅ရာခိုင်နှုန်းအခွန်ကောက်တာမှာ.. အဲဒီ၅%ရဲ့.. ၂၀% ဒါမှမဟုတ်.. နှုန်းတခုခုကို.. ဆိုင်ရာပြည်နယ်..ပညာရေးဘက်ဂျက်ဖက်သွားဖို့… ကင်န်ပိန်းလုပ်သင့်ကြောင်း..။ အဲဒါကို ရွေးကောက်ပွဲကတိပေးနိုင်သူကိုသာ မဲထည့်မယ်ဆိုတာမျိုးဖြစ်သင့်ကြောင်း..။

    အလုပ်အကိုင်မရှိ.. ပိုပိုလျှံလျှံထိုင်စားနေသူများကို.. ထောက်ပံ့ပေးလှူနေတဲ့ငွေတွေကိုလည်း.. တိုင်းပြည်အနာဂါတ်ကလေးပညာရေးဖက်မျှဝေတော်မူကြပါမည့်အကြောင်း..ကန်င်ပိန်းများလုပ်သင့်ပါကြောင်း..။
    တနှစ်တနှစ် တော်တော်ကြီးများ.. စားဝတ်နေရေး… ဒေါ်လာ ၃ ဘီလီယံ..။ သန်းပေါင်း ၃ထောင်ကျော်.. ရှိတဲ့ငွေရဲ့.. ၁%ရာခိုင်နှုန်းလောက်ရရင်တောင်.. ဒေါ်လာသန်း၃ဝဖြစ်ပါကြောင်း..။

    ဆိုတော့…
    ၁သိန်းမတည်မယ်ဆိုတဲ့ကိစ္စ.. ဒီလိုပြန်စမယ်..။
    ထုံးစံအတိုင်း..ထပ်ပြောရရရင်တော့.. ၁သိန်းအထိ.. 1:1 Match မယ်လို့ဆိုချင်..
    သဘောက.. ထူးချွန်ကလေးအတွက်.. ၁သောင်းအလှူရရင်.. ကျုပ်က၁သောင်း လှူမယ်..။
    ၂သောင်းရရင်.. ၂သောင်းလှူမယ်.
    ၉သောင်းရရင်.. ၉သောင်းထပ်ဆောင်းလှူမယ်…
    ၁သိန်းရရင်.. ၁သိန်းလှူမယ်…။
    ၂သိန်းရရင်လည်း.. ၁သိန်းလှူမယ်..။

    ကျပ်၁သိန်းအထိ.. Match…

    အဲလိုဆိုရင်ကော…။ :k:

    • ခင်ဇော်

      May 19, 2015 at 10:24 am

      စိတ်ဝင်စားပါတယ်။ ဝင်မပြောဖြစ်တာ။
      တဂျီး တို့ ကွန်ဖန်း ဆိုရင်သာပြောပါ။
      :k:

      ဒီကြားထဲ လှူချင်တဲ့ ဦးရေ အတွက်နဲ့ ပုံမှန် အလှူငွေကို အမတ်မင်း ကို ပြောလိုက်ပါ့မယ် ကိုရင် ထွန်းး
      🙂

      • kotun winlatt

        May 19, 2015 at 3:09 pm

        မမချွိ ကမတ်က အလုပ်မအားဘူးလို့ပြောပါတယ် ခမျ ကိုထူးဆန်းကလည်း အဝေးပြေးလမ်းမပေါ်မှာ ပျော်နေပါတယ်တဲ့ ဒီတော့ ရန်ကုန်က အလှူရှင်တွေ နိုင်ငံခြားက အလှူရှင်တွေ မရွှေအိထံ ဆက်သွယ်ပေးကြပါလို့
        မန်းလေးက အလှူရှင်တွေကတော့ ကိုပေါက်ထံ ဆက်သွယ် လှူဒါန်းပေးကြပါလို့ နှိုးေ်ပါရစေ

    • မြစပဲရိုး

      May 19, 2015 at 12:22 pm

      သူကြီးမင်း ကို အကြံပြုဖို့ စဉ်းစားနေတုန်း
      ဒီရက် အတွင်း …..
      . အနာဂါတ် ရဲ့ အကြိုပိုင်းလော့ ခေး ၏ မျက်နှာပေး လေးကြောင့် လည်းကောင်း
      . မောင် ဟုခေါ်သော စကားစု များ၏ အလုပ်ပေးမှု ကြောင့် လည်းကောင်း
      . အေအေ ဂျန်နရယ် ကြီး ၏ မာထန်ထန် ပုံစံ နှင့် စွဲဆောင် မှုအားကောင်း သော အမူအရာ ကြောင့် လည်းကောင်း
      . စိတ်အေးချမ်းမှု ရသော ပန်းကလေး များ ၏ သိမ်းသွင်းမှု ကြောင့် လည်းကောင်း
      “၎င်း” “လည်းကောင်း” များက distract လုပ်နေ သောကြောင့် သူကြီးမင်း ၏ ဖိတ်ခေါ်ချက် ကို မြင်သော် “လည်း” ကြန့်ကြာ နေသည် ကို ခွေးလွှတ်ပါ။
      ဆရာလေး ကိုလဲ တောင်းပန်ပါတယ်။

      စကားလုံးများ အတွက် စင်တင်ပေးသူ ဒေါ်မမ ကိုလည်းကောင်း၊ ပို့စ်တင်ပေးသူ ဆရာလေး ကိုလည်းကောင်း၊ ထပ်မံ ပံ့ပိုးရန် ရှိသူ သူကြီးမင်း ကိုလည်းကောင်း ကျေးဇူးပါ။ :-)))

      • kotun winlatt

        May 19, 2015 at 3:20 pm

        အရီးရေ
        ဝိုင်းကြဝန်းကြ ကူညီပေးကြပါဦးလို့

    • kotun winlatt

      May 19, 2015 at 3:16 pm

      သူကြီးရေ ကျနော့်ဘက်ကတော့ ဆောင်ရွက်ပေးဖို့အဆင်သင့်ပါ သူကြီး အစီအစဉ် အဆင်ပြေတယ်ဆို လက်တို့လိုက်ပါ ဒါကတစ်ချက်
      နောက်တစ်ချက်က သူကြီးပြောသလို အာမခံချက်တွေ ပေးနိုင်တဲ့သူကိုမှ မဲထည့်ကြဖို့ အလှူခရီးလှည့်ရင်း ဟောပြောပွဲတွေ လုပ်လိုက်ရရင် ကောင်းမှာပဲလို့တွေးမိတယ်

      • kai

        May 19, 2015 at 4:20 pm

        ကိုရင်တို့အသင်းအဖွဲ့အနေနဲ့.. . အသင်းအကြောင်းတို့.. ဘာလုပ်ခဲ့တယ်..လုပ်ရန်ရှိသည်တို့ကို.. စာရေးပြီး ဖလိုင်ယာလေးလုပ်ထားတာရှိလား..။
        အင်္ဂလိပ်လိုပေါ့..။ နှစ်စဉ်လုပ်ခဲ့သမျှဓာတ်ပုံတွေလည်းပါရမယ်ပေါ့..။
        ဝင်ငွေ..ထွက်ငွေ.. စတာတွေကို.. ဘယ်လိုအကောင်းတန့်..စာရင်း..ဇယားနဲ့.. လုပ်ပါတယ်..။
        စသဖြင့်ပေါ့..။ ဝက်ဘ်ဆိုက်ရောရှိလား..။

        ငွေလှူတောင်မလှူသေး..လာထောက်နေပြီလို့.. မထင်စေလို..။
        နိုင်ဂျံဂါးက.. မာျးတဲ့ငွေအလှူတွေက.. အဲလိုဟာမျိုးတွေဆီမှ(ဆီမှ) ငွေပေး..ငွေယူ..ငွေလှူလို့ရတာမို့ပါ..။

        ကျုပ်လုပ်ချင်တာလေးက…
        ပညာအတော်ဆုံးကလေးကို.. တောက်လျှောက်ယူအက်စ်မှာကျောင်းလာတက်နိုင်တဲ့အထိ.. ထောက်ပံ့ချင်တာ…။
        အဲလိုလုပ်ဖို့… အဲလို.. စာရင်းဇယားတွေလိုပါတယ်…။

        • kotun winlatt

          May 19, 2015 at 6:47 pm

          သူကြီးရေ
          ကျနော်တို့အဖွဲ့လေးလို့ ဆိုပေမယ့် တကယ်တမ်းအလှုပ်ရှားရဆုံးက ကျနော် တစ်ဦးတည်းပါ အလှူငွေ ရရှိရေး အလှူပစ္စည်းတွေ ကျနော်တို့ဒေသကို ရောက်ရှိရေး ဒေသကို ရောက်လာပြန်တော့ သက်ဆိုင်ရာ ကျောင်းလေးတွေကို အလှူပစ္စည်း ရောက်ရှိရေးတွေက အစပေါ့ ။ လောလောဆယ်ဆယ်အနေနဲ့ စာရေးကိရိယာတွေ လှူတယ် ကျေးရွာတွေရဲ့ လိုအပ်ချက်အရ မပြီးမြောက်နိုင်သေးတဲ့ စာသင်ဆောင်လေးတွေကို ပြီးမြောက်နိုင်အောင် အွန်လိုင်းမှာ အလှူရှင်ရှာဖွေပေးပြီး တိုက်ရိုက်ချိတ်ဆက်ပေးပါတယ်။ အဖွဲ့အနေနဲ့ ဒီလို ချိတ်ဆက်ဆောင်ရွက်ပေးခဲ့တာ စာသငကျောင်း သုံးကျောင်းနဲ့ သဘာဝစိမ့်စမ်းရေရရှိရေး တစ်ခုကို ပံ့ပိုးကူညီနိုင်ခဲ့ပါတယ်။ အဖွဲ့စတင်စဉ် အဖွဲ့အစည်းပုံစံ မဟုတ်ခဲ့လို့ စာရင်းတွေကို အဖွဲ့သားတွေ အချင်းချင်းပဲရှင်းလိုက်တာမို့ စာရင်းပြုစုထားတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် မန်းဂဇက်က စာရေးကိရိယာတွေလှူခဲ့တဲ့ ၂၀၁၃/၁၄ ခုနှစ်ကစပြီး စာရင်းပြုစုထားပါတယ်။ အင်္ဂလိပ်လိုတော့ မဟုတ်ဘူးပေါ့။ ဝဘ်ဆိုဒ်တည်ထောင်ထားတာလည်းမရှိပါ။ ကျနော့်အဖွဲ့လေး၏ လှုပ်ရှားမှုမှတ်တမ်းပုံများ သူကြီး၏ ဆိုဒ်တွင် အကုန်လုံးနီးပါးရှိနေပါသည်။ အပြင်တွင် မှတ်တမ်းဓာတ်ပုံများ မရှိပါခမျ
          အခုလိုထောက်ပြဆွေးနွေးပေးသည့်အတွက်ကျေးဇူးပါ ကျနော့်အဖွဲ့နှင့် သူကြီး လုပ်ဆောင်လိုသည့်အချက် ကိုက်ညီမှုမရှိနိုင်ဟု ယူဆလျှင် ကျနော်တို့ဒေသမှ ပညာရေးဖောင်ဒေရှင်းနှင့်ချိတ်ဆက်ပေးပါမည်။ ယင်းမှာဖောင်ဒေးရှင်းဖြစ်သဖြင့် သူကြီးလိုချင်သည့် အချက်အလက်များနှင့် ပြည့်စုံလိမ့်မည်ဟု ထင်မှတ်မိပါကြောင်း

  • padonmar

    May 19, 2015 at 8:32 pm

    ကျမသဘောကတော့ နွမ်းပါးတဲ့ ကလေးလည်း လှူချင်ပါတယ်။ဒါပေမယ့် ကလေးတွေကို ရုပ်ဝတ္ထုပဲပေးတာက တကယ် တိုးတက်ကြောင်းမဖြစ်ဘူးလို့ ကျမတော့ မြင်ပါတယ်။
    ကျမ ကျောင်းထားပေးဖူးတဲ့ ကလေးတွေ ကျောင်းဆက်မနေ ပညာမတော်တဲ့အကြောင်း ကျမရေးခဲ့တဲ့ ချစ်စရာ့အရွယ် Cover Story မှာပါပါတယ်။
    ပေးတုံးခဏပျော်ပေမယ့် ပြီးရင် ငါတို့ ကြိုးစားမှ ဆိုတဲ့စိတ်ဝင်မလာပါဘူး။အဲဒါ ဟင်းစားပေးတာပါ။ အခုတလောတော့ ကွန်ချက်ပြတဲ့ အလှူမျိုးကို ပိုအားသန်နေမိပါတယ်။
    ကလေးတွေကို ကြိုးစားစေချင်ရင် Role Model ကောင်းလေးပြရပါမယ်။အဲဒါဟာ ထူးချွန်ကလေးကို ဂုဏ်ပြုကြပါလားလို့ မျက်မြင်တွေ့ခြင်းပါပဲ။
    ကိုပေါက်ပြောသလို မိဘချမ်းသာလို့ ကျူရှင်ထားနိုင်လို့ တော်တဲ့ကလေးလည်း ရှိနိုင်ပေမယ့် တော်ပြီဆိုကတည်းက ကလေးကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုမပါပဲ မပြီးပါဘူး။ကျမတို့ ဆုချမယ့်မူမှာ ကလေး အမှတ်ချင်းတူရင် မိဘ နွမ်းပါးတဲ့ကလေး၊မိဘ မစုံလင်တဲ့ကလေး၊ပို ချောင်ကျတဲ့နေရာမှာ နေတဲ့ကလေးကို ဦးစားပေးမယ်လို့ ထည့်ရင် ပိုသင့်မယ်ထင်ပါတယ်။(ကျမတို့ မြို့က သခင်သိန်းဖေဖောင်ဒေးရှင်း ပညာသင်ထောက်ပံ့ကြေးပေးရာမှာတော့ အဲသလို ကန့်ထားပါတယ်)အမှတ်သာနေရင်တော့ မတတ်နိုင်ဘူး။
    ဦးပါပြောသလို စပွန်ဆာ မဖြစ်စလောက်နဲ့ ဒကာခံချင်တာ ဆိုတာမျိုးတော့ မဖြစ်လောက်ပါဘူး။ကျမတို့ ပေးမယ့် ဂုဏ်ပြုဆုပဲ ယူရမယ်လို့ ကန့်သတ်ထားတာမှ မဟုတ်ပဲ။
    ဂုဏ်ပြုသူများလေကောင်းလေပေါ့၊ဘာမှမဆိုင်တဲ့ အဝေးကြီးက ဂဇက်မန်ဘာတွေကတောင် ဆုချတယ်ဆိုတာလေးက ကလေးတွေအတွက် အတော်အားတက်မယ်လို့ မြင်ပါတယ်။
    ကြုံတုံးကြွားရရင် ကျမ ၈တန်းတုံးက ၆ဘာသာ ဂုဏ်ထူးရပါတယ်။ ဆုပေးပွဲမှာ ဘာသာရပ်ဆိုင်ရာ ဆရာတွေရဲ့ သီးသန့်ဆု( ဗလာစာအုပ်+ဘောပင်တွေပါပဲ)ကို ကျောင်းသား အားလုံးရှေ့မှာ အကြိမ်ကြိမ်ထွက်ပြီး ယူရပါတယ်။နောက်နှစ်တွေမှာ ကျမတို့ကျောင်းက ၈တန်း ၆ဘာသာဂုဏ်ထူး ၂ယောက် ထပ်ထွက်ခဲ့ပါတယ်(နောက်ပိုင်း ကျောင်းစစ်တွေဖြစ်သွားပါတယ်)ဆိုလိုချင်တာက ဆုပမာဏက အဓိကမကျပါဘူး။
    Acknowledgement အသိအမှတ်ပြုခံရခြင်းဟာ Motivation စိတ်အားထက်သန်ဖို့ အကောင်းဆုံးဆုပါ။
    (မတူသောအမြင်နဲ့ ချစ်ကြည်စွာ ကွဲလွဲပါရစေ)

  • padonmar

    May 19, 2015 at 8:38 pm

    ကျမ အစက စိတ်ကူးတာ နွမ်းပါးကလေးတွေ ၁ဝ ယောက်စာ 21000 နဲ့ ထူးချွန်ကလေး ဆုချရင် 30000 ပေါင်း 51000 လှူမယ်စိတ်ကူးပါတယ်။
    အခု သူကြီး ချဲလင့်မြင်တော့ ကပ်စေးနည်းသူကြီးရဲ့ အလှူ ၁သိန်းကို ရအောင် ယူချင်ပါတယ်။
    အဲဒါကြောင့် ထူးချွန်ကလေးဆုချဖို့ ရွာသူရွာသားတွေဖက်က ၁သိန်း မပြည့်ခဲ့သည် ရှိသော်(ကျမကတော့ ကျော်တောင် သွားမယ်ထင်မိ) ကျမအလှူငွေကို ၁သိန်းပြည့်အောင် အဲဒီဖက်ပဲ ဖြည့်လှူပါမယ်။အကယ်၍ ကျော်/ပြည့်ရင် မူလအစီအစဉ်အတိုင်းလှူပါမယ်။ရွာသူရွာသားများ ကူကြပါနော်။

    • kotun winlatt

      May 20, 2015 at 2:39 am

      အံတီဒုံတွေးသလိုလေး ကျနော်တွေးထားတာဗျ ဒါပေမယ့် ဘာမှ မပြောသေးပဲ တိတ်တိတ်လေးနေနေတာ သူကြီးက ကပ်စေးနှဲနေတာတော့ အမှန်ပဲဗျ . . . .

      • kai

        May 20, 2015 at 3:09 am

        အံတီဒုံပြောတဲ့အတိုင်းလုပ်ပါလေ…
        ကျုပ်ဆီက ငွေထွက်စေချင်ရင်တော့.. နည်းနည်းအလုပ်တော့လုပ်မှ..
        ထူးချွန်ကလေးအတွက်.. တခြားတယောက်ဆီကကျပ်တထောင်အလှူခံလေ..။
        1:1 နဲ့လိုက် Match မှာမို့.. ချက်ချင်း၂ထောင်ဖြစ်မှာပဲလို့..မှတ်လိုက်…။

        ကပ်စီးတော့နည်းမှာပဲဟေ့..။
        ကျုပ်ရဲ့ငွေတပြားစီက.. ကာယ၊ဉာဏစွမ်းနဲ့သေသေချာျချာအလုပ်လုပ်ပြီး.. ရထားတာချည်း…။
        အဲဒီလိုအလှူငွေရတဲ့သူမှာလည်း.. ဒီလိုစိတ်ဓာတ်တွေ ဝင်ကိုဝင်သွားမှာအသေအချာ…။ :k:

        • ခင်ဇော်

          May 20, 2015 at 6:40 am

          ထူးးချွန်အတွက် ရွာသူရွာသား တွေ ဘက် က တစ်သိန်းကျော်ရင် ဘိုလို လုပ်မလဲ ကြိုပြောအူးးးး

          :mrgreenn:

        • kotun winlatt

          May 20, 2015 at 7:21 am

          ဒီမယ် သူကြီး ခင်ဗျားငွေ တစ်ပြားစီ ကာယ ဉာဏစွမ်းနဲ့ သေသေချာချာ အလုပ်လုပ်ပီး ရထားတာချည်းပဲဆိုတော့ ကျုပ်တို့လက်ထဲကငွေကျတော့ အလကားပဲရထားတာလိုလိုဖြစ်မနေဘူးလားးး)))P
          ကျုပ်တို့ငွေတွေဟာလည်း ချွေးနဲ့ သွေးနဲ့ရင်းထားရတဲ့ငွေတွေပါပဲဗျ

        • ခင်ဇော်

          May 20, 2015 at 7:43 am

          အိုဗျာ။
          သူ စေတနာပေါက်တုန်း
          ဒီပို့(စ) စတစ်ကီ လုပ်ပြီး အလှူငွေရဖို့ ဖွပေးတဲ့ မျက်နှာထောက်ထားလိုက်ပါ။

          :mrgreenn:

          ဒါနဲ့ အလှူငွေက လ ကုန်နားနီးမှ လွှဲဖို့ အဆင်ပြေမှာ ကိုရင်ထွန်းးး
          မှီပါ့မလားးး

    • ခင်ဇော်

      May 20, 2015 at 6:21 am

      သူကြီးးပြောတာ အမှန်
      သူကပ်စေးနဲသင့်တာ လည်းး အမှန်

      but..
      ကျနော် ကတော့ ကျော့် အာတီဒုံ ဘက်က ပါမယ်
      :mrgreenn:
      အာ့ကြောင့် ကျော်ဆီက နှစ်သောင်းး စ တွက်ပါ ခင်ညာ…!!!

  • kotun winlatt

    May 20, 2015 at 7:17 am

    အိုကေ မမချွိ ကျနော်ကလည်း ထူးချွန်ကျောင်းသားအတွက် သုံးသောင်းလှူပါ့မယ် ။

  • padonmar

    May 20, 2015 at 7:50 am

    ကပ်စေးနည်းတယ်ပြောတာကို ကျွဲမြီးမတိုပါနဲ့ သူကြီးရယ်။ကျမက ကိုယ့်ကိုကိုယ်လည်း ကပ်စေးနည်းတယ်လို့ပဲ ဖွင့်ဟဝန်ခံတတ်ပါတယ်။
    ဘာလို့ဆိုတော့ ကျမတို့ ရွာသူားအားလုံး ကိုယ့်ကာယဉာဏနဲ့ ရင်းပြီး ရှာထားကြသူတွေချည်းပဲမို့ သမ္မာအာဇီဝငွေလေးတွေဖြစ်လို့ပါ ၊တကယ်အကျိုးရှိရာမှပဲ သုံးချင်ကြလို့ပါ။
    သူကြီး အလှူတွက် သာဓု အကြိမ်ကြိမ်ခေါ်ပါတယ်။

  • kotun winlatt

    May 20, 2015 at 8:28 am

    ဟုတ်ကဲ့ပါ ခင်ဗျာ မမချွိ လကုန်ရက်လောက်မှ လွဲဖြစ်မှာဆိုတော့ အလှူခံနောက်ဆုံးရက်ကို ဇွန်လပထမအပတ်နောက်ဆုံးလောက်ထားကြတာပေါ့နော့
    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

    ဟုတ်ပါ့ အံတီဒုံ ကပ်စေးနှဲတာတော့ ကျနော်လည်း ကပ်စေးနှဲတာပါပဲ

    • kai

      May 20, 2015 at 9:16 am

      ဇွန်လ ရရက်နောက်ဆုံးထား.. ထူးချွန်ကျောင်းသားအတွက်.. ရတဲ့အလှူငွေပြောပါခင်ဗျ..။
      1:1 နဲ့Match ပြီး.. လွှဲပေးမည်ဖြစ်ပါကြောင်း..။
      အလှူငွေရတဲ့.. ကျောင်းသားရဲ့..ဓာတ်ပုံနဲ့.. ကိုယ်ရေးအကျဉ်းလေးလည်း…လိုချင်ပါကြောင်း..။

      • kotun winlatt

        May 20, 2015 at 11:54 am

        ဟုတ်ကဲ့ပါ သူကြီးရေ
        ကျနော်ဆောင်ရွက်ပေးပါမယ် ခမျ
        အားလုံးအဆင်ပြေစေရပါမည်ဖြစ်ကြောင်း ကတိပေးပါသညါ။

  • အနော်လည်း လှူပါမယ်.. မရွှေအိကို ဆက်သွယ်လိုက်ပါ့မယ်…

    အထူးချွန်ဆုံးကလေးဆိုတာနဲ့ ပတ်သက်ရင်တော့ နည်းနည်းလေး အတွေးဝင်မိတယ်.. နယ်ဘက်တို့ ရွာဘက်တို့က ဆယ်တန်းကျောင်းသားတွေကတော့ အောင်မြင်ပြီဆိုရင် ရိုးသားကြတာများပါတယ်.. ဆယ်တန်းဆိုတာကလည်း စာမေးပွဲတွေအားလုံးထဲမှာတော့ သန့်ရှင်းတယ်လို့ ဆိုလို့ရမလားပဲ…

    အဲ..တစ်ခုပဲ.. တစ်ခါတစ်လေတော့လည်း ဆယ်တန်းဆိုတာ နောက်က အားပေးမှုအများကြီးပါတယ်.. အရမ်းတော်တဲ့ကလေးတစ်ယောက်က နောက်က မပံ့ပိုးပေးနိုင်ခဲ့လို့ ပံ့ပိုးပေးနိုင်သူထက် အမှတ်များသွားခဲ့တာမျိုးလည်း ရှိနိုင်ပါတယ်…

    လျှာရှည်ပြီး ကန့်လန့်တိုက်တယ် မထင်စေလိုပါ.. 😀 သများရင်ထဲမှာ ခံစားချက်တွေရှိနေလို့. လာပြောတာ..

  • Shwe Ei

    May 20, 2015 at 5:06 pm

    -ထူးချွန်အတွက် လှူချင်တာဆိုရင်..အတော်ဆုံးဆယ်ယောက်မဟုတ်တောင်..
    -အတော်ဆုံး ငါးယောက် လောက် တန်းစီပီး လှူချင်တယ်
    -တစ်ယောက်ထဲကွက်လှူရတာ မမျှဝူးထင်လို့ ..

    • kotun winlatt

      May 20, 2015 at 5:58 pm

      လှူချင်တာပေါ့အေ ဒါပေမယ့်လည်း

  • ဦးဦးပါလေရာ

    May 21, 2015 at 12:33 am

    .အခုမှ ထပ်ဝင်ဖြစ်လို့ သူကြီးကို ကြပ်မယ့်အစီအစဉ်ကို ကံကောင်းလို့မီသွားတယ်..
    .ဝင်ပါချင်တဲ့သူတွေများမှာမို့ သူတို့ကိုငဲ့ပြီး တစ်သောင်း အရင် စာရင်းပေးပါတယ်..
    .တစ်သိန်းမပြည့်ရင် ထပ်ထည့်ပါမယ်..
    .ဆင်းရဲနွမ်းပါးကျောင်းတွေအတွက်လဲ ထည့်ဝင်ချင်ပါတယ်….
    ….
    ……………………
    .တကယ်လို့များ……….. ပေါ့ ….. လေ…
    .တစ်ယောက်ယောက်က အလျူငွေကိုယ်တိုင်ကောက်ပေးမယ်ဆိုရင်
    .အရမ်းကောင်းမှာပဲ… လို့လဲ တွေးမိတယ်..
    .ဥပမာ စနေနေ့ (အများစုအားတဲ့နေ့)
    .နေ့လည် ၁ နာရီက ၃ နာရီကြား (အများစုအားတဲ့အချိန်- range က ၂ နာရီဆိုလုံလောက်တယ်)
    .တောင်ငူကင်တင်း (သွားလာလို့ အရမ်းလွယ်ကူတဲ့ ထိုင်စောင့်စားသောက်လို့ဈေးသက်သာတဲ့နေရာ)
    .မှာကောက်ပေးမယ် ဆိုတာမျိုးပေါ့……

    .ဘာရယ် မဟုတ်ပါဘူး…
    .ရွာသူရွာသားတွေကို မတွေ့ရတာကြာလို့ လွမ်းတဲ့စိတ်နဲ့ တောင့်တမိတာပေါ့နော…
    . :mrgreen:

    • Ma Ma

      May 22, 2015 at 3:34 pm

      သူကြီးကို ကြပ်မယ့်အစီအစဉ်ဆိုတော့လည်း ရွာသူားပီသအောင် ပါဝင်ရတာပေ့ါ။ :kwi:
      ထူးချွန်ကလေးအတွက် ၁၀၀၀၀၊ နွမ်းပါးကလေးအတွက် ၁၀၀၀ဝ လှူပါမယ်။
      ပဒုမ္မာနဲ့ ထည့်ပေးလိုက်ပါမယ်။ 🙂

      • kotun winlatt

        May 22, 2015 at 3:47 pm

        ကျေးဇူးပါ မမရေ
        ကလေးရဲ့ကိုယ်စား အလှူရှင်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ဝမ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ပါသဗျာ

  • kotun winlatt

    May 21, 2015 at 5:32 am

    အံတီဒုံနဲ့ မအိရေ ဦးဦးပါလေရာပြောတဲ့ အစီအစဉ်လေးကကောင်းသားဗျ အချိန်ပေးနိုင် အဲ့လို လူစုလိုက်ပါလား ရွာသူားတွေလည်းဆုံရ အလှူငွေလည်းရ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ကမတ်ကပြောတယ် အံတီဒုံကို အကူအညီတောင်းပါတဲ့ ဖုန်းနံပါတ်ပါ ပေးလိုက်တယ် ခမျ

  • ခင်ခ

    May 21, 2015 at 5:21 pm

    ဗိုလ်ထွန်းရေ ကျွန်တော် ဗိုလ်ပေါက်နဲ့ ဆက်သွယ်လိုက်ပါမယ်ဗျ။
    ဒါနဲ့ မန်း ရောက်ဖြစ်ရင်လဲ လှမ်းချိတ်ပါအုံးနော် ဆုံကြအုံးစို့။

    • kotun winlatt

      May 22, 2015 at 3:10 pm

      ဟုတ် လေးခ ကျနော်ဇွန်လဆန်းပိုင်း မန်းလေးကိုလာမယ်ခမျ ဖုန်းချိတ်လိုက်ပါ့မယ့် ဆုံချင်ပါသေးတယ် ခင်ဗျ။

  • မြစပဲရိုး

    May 24, 2015 at 2:35 pm

    အခုတော့ သူကြီးမင်း အတွက် အလှည့်
    {ကျုပ်လုပ်ချင်တာလေးက…
    ပညာအတော်ဆုံးကလေးကို.. တောက်လျှောက်ယူအက်စ်မှာကျောင်းလာတက်နိုင်တဲ့အထိ.. ထောက်ပံ့ချင်တာ…။}
    အင်မတန် ကောင်းမြတ်တဲ့ စိတ်စေတနာ လို့ ပြောချင်ပါတယ်။
    ဒါပေမဲ့ အဲဒီ စေတနာ ကို အကောင်အထည်ဖော်နိုင်ဖို့က ငွေပေးပြီးကျောင်းစရိတ် ထောက်တိုင်း သူကြီး ဖြစ်စေချင်တဲ့ “ယူအက်စ်မှာကျောင်းလာတက်နိုင်တဲ့အထိ.” ဆိုတာ ဖြစ်နိုင်ပါ့မလား။
    အဲဒီ ကလေး ရဲ့ နောက်ခံဘက်ကရောင်း က ချို့တဲ့ နေတာမို့ သူတို့ မိဘ များ အနေနဲ့ ဒီကလေး ကို ငွေအားရော၊ အကြံဉာဏ်ပေးမှု အား ပါ တတ်နိုင်မယ်မထင်ပါ။
    . မြန်မာပြည် က သာမာန်နယ် ကျောင်း မှာ တက်မဲ့ ကလေး တစ်ယောက် ယူအက်စ် ကို ရောက်နိုင်ဖို့ သူ့ရဲ့ ကျောင်း က ဆရာများ ကလဲ အကြံပြု တွန်းအားပေး နိုင်မှာ မဟုတ်ပါ။
    ဒီအတိုင်း ကြက်တူရွေးကျက် နဲ့အမှတ်များ သလား၊ သူ့ အရည်အချင်း အရ အမှတ်များသလား။ ဘာနဲ့ ခွဲခြားနိုင်မှာလဲ။
    တစ်ချို့ ကလေး တွေ အမှတ်ကောင်းတာ ဒါဘဲကျက် ဒါဘဲ ဖြေ ကြက်ကန်းဆန်အိုးတိုး မိတာ တွေ လဲ များပါ့။
    ကျွန်မ အကြံပြုရရင် သူကြီး အနေနဲ့ တကယ်ဘဲ ကလေး တစ်ယောက် ကို ပျိုးထောင်ပေးချင်ရင် အမှတ် ထက် IQ ရော EQ ပါ ကောင်း တဲ့ ကလေးမျိုး ရှာသင့်ပါတယ်။
    ဘယ်လိုရှာမလဲ ဆိုတာတော့ သူကြီးမင်း ကိုယ်တိုင် ကွင်းဆင်း ကြည့်သင့်သလားဘဲ။
    ကလေး တစ်ယောက်ခေါ်ဖို့ စရိတ် က မနဲတာမို့ ကုန်ကျ ရကျိုး နပ်အောင်ပါ။

  • Swal Taw Ywet

    May 25, 2015 at 5:28 am

    သဂျီးရေ။
    ကျပ်တစ်သိန်းသာ လွှဲလိုက်ပေတော့ဗျို့။
    ကျနော် တစ်သောင်းလှူပါ့မယ်။ ထူးချွန်ကလေးအတွက်ပါ။
    ကျန်တဲ့ ကျောင်းသုံးထောက်ပံ့မှုကတော့ လစာ ကြည့် ပြီး ထပ်လှူပါ့မယ်။
    တီဒုံဆီ ပို့ဘို့ လမ်းကြောင်းရှိပါတယ်။

    တကယ်တန်းပြောရမယ်ဆို ခု ကိုထွန်းဝင်းလတ် လို ရွာသားတယောက် အခံရှိလို့ သူ့ နယ်က ကျောင်းလေးတွေ အကြောင်း သိခွင့်ရ လှူခွင့်ရတာပါ။
    ဆရာမဒေါ်မေအေးဦး ဆီမှာလည်း လိုအပ်နေလို့ ကူညီပေးပါဆိုပြီး လျောက်လွှာ တင်ထားကြတာ တပုံကြီး။
    နာဂစ် ဒေသကနေ ဆင်းရဲချို့တဲ့ပေမယ့် ထူးချွန်စွာအောင်မြင် ကျောင်းဆက်တက်ဘို့ အခက်အခဲရှိနေသူတွေ အများကြီး။
    နာဂစ် ဒေသအတွက် နောက်ထပ် တယောက်လောက်ပါ ထပ်စဉ်းစားပေးကြပါလားခင်ဗျာ။
    ဇီဇိပြောတဲ့ ပိုနေရင်ကော ဆိုတဲ့အမေးအတွက် အကြံပြုချက် တခုလို့ သာမှတ်ပေးပါ။
    ရခိုင်အတွက်စုဆောင်းကြရင်း ကချင်အတွက်ပါလှူနိုင်ခဲ့ကြတာမို့
    ဒီတခါ ကချင်အတွက်စုကြရင်း နာဂစ်ဒေသအတွက်ပါ မှန်းလိုက်ကြတာပ။
    ( စကားမစပ် ကထွန်းဝင်းလတ် ပို့စ်မှာ ဘယ်ဒေသဆိုတာမပါဘူးဗျ။ အရင်လှူဘူးပေမယ့်
    အတိအကျလေး ပြန်ဖြည့်ပေးစေခလို )။
    ဆရာမမေအေးဦးလည်း အဲလို အလှူ ခံ ကလေးတွေအတွက် အလှူရှင်ရှာနေရတာကို အားဖြည့်ပေးရာလည်းရောက်စေချင် မန်းဂေဇက်ပညာသင်ဆု ဆိုတာလေးလည်းပြန့်စေချင်မို့
    ကျနော် လောဘကြီးနေမိပြီထင်ပါရဲ့။
    ပြန်ချုပ်ရရင် ထူးချွန်ကလေးတဦး သူကြီးဆီကတသိန်း ရွာသူ သားတွေဆီက တသိန်း
    ပေါင်း ၂သိန်းကျပ် တကြိမ်တည်းရသွားမယ်။ ဆက်လက်ထောက်ပံ့ဘို့ သူကြီး စောင့်ကြည့် စီစဉ်မယ်။
    ဟုတ်တယ်နော်။
    ရွာသူ ရွာသားတွေ စုတာ တသိန်းထက်ပိုသွားရင် ဆရာမဒေါ်မေအေးဦးဆီမှာ တယောက်လောက် တောင်းပြီး လှူဘို့ စဉ်းစားပေးစေချင်ပါသဗျ။ ထပ်ဖြည့်ပေးကြပါအုန်း။
    ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေ။
    With respect,
    Swal Taw Ywet.

    • kai

      May 27, 2015 at 3:04 pm

      လှူပြီးရင်..အဲဒီထူးချွန်ကလေးသတင်းကို ပို့ပေးနော…
      သတင်းထည့်ပေးရင်း.. နောက်နောင်အတွက်.. အစီအစဉ်တွေဆွဲကြည့်မလို့…။

  • Swal Taw Ywet

    May 25, 2015 at 5:53 am

    ဆရာမပို့ပေးထားတဲ့ အလှူ နိုးဆော်စာ။
    Dear bros and sis,

    Now is the time to ask education support for coming education year 2015-16.

    The student list is attached and please check the sheets named “PYAY” and “DDY”

    For the time being, 61 Distance University and High School students have sent application to me.

    In the donor’s name column, I still keep the last year donor’s name. So that you can easily pick up your students.

    For one year expense for One student is 150,000 Ks.

    If you would like to help them, please email me or give me a call to 09-4200 94929, 09-7303 9878.

    Thank you so much to you all for your kind support.

    Thanks and regards,

    May Aye Oo @ Mary
    တင်ပြပေးတာပါ။
    With respect,
    Swal Taw Ywet.

  • Swal Taw Ywet

    May 25, 2015 at 5:58 am

    Excel files ကို ကော်ပီ ကူးကြည့်တာ
    Sr. No. Name Gender Date of Birth Age Standard School Father’s name Parent’s Job Address School fees/year in terms Donor Donation Recd. Jun Aug
    1 Nyein Nyein Aye F MME 1357 20 3rd year, Myanmar Pyay Distance University Kya-Pin Village, Thae-gone Township, Bago Region 150,000 one year Ma Tin Tin Hla (from Australia)
    2 Yadanar Moe F 1359 17 1st Year, English Pyay Distance University U Soe Thein Farmer Dhamma-Thaw Village, Pauk Khaung TS 120,000 one year Dr. Kyaw Min Soe, Dr. Khin Oo May, Aung Pyae Phyo, Kyi Sin Soe
    3 Aye Myat Thu F 1996 18 1st Year, English Pyay Distance University U Hla Wai no permanent job Kan-thar-yar Village, Pyay TS 120,000 one year KoThura Thant Zin & Ko Soe Moe
    4 Mai Theingi Tun F 1998 16 1st Year, Myanmar Pyay Distance University U Aung Win Farmer Lay Thar Taunggyi village, Paukkhaung TS 100,000 one year Ko Luu Maw + Ma Aye Thazin Min, son Julio Han Min Luu & Weiyan Toe Luu
    5 San Ein Thu F 1358 18 1st Year, Myanmar Pyay Distance University U Kyi Naing Farmer Dhamma-Thaw Village, Pauk Khaung TS 120,000 one year Mr. Sunil & Mrs. Chirasmi Shrestha Family
    6 July Htun F 1359 17 1st Year, BM Pyay Distance University U Aye Soe Farmer Hlwa-Zin Village, Pyay TS 120,000 one year U Mg Lwin + Daw Nyunt Nyunt Family
    7 Pyae Sone Aung M 1362 15 Matriculation B.E.H.S(5), Pyay U Kyi Lwin Farmer Bauk-Chone-Gyi Village, Thae-Gone TS 150,000 one year Ko Kyaw Htut + Ma Htay Htay Khin
    8 Phyo Wai Hlaing M 1362 15 Matriculation B.E.H.S(5), Pyay U Kyaw Win Hlaing Farmer Salon-San Village, Ht, Pauk Khaung TS 150,000 one year Ko Maung Maung Swe  
    9 SaLai Kyaw Win Naing M 1362 15 Matriculation B.E.H.S(5), Pyay U Bai Pu Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year Ko Htet Nay Win + Ma Aye Thandar Zaw, son Nyan Lin Htet, daughter Hsu Thada Lin Htet
    10 Salai Ya Wai Aung M 2000 15 Matriculation B.E.H.S(5), Pyay U Kyae Farmer Byan-di Village, AungLan TS, Magwe Region 150,000 one year Mr. Gary Ong
    11 Aye Thida Khaing F 1999 16 Matriculation B.E.H.S(5), Pyay U Tin Aye Passed away Na-Lan Taung, Pauk Khaung Ts 150,000 one year Ko Min Htun + Ma Kaythi Aung, son Aung Min Hein, daughter May Phu Pwint
    12 Mai Moe Khan F 1361 16 Matriculation B.E.H.S(5), Pyay U Khin Maung Win Farmer Lay-tha-taung-gyi Village, Pauk-khaung TS 150,000 one year phanMeeEin Group
    13 Mai Nandar Win (1) F 05-Oct-98 17 Matriculation B.E.H.S(5), Pyay U Hla Kyaing Farmer Kyauk-Kwin Village, Pyay TS 150,000 one year Ko Thura Nyunt+ Ma Ni Ni Ko, Son : Kyaw Min Thu , Daughter : Su Myat Noe Wai
    14 Mai Thandar Aung M 1361 15 Matriculation B.E.H.S(5), Pyay U Aung Khine Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year PhanMeeEin Group
    15 Mai Hla Hla Win M 1359 17 Matriculation B.E.H.S(5), Pyay U Win Maung Farmer Kan-Kyoe Village, Pyay TS 150,000 one year Dr. Nu Nu Lwin & Ma Thida Tun = 120,000 ks. , 2000GROUP = 30,000 ks.
    16 Mai Hnin Moe Aye M 1361 15 Matriculation B.E.H.S(5), Pyay U Hla Ngwe Farmer Ngwa-Myaw Village, Pauk-khaung TS 150,000 one year Ma Khin Nilar Win
    17 Salai Chan Nyein M 13-Jun-00 15 Grade 10 BEHS, Mu-Yar-Pin, Pyay U Kyi Aung Farmer Kyauk-Kwin Village, Pyay TS 150,000 one year
    18 Lin Lin Htun M 1361 15 Grade 10 BEHS, Mu-Yar-Pin, Pyay U Hla Than Farmer Salon-San Village, Ht, Pauk Khaung TS 150,000 one year Ko Moe Swe + Ma Myo Thuzar Hlaing, daughters Yati Lin lett , Kyal Sin Lin Lett
    19 SaLai Aung Tin Lin M 1363 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Aung Myint Sein Farmer Kayin-Ate Village, Pauk Khaung, Bago 150,000 one year Ma Tin Mar Cho
    20 Salai Zaw Zaw Myo M 1362 15 Grade 10 BEHS, Mu-Yar-Pin, Pyay U Aung Tun Shein Farmer Ngwe-Twin-Tuu Village, Pauk Khaung, Bago 150,000 one year Ms. Elaine Lim Hui Chun and son Adam Tan
    21 Mai Yadanar Aung F 1362 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Aung Thin Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year Ko Tin Myint Zaw + Ma Cho Cho Win Family
    22 Mai Hay Mar Aung F 1362 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Tin Aung Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year PhanMeeEin Group
    23 Mai Yi Yi Aung F 1361 15 Grade 10 BEHS, Mu-Yar-Pin, Pyay U Kyaw Kyaw Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year PhanMeeEin Group
    24 Mai Cho Cho Win F 1362 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Tin Nyo Farmer Kyauk-Kwin Village, Pyay TS 150,000 one year Ko Aung Kyaw Naing
    25 Mai Htay Htay Win F 1361 15 Grade 10 BEHS, Mu-Yar-Pin, Pyay U Pan Sein Farmer Kyauk-Kwin Village, Pyay TS 150,000 one year “Ko Htoo Aung + Ma Hnin Yu Yu Ko
    daughters: May Phyu Thwe & Kyi Lei Phyu”
    26 Sandi Phyo Wai F 1362 14 Grade 10 BEHS, Mu-Yar-Pin, Pyay U San Yu Farmer Site-Hae Village, Pauk-khaung TS 150,000 one year
    27 Mai Thandar Htwe F 1361 15 Grade 10 BEHS, Mu-Yar-Pin, Pyay U Phoe Sae Farmer Lay-tha-taung-gyi Village, Pauk-khaung TS 150,000 one year
    28 Mai Ngwai Ngwai Aung F 2002 13 Grade 10 BEHS, Mu-Yar-Pin, Pyay U Than Phae Farmer Ngwa-Myaw Village, Pauk-khaung TS 150,000 one year
    29 Mai Nandar Hlaing F 1362 13 Grade 10 BEHS, Mu-Yar-Pin, Pyay U Bo Htwe Farmer Lay-tha-taung-lay Village, Pauk-khaung TS 150,000 one year
    30 Mai Thin Nandar Oo F 2001 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Phoe La Farmer Kyauk-Kwin Village, Pyay TS 150,000 one year “Ko Htoo Aung + Ma Hnin Yu Yu Ko
    daughters: May Phyu Thwe & Kyi Lei Phyu”
    31 Saw Myat Mon F 2002 13 Grade 10 BEHS, Mu-Yar-Pin, Pyay U Myint Htay Farmer Le-ma Village, Pauk-khaung TS 150,000 one year
    32 Mai Moe Thida Htwe F 1362 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Chit Win Farmer Kyauk-Kwin Village, Pyay TS 150,000 one year Nyan Win + Nyo Nyo Aung Kyaw family
    33 Mai Cho Zin Aung F 1999 16 Grade 10 BEHS, Mu-Yar-Pin, Pyay U Min Min Passed away Kyauk-Kwin Village, Pyay TS 150,000 one year “Ko Htoo Aung + Ma Hnin Yu Yu Ko
    daughters: May Phyu Thwe & Kyi Lei Phyu”
    34 Salai Zin Ko Htwe M 1362 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Tin Aung Farmer Byan-di Village, AungLan TS, Magwe Region 150,000 one year
    35 Saw Suu Sha Aung M 2000 15 Grade 10 BEHS, Mu-Yar-Pin, Pyay U Myint Thein Farmer Sauk-Chone-Gyi Village, ThaeGone TS 150,000 one year
    36 Chan Pyae Oo M 2001 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Tin Htay Farmer Pa-tauk Kyaw Village, Htan-ta-pin Village Group, PaukKhaung TS 150,000 one year
    37 Salai Aung Kyaw Tun M 1363 14 Grade 10 BEHS, Mu-Yar-Pin, Pyay U Kyaw Shwe Farmer Kyauk-Kwin Village, Pyay TS 150,000 one year
    38 SaLai Myo Htet Aung M 1363 15 Grade 9 BEHS, Mu-Yar-Pin, Pyay U Tin Aung Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year U Htun Aung Kyaw + Daw Than Than Aye Family
    39 Salai Ye Aung M 1363 15 Grade 9 BEHS, Mu-Yar-Pin, Pyay U Sein Lay Farmer Ngwa-Myaw Village, Pauk-khaung TS 150,000 one year
    40 Zaw Zaw Htet M 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Nyi Than Farmer Za-Lun-San Village, Pauk-khaung TS 150,000 one year
    41 Aung Nyein Chan M 2002 13 Grade 9 BEHS, Mu-Yar-Pin, Pyay U Khin Maung Soe Farmer Ka village, Kan-kyin Village group, Pauk-khaung TS 150,000 one year
    42 Salai Kyaw Ye Aung M 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Aung Nyein Farmer Shwe-Laung village, Pauk-khaung TS 150,000 one year
    43 Salai Ye Htet Kyaw M 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Chit Tun Farmer Ai-Nyi-Naung Village, Pauk Khaung TS 150,000 one year
    44 Mai Theingi-Win F 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Hla Kyaing Farmer Kyauk-Kwin Village, Pyay TS 150,000 one year Ko Ye` Min Swe + Ma Myo Myo Thein
    45 Mai Moe Moe Myint Aung F 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Maung Mya Farmer Ngalu-San Village, Pauk Khaung, Bago 150,000 one year Ma May Htar Htar Oo
    46 Mai May Myanmar Htwe F 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Tin Mya Farmer Shwe-Laung village, Pauk-khaung TS 150,000 one year
    47 Mai Kyaw Zin Htay F 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Kyaw Htwe Farmer Le-lu village, Htone-taung, Pauk-khaung TS 150,000 one year
    48 Mai Mon Mon Htwe F 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Tin Myint Farmer Ngwa-Myaw Village, Pauk-khaung TS 150,000 one year
    49 Mai Zin Thu Tun F 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Hla Myint Farmer Kyauk-Kwin Village, Pyay TS 150,000 one year Ma Lei Lei Soe
    50 Mai Pa Pa Aung F 2001 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Maung Aye Farmer Thi-tin-pin village, Pauk-khaung TS 150,000 one year Ko Aung Thant Naing+Ma Khine Khine Win=Thar Min Thuta
    51 Ye Phone Kyaw M 10-Oct-01 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Myo Zaw Farmer Sauk-Chone-Gyi Village, ThaeGone TS 150,000 one year
    52 Thura Zaw M 13-Sep-02 13 Grade 9 BEHS, Mu-Yar-Pin, Pyay U Kyi Lwin Farmer Sauk-Chone-Gyi Village, ThaeGone TS 150,000 one year
    53 Zay Ya Soe M 2000 15 Grade 9 BEHS, Mu-Yar-Pin, Pyay U Soe Win Farmer Dhamma-Thaw Village, Pauk Khaung TS 150,000 one year
    54 Mai Akari F 1363 14 Grade 9 BEHS, Mu-Yar-Pin, Pyay U Min Min Farmer Kyauk-Kwin Village, Pyay TS 150,000 one year
    55 Mai Chit Moe Hlaing F 2002 13 Grade 9 BEHS, Mu-Yar-Pin, Pyay U Kyaw Min Farmer Dhamma-Thaw Village, Pauk Khaung TS 150,000 one year
    56 Mai Pan Ei Phyu F 2002 13 Grade 9 BEHS, Mu-Yar-Pin, Pyay U Khin Maung Myint Farmer Kyauk-Kwin Village, Pyay TS 150,000 one year
    57 Mai Aye Aye Thin F 1363 13 Grade 9 BEHS, Mu-Yar-Pin, Pyay U Win Maung Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year
    58 Myat Pan Ei Khaing F 2003 12 Grade 8 Post Primary School, Mu-Yar-Pin, Pyay U Pauk Too Farmer Salon-San Village, Pauk Khaung, Bago 150,000 one year Ko Min Htun + Ma Kaythi Aung, son Aung Min Hein, daughter May Phu Pwint
    59 Mai Nandar Win (2) F 2003 12 Grade 8 Post Primary School, Mu-Yar-Pin, Pyay U Maung Kyaw Win Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year Daw Htay Htay and daughter Ni Lar , Nattlain Town, Bago Div
    60 Mai Pa Pa Win Khin F 2002 13 Grade 8 Post Primary School, Mu-Yar-Pin, Pyay U Aung Khaing Farmer Kywe-Kalay-San village, Pauk Khaung TS 150,000 one year Dr. Tun Linn Thein
    61 Salai Aung Kyaw Lin M 2004 11 Grade 6 Post Primary School, Mu-Yar-Pin, Pyay U Aung Myint Sein Farmer Kayin-Ate Village, Pauk Khaung, Bago 150,000 one year Nan Kay Thi
    Total 0 0 0

    Distance Uni 6
    Matriculation 10 0
    Grade 10 21
    Grade 9 20
    Grade 8 3
    Grade 6 1

    Total 61

    Light blue highlighted confirmed donor
    awaiting for donors
    တီဒုံဆီလည်း ရောက်မယ်ထင်ပါရဲ့။

    With respect,
    Swal Taw Ywet.

  • ခင်ဇော်

    May 25, 2015 at 10:59 am

    စကားမစပ်….
    တော်တော်များများးး…….
    ပညာရေး ဆို လှူဖို့ တုံ့နှေးတတ်ကြတာ ဘာလို့တုန်း မသိ?? 🙄
    နောင်ဘဝ မှာ စည်းစိမ်ချမ်းသာ သော်လည်းကောင်း
    နတ်ပြည်မှာ နတ်သမီး တစ်ဖက် ၅၀ဝ သော်လည်းကောင်း ရမယ်လို့ အာမ မခံလို့ များလားးးး 🙄

    လက်တွေ့ကျကျ တွက်ရရင်တော့……
    ခုကလေးတွေက နောက် တစ်ချိန် နိုင်ငံ ရဲ့ တာဝန်ယူရမဲ့ ကလေးတွေပါ။
    ယူချင်သည်ဖြစ်စေ မယူချင်သည်ဖြစ်စေ တာဝန် ယူရမဲ့ သူတွေပါ။

    တခါတလေကျ တဂျီး ကမ်းတက်မဆိုးလို့မပြောပေချင်ပေမဲ့……
    သင်္ကန်း အစုံ တစ်ရာလှူဖို့ လွယ်တဲ့သူတွေက စာအုပ် ၁ ဒါဇင်လောက်ကို လက်တွန့်နေတာ မြင်ဖူးပါရဲ့။
    ဘုရား ထီးတော်မှာ ချိတ်ဖို့ စိန်လက်စွပ် ချွတ်ပေးနိုင်သူက ….
    လမ်းဘေး ကလေး ကော်ရှု နေတဲ့ ဘဝတွေ မြင့်တင်ဖို့ မတွေးတတ်တာတွေ မြင်တွေ့နေပါရဲ့။
    🙁

    ဟုတ်ပါတယ်။
    ဒါ အစိုးရ အလုပ်တွေပါ။
    အစိုးရမလုပ်လို့ လက်သင့်ရာ လုပ်နေကြရတာပါ။။

    ကိုယ်လှူတဲ့ အလှူ ရဲ့ နောက်ဘဝ အကျိုးဆက်ကို မစဉ်းစားလို့ရပေမဲ့
    ဒီ ဘဝ ရဲ့ အကျိုးဆက် (ကိုယ့် အကျိုးမဟုတ်တဲ့ ကိုယ့် အလှူကြောင့် သူများရတဲ့ အကျိုး) ကို
    စဉ်းစားမိရင်ဖြင့် ကျနော့ ပိုက်ဆံတွေကို ကလေးတွေ ဆီမှာပဲ ရောက်စေချင်ပါရဲ့။

    :a:

  • Shwe Ei

    May 25, 2015 at 1:37 pm

    -ကျနော်က ထူးချွန်အတွက် တစ်သောင်း
    -ခလေးဆယ်ယောက်စာအတွက် ၂၁၀၀ဝ လှူမယ် 🙂

  • Mike

    May 25, 2015 at 4:08 pm

    .က ျုပ်လည်း ထူးချွန် တစ်သောင်း
    .ကိုထွန်းတို့ကလေး၁ဝယောက်အတွက် ၂၁၀၀ဝ လှူ ပါမည်ခင်ဗ ျား

  • kotun winlatt

    May 25, 2015 at 9:49 pm

    ဟုတ်ကဲ့ပါ ခင်ဗျ
    ၂၀၁၅/၁၆ ပညာသင်နှစ်မှာ ကျနော်တို့သွားရောက်လှူဒါန်းဖို့ စာရင်းပြုစုထားတဲ့ မူလတန်းကျောင်းလေးတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသမှ ၁။ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂။ သက်ရင်းသာကျေးရွာ မူလတန်းကျောင်း ၃။ နားခွင်းကျင်ကျေးရွာ မူလတန်းကျောင်း ၄။ ဖားပန်ကျေးရွာ မူလတန်းကျောင်း ၅။ ဥရှစ်ကုန်းကျေးရွာ မူလတန်းကျောင်း ၆။ ဆားမှော်ကျေးရွာ မူလတန်းကျောင်း ၇။ နားမကျိုင်းကျေးရွာ မူလတန်းကျောင်း ၈။ နားဖာကျေးရွာ မူလတန်းကျောင်း ၉။ မူလခေါင်တုန့်စည်ကျေးရွာ မူလတန်းကျောင်း ၁၀။ လေဘိုကျေးရွာ မူလတန်းကျောင်းတို့ဖြစ်ပါတယ် ခင်ဗျာ
    အားလုံးကို ကျေးဇူးတင်လေးစားစွာဖြင့်
    k.t.w.l

  • မြစပဲရိုး

    May 25, 2015 at 10:59 pm

    အလှူအတွက် ထည့်ရန် ချစ်မမ ထံ နှစ်သောင်းကျပ် ပို့ခိုင်းထားပါသည်။
    တစ်သောင်း က စာရေးကိရိယာ
    တစ်သောင်း က သူကြီး ရဲ့ မီးခြစ် (Match) အလှူ အတွက် ဖြစ်ပါသည်။
    အကယ်၍ ပိုငွေ ရှိသွားပါကလဲ ကျွန်မ အလှူငွေ ကို ဘယ်နေရာမှာ မဆို ရွှေ့ပြောင်း သုံးနိုင်ပါသည်။ :-))

  • မြစပဲရိုး

    May 25, 2015 at 11:10 pm

    ဆရာလေး ရေ
    ကျွန်မတို့မှာလဲ ရှမ်းပြည် လဲချား က ကလေး ပညာရေး တွေ ကို ပံ့ပိုး တဲ့ အဖွဲ့ရှိပါတယ်။
    ကျွန်မတို့ ဘယ်လောက်လုပ်ပေးပေး လုပ်ပေးနိုင်တာ အောက်ခြေ ဘဲ ရမှာပါ။
    လူတော်တော်များများ က ကိုယ်တစ်ပိုင်နိုင်ရာ တွေ ဘယ်လောက်ဘဲ လုပ်လုပ် ဒီ အစိုးရ အုပ်ချုပ်မှု အောက်မှာတော့ ဗရမ်းဗတာ ပညာရေး ကိုဘဲ ရနေမှာပါ။
    ကလေးများ အနာဂါတ် အတွက် မှိန်ပြီးရင်း မှိန်မို့
    ပညာရေးကို တကယ်ဘဲ ကောင်းအောင် လုပ်ပေး ပံ့ပိုးပေးမဲ့ အစိုးရ ကို ရအောင် ရှာပြီး တင်မြှောက်နိုင်ဖို့ လိုပါတယ်။
    အခုချိန်ဟာ တိုင်းပြည် အတွက် အနာဂါတ် တဆစ်ချိုး ကွေ့ မဲ့ အချိန်ပါ။
    . အကောင်းဖက် ကို ကွေ့ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
    ဒါမှသာ မြန်မာတစ်ပြည်လုံး ကလေးတွေ ရဲ့ အနာဂါတ် ကောင်းပါမယ်။
    တကယ်တော့ သူတို့ ဟာ တိုင်းပြည် က invest ကောင်းကောင်း လုပ်ပေးရမဲ့ လူ resource ကလေး တွေပါ။
    အခု သူတို့ ရပိုင်ခွင့် တွေ ဆုံးရှုံးနေတာပါ။
    အဲဒါ ကို ပြန်ရဖို့ အားလုံး မှာ တာဝန်ရှိတယ် ဆိုတာလေးလဲ သိစေချင်ပါတယ်။

  • kotun winlatt

    May 26, 2015 at 9:24 am

    ဟုတ်ပါတယ် အရီးရေ ပြည်သူတစ်ယောက်ချင်းဆီက ပိုင်ဆိုင်တဲ့ မဲတစ်ပြားဆီမှာ ကျနော်တို့ရပ်ရွာ အြို့နယ် ခရိုင် ပြည်နယ်တိုင်း နိုင်ငံကို စိတ်ကောင်းစေတနာကောင်းတွေနဲ့ အုပ်ချုပ်ပေးမဲ့ လူ အစိုးရတစ်ရပ်ကို ရွေးချယ်ခွင့်ရှိနေပါတယ် ဘယ်သူတက်တက် ငါတို့ပြည်သူတွေက လုပ်စားရမှာ လုပ်စားရမှာပဲ ဆိုတော့ အတွေးမျိုးတွေနဲ့ နေနေကြဦးမယ်ဆိုရင်တော့ ဟူးးးးးးးးးးးးးးးးးး
    အဲ့ဒီအကြောင်းတွေ မပြောချင်တော့ဘူးဗျာ
    တတ်နိုင်တဲ့ ဘက်က တတ်နိုင်သလောက်ပဲ ပေးဆပ်ရင်း နေပါရစေတော့

    • Ma Ma

      May 28, 2015 at 6:52 am

      အရီးဆီက အလှူငွေ ၂၀၀၀ဝ (နှစ်သောင်းကျပ်တိတိ) ရပါပြီ။
      ပဒုမ္မာနဲ့ ထည့်ပေးလိုက်ပါမယ်။

  • Ma Ei

    May 26, 2015 at 12:15 pm

    မအိ ပါ ထူးချွန်ကလေးအတွက် တစ်သောင်း
    .အခြားကလေး၁ဝယောက်အတွက် ၂၁၀၀ဝ စုစုပေါင်း ၃၁ ဝ၀ဝ လှူ ပါမယ်
    .ရွှေအိ နဲ့ ဆက်သွယ်ပါမယ်နော်

  • မန်းလေးအတွက်

    09-680-5396

    ကိုဆက်သွယ်ပြီးလှူဒါန်းနိုင်ပါတယ်
    ဖုန်းဆက်ရင်လာယူပေးပါမယ်။

    ဝယ်ထားတဲ့ပစ္စည်းများ မော်လူးအရောက်တန်ဆာခ ကို ကျနော်လှူပါမယ်

  • Shwe Ei

    May 28, 2015 at 11:13 am

    -ကိုကျော်သိန်းမြင့် ဖုန်းဆက်လာတယ်ခမျ
    -ကိုထွန်းဝင်းလတ် အလှူအတွက် ခြောက်သောင်းထည့်မယ်တဲ့
    – ၃သောင်းက ထူးချွန်ခလေးအတွက် ကျန်သုံးသောင်းက အခြားခလေးတွေ အတွက် လိုတာသုံးပေးပါလို့ပြောပါတယ်
    -အာတီဒုံနဲ့၂ထောင် ဂရုအတွက် အလှူငွေလဲပါတယ်
    -ဒါဇင်ပလပ်စ်အတွက် အလှူငွေလဲပါတယ်
    -လိုအပ်သလို ဆက်သွယ်ပါမီ ခီညော် ..

    • pooch

      May 28, 2015 at 12:22 pm

      ရွှေအိအကောင့်ထဲကို သူကြီးရဲ့ ထူးချွန်ကလေးအတွက် တသောင်းလွှဲပေးလိုက်မယ် မနက်ဖြန်ဖြစ်ဖြစ်

  • ခင်ဇော်

    May 29, 2015 at 4:59 pm

    ရွှေအိ ဘဏ်ထဲကို ၄၁၀၀ဝ လွှဲလိုက်တယ်။
    နောက်တစ်ပတ် တနင်္လာနေ့ ရောက်မယ် တဲ့။
    .
    ထူးချွန် ၂၀၀၀၀
    ၁ဝယောက်စာ ၂၁၀၀ဝ ပါ။
    .

Leave a Reply