အလှူခံဗျို့ အလှူခံ . . .
ရွာသူားများ အားလုံး မင်္ဂလာပါ ခင်ဗျား…..။
မကြာမှီ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည် ဖြစ်ပါ၍ ကျနော်တို့ အဖွဲ့လေး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စာရေးကိရိယာ အလှူခရီးစဉ်အတွက် စာရေးကိရိယာများ လိုအပ်လျှက်ရှိနေပါသဖြင့် အလှူခံဖလားကြီး ပိုက်ကာ ယခုစာလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှ ယခုနှစ်တွင် စာရေးကိရိယာအလှူခရီးနှင့်အတူ ကျေးရွာများတွင် စာပေရေချမ်းစင်ကဲ့သို့သော နေရာများဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စာပေရေချမ်းစင် ဖြစ်မြောက်ရေးအတွက် မိမိတို့ထံတွင် ရှိနေသည့် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။ ထို့အတူ စာရေးကိရိယာများကိုလည်း လှူဒါန်းနိုင်ပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၂၀၁၃/၁၄ ပညာသင်နှစ်က ကျနော်တို့ ရွာသူားများ၏ လှူဒါန်းမှုဖြင့် မူလတန်းကျောင်း ၁၀ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ယခု ၂၀၁၅/၁၆ ပညာသင်နှစ်တွင်လည်း ကျနော်တို့အဖွဲ့ မှ ယခင်နှစ်များအတိုင်း မူလတန်းကျောင်း ၁၀ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းရန် စီစဉ်ထားပါသည်။ သို့သော် ကျနော်တို့အဖွဲ့တွင် မူလတန်းကျောင်း တစ်ကျောင်းစာကျော်ကျော်မှသော စာရေးကိရိယာများသာ ရှိနေပါသဖြင့် အကူအညီတောင်းခံရခြင်း ဖြစ်ပါသည်။
မူလတန်းကျောင်း ၉ ကျောင်းတွင် ကျောင်းသူားဦးရေ မည်မျှရှိနိုင်သည်ကို အတိအကျ မသိရပါ။ သို့သော် နှစ်စဉ်လှူဒါန်းမှု အတွေ့အကြုံအရ တစ်ကျောင်းလျှင် အနည်းဆုံး ကျောင်းသူားဦးရေ ၅၀ နှင့်အထက် ရှိနေတတ်ပါသည်။ ကျောင်းသူား တစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံတစ်ဒါဇင်၊ ပေတံတစ်ချောင်း၊ ခဲဖျက်တစ်ခု၊ ခဲချွန်စက်တစ်ခုနှုန်းဖြင့် လှူဒါန်းလိုပါသည်။
ကျောင်းသူားတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းခန့် ကျသင့်နိုင်ပါသည်။ ဆရာ/မများအတွက် လိုအပ်သည့် မြေဖြူ၊ မင်နီ၊ သင်ပုန်းဖျက်များကိုမူ ကျနော်တို့အဖွဲ့မှ တာဝန်ယူ လှူဒါန်းပါမည်။ ရွာသူားများမှ ဝိုင်းဝန်းပံ့ပိုးကူညီ လှူဒါန်းပေးကြမည်ဆိုလျှင် များစွာ ကြည်နူးဝမ်းမြောက်ရပါမည်။ ယခင်နှစ်ကအတိုင်း ရန်ကုန်မှ အလှူရှင်များ အဆင်ပြေစွာ လှူဒါန်းနိုင်ရန်အတွက် ရန်ကုန်မှ ရွာသူားများ ကူညီပေးကြစေလိုပါသည်။ မန္တလေးမြို့မှ ရွာသူားများလည်း ဝိုင်းဝန်းကူညီပေးကြစေလိုပါသည်။
ယခုနှစ်တွင် နိုင်ငံတော်အစိုးရမှ မူလတန်းကျောင်းသူားများကို ကျောင်းစိမ်းဝတ်စုံနှင့် စာရေးကိရိယာများ အခမဲ့ဝေငှပေးမည် ဆိုသည့်အကြောင်းကို သိရှိရသဖြင့် များစွာ ဝမ်းမြောက်မိပါသည်။ အစိုးရမှ အခမဲ့ဝေငှပေးမည့် စာရေးကိရိယာများ၊ ကျနော်တို့အဖွဲ့မှ သွားရောက်လှူဒါန်းများ စာရေးကိရိယာများပေါင်းလိုက်လျှင် မူလတန်းကျောင်းသူားများအတွက် တစ်နှစ်စာ ဖူလုံသွားလိမ့်မည်ဟု မျှော်လင့်မိပါသည်။
လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံများနှင့် ခရီးစဉ်အကြောင်းများကို ရွာထဲတွင် ပြန်လည်ရေးသားမျှဝေ တင်ပြပေးပါမည်။ အဆင်ပြေလျှင် အလှူခရီးစဉ်ကို ဗီဒီယိုမှတ်တမ်းဖြင့် ရိုက်ကူးပြီး အလှူရှင်များထံ အခွေများ ပေးပို့နိုင်ရန် ကြိုးစားပါမည်။ ကျနော်တို့ နိုင်ငံအနာဂတ်ကို ဦးဆောင်ကြမည့် လူငယ်လေးများကို တတ်နိုင်သည့်ဘက်မှ ကူညီဖေးမခြင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်တိုင်းပြည်ကို တည်ဆောက်ရာရောက်သည်ဟု ထင်မြင်ယူဆမိပါသည်။ ဆရာမဂျူးရေးသားသည့် ဝတ္ထုတစ်အုပ်ထဲမှ စာသားလေးဖြင့် အဆုံးသတ်ပါရစေ….
“မျိုးဆက်တိုင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရမည်”
ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
K.T.W.L
==============
မရွှေအိ ပို့ပေးတဲ့ အလှူငွေ စာရင်းလေး စစ်ကြည့်ပြီး လိုအပ်တာရှိရင် ကွန်မန့်ပေးပါခင်ဗျာ။

Final List-12 June 15
ကိုခင်ခ က ကျပ် သုံးယောက်စာ ကျပ် သုံးသောင်း သုံးထောင် လှူဒါန်း ထားပါကြောင်း
Was this answer helpful?
LikeDislikeအရီးလတ် -ထူးချွန် ၁၀၀၀၀+ကလေးစုံ-၁၀၀၀၀=၂၀၀၀၀
တီမမ -ထူးချွန် ၁၀၀၀၀+ကလေးစုံ-၁၀၀၀၀=၂၀၀၀၀
ကိုစွယ်တော်-ထူးချွန် ၁၀၀၀၀ =၁၀၀၀၀
တီဒုံ -ထူးချွန် ၃၀၀၀၀+ကလေးစုံ-၂၁၀၀၀=၅၁၀၀၀
စုစုပေါင်း ၁၀၁၀၀၀ ကို ရွေအိ အကောင့်ထဲ နောက်တပတ် လွှဲပေးပါမယ်။
ကိုကျော်သိန်းမြင့် 2000 gp အတွက် လွှဲငွေ 75000 ပြန်ချိန်းရင် 26000 ပဲ လွှဲရပါမယ်။
သူကြီးအလှူငွေ ဘယ်ကို ပို့မလဲ။(အရအမိ တောင်းပါသည်)
(ကျမဆီမှာ အပ်ထားငွေ ဒေါ်လှ 60 ရှိပါတယ်)
စောင့်ပြီး လွှဲပါမယ်။
Was this answer helpful?
LikeDislikeအဟမ်း..
ကကြောင်ကြီးဆီက.. ၁ရာအလှူငွေရလိုက်သမို့.. ဒီကိစ္စ.. အရင်းကျေနေသဗျ…။
စေတနာဟူသည်… အကျိုးပေး၏..။
အဲဒါလာပြောတာ…
အခု.. Suu Foundation က.. မြန်မာပြည်ဆင်းနေတယ်..။
ထူးချွန်ကလေးအတွက်.. နောက်နောင်အတွက်တွေဘာ.. ဘယ်လိုလုပ်ရမလည်း.. သူတို့နဲ့လည်းတိုင်ပင်ချင်မိ…။
Was this answer helpful?
LikeDislikeအယာတိုလာ ဦးမာမွတ်.. အဲဒိ ပိုက်ဆံက သာမန်ခလေးတွေ ကျောင်းစာရိတ် ထောက်ဖို့.. ခီမြှားဆီစိမ်ဒဲ့ ပညာထူးချွန်ဆုနဲ့ ဘာမှမစိုင်။ ထူးချွန်တဲ့ ကျောင်းသားထဲ မပါခဲ့ဘူး.. ဒီတော့ စာတော်ဒဲ့သူဆို မုန်းဒယ်။ စာတော်တဲ့သူ နောက်ဆုံး ဘာဖျစ်သလဲ ခိုနီဖြစ်တာပဲ မုန့်လား။ အခြား ဝေးဝေး မကြည့်နဲ့.. ခိုနီ အာတီဒုံဂျီးကိုပဲကြည့်။
Was this answer helpful?
LikeDislikeဟားးးးးးးး အူးကျောင် အလှူဒေါ့ သာဓု သာဓု သာဓု ခေါ်သဗျ
ဘာလို့လဲဆိုတော့ ပြတ်သားတဲ့ အလှူမို့ပါ (.. . .
သူကြီးနာမည်အရင်းကိုလည်း ခုမှပဲ သိရတော့တယ် (°^°) pppp
Was this answer helpful?
LikeDislikeဟေး …..
ကွန်နစ်ကြောင်ကြောင် က ထူးချွန်မပေးဘူးဆိုတော့
သူကြီးမင်း ရဲ့ မီးခြစ်အလှူ ထဲ ဓာတ်ဆီလောင်းလိုက်တာဘဲ။
ဒါဆို ဘိုလုပ်ကြမလဲ။
အရပ်ကတို့
ဒီမှာ
မီးရှို့နေတယ်။
ထကြည့်ကြပါဦးဗျို့။ lol:-)))))))))))))))
Was this answer helpful?
LikeDislikeကျေးဇူးပါ အောင်ရဲလင်း ထက်မက အောင်ရဲလင်းနဲ့ တူတဲ့ အလင်းဆက်ရေ
@@@@@@###@@@@@@@@@@@@@@@@@@@@@@@#@#
မန်းလေး အလှူရှင် စာရင်းတွေကတော့ လေးပေါက် ဖော်ပြပါလိမ့်မယ် ခင်ဗျ
Was this answer helpful?
LikeDislikeမမရွှေအိကို ကျေးဇူးတင်ပါကြောင်း….
ဒီစာရင်းတွေ သူသာ လုပ်မပေးရင်… ပိုစ့်ထဲ အဲ့လိုလေး မရောက်နိုင်ပါကြောင်း…
ပုံ / အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပိုတူသူ..
Was this answer helpful?
LikeDislikeမြို့ လယ်ကနေ ရွှေအိ CB Bank ကိုငွေလွှဲခက်နေတာမို့ အလှူငွေဘယ်လိုပေးရပါ့မလဲမသိ…
Was this answer helpful?
LikeDislike-အကောင့်ထဲကို လွှဲဖို့ခက်ရင် .. ဘဏ်ကိုဘဲ မှတ်ပုံတင်နဲ့ လွှဲလို့ရတယ် အမ..
-ကမ္ဘောဇ သို့မဟုတ် ဧရာဝတီ အဆင်ပြေတဲ့ဘဏ်ကို လွှဲလို့ရတယ်
-၀ိဇယ ဘဏ်ခွဲဖစ်ရင်တော့ ပိုအဆင်ပြေတယ်….
-အနီးအနားမှာဆိုရင် မြေနီကုန်းမှာရှိတဲ့ ဘယ်ဘဏ်ကို မဆိုလွှဲလို့ရတယ်
Was this answer helpful?
LikeDislikeကျနော်များ “အောင်ဇေမင်း ကုမ္ပဏီလီမီတက်” မှ…
မထူးချွန်သော်လည်း နွမ်းပါးသော ကျောင်းသူ/သား များအတွက်…
အလှုတော်ငွေ ကျပ်-၂၀၀၀၀ ပါခင်ဗျား ၊ ကိုအမတ်မင်း လွှဲပေးပါလိမ့်မယ်…
Was this answer helpful?
LikeDislikeအရီးလတ် -ထူးချွန် 10000+ ကလေးစုံ 10000
မမ -ထူးချွန် 10000+ ကလေးစုံ 10000
ဦးပါ -ထူးချွန် 10000+ ကလေးစုံ 22000
ကို စွယ်တော် -ထူးချွန် 10000
အာတီဒုံ -ထူးချွန် 30000+ ကလေးစုံ 21000
ပေါင်း ထူးချွန် 70000+ ကလေးစုံ 63000=133000
ရွှေအိ အကောင့်ထဲ ထည့်ပေးလိုက်ပါသည်။
Was this answer helpful?
LikeDislike-အကောင့်ထဲကို အာတီဒုံလွှဲလိုက်တဲ့ ပဆံဝင်ဘီခည…
-မနက်ဖန်မှ အလင်းဆက်ဆီကို အလှူငွေစာရင်း အပ်ပဒိတ်ထပ်ပို့ပေးလိုက်ပါမယ်
Was this answer helpful?
LikeDislikeကတိအတိုင်း.. ၁သိန်းပို့လိုက်ပြီဗျို့…
ရောက်တဲ့အချိန်.. အန်တီဒုံဆီရောက်လိမ့်မယ်ဖြစ်ကြောင်း..။
ကိုရင်ရွေးချယ်တဲ့နယ်ရဲ့.. ၁၀တန်းအောင် အထူးချွန်ဆုံးကျောင်းသူားတယောက်ကို ပေးစေလိုပါကြောင်း..။
.. ဓာတ်ပုံသေသေချာချာရိုက်.. အင်တာဗျူးလေးပါလုပ်လို့ရရင်လုပ်စေလိုပါကြောင်း..
တကယ်လို့… ဆေးတက္ကသိုလ်တက်မယ်ဆိုရင်.. တိုင်းပြည်ကို အလုပ်အကျွေးပြန်ပြုပေးမယ့်အလားအလာရှိရင်.. ဆက်လက်ထောက်ပံ့နိုင်ရန် စီစဉ်ကြည့်မယ်ဖြစ်ပါကြောင်း…။
Was this answer helpful?
LikeDislike-အန်တီအိ အလှူငွေ ၃၁၀၀၀ကျပ် သွားထုတ်ပီးကြောင်း သတင်းပို့ပါသည်။
Was this answer helpful?
LikeDislikeရွာသူ မနှင်းပြုံး snow smile မှလည်း စာရေးကိရိယာ အလှူအတွက် တစ်သိန်းကျပ် ထည့်ဝင်လှူဒါန်းထားကြောင်း သိရှိရပါသည်။ အလှူရှင်များအား ကလေးများ အားလုံးကိုယ်စား ကျေးဇူးတင် ဝမ်းမြောက်စွာ သာဓု သာဓု သာဓု ပါခင်ဗျာ။
Was this answer helpful?
LikeDislikeမန်းလေးမြို့ ကိုပေမှလည်း ကျောင်းး ငါးယောက်စာ ၁၀၅၀၀ ကျပ်ကို လှူဒါန်းပါသည်။
Was this answer helpful?
LikeDislikeကိုပေါက်နှင့်ရုံးအဖွဲ့သားများ မှ ကျပ် တစ်သိန်းနှစ်သောင်းငါးထောင့် နှစ်ရာ(125200) လှူဒါန်းထားပါသည်
Was this answer helpful?
LikeDislikeကျနော်ရုံးအဖွဲ့မှ ထပ်မံကောက်ခံရရှိငွေ သောင်းတစ်ထောင်လေးရာကျပ် ဖြစ်ပါတယ်
Was this answer helpful?
LikeDislikeမန်းလေးမြို့ ကိုခင်ခတူမဖြစ်သူမှလည်း ၁၁၀၀၀ ကျပ် လှူဒါန်းပါတယ်ခမျ
Was this answer helpful?
LikeDislikeရန်ကုန်က စာရင်းကတော့ မရွှေအိက စာရင်း လုပ်ပေးပြီး
ကျနော်က ပိုစ့်ထဲ ဝင် ဝင် update လုပ်ပေးနေတာ ဟုတ်ပါရဲ့။
=====
မန်းလေးနဲ့ အခြားက အလှူငွေ စာရင်းကိုလည်း
ပိုစ့်ထဲ ထည့်မလား
comment ထဲကပဲ မှတ်တမ်း ထားမလားလို့။
ပိုစ့်ထဲ ထည့် ဖော်ပြပေးရမယ်ဆိုရင် အပန်းမကြီးရင်
တယောက်ယောက်က အဲ့ (မန်းလေးနဲ့ အခြား)စာရင်းကို
ဘယ်သူက . . .
ဘယ်လောက် . . .
ဘယ်အတွက် . . .လှူပါတယ်
.ငွေကို ဘယ်သူက လက်ခံရရှိထားပါတယ်ဆိုတာကို
စာရင်းလေး လုပ်ပြီး
(အိတ်ဇဲဖိုင်နဲ့ လုပ်ပြီးသားဆို ပိုကောင်း)
(ဒါမှမဟုတ်လည်း ရိုးရိုး ချရေးပြီး)ကျနော့်မေးလ်ကို ပို့ပေးမယ်ဆိုရင်
အားတဲ့အခါ ကျနော်က ပိုစ့်ထဲ ထပ် ဖြည့်ပေးမယ်လေ
ဒီအတိုင်းပဲ ရတယ်ဆိုလည်း ok တယ်ဆို ok ပါ လိုစ့်
ချစ်ခင်လေးစားလျက်
alinsett.art@gmail.com
Was this answer helpful?
LikeDislikeဒါဇင်ပလပ်မှ ပို့လိုက်သော ဗလာစာအုပ်များ မန်းလေးကို ရောက်လာပါပြီ
ကိုထွန်းဝင်းလတ်ထံဆက်လက်ပို့ဆောင်ပေးပါမည်
Was this answer helpful?
LikeDislike