ချစ်သော… ပုဂံမြေ (သို့) ခင်ဇော်တို့နောက်လိုက်ခြင်း

သူငယ်ချင်း ခင်ဇော်တို့တွေ ပုဂံမြေအမှတ်တရ ဓာတ်ပုံတွေတင်တော့….

ကျွန်တော်လဲ ချစ်သောပုဂံမြေအမှတ်တရလေးတွေ တင်ချင်တဲ့ဆန္ဒလေးဖြစ်လာလို့ တင်လိုက်ပါတယ်…

မတောက်တစ်ခေါက်နဲ့မို့ မျက်စိနောက်ရင် ခွင့်လွှတ်ကြပါလို့…

ခင်မင်လျက်-

ကြောင်ဝတုတ်

သဗြုညု
သဗြုညု
ပုဂံမြေမှ ရှေးဟောင်းယောင်ဆောင်ထားသော ခေါင်းလောင်းလေးများ
ပုဂံမြေမှ ရှေးဟောင်းယောင်ဆောင်ထားသော ခေါင်းလောင်းလေးများ
အပ္ပါယ်ရတနာ
အပ္ပါယ်ရတနာ
ပုဂံမြင်ကွင်းကျယ် (၁)
ပုဂံမြင်ကွင်းကျယ် (၁)
ပုဂံမြင်ကွင်းကျယ် (၂)
ပုဂံမြင်ကွင်းကျယ် (၂)
ပုဂံမြင်ကွင်းကျယ် (၃)
ပုဂံမြင်ကွင်းကျယ် (၃)

 

13 comments

  • တောင်ပေါ်သား

    May 14, 2015 at 3:09 pm

    မြင်ကွင်းကျယ် ၃ ကြိုက်သဗျ

  • kai

    May 14, 2015 at 3:24 pm

    အပယ်ရတနာ…လား.. အပ္ပါယ်ရတနာလား…။
    ကျန်စစ်သားရဲ့.. မိဘုရားနာမယ်လား..။

    • ကြောင်ဝတုတ်

      May 14, 2015 at 3:32 pm

      အပ္ပါယ်ရတနာလို့ထင်တာပဲ သူကြီးရဲ့….
      အဲဒါ ကျန်စစ်သားရဲ့ မိဘုရားနာမည်လဲ ဟုတ်မယ်လို့ ထင်တာပဲဗျာ….

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • Ma Ei

    May 14, 2015 at 3:25 pm

    ပုဂံမြေမှ ရှေးဟောင်းယောင်ဆောင်ထားသော ခေါင်းလောင်းလေးများ…ဆိုတဲ့
    တင်စားချက်လေး သဘောကျတယ်…

  • ခင်ဇော်

    May 14, 2015 at 3:32 pm

    ဟယ်.. သများးနောက် ဘယ်တုန်းးက လိုက်လာတုန်းးး
    လူကောင်သေးးသေးးလေးးမို့ မမြင်လိုက်ဘူးးးး
    မြင်ကွင်းးကျယ်တွေ ကို ကြိုက်တယ် …
    :k:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 14, 2015 at 3:44 pm

    အာ့ ပြောတာပေါ့….

    အဲလိုဖစ်နေရမှာ..
    ဆန်းဆက်လေးဘာလေး မရိုက်ခဲ့ဝူးလား

    😛

  • ကြောင်ဝတုတ်

    May 14, 2015 at 4:52 pm

    အစ်ကိုကြီးတောင်ပေါ်သားရေ…
    ပုဂံမြင်ကွင်းကျယ်ရိုက်ဖို့ ရွှေစေတီဆိုလားဗျာ အဲဒီဘုရားပေါ်တက်ရတယ်….
    အတော်တက်ရသဗျ…
    အစ်ကိုကြိုက်တဲ့ နံပါတ်(၃)ပုံက သဗ္ဗုညုဘုရားရော… အာနန္ဒာပါပါတယ်လေ…
    ကျွန်တော်ရိုက်တဲ့မြင်ကွင်းကျယ်ထဲ အကောင်းဆုံးလို့တောင်ပြောရသပါ့

    အစ်မအိရေ…
    ကျွန်တော်က နယ်စုံသွားနေတဲ့သူဆိုတော့ ရှေးဟောင်းနယ်မြေတွေကို…
    ခြေချလိုက်မိတိုင်း အဲဒီလို ရှေးဟောင်းပစ္စည်းယောင်ဆောင်တဲ့ဟာလေးတွေ အမြဲတွေ့နေရသဗျ…
    အဲဒါကြောင့် အဲဒီခေါင်းလောင်းလေးတွေကို ရိုက်ဖြစ်တဲ့အခါ အဲဒီလို နာမည်ပေးဖို့ စဉ်းစားမိတာပါ…

    သူငယ်ချင်းခင်ဇော်…
    နောက်ကနေ အမြန်ကပ်လိုက်လာတော့ မမြင်လိုက်ဘူးထင်ပါတယ်….
    ခင်ဗျားတို့ ပုဂံပုံတွေကြည့်ပြီး မအားလို့ ရွနေတာကြာပေါ့…
    အဲဒါကြောင့် ဂနေ့တင်လိုက်တာ..

    ဂီဂီရေ…
    ရာသီဥတုပူတာနဲ့ အချိန်လဲ (၂)ရက်ပဲရတော့ ဓာတ်ပုံတောင် ကောင်းကောင်းမရိုက်လိုက်နိုင်ဘူးဖြစ်သွားတယ်…
    Sunset လေးလိုချင်ပေမယ့် အကျိုးအကြောင်းမတိုက်ဆိုင်လိုက်ဘူးကွယ်…

    လေးမိုက်ရေ….
    ချီးကျူးတဲ့အတွက် ကျေးဇူးပါဗျာ…

    ကိုအောင်မိုးသူရေ…
    အပ္ပါယ်ရတနာရိုက်တုန်းက လူသိပ်များတယ်ဗျ…
    ကင်မရာကို သေချာချိန်ပြီး လူရှင်းတဲ့အချိန်အမီစောင့်ခဲ့ရတာ…
    ကံကောင်းပြီး အလင်းအမှောက်ကွက်တိလာထွက်တယ်…
    ပုဂံခရီးရဲ့ ကျွန်တော်အကြိုက်ဆုံး ပုံပါပဲ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • Alinsett @ Maung Thura

    May 14, 2015 at 7:53 pm

    ပုဂံကို … အရင်က သွားချင်တာထက် အခု ပိုသွားချင်လောက်အောင်ကို ပုံရိပ်တွေက ဆွဲဆောင်နေတယ်..

  • မြစပဲရိုး

    May 15, 2015 at 12:37 pm

    ပုံတွေကြည့်ပြီး ကိုယ့် ရဲ့ ကိုယ်ပိုင် ဒဏ္ဍာရီ ကို လွမ်းသွားတယ်။ :-))

    အပယ်ရတနာ လို့ ထင်ပါတယ်။

  • ​ဒေါ် လေး

    May 15, 2015 at 1:45 pm

    ပုဂံ ကို​တော့ ဘယ်​ချိန်​ကြည်​့ကြည်​့ မရိုးနိုင်​​အောင်​ပါဘဲ

  • ကြောင်ဝတုတ်

    May 15, 2015 at 4:00 pm

    အလင်းဆက်ရေ….
    ဘယ်အချိန်ဖြစ်ဖြစ်… ပုဂံသွားတိုင်း ပုဂံရဲ့အငွေ့အသက်တွေကို ပြန်ခိုလှုံချင်နေတုန်းပါပဲ…
    ကိုညီထွဋ်စကားလုံးနဲ့ပြောရရင်…
    ပုဂံဆိုတာ မြန်မာဟေ့လို့… ဟစ်ကျွေးဆဲသက်သေတစ်ခုပေါ့ဗျာ…

    အရီးရေ….
    ပုဂံမှာ ဒီထက်ပိုကောင်းတဲ့ဓာတ်ပုံတွေရသင့်ခဲ့တယ်…
    အသောက်အစားမကင်းနိုင်တဲ့သူမို့ ယူရစ်အက်ဆစ်တက်ပြီး ပုဂံရောက်တဲ့အချိန်…
    လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး… အဲဒါကြောင့် ပုဂံမြေဓာတ်ပုံတွေသိပ်မရခဲ့ဘူးဗျာ…

    ဒေါ်လေးရေ…
    ပုဂံဟာဘယ်တော့မှ မရိုးတဲ့ ကျွန်တော်တို့ရဲ့နှလုံးသားအားမာန်ပါပဲ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

Leave a Reply