ပန်းဆိုမှ….ပန်း…

ကျွန်တော်လဲ ပန်းပုံလေးတွေတင်ချင်တယ်….

နေရာစုံလျှောက်သွားရင်းက…. စိတ်ထဲလှသမျှပန်းလေးတွေကို မှတ်တမ်းတင်ထားမိတာပါ….

အိုဘယ့်….. ပန်းဆိုမှ…..ပန်း…

 

ခင်မင်လျက်-

ဖက်ဖက်ကက်

ပါရီမြို့မှ ဘာမှန်းမသိတဲ့ပန်း...
ပါရီမြို့မှ ဘာမှန်းမသိတဲ့ပန်း…
ခြံစည်းရိုးကြားက... ပန်းခရမ်းပြာ
ခြံစည်းရိုးကြားက… ပန်းခရမ်းပြာ
Kiss me.. hurry
Kiss me.. hurry
ရခိုင်ရိုးမက သနပ်ခါးပန်း
ရခိုင်ရိုးမက သနပ်ခါးပန်း
ပုပ္ပါးရာဇဝင်ရဲ့... စကားပန်း
ပုပ္ပါးရာဇဝင်ရဲ့… စကားပန်း
ရှုပ်ရှက်ခပ်... ဒေလီယာ
ရှုပ်ရှက်ခပ်… ဒေလီယာ
အမည်မသိ... ပန်းခရမ်းပြာ
အမည်မသိ… ပန်းခရမ်းပြာ
နတ်ရွာပုပ္ပါးမှ... ဒေလီယာ
နတ်ရွာပုပ္ပါးမှ… ဒေလီယာ
နှင်းဆီဖြူလို့... ထင့်
နှင်းဆီဖြူလို့… ထင့်

13 comments

  • တောင်ပေါ်သား

    May 14, 2015 at 4:35 pm

    ( အမည်မသိ… ပန်းခရမ်းပြာ )

    လှသဗျာ ၊ မမြင်ဖူးဘူး

  • ခင်ဇော်

    May 14, 2015 at 4:53 pm

    လှသအေ။
    အဲလိုလုပ်စမ်းဘာ့
    :chit:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 14, 2015 at 5:13 pm

    သူလည်း ပန်းကြိုက်သွားပြီ ကိုး …။

    ကောင်းလေစွ ။

    😛

  • Alinsett @ Maung Thura

    May 14, 2015 at 7:47 pm

    တိန် တိန်.. (နှစ်ခါတိန်)
    ကျနော့်ကိုသာ ပန်းလှလှတွေ ရှေ့ ကင်မရာကြီး ချပေးပြီး.. ရိုက်စမ်းကွာာာာာ ဆိုရင်…
    ဒီလို လှတဲ့ပုံရိပ်တွေ..ထွက်လာမယ်ကိုမထင်…..

  • Ma Ma

    May 15, 2015 at 7:09 am

    လှလိုက်တဲ့ ပန်းလေးတွေ။
    ဘာမှမထူးဆန်းဘူးလို့ ထင်ရတဲ့ သနပ်ခါးပန်းလေးတစ်ခက်ထဲကို ရိုက်ထားတောင် လှလိုက်တာ။ 🙂

  • Ma Ei

    May 15, 2015 at 10:49 am

    ခြံစည်းရိုးကြားက… ပန်းခရမ်းပြာ…က ဗိုလ်ကတော်မျက်ခုံး
    အမည်မသိ… ပန်းခရမ်းပြာ….က သရက်ထည်…
    လှလိုက်တဲ့ ပန်းကလေးတွေ…

  • မြစပဲရိုး

    May 15, 2015 at 12:30 pm

    အလိုလေး
    ဒီမှာလဲ ကြောင်ဝလေး။
    . ရွာကို မမေ့ကြသေးတာ ဝမ်းသာစရာ ဘဲ။

    ပုံ တွေ က တကယ်ဘဲ တစ်အား လှ တာ ဟေ့။
    ပါရီ က ပန်း နဲ့ ပုပ္ပါး က ပန်း ကို မျိုးစပ် ကြည့်
    ထွက်လာတဲ့ အသစ်ပွါးလေး ကို ရော ရိုက်ဖို့ စိတ်ကူးမရှိဘူးလား။

    မှတ်ဉာဏ် ထဲက ပျောက် နေခဲ့တဲ့ သနပ်ခါးပန်းလေး အတွက် ကျေးဇူးပါ။ :-)))

  • ​ဒေါ် လေး

    May 15, 2015 at 2:24 pm

    အမည်​မသိပန်​းခရမ်​းပြာ ကိုကြိုက်​တယ်​

  • ကြောင်ဝတုတ်

    May 15, 2015 at 3:56 pm

    အစ်ကိုကြီးတောင်ပေါ်သားရေ….
    ပန်းလေးတွေမြင်လိုက်တော့ လှလို့သာရိုက်လိုက်တယ်… တချို့ပန်းတွေ နာမည်မသိ…
    ပန်းဆိုတာ သူ့ဟာသူလှနေတာပါပဲဗျာ…

    သူငယ်ချင်းခင်ဇော်ရေ…
    ခင်ဗျားတင်တဲ့ပန်းလေးတွေမြင်တော့ ကျုပ်လဲရိုက်ထားတဲ့ပန်းလေးတွေကို ပြန်လည်တူးဆွမိတာပေါ့…
    ရှေ့ကနေ ဖြောင့်ဖြောင့်ကြီးသွားနေတဲ့အတွက် ကျေးဇူးအထူးပါနော

    ဂီဂီ…
    အရင်တုန်းက လူတွေကပြောကြတယ်… မင်းနဲ့ငါကို အကြိုက်ချင်းတူသတဲ့…
    အခုတော့ အရင်ကထက်ပိုပြီး တူလာပြီလို့ထင်တာပဲ…
    ဘာပဲဖြစ်ဖြစ် မင်းကိုကျေးဇူးတင်ပါတယ်…

    အလင်းစက်ရေ…
    တစ်ရက်လောက်ပန်းတွေရှေ့မှာ ကင်မရာတစ်လုံးနဲ့ထိုင်ကြည့်ပါလား…
    ဒါအလွန်ကြည်နူးစရာကောင်းတဲ့အချိန်ပဲ…

    အန်တီမမရေ…
    ကျွန်တော် စစ်တွေရောက်တုန်းက ရုံးဝင်းထဲက သနပ်ခါးပင်လေးကိုကြည့်ရင်း…
    ရိုက်ကြည့်ဖို့ စိတ်ကူးရလာတာနဲ့ ထရိုက်လိုက်တဲ့ပုံဗျ…
    ကိုယ့်ဟာကိုယ်လဲ အတော်လေးကျေနပ်မိတဲ့ပုံပါ….

    အစ်မအိရေ….
    ကျွန်တော်မသိတဲ့ပန်းတွေကို အမည်ပြောပေးတဲ့အတွက် ကျေးဇူးအထူးပါဗျာ…

    အရီး…
    မတွေ့တာကြာပြီ… ရွာကို ကျွန်တော်လဲမမေ့ပါဘူး… အခါအခွင့်သင့်ရင် ခဏတော့ဝင်ကြည့်ဖြစ်တုန်းပါ…
    ပါရီမှာ ကျွန်တော်တည်းတဲ့ဟိုတယ်ရှေ့မှာရိုက်ထားတယ်… ဘာပန်းလဲတော့မသိ…
    အလုပ်တစ်ဖက်နဲ့ဆိုတော့ ရတဲ့အချိန်လေးရိုက်မိတဲ့ပုံလေးပါ…
    ၁ဝဒီဂရီလောက် အေးနေတဲ့အချိန်ဆိုတော့ ကျွန်တော်အပြင်မထွက်နိုင်လို့
    လမ်းဘေးနားက ကိုယ်မသိတဲ့အမျိုးတွေအများကြီး ဖြတ်သွားရင်းတွေ့တယ်…
    စကားဝါပန်းကတော့ ပုပ္ပါးရီစို့မှာ အလှစိုက်ထားတာပါ…
    အခွင့်အရေးရရင် ပါရီကို (၂)ပတ်လောက်သွားနေပြီး ဓာတ်ပုံချည်းရိုက်ချင်ပါသေးတယ်…

    ဒေါ်လေးရေ…
    အားပေးသွားတဲ့အတွက် ကျေးဇူးပါနော်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 12:46 am

      မကြံကောင်း မစည်ရာတွေ မပြောပါနဲ့ဗျာ…

      ကျုပ်ကြိုက်တာ ယုစ့်
      ခညား ကြိုက်တာ ခညားမိန်းမ မငယ်လေး
      မတူ မတူ … မတူရေးချမတူ
      😛
      နောက်တာပါ…

      ကျုပ်ပြောချင်ခဲ့တာကို ခုနောက်ပိုင်း သဘောပေါက်သွားတယ်ထင့်
      တခြားတော့ မဟုတ်ပါဘူးဗျာ.. macro photography အကြောင်းပါ
      ကျုပ် အနှစ်သက်ဆုံးသော photography အမျိုးအစားတော့မဟုတ်ဘူးဗျ…
      ဒါပေမယ့် အလုပ်တဖက်နဲ့ ဘဝမှာ ဓါတ်ပုံနဲ့ပတ်သတ်ရင် အသင့်တော်ဆုံးသော ရသေ့စိတ်ဖြေ တခုပါပဲ

      အဝေးကြီးသွားဖို့မလိုဘူး အချိန်တွေ ရာသီတွေ စောင့်ဖို့မလိုဘူး
      ကိုယ့်အနီးအနားက အရာသေးသေးကွေးကွေးလေးတွေကိုပဲ လှအောင် ရိုက်နိုင်ဖို့ ဆန်းအောင်ရိုက်တတ်ဖို့
      ပဲလိုတာပါ…

      ပစ္စည်းပိုင်းရော နည်းစနစ်ပိုင်း ပညာရပ်ပိုင်းလည်း အတိုင်းအတာတခုအထိ ဝန်ကျဉ်းတာကိုးဗျာ..
      နောက်ပြီး retouch ပိုင်းရော ဆိုပါတော့…
      သည်လိုပြောလို့ ခပ်လွယ်လွယ် ပညာရပ်တော့မဟုတ်ဘူးဗျ
      လိုက်စားရင် လိုက်စားသလို ကျယ်ပြန့်နက်ရှိုင်းမှု ရှိတဲ့ ဘာသာရပ်ပါပဲ…
      (ဒီဘီးကျဲ ကြိတ်များ ခြောက်နေပလားမသိ ပန်းတွေချည်း လှိမ့်ရိုက်နေတယ်)
      လို့ လေတိုက်မယ့်ဒဏ်တွေ ခံနိုင်ဖို့တော့ လိုသဗျား…

      ဟီးဟီးးး..

      ပုံ
      ပန်းကြိုက်တဲ့ ဂီ

  • Alincho

    May 15, 2015 at 3:57 pm

    ဂွတ်ထ ဂွတ်ထ လှမှလှ။

  • aye.kk

    June 9, 2015 at 6:50 pm

    ပန်းတွေကအရမ်းလှ။

  • manawphyulay

    June 13, 2015 at 10:45 am

    သနပ်ခါးပန်းတောင် ရခိုင်ရိုးမကို သွားရိုက်ခဲ့ရသလား ဝတုတ်ရယ်….

Leave a Reply