သူဖုန်းစားမလေး

ကက်သရင်းရေ…
နေရောင်လှိုင်းတွေ
တစ်ဝုန်းဝုန်း ဖြာကျတဲ့အခိုက်
ဒုက္ခတွေ တစ်ပွေ ့တစ်ပိုက်နဲ ့
ခေါင်းငိုက်စိုက်မချတဲ ့မင်းကို တွေ ့တော့
ငါ့မှာ အမောပြေရတယ်..။
..
ဆောင်းတွင်းတစ်တွင်းလုံး
အကာအကွယ်မဲ့နဲ ့
မင်း အသက်မှ ရှင်သေးရဲ ့လား…
ငါတွေ းပူရတယ်ကွဲ ့…။
ငါ့ကို လောက ဝတ်နဲ ့မင်းပြုံးပြသလို..
ငါလဲ မင်းကို ပြုံးပြတာ
ငါသတ်မှတ်တဲ ့
ပန်းချီဆရာ တစ်ယောက်ရဲ ့ သမ္မာကျမ်းစာအလိုပေါ့…။

ကက်သရင်းရေ…
အများကြီး မမျှော်လင့်နဲ ့…
မင်း နားလည်ထားဘို ့က
တနင်္ဂနွေ တနေ ့ဝက်လောက်သာ
ဘုရားကျောင်းမှာ
ကရုဏာစကားတွေ ရွတ်ဆိုတတ်တာ
မင်းသိသားနဲ ့…….။
အခါပေါင်းများစွာ ငါကျွှေးခဲ့တဲ ့ နေ ့လည်စာတွေမှာ..
ချည်နှောင်မယ် ့ကြိုး
တစ်မျှင်မှ မပါတာ မင်းသိပါတယ်..။
….
တို ့တွေ ခေါင်းငြိမ် ့ခေါင်းခါ
ဘာသာစကားပြောပေမယ့်
မင်းမျက်လုံးထဲက ကဗျာ
ငါဖတ်တတ်တယ်…
လမ်းမ ပေါ်မှာ ငါ ……
ဆာလောင်စွာ…
ခဏခဏ ငတ်ခဲ့ဘူးတယ်..ကက်သရင်းရဲ ့။ ။
..
စားပါ ကက်သရင်း
ကြက်ကင် ပူပူလေး
မင်းကြိုက်မှန်း ငါသိပါတယ်….။
လူကြီး လူကောင်းတွေ လှမ်းကြည့်လို ့
ငါ့ကို အားနာသလား….
ထားလိုက်စမ်းပါ ကက်သရင်းရဲ ့…..
ရဟူဒီမ တိုက်တဲ့ရေကို
ခရစ်တော် သောက်တာ မင်းသိမှာပေါ့…

…..
ဟောဒီလောကမှာ…

ပလက်ဖောင်းပေါ်မှာ…
….
ပန်းချီဆရာတစ်ယောက်နဲ ့
သူဖုန်းစားမလေးတစ်ယောက်
အတူစားသောက်လို ့ ကမ္ဘာမပျက်လောက်ပါဘူး..
ဒီမှာ ကက်သရင်း
ငါရေးတဲ ့ ငါ့ကျမ်းစာမှာ…
ငါ..သမ္မာသမတ်ကျဘို ့ဘဲ လိုတယ်..
လက်တင် မလို…
ပါဠိမလို…
ဟီးဘရူး
သက္ကတ မလို….
ကိုယ်ချင်းစာတတ်ဘို ့ဘဲ လိုတယ်…
..
ကဲ…လာ..
လမ်းအတူ လျှောက်ရအောင်……။ ။
…..

 

ကျော်စွာခေါင်

28 comments

  • ခင်ဇော်

    May 14, 2015 at 4:57 pm

    ခေါင်ပြန်လာတယ်။
    :chit:

    • ကျော်စွာခေါင်

      May 14, 2015 at 6:00 pm

      ပြန်လာပါပြီ…. မျက်လုံးလဲ သက်သာပြီ ဆိုတော့လေ…
      အားလုံးကို လွမ်းနေရတာ ကြာပေါ့…။

  • kai

    May 14, 2015 at 5:06 pm

    ကဲ…လာ..
    လမ်းအတူ လျှောက်ရအောင်……။ ။

    …တဲ့..။

    ဒီနေ့ပဲ.. စစ်ဒဇင်ဒီပလိုမေစီ.. ပညာခန်းပွဲလေးသွားတက်တယ်..။
    အင်္ဂလိပ်လိုမတတ်တဲ့.. ရုရှားမတယောက်နဲ့… ရုရှားလိုမသိတဲ့.. အမေရိကန်တယောက်.. ဂိုဂယ်ကျေးဇူးနဲ့.. စကားဖေါင်ဖွဲ့လိုက်ကြတာ… ၄နာရီကြာတဲ့အကြောင်း.. စပီကာတယောက်ပြောပြခဲ့..။

    • ကျော်စွာခေါင်

      May 14, 2015 at 6:03 pm

      သူကြီးရေ..
      ရွာပြန်လာ လာခြင်းကို နွေးထွေးစွာ ကြိုတဲ့အတွက် ကျေးဇူးပါ…
      သူက ရိုမေးနီးယန်းလေးဗျ…။ google translate အားကိုးပြီး စကားသင်ရဦးမှာပေါ့…။

      ခင်မင်စွာဖြင့်
      ခေါင်

      • kai

        May 16, 2015 at 4:13 pm

        ရိုမေးနီးယားဆို.. သွေးစုတ်တတ်တဲ့.. သူတွေနေတယ်ဆိုတဲ့.. သမိုင်းချည်းပြေးမြင်..။
        ယားကနေ.. ယန်းတော့.. ချောသလား…ဟင်…
        …. လို့..။ :k:

  • Alinsett @ Maung Thura

    May 14, 2015 at 7:44 pm

    .ဟေးးးးးးးး ချစ်သော ဦးခေါင်ရည်… ပြန်လာတယ်…
    ဝမ်းသာလိုက်တာ…
    ဦးခေါင်ကို မြင်တော့မှ… ဦးခေါင်ရဲ့ စာပေအနုပညာကို ဖတ်လိုက်ရမှ…
    ဦးခေါင်ရည်ကို ဘယ်လောက် လွမ်းနေကြောင်း…ပိုသိလိုက်ရတယ်

    ဒီကဗျာလေးကိုလည်း တအားကြိုက်မိတယ်…
    ကိုယ်ချင်းစာတရား ဘယ်လောက်အရေးကြီးလိုက်သလဲ….လို့… ကဗျာလေးက ပြောနေတယ်…

    • ကျော်စွာခေါင်

      May 14, 2015 at 10:04 pm

      အလင်းဆက်ရေ..
      အလင်းဆက်..ဦးခေါင်ကို သံယောဇဉ်ရှိတာ သိပါတယ်ဗျာ..
      ခဏလေး အချိန်ပေးခဲ့ရတာ အားနာမဆုံးပါဘူး…ဟို..ဟို စိမ်းလဲ့ကန်သာလား ဘာလား…
      ဦးမိုက် ခေါင်းဆောင် လုပ်တုန်းကလေ…။ ခုထိ မပေါ်သေးဘူး..အဲ ပြန်မဆုံသေးဘူးလို ့…။
      ..

      အားနာမှုတွေကို စာပေနဲ ့ အကြွေးပြန်ဆပ်ပါ့မယ်..။

  • padonmar

    May 15, 2015 at 12:53 am

    ကက်သရင်းလေးမှာ မိတ်ဆွေကောင်းရလိုက်တာတွက်ရော
    ခေါင်ပြန်လာတာတွက်ပါ ဝမ်းသာပါတယ်။

    • ကျော်စွာခေါင်

      May 16, 2015 at 1:30 am

      ကျေးဇူးပါ မမမာ…
      ကျနော့်အတွက်လဲ ဂဇက်ရွာက မမာတို ့က မိတ်ဆွေကောင်းတွေပါဗျာ..။

  • ဆင့်ပွားတွေးခေါ် ကဗျာလေးပါ။

    ငှက်ကလေးရေ
    မင်းလိုရာ ပျံသာသွားပါတော့
    ငါ့လက်မှာမှ မင်းမပျော်တာ။

    ငှက်ကလေးရေ
    ငါဟာတောင်ပံတွေမရှိတာတော့ မဟုတ်ပေမယ့်
    အတောင်တွေ ရိုက်ချိုးသိမ်းခဲ့တာပါ
    လှောင်ချိုင့်ထဲမှာများ ပျော်မွေ့ရယ်မလားလို့ပေါ့။

    ငှက်ကလေးရေ
    ငါမပျံသန်းနိုင်တော့ဘူးလို့မင်းထင်ပြီး
    ငါ့ကိုယ် လှောင်ပိတ်ထားမလို့လား
    ရပါတယ်..
    အစာရေတော့ မှန်မှန်ကျွေးဖို့လိုတယ်မလား။

    ငါဟာငါပါပဲ
    အတောင်ချိုးထားပေမယ့် ငါ့တောင်ပံတွေအသက်ဝင်နေဆဲပဲ
    မနေ့ကနေတစ်စင်း ဒီနေ့လိုမတူပေမယ့်လည်း
    သူ့ဖာသာတော့ တောက်ပနေဆဲ။

    ဒီလိုပါပဲ..

    ငါဟစ်ခေါ်မိမယ်
    တစ်ချိန်က မင်းကြားနိုင်ပေမယ့်
    ခုတော့ မင်းမကြားနိုင်အောင်ပဲ။ ။

    စိုင်းကွမ်းခေး
    (၁၅-၀၅-၂၀၁၅)

    • ကျော်စွာခေါင်

      May 16, 2015 at 1:32 am

      ဆင့်ပွား ကဗျာလေးကလဲ သီးခြား ကောင်းနေတာပါဘဲ ကိုစိုင်းရေ..။

  • Ma Ma

    May 15, 2015 at 6:51 am

    ဆြာခေါင် ပြန်လာလို့ ဝမ်းသာပါတယ်။

    ကိုယ်ချင်းစာတရားဆိုတာကို သိပ်သဘောကျတယ်။
    သဘောကျသလောက် …..

    တနင်္ဂနွေ တနေ ့ဝက်လောက်သာ
    ဘုရားကျောင်းမှာ
    ကရုဏာစကားတွေ ရွတ်ဆိုတတ်တာ……

    လို့ ဆိုသလို မလိုက်နာနိုင်သေးဘူး။

    ဆန့်ကျင်ဘက်တွေးမိတာက ဒီမှာဖရဲသီးစိတ်ဗန်း မှောက်ကျဟန်ဆောင်ပြီး သနားတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာတွေကို တွေ့ရမြင်ရတော့လည်း………. 🙁

    • ကျော်စွာခေါင်

      May 16, 2015 at 1:37 am

      မမရေ..
      သူ ့နေရာနဲ ့သူပါဘဲ…ရည်ညွှန်းလိုက်တာလေးကို ပြောတာပါ..။
      ကျနော် ပြန်လာမှ မမ ကားမှာ AIRBRUSH နဲ ့ ရှယ်ဆွဲပေးမယ်..။
      မမ…ကားနှင့် ကိုက် ၅ဝ ပါတ်လည် ဖရဲသီးလုံးဝ မရောင်းရ…။ ဆိုပြီး မမပုံတူနဲ ့ ဒီဇိုင်းဆွဲပေးမယ်..။
      ဒီဇိုင်းခ အနေနဲ ့ မုန် ့ကျွှေးပါ..။

  • အောင် မိုးသူ

    May 15, 2015 at 9:11 am

    မင်း နားလည်ထားဘို ့က
    တနင်္ဂနွေ တနေ ့ဝက်လောက်သာ
    ဘုရားကျောင်းမှာ
    ကရုဏာစကားတွေ ရွတ်ဆိုတတ်တာ
    မင်းသိသားနဲ ့…….။
    အခါပေါင်းများစွာ ငါကျွှေးခဲ့တဲ ့ နေ ့လည်စာတွေမှာ..
    ချည်နှောင်မယ် ့ကြိုး
    တစ်မျှင်မှ မပါတာ မင်းသိပါတယ်..။

    ခိုက်တယ်လို့စ်။

    • ကျော်စွာခေါင်

      May 16, 2015 at 1:38 am

      ကျေးဇူးပါ ကိုအောင်မိုးသူ..။

  • Mike

    May 15, 2015 at 10:18 am

    ငါရေးတဲ ့ ငါ့ကျမ်းစာမှာ…
    ငါ..သမ္မာသမတ်ကျဘို ့ဘဲ လိုတယ်..
    လက်တင် မလို…
    ပါဠိမလို…
    ဟီးဘရူး
    သက္ကတ မလို….
    ကိုယ်ချင်းစာတတ်ဘို ့ဘဲ လိုတယ်…
    ..

    .တော်တော်ကြိုက်တယ်ကိုခေါင်ရေ…ပြန်တွေ့ရလို့ဝမ်းလည်းသာပါတယ်

    • ကျော်စွာခေါင်

      May 16, 2015 at 1:40 am

      ကိုမိုက်..
      သတိယနေတယ်ဗျာ…တစ်ကယ်ပါ…။ စကားတောင် ဝ အောင်မပြောခဲ့ရဘူးလေ

  • Ma Ei

    May 15, 2015 at 11:15 am

    ပန်းချီဆရာတစ်ယောက်နဲ ့
    သူဖုန်းစားမလေးတစ်ယောက်
    အတူစားသောက်လို ့ ကမ္ဘာမပျက်လောက်ပါဘူး….
    ….
    ….
    မေတ္တာတရားတွေကြောင့် လှပတဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်ရမှာပါ…
    လေးစားတယ် ခေါင်

    • ကျော်စွာခေါင်

      May 16, 2015 at 1:49 am

      မအိ..ရေ
      မေတ္တာတရားနဲ့ကမ္ဘာကြီး လှပစေဘို ့က ……တော်တော်ခက်တာ..။ အခုအခြေအနေတွေက
      အကောင်းဆုံးနည်းပညာတွေ အလှဆုံး အဆင်တန်ဆာတွေ ဖုံးအုပ်ထားတဲ့ ယဉ်ကျေးယုတ်မာသော ကျောက်ခေတ်ပေါ့ မအိရေ။

  • မြစပဲရိုး

    May 15, 2015 at 12:24 pm

    ဟေး ……
    တို့ ပန်းချီဆရာ ကဗျာရွတ်ပြီး ရွာ ပြန်လာပြီ။ :-)))

    အဲဒီ မိန်းကလေး ကို သူ့ ပုံတူလေး ချယ်ပေးလိုက်ရင် အစား ကောင်း စားရတာထက် ပိုပြီး ဝမ်းသာ သွားမယ်ထင်လား။
    ဒါမှမဟုတ် ကြက်ကြော်ကိုဘဲ ပို ကြိုက်မလား။
    ဘာရယ်မဟုတ်။
    . တွေးလိုက်မိတာ။ :-)))

    • ကျော်စွာခေါင်

      May 16, 2015 at 1:59 am

      အရီးခင်…
      ကြာလှပြီနော်…ခုလို မပြောဖြစ်တာ..။

      စကားအတင်းစပ်..
      ပုံတူဆွဲပေးရင် သူပျော်မှာ မဟုတ်ဘူး အရီးခင်..။
      ညနေ ၂ နာရီ ကျော်နေပြီ ..ဘာမှ မစားရလို ့ ပန်းသီးလေးကိုက်စားနေတာ…။
      ဆာလောင်ငတ်မွတ်နေသူအတွက်တော့ ပုံတူပန်းချီက အထောက်အကူ မပြုဘူးလေ..။
      ကိုက်စားလို ့မှ မရတာ..။ ခုချိန်မှာ ကြက်ကြော်နဲ ့ပေါင်မုန် ့က အကောင်းဆုံးပေါ့…။

      ….
      အိမ်မှာ ပက်လက်ကုလားထိုင်အခင်းမရှိလို ့….ပန်းချီကျော် မိုဒီလယာနီ ရဲ ့မူရင်းဆီဆေး ပန်းချီကားကို
      ပက်လက်ကုလားထိုင်အခင်း လုပ်ပြီး ထိုင်တဲ့ အဘိုးကြီးအကြောင်း စာအုပ်ဖတ်ဘူးတင် အရီးခင်..။

  • ​ဒေါ် လေး

    May 15, 2015 at 1:51 pm

    ကဗျာ​လေးက ​ကောင်​းလိုက်​တာ

    • ကျော်စွာခေါင်

      May 16, 2015 at 2:01 am

      ဒေါ်လေး…
      ကဗျာလေးကို ခံစားပေးတဲ့အတွက် ကျေးဇူးပါ။

  • Alincho

    May 15, 2015 at 4:03 pm

    ကိုယ်ချင်းစာတရား ကမာ္ဘ့အလိုအပ်ဆုံးတရား။

    • ကျော်စွာခေါင်

      May 16, 2015 at 2:03 am

      မှန်တာပေါ့…အလင်းချို…။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 16, 2015 at 12:52 am

    သာဓုပါတော်…
    😛

    • ကျော်စွာခေါင်

      May 16, 2015 at 2:04 am

      အမျှပါဗျာ………….
      ;p

  • ဦးကြောင်ကြီး

    May 17, 2015 at 12:18 am

    .. နန္ဒာခေါင်ကို ခြစ်သယ်ဗျာ… အနော့်ဂိုသဏှားပါ ပါပါခေါင်။

Leave a Reply