ချို့တဲ့မှုများ

naywoon niMay 14, 20151min1227

ချို့တဲ့မှုများ

တစ်​ချို့က
ကိုယ်​ပိုင်​အသက်​ရှုဖို့
နှာ​ခေါင်​း​ပေါက်​ပါမလာရှာဘူး
ဒါ​ကြောင်​့
အသက်​ရှင်​ဖို့
သူတစ်​ပါး နှာ​ခေါင်​း​ပေါက်​ကိုအားကိုးရတယ်​ ။
အချို့က
ကိုယ်​တွင်​းလည်​ပတ်​ဖို့
​သွေးထုတ်​လုပ်​ဖို့ နှလုံး ပါမလာရှာဘူး
ဒါ​ကြောင်​့
​သွေးလည်​ပတ်​ဖို့ သူတစ်​ပါးဆီက
​သွေးစုပ်​ယူ​နေရတယ်​ ။
တစ်​ချို့က
လမ်​း​လျှောက်​ဖို့
​ခြေ​ထောက်​ပါမလာရှာဘူး
ဒါ​ကြောင်​့ တစ်​​နေရာက တစ်​​နေရာ ​ရွေ့ဖို့
တစ်​ခြားက​ယောက်​က ထမ်​းပိုး​ပေးရဖို့လိုတယ်​ ။
ဒီလိုလူ​တွေများလာ​တော့
အဖိနှပ်​ခံ ဂုတ်​​သွေးစုပ်​ခံ
လူတန်​းစားတစ်​ရပ်​ သီးသန်​့​ပေါ်လာရ​တော့တယ်​ ။ ။

​နေဝန်​းနီ
11:08 AM
2015 May 14

7 comments

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 15, 2015 at 4:56 am

    လူတချို့ကျ .. အုံးနှောက်နဲ့ နှလုံးသားကြား
    ပေါင်းကူးတဲ့တံတား ပါမလာကြဘူးဗျာ…

    သည်တော့ … သူများတိမ်းရာ လိုက် ယိမ်းကြရော …..

    😛

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 15, 2015 at 8:19 am

    ချို့တဲ့မှုတွေများပြီး အကျီလည်ပင်းပေါက်ပဲ ကျယ်လာပီး ခေါင်းမကြီးလာတဲ့လူတွေနဲ့တော့..
    ဘယ်ပီးရင် ညာကိုတိုး ညာပီးရင် ဘယ်ကိုတိုးပဲ ဖြစ်နေဦးမှာဘာဘာဲ.. :harr:

  • Ma Ma

    May 15, 2015 at 10:32 am

    မူလတန်းတုန်းက သင်ဖူးတာတော့ …
    သူများနှာခေါင်း အငှားတောင်း အကောင်းမဟုတ်ရှင့် တဲ့။
    နှာခေါင်းပေါက်ပါမလာတဲ့သူကိုပဲ အပြစ်တင်ရမလား။
    အငှားပေးတဲ့သူကိုပဲ အပြစ်ပြောရမလား။ 🙁

  • မြစပဲရိုး

    May 15, 2015 at 12:08 pm

    တကယ်ပါမလာရင် ပေးပျော်ပါသေးတယ် ….

    အမှန်တော့ အဘနီ
    ပါလာကြပါတယ်။
    တမင် မသုံးကြတာ။

  • Alincho

    May 15, 2015 at 4:55 pm

    ဒီလိုလူ​တွေများလာ​တော့
    အဖိနှပ်​ခံ ဂုတ်​​သွေးစုပ်​ခံ
    လူတန်​းစားတစ်​ရပ်​ သီးသန်​့​ပေါ်လာရ​တော့တယ်​ ။ ။
    လူများစုနဲ့ လူနည်းစု ဘာကြောင့် လူနည်းစုက နိုင်နေရတာလဲ???

  • Alinsett @ Maung Thura

    May 15, 2015 at 9:02 pm

    ချို့နဲ့မှုတွေ ကျုပ်တို့ ဗမာပြည်ထဲမှာ နေသားကျနေပြီ။
    လူချမ်းသာပါဆိုသူတချို့တောင်… ငွေပုံပေါ်ထိုင်ပြီး..ချို့တဲ့နေကြပြီ..

Leave a Reply