“ဖဘ လုပ်သား ကောင်း”

“ဖဘ လုပ်သားကောင်း ”

 

အချိန်နဲ့တပြေးညီ

တက်လာသည့် သတင်းဆို

အကုန်ဖတ်။

မိတ်ဆွေ အပေါင်းအသင်း

အုံလိုက်ကျင်းလိုက်

တင်သမျှ စတေးတပ်

အကုတ်ဖတ်။

ရှိသမျှ ဆို်ဒ်အကုန်ဝင်

တင်သမျှပုံ

အကုန်ကြည့်

ပြီးသကာလ

Like ပေးသင့်တာပေး

ကော်မင်းရေးသင့်တာရေး

မွေးနေ့မှန်သမျှလဲ

ဆုတောင်းပေးရင်း

ဒေါင်းလုပ်ဆွဲထားတဲ့

မုန့်တွေပို့

အို……

အလုပ်တွေက

များမှများဗျာ။

အဲဒါတွေပြီးတဲ့အခါမတော့

နိုင်ငံအရေး ကိုယ့် အရေး

ဝင်ဆွေးနွေးမှ ဖြစ်မယ်

မကြောက်တရား

ရှေ့တန်းထားလို့

ရဲရဲတောက် ကော်မင်းတွေပေး

အမျိုးဘာသာ သာသနာ

လာမထိလေနဲ့

မီးပွင့်မယ်မှတ်

ပြတ်ပြတ်သားသား ဝေဖန်

အသေနှံ လေကန်လို့ အားရပြီဆိုမှ

စီဘီ မှာဝင်သမျှ

ညီမကြီး ညီမလေး

မမကြီး မမလေး

အန်တီကြီး အန်တီလေး

တွေ့တာနဲ့

မထိ တထိ

ကလိ ကလိ

ရိသဲ့သဲ့

ကြူပြီး ရင်း ကြူ

ထမင်းတောင်မှ

မစားအား

တကယ့်ကို

အလုပ်များတဲ့သူပါဗျာ။

(work at Facebook ဆိုသူများသို့)

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

6-3-2015

 

13 comments

  • Mike

    May 15, 2015 at 10:26 am

    .အမှန်တွေပြောနေပြန်ပြီ
    .ခုတောင်ဖွဘုတ်ကြည့်လိုက် ရွာထဲလှည့်လိုက်လက်မလည် :k:

  • မြစပဲရိုး

    May 15, 2015 at 11:59 am

    ဖဘ ကြည့်မလား၊ ရွာထဲ စကားများ မလား ရွေးရတာ။
    ဖဘ မှာ တော့ အငေး သမား။
    ရွာထဲ မှာ တော့ လေပေါ ပေါ့။
    မနေ့က တောင် သူကြီး ပုံ ခန့်ခန့်ကြီး ပါတဲ့ သူကြီး တို့ ရဲ့ သံရုံးဖွင့်ပွဲ သတင်း ဂရု ပုံအောက် မှာ လေသေနတ် နဲ့မိုးမွှန် ထားကြတာ။
    အဓိက အပေါ်က ချိတ်ထားတဲ့ ပုံ က ဦးအောင်ဆန်း မဟုတ် ဘဲ ဦးသိန်းစိန် ဖြစ်နေလို့တဲ့။
    အစွန်း သမား နှစ်ဖက် ရဲ့ အဆဲ တွေ အပြန်အလှန် ဘဲ။ 🙄

    • ကိုလတ်ကြီးရေ

      ကျနော်က အွန်လိုင်းရောက်တာနဲ့ ဖွဘုတ် မှာ ဓါတ်ပုံနဲ့အလုပ်ရှုပ်ပါတယ်။

      ကျနော့် ဝေါ ရှိတယ်

      ကိုပေါက်လက်ဆောင် မြန်မာပြည်မှ အလှတရာများ ရှိတယ်

      ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ရှိတယ်

      ဒါတွေက ကျနော်တစ်ယောက်ထဲ တင်တာ

      လှပသော အလင်းပုံရိပ်များ ဆိုတဲ့ အများပိုင်ဓါတ်ပုံဂရုတစ်ခုလဲထောင်ထားသေးတယ်

      အဲတော့ ဖဘ က ကျနော်အတွက် အသုံး ဝင်လှပါတယ်

      နောက်တစ်ခု ကျန်သေးတယ်

      မြန်မာသံလေးတွေနားထောင်ကြမယ်ဆိုတဲ့ ဂရု မှာ သီချင်းတွေ တင်ပေးတယ်

      ကိုယ့် မရှိတဲ့ သီချင်းကို လဲ ဒေါင်းယူတယ်ဆိုတော့

      အလုပ်ကတော့အများသား

  • ဦးဦးပါလေရာ

    May 15, 2015 at 12:10 pm

    အကိုရေ..
    ကျနော့်အဖို့တော့ ဖေ့ဘုတ် ဆိုတာ အမှိုက်ပုံနဲ့တူတယ်..
    နံလဲနံတယ် ပေလဲပေတယ်..
    အသက်အောင့်ပြီး ကျိတ်မှိတ်ရှာတတ်ရင်တော့..
    အသုံးကျတာလေးတွေ ရတဲ့အခါ ရတတ်ပါတယ်…
    :mrgreen:

  • ​ဒေါ် လေး

    May 15, 2015 at 1:57 pm

    ဖွဘုတ်​ကြီး ကိုစိတ်​ကုန်​လွန်​းလို့ အ​ကောင်​့ ဒီထားပြီး
    ဂဇက်​မှာ ​အေး​ဆေး စာပြန်​လာဖတ်​တာ
    ဟိုအရင်​က ဖွဘုတ်​မှာ အကျိုးရှိပြီး ဗဟုသုတ စုံတယ်​
    အဲတုန်​းက​ရေတဲ့လူ ​တော်​​တော်​များများ ​ပျောက်​ကုန်​ပြီ

  • ​ဒေါ် လေး

    May 15, 2015 at 1:58 pm

    ဖွဘုတ်​ကြီး ကိုစိတ်​ကုန်​လွန်​းလို့ အ​ကောင်​့ ဒီထားပြီး
    ဂဇက်​မှာ ​အေး​ဆေး စာပြန်​လာဖတ်​တာ
    ဟိုအရင်​က ဖွဘုတ်​မှာ အကျိုးရှိပြီး ဗဟုသုတ စုံတယ်​
    အဲတုန်​းက​ရေးတဲ့လူ ​တော်​​တော်​များများ ​ပျောက်​ကုန်​ပြီ

    • ဒေါ်လေးရေ

      မကောင်းတာ ပယ် ပြီး

      ကောင်းတာလေးတွေ ရွေးကြည့် နေရင်း ကျနော်က တော့ ဖွဘုတ် ကို အခုထိ သုံးနေပါတယ်

  • Alincho

    May 15, 2015 at 4:47 pm

    ဖွဘုတ်ကျေးဇူးနဲ့ MPTကိုလုပ်ကျွေးရတာမနည်းပေါ့၊ ခုတော့ Telenor ပြောင်းလုပ်ကျွေးနေလေရဲ့။

Leave a Reply