11018870_807548742615821_1825953511167916946_o

 

 

…….

ကလေးရေ..

မသေချာတဲ့ ပြဌာန်းမှုတွေနဲ့ 

မိုးခါးရေတွေ စီးဆင်းနေတဲ့ ကမ္ဘာ…။

ပင့်သက်မရှိုက်ဝံ့အောင်

ယဉ်ကျေးနေတဲ့ ကမ္ဘာ..

မြင့်ရာက နိမ့် ရာစီးတဲ့ မြစ်ချောင်းတွေလို

တွယ်ရာမရှိတဲ့ ဘဝတွေကို

ထောင်းထောင်းချေမှ လက်ဆွဲဂုဏ်ပြုတဲ့အခါ….

ဒီ…ကမ္ဘာ..

ဒီ..စကြဝဠာ

ဘာလို့ များ…

မာသာထရီဇာ လက်ဦးအောင် မဖန်ဆင်းခဲ့ပါလိမ့်…။     ။

 

 

 

 

ကျော်စွာခေါင်

( ပန်းချီကားအမည်…မဟာ ကရုဏာတော်၏ ပြင်ပဧရိယာ…။  ဆီဆေး )

About ကျော်စွာခေါင်

kyaw swar kaung has written 79 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။