မဟာ ကရုဏာတော်၏ ပြင်ပဧရိယာ

11018870_807548742615821_1825953511167916946_o

 

 

…….

ကလေးရေ..

မသေချာတဲ့ ပြဌာန်းမှုတွေနဲ ့

မိုးခါးရေတွေ စီးဆင်းနေတဲ့ ကမ္ဘာ…။

ပင့်သက်မရှိုက်ဝံ့အောင်

ယဉ်ကျေးနေတဲ့ ကမ္ဘာ..

မြင့်ရာက နိမ် ့ရာစီးတဲ့ မြစ်ချောင်းတွေလို

တွယ်ရာမရှိတဲ့ ဘဝတွေကို

ထောင်းထောင်းချေမှ လက်ဆွဲဂုဏ်ပြုတဲ့အခါ….

ဒီ…ကမ္ဘာ..

ဒီ..စကြဝဠာ

ဘာလို ့များ…

မာသာထရီဇာ လက်ဦးအောင် မဖန်ဆင်းခဲ့ပါလိမ့်…။     ။

 

 

 

 

ကျော်စွာခေါင်

( ပန်းချီကားအမည်…မဟာ ကရုဏာတော်၏ ပြင်ပဧရိယာ…။  ဆီဆေး )

15 comments

  • မြစပဲရိုး

    May 16, 2015 at 4:04 am

    ဒီ…ကမ္ဘာ.. ဒီ..စကြဝဠာ မှာ မာသာထရီဇာ တစ်ယောက် ကိုတော့ ဖန်ဆင်းထားခဲ့ ပြီး ပါ ပန်းချီဆရာ ရေ။
    အဲဒီလို မာသာထရီဇာ တွေ ပိုများ များ မလာတာ ကတော့ ဒီ…ကမ္ဘာ.. ဒီ..စကြဝဠာ ကြီး ရဲ့ ပေါ့ဆမှု ဘဲ ထင်ပါရဲ့။

    အဲဒီ ကလေး နှစ်ယောက် ပုံလေး ကို မှတ်မိနေပါတယ်။

    • ကျော်စွာခေါင်

      May 16, 2015 at 9:26 pm

      အရီးခင်
      ကမ္ဘာကြီးကဘဲ အဆိုးဘက်ကို အားပြုပြီး ၂၃ ၁/၂ ံ လည်ပါတ်လို ့လားမသိတော့ပါဘူး အရီးရယ်..
      မာသာထရီဇာ လို လူမျိုး ထပ်မမွေးတာထက် ….
      မာသာထရီဇာလို နှလုံးသားမျိုး လူတွေရဲ ့ရင်ထဲမှာ မွေးဖွားစေချင်တာပါ…။
      မိန်းမဆင် ချိတ်တောင်ရှည်ကြီးတွေက မာသာဝတ်တဲ ့ အဖြူရောင်လောက် အရောင်အဆင်း မရှိတော့လဲ..
      မိကွဲ…ဖကွဲ ..လူဆင်းရဲတွေနဲ ့ ကြေကွဲစရာတွေ ဖြစ်ရတာပေါ့..။

  • ခင်ဇော်

    May 16, 2015 at 6:13 am

    ခေါင်
    ခုတလော ပိုသိလာတာကတော့ လူတွေ စိတ်က ပိုယဉ်ကျေးးမြင့်မားးလာတာမဟုတ်ပဲ
    ကောင်းးမွန်တဲ့ ဘာသာရေးး, သိမ်မွေ့တဲ့ စံနစ်, စည်းးကမ်းး, ဥပဒေ, မြင့်မားးမှု level တွေကြောင့်မို့သာ
    လူသားးတွေ ရဲ့ evil-minded character တွေကို အနည်းးနဲ့ အများး ထိန်းချုပ်နိုင်တယ် ဆိုတာပါပဲ…!!

    :a:

    • ကျော်စွာခေါင်

      May 16, 2015 at 9:42 pm

      ဆွိ..ရေ..
      ဆွိ အတွေးကော်မန် ့ကို ဖတ်မိတာနဲ ့..မျက်စေ့ထဲမှာ ကြက်ဥ ၁လုံးကို မြင်မိတာဘဲ..
      သဘာဝဘေးဒါဏ်တွေ လုံခြုံနိုင်အောင် အရည်ကြည်ဘဝက စလို ့ ကြက်ဥအကာက ကာကွယ်ပေးပေမယ့် ရုန်ကန်နိုင်တဲ့ အသိစိတ်
      ရယ် လှုပ်ရှားနိုင်မှုရယ် ပေါင်းစပ်လာတဲ့အခါ သူ ့ကို လုံခြုံစေခဲ့တဲ့ အကာကို ဖောက်ခွဲဖျက်ဆီးပြီး ထွက်လာတော့တာဘဲ..။
      လူ ့ယဉ်ကျေးမှုသမိုင်းမှာလဲ အကြောက်တရားကြောင့် အားကိုးမှုအနေနဲ ့ဘာသာရေးကို အကာအကွယ်ယူတယ်..
      အကာအကွယ်မလိုတော့ဘူးထင်တဲ့အခါ..ဖောက်ထွက်လာတယ်..။
      ထွက်လာတဲ့ ..စရိုက်က..
      အရိုင်း
      အယဉ်…
      စားရိုက်အမျိုးမျိုးပေါ့…
      ကြက်ဥအကာထဲမှာဘဲ နေပြီး သေရမယ် မဆိုလိုဘူးနော်..
      ဥကပေါက်တာခြင်းအတူတူ…သူများကို အနိုင်ကျင့်ပြီးဆိတ်လိုက်မယ်..ခွပ်ချလိုက်မယ်ဆိုတဲ့ စိတ်မျိုး မမွေးဘို ့ပါဘဲ..။

  • kai

    May 16, 2015 at 7:55 am

    မနေ့တနေ့ကတင်.. ယူအက်စ်ရဲ့Pewဆာဗေးထွက်လာတာမို့.. ဆာဗေးအရ…… အမေရိကနေ…အမေရိကန်တွေ… ဘာသာပျောက်ကုန်ပြီဖြစ်ပါကြောင်း..။
    အဲဒါကိုက.. ကောင်းမွန်တဲ့ဘာသာရေးခေါ်ရမလား..။
    ကျုပ်ကတော့… နောင်အနှစ်၅ဝအတွင်း ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးတွေ အကုန်… ဤကမ္ဘာမြေက… ပျောက်ကုန်မယ်လို့… မှန်း…။ :k:
    စကားစပ်…
    ဆရာခေါင့်ပုံတွေ.. ဥရောပအငွေ့တွေတော်တော်ပါတယ်… ထင်နေမိ…။
    ဘာကြောင့်မှန်းတော့မသိ..။
    နောက်တခုက.. ကလေးကျောဖက်က..ရွှေဝါရောင်အဝတ်ကိုဖယ်ချင်နေမိ..
    စိတ်ထဲ.. ရွစိစိ…။
    ကျုပ်သာဆို… အရောင်ရင့်တခုခုဆွဲမယ်လို့တောင်…တွေး..။
    ပညာခန်းလေး..အလျှင်းသင့်ရင်.. ပြောပါဦးနော..။ :k:
    =
    May 12, 2015
    America’s Changing Religious Landscape
    Christians Decline Sharply as Share of Population; Unaffiliated and Other Faiths Continue to Grow
    The Christian share of the U.S. population is declining, while the number of U.S. adults who do not identify with any organized religion is growing, according to an extensive new survey by the Pew Research Center.
    http://www.pewforum.org/2015/05/12/americas-changing-religious-landscape/
    =
    Christians drop, ‘nones’ soar in new religion portrait
    USA TODAY-May 11, 2015
    That’s the top finding — one that will ricochet through American faith, culture …. right,” crowed David Silverman, president of American Atheists.
    =
    Christianity is losing ground in the United States as atheism and …
    Raw Story-May 12, 2015
    Christianity Declines Sharply in US, Agnostics Growing: Pew
    =
    Newsmax-May 12, 2015
    Poll: Christians decline in US while atheists and agnostics soar
    Inland Empire News-May 12, 2015
    =
    America’s Changing Religious Landscape
    Highly Cited-Pew Research Center’s Religion and Public Life Project-May 11, 2015
    =
    Christians drop, ‘nones’ soar in new religion poll
    In-Depth-Detroit Free Press-May 12, 2015

    • ကျော်စွာခေါင်

      May 16, 2015 at 9:56 pm

      သူကြီး…ခိုင်
      … ပုဂံဘုရားတွေ ရှိနေတာဟာ…အနော်ရထာ ရှိနေတာမဟုတ်ဘူး…
      မန်းလေးနန်းတောြ်ကီးအခုရှိနေတာနဲ ့မင်းတုန်းမင်းနဲ ့ သီပေါမင်း ရှိနေတယ်လို ့ထင်လို ့မရဘူး..
      ပြယုတ်တွေ ကောင်းပေမယ့် … အနှစ်သာရ မဲ့နေရင် တန်ဘိုးကျတာပါဘဲ..။
      တစ်ခုခုသောအရာ ပျောက်ဆုံးပျောက်ကွယ် မှေးမှိန်သွားခြင်းဟာ… တန်ဘိုးကျဆင်းပြီး…တန်ဘိုးလျှော့လာလို ့ဘဲလေ..။
      ….
      ဥပမာ …
      ပန်းချီကားထဲက ခပ်ဝါဝါ အရောင်လေးကို ဖယ်ထုတ်ချင်ပေမယ့်..
      စစ်ပွဲတစ်ခု ..အကြမ်းဖက်မှုတစ်ခုရဲ ့ ရိုက်ခတ်မှုကြောင့် မိမဲ့ ဖမဲ့..ငတ်နေတဲ့ ခလေးနောက်က အဝါရောင်ကို..
      သာသနာ့နယ်ပယ်က အရောင်တစ်ခုလို ့ တွေးမြင်ကြည့်လိုက်ရင်….
      ….
      ….
      ပန်းချီကားလေးက ..
      အာဖကန်နစ္စတန်ကို ခေါ်သွားမယ်..
      မိထ္ထီလာကို ခေါ်သွားလိမ့်မယ်…
      မန်းလေးနန်းတော်ရှိပေမယ့် သီပေါမင်း မရှိတော့ဘူး…
      အဲဒိ အဝါရောင်လေးကို စိတ်နဲ့ မေးကြည့်ပါ သူကြီး…
      နှစ် ၅ဝ က များသလားလို ့…။

    • ကျော်စွာခေါင်

      May 16, 2015 at 9:59 pm

      ဒီကမ္ဘာကတော့ ..ဒီကမ္ဘာပါဘဲ…
      အောင်ရဲလင်းကသာ….အလင်းဆက်ဖြစ်သွားခဲ့တာပါလေ..။

  • lu lu

    May 16, 2015 at 1:50 pm

    ပန်းချီ ပုံကိုမြင်တော့
    မပြည်စုံတဲ့ ဘဝတွေကို ပြေးမြင် မိတယ်
    🙁

    • ကျော်စွာခေါင်

      May 16, 2015 at 10:02 pm

      လုလုရေ..
      မပြည့်ဏုံမှုတွေရဲ ့နောက်ကွယ်ကို ကြည့်ရတာက ပိုစိတ်ဆင်းရဲတယ် လုလု။

  • Ma Ma

    May 16, 2015 at 5:51 pm

    အမဖြစ်တဲ့ ကလေးမလေးရဲ့ ဟန်ပန်ပုံစံက အသက်ဝင်သလို
    မောင်လေးဖြစ်တဲ့ ကောင်လေးရဲ့ မျက်စေ့ကလည်း ပီပြင်ပါပေတယ်။

    မဟာဂရုဏာတော်၏ပြင်ပ လို့ နာမည်ပေးလိုက်တာကတော့ ပန်းချီကားရဲ့ ရသကို အမြင့်ဆုံးထိရောက်အောင် မြှင့်တင်ပေးလိုက်နိုင်တာပဲ။ 🙁

    • ကျော်စွာခေါင်

      May 16, 2015 at 10:04 pm

      မမ

      …..
      မဟာဂရုဏာတော်၏ပြင်ပ လို့ နာမည်ပေးလိုက်တာကတော့ ပန်းချီကားရဲ့ ရသကို အမြင့်ဆုံးထိရောက်အောင် မြှင့်တင်ပေးလိုက်နိုင်တာပဲ။ …
      မှန်ပါတယ်မမ..
      ပန်းချီကားအမည်မှာ ရည်ရွာ်မှုတွေ အများကြီးပါပါ တယ်..။

      • sorrow

        May 17, 2015 at 4:24 pm

        မဟာဂရုဏာတော်၏ပြင်ပဧရိယာ … နာမည်လေးက အတော်တာသွားဗျ… စဉ်းစားတတ်ပါ့ဗျာ…

  • အောင် မိုးသူ

    May 18, 2015 at 9:55 am

    အချို့က အတ္တကို ရွှေချထားတယ်
    အချို့က နှလုံးသားကို တန်ဖိုးထားတယ်
    အချို့က အရာရမချင့်မရဲနဲ့
    လူတော့ လူတွေပဲ…….။
    (ကမ္ဘာမြေအတွက်သီချင်း)

  • Mike

    May 18, 2015 at 3:58 pm

    .ဒီပုံလေးကိုတစ်ခါမြင်ဖူးတယ်..ပုံနာမည်တော့ခုမှသိရတာ
    “မဟာဂရုဏာတော်၏ပြင်ပဧရိယာ …”….မဟာကရုဏာရှင်တွေလည်း..ဒီကလေးငယ်လေးတွေအတွက်အချိန်မပေးနိုင်အောင်
    .အလုပ်များနေဟန်.တူရဲ့

Leave a Reply