ခုတလော ခရီး ယာယီ များရဲ့…

 

ရိုးမမှာ ဒိုးရတာ အမျိုးက ပါပြန်တော့လည်း

မိုးမရွာသမို့ ဆိုးပါ့ဗျာ..

 

 

အနီးအနား ရိုက်စရာ ရှားသမို့ အမေ့စံပယ်ရုံပဲ တနေ့တနေ့ ရမယ်ရှာနေဖြစ်တယ် ဆိုတော့ ..ရှိစုမဲ့စုလေး တင်အုံးမယ်ဗျာ။

တောထဲမှာ အိမ်စောင့်ရင်း ရေရေလည်လည် အော်ဖစ်ရှယ် အားယားနေလို့ သီးခံဂျပါကုန်။

 

အဆီပိတ်နေတဲ့ ကြောင် တကောင်ကို Macro ဆေးထိုးတာ ဆေးအောင်သွားသမို့ အရှိန်ဆက်တက်အောင် ဆက်လက်ပြီး အဆင်းဘီးလှိမ့်ပါအုံးမယ်။

နောက်တာပါဗျာ… သိချင်တဲ့လူရှိရင် ဖတ်နိုင်ဖို့ လည်းကောင်း

အချိန်ရတုန်းမို့ တပုံချင်းစီအကြောင်း အကြမ်းဖျဉ်းတော့ ထည့်ရေးကြည့်ထားပါတယ်။

တရုံလုံးပွင့်နေတဲ့ စံပါယ်ခြုံကို တပွင့်ချင်းစီ ဘယ်လိုတွေးပြီး ရိုက်ဖြစ်သလဲ အမှတ်တရဆိုပါတော့။

ကင်မရာ ဆက်တင်တွေကတော့ ပြန်ကြည့်မှပဲ သိတော့မယ်ဗျ။metadata ထဲ ဖြုတ်ချထားလိုက်လို့ပါ။

 

 

1

1.

1.

သည်တပုံတည်း လေးထောင့်စပ်စပ် ဖြတ်ထားတာဗျ…

ကျနော့်ဆီမှာ 4×6 ပုံ ကျန်သေးရဲ့ .. ဘာကြောင့် လေးထောင့်ဖြတ်သလဲဆိုတော့ ဖြတ်ချင်လို့ပါ။

မျက်စိထဲ အစိမ်းရောင် ဘယ်ညာ အရွက်၂ဖက်က ရှုပ်နေတယ် ခံစားရလို့။

တော်ပြီပေါ့ .. အဖြူ ရယ် အဝါရယ် အညိုရယ်။ သူတို့ရဲ့ tints & shades တွေရယ်။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

jasmine (8 of 11)

2

2.

သည်ပုံထဲပါနေတဲ့ နောက်ခံ အဝါရောင်က လူလုပ်ပစ္စည်း တခုခုပါပဲ .. လှမ်းထားတဲ့ ထမင်းအုပ်ဆောင်းလား ဘာလား တော့ ကျနော်လည်း မမှတ်မိဘူး

ရှောင်ရိုက်ဖို့ စဉ်းစားသေးပေမယ့် သူ့ဟာနဲ့သူ ဟာမိုနီ ဖြစ်နေတာနဲ့ပဲ သည်ပုံ ယူလိုက်တာပါ။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

3

3

3.

နောက်ခံက မန်ကျီးပင်တွေဗျ.. အဲ့နားမှာ တာဝါတိုင်ရှိလို့ အင်တာနက်သွားသွားသုံးဖြစ်တယ်။

အစကတော့ ပိုးကိုက်နေတဲ့ အရွက်ကို ချိုးပြီး ရိုက်ဦးမလို့ပါပဲ။ (အရင် ပုံတပုံမှာ လုပ်ဖူးတယ်)

ပန်းက ငေါက်တောက်ကြီး ငေါထွက်နေလို့ အဆင်မပြေဘူး။ angle ပြန်ပြောင်းရင်လည်း BG bokeh လွတ်ဦးမယ်..

အဲ့ဒါနဲ့ပဲ သည်အတိုင်း။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

jasmine (8 of 14)

4

4. နောက်ခံက ကွန်ကရစ်လမ်းမဗျ။ သည်ထက်ပိုပြီး အပေါ်စီးကရိုက်လိုက်ရင် နီညိုညို မြေကြီးပေါ်တော့မယ်။

အဲ့ဒါဆို ဖွဲ့စည်းပုံမကောင်းတော့ဘူး ရောထွေးကုန်တော့မယ်..။ အရွက်တွေ အမိုးလိုဖြစ်နေပုံရယ် နေရောင် ဖျော့နေတာကိုသဘောကျတာရယ်ကြောင့် ရိုက်ဖြစ်ပါတယ်။

 

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

jasmine (14 of 14)

5

5. ဆွမ်းခံရင်း ငှက်တော့မသိဘူး ပန်းခူးရင်း ပုစဉ်းတော့ မိလာလေရဲ့။

Macro ရိုက်ရတာ နှစ်သက်မိတဲ့ နောက်ထပ် အကြောင်းအရာတခုဆိုပါတော့။ အဲ့ဒါကတော့ သာမန် မတွေးမိနိုင်လောက်မယ့် BG texture ကို ရရှိတာပါပဲ.

နောက်ခံမြေသား အညိုတွေကြားမှာ ဖြူလွလွ ဖြစ်နေတာက ကွန်ကရစ် ရေနှုတ်မြောင်းဗျ။ BG Blur ရလို့သာ မသိသာတာတကြောင်းနဲ့ ပုစဉ်းရဲ့ အရောင်ကို highlight လုပ်ပေးနေတာမို့

အဆင်ပြေသွားပါတယ်။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

jasmine15 (2 of 14)

6

6.

သည်ပုံကစလို့ အောက်ဆုံးထိက ညဘက်တွေ ရိုက်ထားတာပါ။

သည်ပန်းကို တကယ်တော့ သိပ်သဘောမတွေ့လှဘူး။

စံပယ်ပန်းက ဝိုင်းဝိုင်းစက်စက် ဖြစ်မနေဘဲ ဘေးကားနေတယ် ခံစားရတယ် ။ ပွင့်ကာစဗျ။

သူလည်း အဖူးကနေ ဘယ်လိုဘယ်ပုံ ထိုးထွက်ရုန်းကန်လာပြီး ပွင့်လာရတယ် မဆိုနိုင်ဘူး။

သူ့ဘေးက အစ်မတော်ကတော့ အရင်နေ့က ပွင့်ပြီးသမို့ ခူးခံထိပြီး အရိုးဂေါက်ဂတ် ကျန်နေတာပါ။

သည်၂ခုယှဉ်လျက်ပုံ လိုချင်လို့ ရိုက်မိကြောင်း။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

 

jasmine15 (7 of 14)

7

7.

စံပယ်ပန်းက ပွင့်စမှာ ကြာပန်းနဲ့ ဆင်တူသယောင်ဗျ။

တခါက ပါရမီရှင် ခပ်ကြောင်ကြောင် ကန်းမစ်စ် တယောက်ကို သတိရမိတယ်။

သူက အဝါရောင်ပန်းလေး တပွင့်ကိုင်ထားပြီး သည်ပန်းပင်ရဲ့ အမြစ်က ဆာလ်ဖာ ကို စပယ်ရှယ်လိုက်ဇ် လုပ်ပြီး စုပ်ယူလို့ ပွင့်ချပ်တွေ ဝါနေတာလား ဆိုပြောဖူးရဲ့။

တကယ်က ပွင့်လွှာတွေမှာ ရှိတဲ့ အန်သိုဆိုင်ယန်နင် နဲ့ ကယ်ရိုတီနွိုက်စ် ဆိုတဲ့ ရောင်ခြယ် ကွန်ပေါင်းတွေအကြောင်း သူ ပညာရှိသတိလစ်ခဲ ဖြစ်သွားတာပါ။

ငိုအားထက် ရယ်အားသန်ပေါ့။ သည်ပုံနဲ့ သူ့ကို သတိရမိတာကတော့ စံပယ်ပန်း ကို အရောင်ထည့် ပြီး မျိုးစပ်နိုင်ရင် အတော်လေး လှမယ် ယူဆကြောင်းပါ။

အပွင့်အရွယ်အစားရောပေါ့။ (သိပ်နှစ်သက်ဖူးတဲ့ လက်ဖက်နှင်းဆီများလို)

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

8

8

8.

သည်ပုံက နည်းနည်းတော့ လက်ဝင်သဗျ။

အပွင့်ကသေးတဲ့ အပြင် ၂ပွင့်လုံး focus ပြတ်ချင်ပြီး ကျန်တာ blur ချင်တာမို့။

မူလအလင်းရောင်ရယ်  လေတိုက်တာရယ် လိုမျိုး နဲ့ ပြန်ပြီး bounce လုပ်လာမယ့် အလင်းလို ..ကိုယ်မပိုင်တဲ့ factor တွေက အများသားရယ်။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

9

9

 

9.

စံပယ်ရုံထဲက နေ တခက်တလေ တပွင့်တလေငေါထွက်နေတတ်တဲ့ အကိုင်းမျိုး အပွင့်မျိုး ကျနော် ရိုက်လေ့ရှိပါတယ်။

ခြားနားတဲ့ BG လိုချင်လို့ပါ ။ သည်အမှောင်ထဲက တပွင့်ကိုတော့တမင် စိတ်ကူးတခုနဲ့ ရိုက်ဖြစ်တာပါ။

စံပယ်ခြုံကို မှိုပွင့်ပုံစံ ခပ်အုပ်အုပ်မျျိုးမဟုတ်ဘဲ ..ပင်စည်ခွဲ တခုချင်းစီကို ဗူးစင် ခပ်ပုပု လိုမျိုး စင်နိမ့်နိမ့်ထိုးပြီး

နွယ်လိုမျိုး လွှားပြီး ဖြန့်ကျက် စိုက်ရင် ဘယ်လိုနေမယ် မသိ ဆိုတာပါပဲ။

တခါတလေတော့လည်း စိတ်ထွက်ပေါက်အဖြစ်နဲ့ ဂလိုပဲ တောင်တွေးမြောက်တွေးပေါ့ဗျာ။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

စကားမစပ်

ဟိုဘက်ပိုစ့်မှာ သဂျီးနဲ့ ပြောဖြစ်တဲ့ Color Theory အကြောင်းရေးတာတော့ ပြီးသလောက် ဖြစ်ေ်နပါပြီ။

ပုံနဲ့စာပြန်ပြီး လုံးလို့ပြီးရင်တော့ တင်ပါမယ်။

 

(တချို့ အကြောင်းအရာတွေက Screen Shot ဖမ်းရမှာမို့)

အိမ်စာလုပ်လို့ ပြီးရင် တင်ပါအုံးမယ်ဗျာ…

 

 

တော်သေးဘီ

ကန္နားစီး မိဂီ

 

iCame, iSaw & iShooT

 

 

 

 

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011