စံပယ်ဖြူတွေ တောင် ပွင့်ပြီ ကွယ် -၂

ムラカミMay 16, 20159min27420

ခုတလော ခရီး ယာယီ များရဲ့…

 

ရိုးမမှာ ဒိုးရတာ အမျိုးက ပါပြန်တော့လည်း

မိုးမရွာသမို့ ဆိုးပါ့ဗျာ..

 

 

အနီးအနား ရိုက်စရာ ရှားသမို့ အမေ့စံပယ်ရုံပဲ တနေ့တနေ့ ရမယ်ရှာနေဖြစ်တယ် ဆိုတော့ ..ရှိစုမဲ့စုလေး တင်အုံးမယ်ဗျာ။

တောထဲမှာ အိမ်စောင့်ရင်း ရေရေလည်လည် အော်ဖစ်ရှယ် အားယားနေလို့ သီးခံဂျပါကုန်။

 

အဆီပိတ်နေတဲ့ ကြောင် တကောင်ကို Macro ဆေးထိုးတာ ဆေးအောင်သွားသမို့ အရှိန်ဆက်တက်အောင် ဆက်လက်ပြီး အဆင်းဘီးလှိမ့်ပါအုံးမယ်။

နောက်တာပါဗျာ… သိချင်တဲ့လူရှိရင် ဖတ်နိုင်ဖို့ လည်းကောင်း

အချိန်ရတုန်းမို့ တပုံချင်းစီအကြောင်း အကြမ်းဖျဉ်းတော့ ထည့်ရေးကြည့်ထားပါတယ်။

တရုံလုံးပွင့်နေတဲ့ စံပါယ်ခြုံကို တပွင့်ချင်းစီ ဘယ်လိုတွေးပြီး ရိုက်ဖြစ်သလဲ အမှတ်တရဆိုပါတော့။

ကင်မရာ ဆက်တင်တွေကတော့ ပြန်ကြည့်မှပဲ သိတော့မယ်ဗျ။metadata ထဲ ဖြုတ်ချထားလိုက်လို့ပါ။

 

 

1
1.

1.

သည်တပုံတည်း လေးထောင့်စပ်စပ် ဖြတ်ထားတာဗျ…

ကျနော့်ဆီမှာ 4×6 ပုံ ကျန်သေးရဲ့ .. ဘာကြောင့် လေးထောင့်ဖြတ်သလဲဆိုတော့ ဖြတ်ချင်လို့ပါ။

မျက်စိထဲ အစိမ်းရောင် ဘယ်ညာ အရွက်၂ဖက်က ရှုပ်နေတယ် ခံစားရလို့။

တော်ပြီပေါ့ .. အဖြူ ရယ် အဝါရယ် အညိုရယ်။ သူတို့ရဲ့ tints & shades တွေရယ်။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

jasmine (8 of 11)
2

2.

သည်ပုံထဲပါနေတဲ့ နောက်ခံ အဝါရောင်က လူလုပ်ပစ္စည်း တခုခုပါပဲ .. လှမ်းထားတဲ့ ထမင်းအုပ်ဆောင်းလား ဘာလား တော့ ကျနော်လည်း မမှတ်မိဘူး

ရှောင်ရိုက်ဖို့ စဉ်းစားသေးပေမယ့် သူ့ဟာနဲ့သူ ဟာမိုနီ ဖြစ်နေတာနဲ့ပဲ သည်ပုံ ယူလိုက်တာပါ။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

3
3

3.

နောက်ခံက မန်ကျီးပင်တွေဗျ.. အဲ့နားမှာ တာဝါတိုင်ရှိလို့ အင်တာနက်သွားသွားသုံးဖြစ်တယ်။

အစကတော့ ပိုးကိုက်နေတဲ့ အရွက်ကို ချိုးပြီး ရိုက်ဦးမလို့ပါပဲ။ (အရင် ပုံတပုံမှာ လုပ်ဖူးတယ်)

ပန်းက ငေါက်တောက်ကြီး ငေါထွက်နေလို့ အဆင်မပြေဘူး။ angle ပြန်ပြောင်းရင်လည်း BG bokeh လွတ်ဦးမယ်..

အဲ့ဒါနဲ့ပဲ သည်အတိုင်း။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

jasmine (8 of 14)
4

4. နောက်ခံက ကွန်ကရစ်လမ်းမဗျ။ သည်ထက်ပိုပြီး အပေါ်စီးကရိုက်လိုက်ရင် နီညိုညို မြေကြီးပေါ်တော့မယ်။

အဲ့ဒါဆို ဖွဲ့စည်းပုံမကောင်းတော့ဘူး ရောထွေးကုန်တော့မယ်..။ အရွက်တွေ အမိုးလိုဖြစ်နေပုံရယ် နေရောင် ဖျော့နေတာကိုသဘောကျတာရယ်ကြောင့် ရိုက်ဖြစ်ပါတယ်။

 

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

jasmine (14 of 14)
5

5. ဆွမ်းခံရင်း ငှက်တော့မသိဘူး ပန်းခူးရင်း ပုစဉ်းတော့ မိလာလေရဲ့။

Macro ရိုက်ရတာ နှစ်သက်မိတဲ့ နောက်ထပ် အကြောင်းအရာတခုဆိုပါတော့။ အဲ့ဒါကတော့ သာမန် မတွေးမိနိုင်လောက်မယ့် BG texture ကို ရရှိတာပါပဲ.

နောက်ခံမြေသား အညိုတွေကြားမှာ ဖြူလွလွ ဖြစ်နေတာက ကွန်ကရစ် ရေနှုတ်မြောင်းဗျ။ BG Blur ရလို့သာ မသိသာတာတကြောင်းနဲ့ ပုစဉ်းရဲ့ အရောင်ကို highlight လုပ်ပေးနေတာမို့

အဆင်ပြေသွားပါတယ်။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

jasmine15 (2 of 14)
6

6.

သည်ပုံကစလို့ အောက်ဆုံးထိက ညဘက်တွေ ရိုက်ထားတာပါ။

သည်ပန်းကို တကယ်တော့ သိပ်သဘောမတွေ့လှဘူး။

စံပယ်ပန်းက ဝိုင်းဝိုင်းစက်စက် ဖြစ်မနေဘဲ ဘေးကားနေတယ် ခံစားရတယ် ။ ပွင့်ကာစဗျ။

သူလည်း အဖူးကနေ ဘယ်လိုဘယ်ပုံ ထိုးထွက်ရုန်းကန်လာပြီး ပွင့်လာရတယ် မဆိုနိုင်ဘူး။

သူ့ဘေးက အစ်မတော်ကတော့ အရင်နေ့က ပွင့်ပြီးသမို့ ခူးခံထိပြီး အရိုးဂေါက်ဂတ် ကျန်နေတာပါ။

သည်၂ခုယှဉ်လျက်ပုံ လိုချင်လို့ ရိုက်မိကြောင်း။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

 

jasmine15 (7 of 14)
7

7.

စံပယ်ပန်းက ပွင့်စမှာ ကြာပန်းနဲ့ ဆင်တူသယောင်ဗျ။

တခါက ပါရမီရှင် ခပ်ကြောင်ကြောင် ကန်းမစ်စ် တယောက်ကို သတိရမိတယ်။

သူက အဝါရောင်ပန်းလေး တပွင့်ကိုင်ထားပြီး သည်ပန်းပင်ရဲ့ အမြစ်က ဆာလ်ဖာ ကို စပယ်ရှယ်လိုက်ဇ် လုပ်ပြီး စုပ်ယူလို့ ပွင့်ချပ်တွေ ဝါနေတာလား ဆိုပြောဖူးရဲ့။

တကယ်က ပွင့်လွှာတွေမှာ ရှိတဲ့ အန်သိုဆိုင်ယန်နင် နဲ့ ကယ်ရိုတီနွိုက်စ် ဆိုတဲ့ ရောင်ခြယ် ကွန်ပေါင်းတွေအကြောင်း သူ ပညာရှိသတိလစ်ခဲ ဖြစ်သွားတာပါ။

ငိုအားထက် ရယ်အားသန်ပေါ့။ သည်ပုံနဲ့ သူ့ကို သတိရမိတာကတော့ စံပယ်ပန်း ကို အရောင်ထည့် ပြီး မျိုးစပ်နိုင်ရင် အတော်လေး လှမယ် ယူဆကြောင်းပါ။

အပွင့်အရွယ်အစားရောပေါ့။ (သိပ်နှစ်သက်ဖူးတဲ့ လက်ဖက်နှင်းဆီများလို)

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

8
8

8.

သည်ပုံက နည်းနည်းတော့ လက်ဝင်သဗျ။

အပွင့်ကသေးတဲ့ အပြင် ၂ပွင့်လုံး focus ပြတ်ချင်ပြီး ကျန်တာ blur ချင်တာမို့။

မူလအလင်းရောင်ရယ်  လေတိုက်တာရယ် လိုမျိုး နဲ့ ပြန်ပြီး bounce လုပ်လာမယ့် အလင်းလို ..ကိုယ်မပိုင်တဲ့ factor တွေက အများသားရယ်။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

9
9

 

9.

စံပယ်ရုံထဲက နေ တခက်တလေ တပွင့်တလေငေါထွက်နေတတ်တဲ့ အကိုင်းမျိုး အပွင့်မျိုး ကျနော် ရိုက်လေ့ရှိပါတယ်။

ခြားနားတဲ့ BG လိုချင်လို့ပါ ။ သည်အမှောင်ထဲက တပွင့်ကိုတော့တမင် စိတ်ကူးတခုနဲ့ ရိုက်ဖြစ်တာပါ။

စံပယ်ခြုံကို မှိုပွင့်ပုံစံ ခပ်အုပ်အုပ်မျျိုးမဟုတ်ဘဲ ..ပင်စည်ခွဲ တခုချင်းစီကို ဗူးစင် ခပ်ပုပု လိုမျိုး စင်နိမ့်နိမ့်ထိုးပြီး

နွယ်လိုမျိုး လွှားပြီး ဖြန့်ကျက် စိုက်ရင် ဘယ်လိုနေမယ် မသိ ဆိုတာပါပဲ။

တခါတလေတော့လည်း စိတ်ထွက်ပေါက်အဖြစ်နဲ့ ဂလိုပဲ တောင်တွေးမြောက်တွေးပေါ့ဗျာ။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

စကားမစပ်

ဟိုဘက်ပိုစ့်မှာ သဂျီးနဲ့ ပြောဖြစ်တဲ့ Color Theory အကြောင်းရေးတာတော့ ပြီးသလောက် ဖြစ်ေ်နပါပြီ။

ပုံနဲ့စာပြန်ပြီး လုံးလို့ပြီးရင်တော့ တင်ပါမယ်။

 

(တချို့ အကြောင်းအရာတွေက Screen Shot ဖမ်းရမှာမို့)

အိမ်စာလုပ်လို့ ပြီးရင် တင်ပါအုံးမယ်ဗျာ…

 

 

တော်သေးဘီ

ကန္နားစီး မိဂီ

 

iCame, iSaw & iShooT

 

 

 

 

 

 

 

20 comments

  • မြစပဲရိုး

    May 16, 2015 at 3:56 am

    ဒါတွေကို မှ Stay Hungry နေမှတော့ ဒီမှာဘဲ Stay Foolish လိုက် ဦးပေါ့။
    မဆူပါဘူး။
    အရီး ကလဲ ဆြာကြီးစကား ကိုထည့် ပြောကြည့်တာ။ lol:-)))

    ဒါထက် နံပါတ်(၁) ရေစက်လေးတွေ နဲ့ စပယ် တွေ ကို ကြိုက်ပါတယ်။
    ဒါထက် ဘယ် တော ထဲ ရောက်နေတာတုန်း။ 🙄

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 17, 2015 at 1:17 am

      အနှီ ကမာ္ဘကျော် တော်ကီ ရဲ့ ရှေ့မှာ စကားတခွန်းရှိသေးတယ်
      အိပ်ယာဝင်ခါနီး မှန်ကြည့်ပြီး ကိုယ့်ကိုကိုယ်မေးခိုင်းတဲ့မေးခွန်း

      မနက်ဖြန် သေတော့မယ် ဆိုရင် ကနေ့ ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ်တကယ် လုပ်ချင်နေတဲ့အလုပ်ဟုတ်ရဲ့လား

      ဆိုတဲ့တာလေး ကျန်သဗျ..

  • ခင်ဇော်

    May 16, 2015 at 6:04 am

    မမှီမကမ်းး ဖတ်ပြီးး ကြိူးးစားး မှတ်သွားးပါတယ် ဆရာဂီ…!!!
    ကျေကျေနပ်နပ်ခေါ်တဲ့ ဆရာပါ…!!!
    နောက်ခါ ဘာကို မှ cat cat လန် ပြန်မငြင်းးတော့ပါဘူးးး
    :k:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 17, 2015 at 1:20 am

      မငြင်းတော့ရင် ပျင်းဇာယီးဗျာ
      မငြင်းရင် မရေးဘူး …
      အဆဲအဆိုလေးတွေနဲ့မှ စားဝင်အိပ်ပျော်တာရယ်

  • kai

    May 16, 2015 at 8:12 am

    ကျုပ်လည်း မိုက်ခရိုရိုက်ချင်လာသမို့… မှန်ဘီလူးတွေလိုက်ကြည့်နေ…
    မိုက်ခရိုဆိုတာ… အနုမြူကြည့်အဆင့်လောက်အထိ…ဆင်းမလို့ဗျ..
    အိုင်ဒီယာလေးတွေလုပ်ပါဦး..
    တကယ်..။
    စကားစပ်..
    အဲဒီစပယ်ဖွင့်ဖတ်လေးတခုပေါ်.. သွေးရဲရဲတစက်လောက်..ချပေးပါလားဟင်..။ :k:

      • kai

        May 16, 2015 at 4:05 pm

        ငါ့ပုံတော့ပျက်ပါပြီဆိုပြီး.. စိတ်တော်မဆိုးနဲ့နော.. ဆြာ..။
        အပျော်သဘော..။ အပြောသပေါ်…။

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          May 16, 2015 at 11:23 pm

          စိတ်​ထိခိယက်​သွားဘီ
          စပိုတ်​့ အီလက်​စထရိတ်​တက်​ ကိတ်​အက်​ပတန်​ ဗားရှင်​းပို့ပီး​ချော့ဗာ
          🙂

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 17, 2015 at 1:22 am

      it’s macro not micro သဂျီး…

      အိမ်စာ မှန်မှန်လုပ်ပါ

      😛

  • ​ဒေါ် လေး

    May 16, 2015 at 1:16 pm

    8နဲ့9 ပုံ​လေးကြိုက်​တယ်​

  • Alinsett @ Maung Thura

    May 16, 2015 at 1:38 pm

    အဲ့လို ပုံလေးတွေ ထွက်အောင် ရိုက်တတ်ချင်လို်က်တာ…
    (တခြား ပန်းကို)

  • lu lu

    May 16, 2015 at 5:31 pm

    ” “ရှင်တော်ဘုရားမှာ ပူဇော်တာ စံပယ်ပန်းလေးပါ ” ”
    ရိုက်ချက်တွေ မိုက်တယ်
    🙂

  • Ma Ma

    May 16, 2015 at 5:49 pm

    ပန်းပုံရိုက်ရင်း ပုဇဉ်းမိတာလည်း လှတာပဲ။
    သီအိုရီတွေက ကိုယ်မမီတဲ့အပိုင်းမို့ ပုံလေးတွေပဲ ခံစားသွားတယ်။ :k:

    ဒါ့ထက် 2015 ချင်းတူတူမှာတောင် Min Zarni လိုဂိုက ၂မျိုးတောင်ဖြစ်နေပါလား။
    နောက်ပိုင်းပုံတွေက လိုဂိုပုံလေး ပိုကြိုက်တယ်။ 🙂

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 17, 2015 at 1:24 am

      ကျေးကျေး မာမား

  • ဦးကြောင်ကြီး

    May 17, 2015 at 12:22 am

    စော်ဒွေဂို အဲလို အဏှီးcat ဆွဲရိုက်ပြဇမ်းပါ နှူ းဘာဂီ။

  • အောင် မိုးသူ

    May 18, 2015 at 10:13 am

    စံပယ်ပန်းတွေကိုလည်း အရမ်းနှစ်သက်တယ် အဲသည်ထဲကမှ ၁၂ရာသီပွင့်တဲ့ စံပယ်ကြက်ရုံးကို ပိုသဘောကျမိတယ်။ ဓာတ်ဆြာရဲ့ လက်ရာကိုတော့ သာပြီးချီးမွမ်းမနေတော့ဘူးနော် တော်ပြီးသားပဲကိုး။

  • Mike

    May 18, 2015 at 4:06 pm

    .စံပယ်ဖြူ တွေကိုတော့သဘောကျသဗျာ…ဓါတ်သေပညာတော့နားမလည်ပါဘု
    .ဒါကြောင့် ကျိပဲသွားတယ်

  • ကြောင်ဝတုတ်

    May 19, 2015 at 4:53 pm

    စပယ်ပင်လိုက်ရှာနေတယ်… နေဦး…ခဏစောင့်

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • Shwe Ei

    May 20, 2015 at 3:24 pm

    -ကော်ပီ ကူးပီး ဒက်စတော့ ဘက်ဂရောင်းမာ စလိုက်ရှိုး တင်ပါမယ် …

  • manawphyulay

    June 16, 2015 at 1:47 pm

    ပုံလေးတွေ ကြည့်ရင်းနဲ့ အနားမှာ စပယ်ပန်းတွေ လာထားသလား မှတ်ရ စပယ်ပန်း အနံ့လေးက သင်းပျံ့မွေးကြိုင်နေတယ်။

Leave a Reply