အာမခံ

ko sixMay 17, 20151min1128

ကျည်တစ်တောင့်ဟာ
သူ့အသက်မသတ်ဘူးလို့ အမခံသလား
အောက်ဆီဂျင်ဟာ
မီးမလောင်ဘူးလို့ အာမခံသိလား
ရေတစ်ခွက်ဟာ
အဆိပ်မပါဘူူးလို့ အာမခံသိလား
မြို့တစ်မြို့ဟာ
နေပျော်သေပျော်အရပ်လို့ အာမခံသလား
အာမခံသစ်တောတွေ
အာမခံမှုမပေးတဲ့အခါ
တံခါးတစ်ချပ်လည်း သော့လှပ်ခဲ့တော့
မသေသောဆေးသမား
မမှားသောရှေ့နေ
မလိမ်သော သမ္မတ
မမှောင်သောမြို့
မတတ်သော ကျောင်းသား
မြန်မာစကားပုံမှာ ဘာမှ အာမခံမထားဘူးရယ်။
ကိုစစ်

8 comments

  • ခင်ဇော်

    May 17, 2015 at 12:55 pm

    အာမခံ မရ တဲ့ ဘဝ

  • ko six

    May 17, 2015 at 2:00 pm

    အာမခံထားကြည့်ချင်တယ်

  • မြစပဲရိုး

    May 17, 2015 at 2:20 pm

    . ကျည် ဆိုတာ လူသတ်ဖို့ အတွက်
    . အောက်ဆီဂျင် ကတော့ တစ်ခြား ဒြပ်စင် နဲ့ ဓာတ်မပြုဘဲ သူ့ချည်း နေ ရင် အန္တရာယ် မရှိ.
    . ရေ ရဲ့ဇစ်မြစ် က အဆိပ် အကြောင်းပြောနိုင်မလား
    . မြို့တစ်မြို့ မှာ ဘယ်လိုလူတွေ နေတယ် သိရင် အာမခံ ရဲ ပါ့။

    လောကကြီးထဲ
    မသေသောဆေးသမား – မရှိ
    မမှားသောရှေ့နေ – မရှိ
    မလိမ်သော သမ္မတ – မရှိ
    မမှောင်သောမြို့ – မရှိ
    မတတ်သော ကျောင်းသား – မရှိ
    ဒီလို မရှိတာ (တနည်း ရှိ) တွေ ကြောင့် တိုင်းပြည် မပျက်နိုင် ဘူး။

    ဒါပေမဲ့
    စေတနာမရှိ တဲ့ ဆေးသမား
    သမာဓိအမှန် မရှိ တဲ့ ရှေ့နေ
    တရား မရှိ တဲ့ သမ္မတ
    မီး မရှိ တဲ့ မြို့
    စဉ်းစားခွင့် မရှိတဲ့ ကျောင်းသား
    အဲဒါတွေ ရှိနေတာ ကြောင့် ပြည်ပျက် နေတာ ပါ။
    အဲဒါတွေ ကို မရှိ ဘူး လို့ အာမခံနိုင်ကြဖို့ လိုတယ်။

  • ko six

    May 17, 2015 at 3:25 pm

    ဟုတ်ကဲ့ပါမြစပဲရိုး

  • kai

    May 18, 2015 at 12:37 am

    အာမတွေမဟုတ်ပဲ. အာထီးကြီးခံနိုင်တဲ့တနေ့…
    ဟုတ်ကဲ့တွေ… ဟုတ်မဲ့နေ့..။

  • Ma Ma

    May 18, 2015 at 9:37 am

    မမှားသော ရှေ့နေ၊ မသေသော ဆေးသမားလို့ ကာဗာယူထားတာ စေတနာမှန်နဲ့ လုပ်နေကြသူတွေအတွက်ပဲဆိုရင် ကောင်းမယ်။
    စေတနာမမှန်တဲ့ ပညာတတ်တွေနဲ့ အဲဒီကာဗာကြီးနဲ့ တွေ့တဲ့အခါကျတော့………. :b:

  • Alinsett @ Maung Thura

    May 19, 2015 at 6:06 am

    ဘယ်သူကမှ ပျော်ရွှင်စေရမယ်လို့ အာမ မခံနိုင်ဘူး
    .ပျော်ရွှင် ကောင်းမွံန်ခြင်းတရားတွေကို ပိုင်ဆိုင်ဖို့ရာက
    ကိုယ့် ကိုယ်ပေါ်မှာပဲ မူတည်တယ် ဆိုတဲ့ စာသားလေးကို သတိရသွားတယ်

    :kwi:

Leave a Reply