ကျမ က Spa ပါ မောင်င်င်င် ။

Foreign ResidentMay 19, 201514min25412

ကျမ က Spa ပါ မောင်င်င်င် ။

 

အင်းးး ဒီ Post လေးကတော့ ဘာရယ်မဟုတ်ပါဘူး ၊

ပြီးခဲ့တဲ့ လ တုန်းက ကို Black Chaw က တောင်းဆိုထားတဲ့ ၊

( အဘ ကို ကျန်းမာရေး လိုက်စားသူကြီးမှန်း သိနေတော့ကာ )

မြန်မာပြည် က ( တကယ် ကတော့ ရန်ကုန် မြို့ က ) ၊

Spa နှင့် Sauna တွေ အကြောင်းလေးတွေပါ ။

ရွာသူားတွေ အတွက် ကျန်းမာရေး နှင့် အလှအပ ဗဟုသုတပေါ့ဗျာ ။

 

အမှန်တော့ Sauna ချွေးထုတ်တယ် ဆိုတာ ၊

Spa ကျန်းမာရေး နှင့် အလှအပ ခေါင်းစဉ်အောက်က တစ်ခု ပေါ့လေ ။

 

ပထမဦးဆုံးအနေနှင့် ၊

ရန်ကုန် မြို့ က Sauna အစစ်လေး တစ်ခု အကြောင်းပေါ့ ။

အဘ ကြားမိသလောက်ကတော့ ရန်ကုန် မြို့ မှာ ၊

Sauna အစစ် က အဲဒီတစ်ခုဘဲ ရှိတယ် ပြောတာဘဲ ။

 

အဲ့သဟာကတော့ ၊ ” Golden Park ” ဆိုတဲ့ ၊

Korea Style Sauna / Spa Land ပါ ။

သူက မြောက် ဒဂုံ မြို့နယ် ၊

ပင်လုံလမ်း နှင့် ပြည်ထောင်စု လမ်းထောင့် အကျော်က ၊

မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ ကွင်းကြီး အတွင်းမှာ တည်ရှိပါတယ် ။

 

မျက်စိထဲ မြင်အောင် ပြောပြရရင် ၊ ပါရမီ လမ်းမကြီး အတိုင်း ၊

တည့်တည့် ဆင်းလာတဲ့လမ်း ( ပင်လုံလမ်း ) ပေါ်မှာပေါ့ကွယ် ။

ဘေလီ တံတားကိုကျော် တည့်တည့် ဆက်ဆင်းလာခဲ့ပေါ့ ။

အဲ့ဒီ့ လမ်းဆုံကို မဝတ လမ်းဆုံ လို့လည်း ခေါ်သေး ။

 

အစကနေစပြောရရင် ၊

ဒါကတော့ ” Golden Park ” အဆောက်အဦးကြီးပေါ့နော် ။

မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ ကွင်းကြီး အဝင်ပေါက်ကနေ စဝင်ရင် ၊

ဘယ်ဖက်အခြမ်းမှာ ရှိပါတယ် ။ ဂိတ်စောင့် ကို မေးလိုက်ရင်ရပါတယ် ။

 

110 ဒါကတော့ Golden Park အဆောက်အဦးကြီးပေါ့နော် ။

110 ဒါကတော့  Golden Park  အဆောက်အဦးကြီးပေါ့နော် ။
110 ဒါကတော့ Golden Park အဆောက်အဦးကြီးပေါ့နော် ။

 

ပုံရဲ့ ညာဖက်က အဓိက ဝင်ပေါက်ကနေဝင်လိုက်ရင် Reception ပါ ။

Reception မှာ Spa သုံးပါမယ်လို့ပြောလိုက်ပါ ။

တစ်နေ့တာလုံး Spa သုံးခ ( 7 am to 8 pm ) ၉၀၀ဝ ကျပါလိမ့်မယ် ။

ည ၈ နာရီကို ကျော်ပြီး ဆက်နေရင်တော့ ၂၀၀ဝ နောက်ထပ် ပေးရပါမယ် ။

 

အဲ့ဒီမှာ Reception က လဲဖို့ ချွေးစိုခံ အဝတ်တစ်စုံ နှင့် ၊

ပစ္စည်းတွေ သိမ်းဖို့ နံပါတ်ပါတဲ့ Locker သော့လေး ပြန်ပေးလိမ့်မယ် ။

အဲ့ဒီ Spa ထဲမှာ ဘာပဲ စားစား ၊ ဘာပဲ ထပ် သုံးသုံး ၊

အဲ့ဒီ Locker သော့ နံပါတ် နှင့်ဘဲ မှတ်ထားတော့မှာ ၊

ထပ်ပြီး ကျသမျှ အကုန်လုံး ပြန်အထွက်ကျမှ ရှင်းရမှာ ။

 

111 ဒါကတော့ Golden Park Spa Land ရဲ့ ကြော်ငြာလေး တစ်ခု ပါ ။

111 ဒါကတော့  Golden Park  Spa Land ရဲ့ ကြော်ငြာလေး တစ်ခု ပါ ။
111 ဒါကတော့ Golden Park Spa Land ရဲ့ ကြော်ငြာလေး တစ်ခု ပါ ။

 

သူတို့ဆီက Waiter ကောင်လေးတွေက ၊

ပစ္စည်းတွေ သိမ်းရမယ့် Locker လေးဆီကို လိုက်ပြလိမ့်မယ် ။

အဲဒီမှာ သူတို့ပေးတဲ့ ချွေးစိုခံ အဝတ်တွေလဲပြီးရင် စ လို့ရပြီ ။

ဒါကတော့ အဝတ်လဲခန်း နှင့် ပစ္စည်းသိမ်း Locker လေးတွေပါ ။

 

112 ဒါကတော့ အဝတ်လဲခန်း နှင့် ပစ္စည်းသိမ်း Locker လေးတွေပါ ။

112 ဒါကတော့ အဝတ်လဲခန်း နှင့် ပစ္စည်းသိမ်း Locker လေးတွေပါ ။
112 ဒါကတော့ အဝတ်လဲခန်း နှင့် ပစ္စည်းသိမ်း Locker လေးတွေပါ ။

 

သိပ် ထူးထူးခြားခြားတော့ မဟုတ်ပါဘူး ၊

စုစုပေါင်း Sauna ခန်း ၄ ခန်း နှင့် ရေချိုး / စိမ်ကန် ၃ ကန်ရှိတယ် ။

အဲ့ဒီ Sauna ခန်း နှင့် ရေချိုး / စိမ်ကန် တွေဟာ တစ်ခု နှင့် တစ်ခု ၊

အမျိုး အစား တွေလည်း မတူဘူး ၊ အပူချိန် တွေလည်း မတူဘူး ။

 

113 Temp မတူ အမျိုးအစားမတူ တဲ့ အခန်း ၄ ခန်းမှာ ၁၅ မိနစ်စီ ချွေးထုတ်တာပါဘဲ ။

113 Temp မတူ အမျိုးအစားမတူ တဲ့ အခန်း ၄ ခန်းမှာ ၁၅ မိနစ်စီ ချွေးထုတ်တာပါဘဲ ။
113 Temp မတူ အမျိုးအစားမတူ တဲ့ အခန်း ၄ ခန်းမှာ ၁၅ မိနစ်စီ ချွေးထုတ်တာပါဘဲ ။

 

ပထမ ဦးဆုံး Ocher Room ဆိုတဲ့ မြေစေး မြေနီခန်း ကို ဝင်ရတယ် ။

အဲ့ဒီ အခန်း ရဲ့ အပူချိန်က 53 deg C ရှိတယ် ။

အဲ့ဒီ အခန်းထဲမှာ ၁၅ မိနစ် ချွေးထုတ်တယ် ။

ပြီးရင် အပြင်ဘက်က Hall ထဲမှာ ၁ဝ မိနစ် ခဏ နားတယ် ။

( အပူချိန် နှင့် အမျိုးအစား မတူတဲ့ နောက် တစ်ခန်းကို ဝင်ဖို့ အဆင်ပြေအောင် )

 

ဒုတိယ က Charcoal Room ဆိုတဲ့ ကျောက်မီးသွေးခန်း ကို ဝင်ရတယ် ။

အဲ့ဒီ အခန်း ရဲ့ အပူချိန်က 54 deg C ရှိတယ် ။

အဲ့ဒီ အခန်းထဲမှာ ၁၅ မိနစ် ချွေးထုတ်တယ် ။

ပြီးရင် အပြင်ဘက်က Hall ထဲကို ပြန်ထွက်ပြီး ၁ဝ မိနစ် ထပ် နားတယ် ။

 

တတိယ က Salt Room ဆိုတဲ့ ဆား ခန်း ကို ဝင်ရတယ် ။

အဲ့ဒီ အခန်း ရဲ့ အပူချိန်က 41 deg C ရှိတယ် ။

အဲ့ဒီ အခန်းထဲမှာ ၁၅ မိနစ် ချွေးထုတ်တယ် ။

ပြီးရင် အပြင်ဘက်က Hall ထဲကို ပြန်ထွက်ပြီး ၁ဝ မိနစ် ထပ် နားတယ် ။

 

နောက်ဆုံး အနေနှင့် က Ice Room ဆိုတဲ့ ရေခဲ ခန်း ကို ဝင်ရတယ် ။

အဲ့ဒီ အခန်း ရဲ့ အပူချိန်က – 8 deg C ( အနှုတ် ၈ နော် ) ရှိတယ် ။

Ice Room ဆိုတဲ့ ရေခဲ ခန်း ထဲမှာ ပိုက်လိုင်းကြီး တစ်လျှောက် ရေတွေခဲနေတယ် ။

အဲ့ဒီ အခန်းထဲမှာ ၁၅ မိနစ် အအေးခံ တယ် ။

ရှေ့ သုံးခန်းမှာ ကျယ်သွားတဲ့ မွှေးညှင်းပေါက်တွေ ပြန်ကျဉ်းသွားမယ် ။

ပြီးရင် အပြင်ဘက်က Hall ထဲကို ပြန်ထွက်ပြီး ၁ဝ မိနစ် ထပ် နားတယ် ။

 

114 Ice Room ဆိုတဲ့ ရေခဲ ခန်း ထဲမှာ ပိုက်လိုင်းကြီး တစ်လျှောက် ရေတွေခဲနေတယ် ။

114 Ice Room ဆိုတဲ့ ရေခဲ ခန်း ထဲမှာ ပိုက်လိုင်းကြီး တစ်လျှောက် ရေတွေခဲနေတယ် ။
114 Ice Room ဆိုတဲ့ ရေခဲ ခန်း ထဲမှာ ပိုက်လိုင်းကြီး တစ်လျှောက် ရေတွေခဲနေတယ် ။

 

လိုရင်းကတော့ ၊ Temp မတူ အမျိုးအစားမတူ တဲ့ ၊

အခန်း ၄ ခန်းမှာ ၁၅ မိနစ်စီ ချွေးထုတ်တာပါဘဲ ။

Temp မတူတဲ့အတွက် ကြားထဲမှာ ၁ဝ မိနစ်စီ ခြားခြားပေးရသပေါ့ ။

 

အဲ့ဒီအခန်းတွေရဲ့ အရှေ့မှာ နှင့် အထဲမှာတော့ ၊

ဒီအခန်း တွေ အထဲမှာ ချွေးထုတ်ရခြင်းရဲ့ ကောင်းကျိုးတွေ ရေးထားတယ် ။

တခြား အခန်းတွေကိုတော့ မပြောလိုပါဘူး ၊ အမှတ်ထင်ထင် ဖြစ်သွားစေတဲ့ ၊

Charcoal ကျောက်မီးသွေးခန်း မှာ ချွေးထုတ်ရခြင်းရဲ့ ကောင်းကျိုးလေးကတော့ ၊

ဟီ ဟိ ၊ အံ့မခန်းပါဘဲကွယ် ၊ ဖတ်သာကြည့်ကြပေတော့ ။

 

115 Charcoal ကျောက်မီးသွေးခန်း မှာ ချွေးထုတ်ရခြင်းရဲ့ ကောင်းကျိုးလေးကတော့ ။

115 Charcoal ကျောက်မီးသွေးခန်း မှာ  ချွေးထုတ်ရခြင်းရဲ့ ကောင်းကျိုးလေးကတော့ ။
115 Charcoal ကျောက်မီးသွေးခန်း မှာ ချွေးထုတ်ရခြင်းရဲ့ ကောင်းကျိုးလေးကတော့ ။

 

အဲ့ဒါပြီးရင်တော့ ၊ ရေချိုး / စိမ်ကန် ၃ ကန်ရှိတဲ့ ရေချိုးခန်း ကိုသွားရတယ် ။

ရေချိုးခန်းထဲ မဝင်ခင်မှာတော့ ရေကူး ဘောင်းဘီလေး ပြောင်းဝတ်ရသပေါ့ ။

အဲဒီမှာ ဗမာတွေကသာ ရေကူး ဘောင်းဘီ ပြောင်းဝတ်ကြတာပါ ။

 

အဟင့် ၊ ကိုရီးယားတွေကတော့ ဘာမှမဝတ်ကြဘဲ ၊

ကိုယ်တုံးလုံး နှင့်ဘဲ ရေကူး ရေချိုးနေကြတာ တွေ့နေရသကွယ် ။

မျက်စိ ရှက်စရာပေါ့လေ ၊ ဘယ်တတ်နိုင်မလဲ ၊ သူ့ ယဉ်ကျေးမှုပေကိုး ။

 

116 အဲ့ဒီထဲက ရေချိုးကန် ၃ ကန် ကလည်း Temperature မတူပါဘူး ။

116 အဲ့ဒီထဲက  ရေချိုးကန် ၃ ကန် ကလည်း Temperature မတူပါဘူး ။
116 အဲ့ဒီထဲက ရေချိုးကန် ၃ ကန် ကလည်း Temperature မတူပါဘူး ။

 

အဲ့ဒီထဲက ရေချိုး / စိမ်ကန် ၃ ကန် ကလည်း Temperature မတူပါဘူး ။

ရိုးရိုး ရေ အပူချိန်ဘဲ ရှိတဲ့ ရေကူးလို့ရတဲ့ ကန် အရှည် တစ်ခုလဲ ပါပါတယ် ။

 

ဘေးမှာလည်း ထိုင်ပြီး ရေချိုးလို့ရတဲ့ နေရာတွေ ၊

ရပ်ပြီး ရေချိုးလို့ရတဲ့ နေရာတွေ ရှိပါတယ် ။

 

117 ထိုင်ပြီး ရေချိုးလို့ရတဲ့ နေရာတွေ ၊ ရပ်ပြီး ရေချိုးလို့ရတဲ့ နေရာတွေ ရှိပါတယ် ။

117 ထိုင်ပြီး ရေချိုးလို့ရတဲ့ နေရာတွေ ၊ ရပ်ပြီး ရေချိုးလို့ရတဲ့ နေရာတွေ ရှိပါတယ် ။
117 ထိုင်ပြီး ရေချိုးလို့ရတဲ့ နေရာတွေ ၊ ရပ်ပြီး ရေချိုးလို့ရတဲ့ နေရာတွေ ရှိပါတယ် ။

 

အဲ့ဒမှာ ၊ ရေနွေးစိမ်လိုက် ရေချိုးလိုက် ပြီးရင်တော့ ၊

Sauna ကိစ္စ ပြီးပါပြီ ။

 

နောက်ထပ် ပြောစရာတွေကတော့ အဲဒီ့ Sauna ခန်းမကြီး ၊

ဘေးကပ်ရက်မှာ အလှပြင်ဆိုင် ရှိပါတယ် ။

တစ်ချိ ု့ Sauna လုပ်ရင်း တန်းလန်းနှင့် မျက်နှာ ပေါင်းတင်နေတာ တွေ့ခဲ့တယ် ။

 

118 Sauna ခန်းမကြီး ရဲ့ အပေါ် ၃ ထပ်မှာတော့ အနှိပ်ခန်း ရှိပါတယ် ။

118 Sauna ခန်းမကြီး ရဲ့ အပေါ် ၃ ထပ်မှာတော့ အနှိပ်ခန်း ရှိပါတယ် ။
118 Sauna ခန်းမကြီး ရဲ့ အပေါ် ၃ ထပ်မှာတော့ အနှိပ်ခန်း ရှိပါတယ် ။

 

Sauna ခန်းမကြီး ရဲ့ အပေါ် ၃ ထပ်မှာတော့ အနှိပ်ခန်း ရှိပါတယ် ။

အဘလဲ Sauna ဝင်ပြီး တစ်ဆက်ထဲ အနှိပ်ခန်း ဆက်ဝင်ခဲ့ပါတယ် ။

တစ်နာရီ ဆက်ရှင် ကို ၆၀၀ဝ ပါ ၊ တစ်နာရီခွဲ ဆက်ရှင် ဆို ၁၀၀၀ဝ ပါ ။

 

အနှိပ်ခံပြီးတဲ့အခါ ဗိုက်ကလဲ ဆာလာတာ ၊

အပြင်ထွက်ပြီး စားဖို့ကိုလဲ မစောင့်နိုင်တော့တာနှင့် ၊

Sauna ခန်းမကြီး ဘေးကပ်ရက်မှာရှိတဲ့ Restaurant မှာဘဲ စားလိုက်ပါတယ် ။

ကိုရီယားစာ Bulgogi တဲ့ တစ်ပွဲကို ၈၀၀ဝ ကျပါတယ် ။

တော်တော်များသကွဲ့ ။ အဘ တစ်ဝက်လောက်ဘဲ စားလို့ ကုန်ပါတယ် ။

 

119 ကိုရီယားစာ Bulgogi တဲ့ တစ်ပွဲကို ၈၀၀ဝ ကျပါတယ် ။

119 ကိုရီယားစာ Bulgogi တဲ့ တစ်ပွဲကို ၈၀၀ဝ ကျပါတယ် ။
119 ကိုရီယားစာ Bulgogi တဲ့ တစ်ပွဲကို ၈၀၀ဝ ကျပါတယ် ။

 

ဒီနေ့ Sauna လာတာ ချွေးတော့ အတော်ထွက်ပါရဲ့ ၊

အအေး က ဖရဲဖျော်ရည် ၁ ၊ 100 Plus ၁ ၊ Shark ၁ သောက်ဖြစ်သွားတော့ ၊

ချွေးထွက်တာထက်တောင် အဝင် Intake က ပိုများနေမယ် ထင်ပါ့ ။

 

ဒီ ” Golden Park ” ထဲမှာ သုံးသမျှတွေကို ၊

လက်မှာပါတ်ထားတဲ့ Locker သော့ နံပါတ်လေး နှင့်ဘဲ မှတ်ထားပါတယ် ။

ကျသလောက်ကို ပြန်အထွက်မှ ကောင်တာမှာ ရှင်းယုံပါဘဲ ။

 

အင်းးးးးး ဒီ Spa တစ်ခုတည်းကိုဘဲ ကြော်ငြာဝင်နေရင် ၊

မတရားသလိုတော့ ဖြစ်တော့မှာဘဲ ။

အဲဒီတော့ကာ လက်ရှိ ရန်ကုန်မြို့မှာ ၊

နေရာအခင်းအကျင်း ရော ဝန်ဆောင်မှု ကော ဈေးနှုန်း ပါ ၊

သင့်တင့်တဲ့ နောက် Spa တစ်ခု အကြောင်းပါ တင်ပြလိုက်ပါတယ် ။

 

အဲဒီ Spa ကတော့ Vintage Luxury Yacht Hotel ရဲ့ ၊

၃ လွှာ မှာ တည်ရှိတဲ့ ” Water Spa ” ပါဘဲ ။

 

Vintage Luxury Yacht Hotel ဆိုတာကတော့ ၊ ဖွင့်ကာစမှာ ၊

မြန်မာမလေးတွေ ဒူးတုပ် ကြိုဆိုလို့ ၊ နာမည် ကြီး ခဲ့တဲ့ Hotel ပါဘဲ ။

ဗိုလ်တစ်ထောင် ဆိပ်ကမ်းက သင်္ဘောကြီးပေါ်မှာ တည်ရှိပါတယ် ။

 

121 ဗိုလ်တစ်ထောင် ဘုရား နောက်ခံ နှင့် Vintage Luxury Yacht Hotel သင်္ဘောကြီး ။

121 ဗိုလ်တစ်ထောင် ဘုရား နောက်ခံ နှင့် Vintage Luxury Yacht Hotel သင်္ဘောကြီး ။
121 ဗိုလ်တစ်ထောင် ဘုရား နောက်ခံ နှင့် Vintage Luxury Yacht Hotel သင်္ဘောကြီး ။

 

အဲ့ဒီ Hotel ရဲ့ Motto တစ်ခုကလည်း ၊

” Time travel Yacht will take you back

to year 1920 in 30 seconds & be a King “

၁၉၂ဝ ခုနှစ်က ဘုရင်လို ခံစားစေချင်တာ ဆိုတော့ ၊

ဒူးတုပ်ပြီး Service ပေးရတော့တာပေါ့ဗျာ ။

 

123 သင်္ဘောကို ပြင်ဆင်ထားပုံကလည်း ၁၉၂ဝ ခုနှစ်က ဒီဇိုင်းမျိုးပေါ့ ။

123 သင်္ဘောကို ပြင်ဆင်ထားပုံကလည်း ၁၉၂ဝ ခုနှစ်က ဒီဇိုင်းမျိုးပေါ့ ။
123 သင်္ဘောကို ပြင်ဆင်ထားပုံကလည်း ၁၉၂ဝ ခုနှစ်က ဒီဇိုင်းမျိုးပေါ့ ။

 

ထားပါ အဲ့ဒီ့ ၃ လွှာက Water Spa မှာက ၊

Spa Package ပေါင်းများစွာ ရှိသပေါ့ဗျာ ။

အဲဒီထဲက စိတ်ဝင်စားတဲ့ Package အချို့က ၊

 

1 ။ Herbal Oil Massage – 1 Hour – 50000 Ks ။

2 ။ Olive Oil Massage – 1 Hour – 35000 Ks ။

3 ။ Relaxation Body Package – 2 Hour – 90000 Ks ။

3.1 – Sea Salt Body Scrub – 30 mins

3.2 – Steam / Sauna – 30 mins

3.3 – Bath Room – 30 mins

3.3 – Herbal Oil Massage – 30 mins

 

122 Relaxation Body Package – 2 Hour – 90000 Ks ။

122 Relaxation Body Package - 2 Hour - 90000 Ks ။
122 Relaxation Body Package – 2 Hour – 90000 Ks ။

 

ဈေးတွေများလှပါလားလို့ လန့်မသွားပါနှင့်ဗျာ ။

သူက 11:30 AM ကနေ 16:30 PM အထိ ဆို 50 % Discount ပေးနေပါတယ် ။

အဲဒီတော့ကာ အခုရေးထားတဲ့ ဈေးတွေရဲ့ တစ်ဝက်ဘဲပေးရတော့မှာလေ ။

 

ဥပမာ Herbal Oil Massage – 1 Hour မှ 25000 ဘဲပေးရတော့မှာလေ ။

Olive Oil Massage – 1 Hour မှ 20000 လောက်ဘဲပေးရတော့မှာလေ ။

 

အဲဒီတော့ကာ Hotel Shwe Gone Dine တို့ Yangon City Hotel တို့မှာ

Oil Massage – 1 Hour ကို 25000 လောက်ပေးနေရတာနှင့် နှိုင်းရင် ၊

Vintage Luxury Yacht Hotel က အရမ်း တန်နေတာပေါ့ ။

 

ဘာ့ကြောင့်လဲဆိုတော့ Massage ရှိတဲ့ Hotel တွေထဲမှာ ၊

Vintage Luxury Yacht Hotel ရဲ့ အဆင့်က ၊

Hotel Shwe Gone Dine တို့ Yangon City Hotel တို့ထက် မြင့်တယ်လေ ။

သူက Chatrium Hotel တို့ Park Royal Hotel တို့ အဆင့် ရှိတယ် ။

 

( အဲ ၊ ကြုံလို့ တစ်ခုပြောပြရရင် Yangon City Hotel မှာ သင်္ကြန် ပြီးကတည်းက ၊

Oil Massage ကို ၃ ထပ် ၊ ရိုးရိုး Traditional Massage ကို ၄ ထပ် ပြောင်းသွားပြီ ။

အရင်တုန်းကလို ၅ လွှာမှာ မဟုတ်တော့ဘူး ၊ သိလား )

 

124 သင်္ဘော ရဲ့ Starboard Side ညာဖက်ခြမ်းက အခန်းတွေက မြစ်ရှုခင်း မြင်ရမယ် ။

( ဓါတ်ပုံရိုက်တဲ့အချိန်က ညဖက်ဖြစ်နေလို့ မမြင်ရတာ ၊ အပြင်မှာ ဝရန်တာ ရှိတယ် )

124 သင်္ဘော ရဲ့ Starboard Side ညာဖက်ခြမ်းက အခန်းတွေက မြစ်ရှုခင်း မြင်ရမယ် ။
124 သင်္ဘော ရဲ့ Starboard Side ညာဖက်ခြမ်းက အခန်းတွေက မြစ်ရှုခင်း မြင်ရမယ် ။

 

 

 

ထားပါတော့ ၊ လိုရင်းပြန်သွားရရင် အဘကတော့ ၊

Relaxation Body Package – 2 Hour ဘဲ ယူလေ့ရှိပါတယ် ။

အဓိက ကတော့ ရေချိုးတဲ့အခါ ကျောကုန်းက ချေးတွေကို ချွတ်ဖို့ ၊

လက်လှမ်းမှ မမှီဘဲကိုး ။ အဲ့ဒီမှာဘဲ သွားချွတ်ရတော့ သပေါ့ ။

 

အဲ့ဒီမှာတော့ ၊ အပေါ်မှာ ရေးထားသလိုပါဘဲ ၊

ရောက်ရောက်ချင်း Sea Salt နှင့် Body Scrub ကို 30 mins လုပ်တယ် ။

ပြီးရင် ပေါင်းအိုးနှင့် စင်လေးထဲမှာ Steam / Sauna ကို 15 mins လုပ်တယ် ။

Steam / Sauna ကို 15 mins လုပ်ပြီးရင် ရေအေးသောက်ပြီး 15 mins စောင့်တယ် ။

ပြီးတော့ ရေချိုးခန်းမှာ ရေချိုးပေးတယ် ။

ရေချိုး ပြီးရင် Herbal Oil နှင့် တကိုယ်လုံး Massage လုပ်ပေးတယ် ။

 

ပြောရရင် ၊ Spa အနေနှင့်ကတော့ ဘာမှ ထူးထူးခြားခြားတော့ မရှိလှပါဘူး ။

ဒါပေမယ့် သူ့ရဲ့ Hotel & Service အဆင့်အတန်း နှင့်ဆိုရင် ၊

( 50 % Discount ပေးနေတော့ ) ဈေး အနေနှင့် တန်တယ်လို့ ထင်မိလို့ ၊

အခမဲ့ ကြော်ငြာဝင်ပေးမိတာပါဗျာ ။

 

( Sauna အစစ် က တစ်ခု နှင့် ဈေးတော်တဲ့ Spa လေးက တစ်ခု ပေါ့ )

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

125 ဘယ်ဖက်က Body Scrub လုပ်တဲ့စင် ၊ ညာဖက်က Sauna လုပ်တဲ့ ပေါင်းအိုးနှင့် စင် ။

125 ဘယ်ဖက်က Body Scrub လုပ်တဲ့စင် ၊ ညာဖက်က Sauna လုပ်တဲ့ ပေါင်းအိုးနှင့် စင် ။
125 ဘယ်ဖက်က Body Scrub လုပ်တဲ့စင် ၊ ညာဖက်က Sauna လုပ်တဲ့ ပေါင်းအိုးနှင့် စင် ။

 

 

 

 

12 comments

  • ကြောင်ဝတုတ်

    May 19, 2015 at 4:33 pm

    ဗဟုသုတပြည့်စုံလှပါပေတယ်… အဘဖောခင်ဗျား…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • ခင်ဇော်

    May 19, 2015 at 5:06 pm

    Saved…!!
    ကြိုက်တယ်ဗျ
    အနံ့ အုံ့နွေးးးနွေးးကြီးးတွေကလွဲရင်….
    :mrgreenn:

    • Foreign Resident

      May 21, 2015 at 7:48 am

      မမချွိ အတွက် တမင်သက်သက် ကို ၊
      ကိုရီယားစာ Bulgogi ပုံ ထည့်ပေးထားတာပါနော် ။

  • Mike

    May 20, 2015 at 8:48 am

    .မရောက်ဖူးရုံမက ကြားပါမကြားဖူးတာမို့ ပြည့်ပြည့်စုံစုံတင်ပြပေးတဲ့ ကိုရင်ဖေါကိုကျေးဇူးပါ
    .ကိုရင်ဖေါတို့ကတော့အတွေ့အကြုံ စုံသဗျို :mrgreenn:
    .တစ်ခုမေးမလို့..Massage လုပ်ပေး၊ ရေချိုးပေးတာတွေက မိန်းမချောလေးတွေပေါ့နော် :))

  • အောင် မိုးသူ

    May 20, 2015 at 9:22 am

    Golden Park က ကျွန်တော်တို့နဲ့နီးတယ် သွားမယ်လို့ စဉ်းစားနေတာ မသွားဖြစ်သေးဘူး။ တစ်ခေါက်တော့ သွားဦးမှပဲ သင်္ဘောဟိုတယ်လ်ကတော့ ကိုယ်တွေနဲ့မတန်သေးဘူးလို့ပဲ မှတ်ပါ့မယ် ဈေးအလွန်ကြီးတဲ့အတွက်။

    • Foreign Resident

      May 21, 2015 at 9:07 am

      ့အောင် မိုးသူ says:
      ” တစ်ခေါက်တော့ သွားဦးမှပဲ ”

      တန်တော့ ၊ Charcoal ကျောက်မီးသွေးခန်း မှာ ၊
      ့ချွေးထုတ်ရခြင်းရဲ့ ကောင်းကျိုးလေးတွေကို ကြိုက်သွားပြီ ထင်တယ် ။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 20, 2015 at 10:37 am

    ကျန်းမာရေး လိုက်စားတတ်တဲ့ အဘဖောအား.. အားကျ အတုယူသွားကြောင်းပါ။
    မျက်စိလည် လမ်းမှားပီး အဲ့လိုမျိုး ကျန်းမာရေးခန်းတွေရောက်ရင် ကျနော်ကတော့
    တော်တော်နဲ့ ပြန်မထွက်တတ်တော့ဘူး..။ သင်္ဘောပေါ်မှာ အလုပ်ပဲလုပ်ဖူးတာ
    အနှိပ်မခံဖူးတော့ အဲ့နေရာလေးတော့ မဒမ်နီ မသိအောင် ကျိတ်မှတ်သွားပါကြောင်းလေး
    ဒီလို ကျန်းမာရေးဝါသနာပါသူ ကျနော့်တီု့အတွက် ရေးပြပေးတဲ့ အဘဖောကိုလည်း ကျေးဇူးပါ။ 😳

  • တောင်ပေါ်သား

    May 20, 2015 at 1:16 pm

    အဘဖောရေ မသိသေးတာ သိရလို့ ကျေးဇူးပါ ၊

    ဒါပေမယ့် အဘဖောလိပ်စာတွေက ဝေးသမို့

    ဆင်ရေတွင်းက ဖရက်ရှာ ဒါမှမဟုတ်

    စိုက်ပျိုးရေးမှတ်တိုင်နားက ဆမ်းမားပဲလေ့စ်တို့လောက်နဲ့ပဲ ကျေနပ်နေရသဗျို့ ၊ 🙂

  • ​ဒေါ် လေး

    May 20, 2015 at 2:46 pm

    အဘ ရေ golden park ကိုတော့ ရောက်ဖူးတယ်
    ဖွင့်ကာစမို့လားမသိ လူအရမ်းများပြီ ပေးတဲ့တဘက်တွေ က
    အနံ့သိပ်မကောင်းတော့ဘူး အဘပြောသလိုဘဲ ကိုးရီးယားမတွေက
    အကုန်ချွတ်ပြစ်တာ လန့်တောင်သွားတယ်
    အဘ ရေးပြ မှ ပိုပြီးစုံစုံလင်လင် သိရတယ်

  • မြစပဲရိုး

    May 21, 2015 at 12:02 am

    အသာလုပ်ပါ အဘဖော ရယ်။
    . ခေါင်းစဉ်ကို နေးတစ်စပီကာသံ မဟုတ်ဘဲ နပိ သံ နဲ့ ထွက်လိုက်ရင် ဒွတ်ခ။ (စီဒီ- မွသဲ)

    အနှိပ်ခန်း က နှိပ်ပေးတာ ရိုဘော့လား၊ ကျားလား၊ မလား။
    ရေချိုးပေးတာကရော။
    အာ့ကျ မှတ်တမ်းမတင်ခဲ့ဘူးလား။
    မျက်နှာဖုံးစွပ်လိုက်မှာဘဲဟာကို။
    lol:-)))

    • Foreign Resident

      May 21, 2015 at 7:40 am

      Mike says:
      ” Massage လုပ်ပေး၊ ရေချိုးပေးတာတွေက မိန်းမချောလေးတွေပေါ့နော် ”

      ့မြစပဲရိုး says:
      ” အနှိပ်ခန်း က နှိပ်ပေးတာ ရိုဘော့လား၊ ကျားလား၊ မလား။
      ့ရေချိုးပေးတာကရော ”

      ဟဲ ၊ ဟဲ ၊ ဒီမှာဘဲ ၂ ယောက်ပေါင်း ဖြေလိုက်မယ် ။
      ကျနော့်မှာက ရောဂါ တစ်မျိုး ရှိနေသဗျ ။ အဲ့ဒီ ရောဂါ က ၊
      ့ယောက်ျားလေးတွေ နှင့် ထိရင် Allergic လိုမျိုး ထလာသဗျ ။

      အဲ့သဟာနှင့်ဘဲ ၊ ဟဲ ၊ ဟဲ ၊
      အမျိုးသမီး / သာမီးလေးဒွေ ( ဂျဂါးတောင် ပီတော့ဝူး ) နှင့်ဘဲ ၊
      ့ရေချိုး ရ ၊ အနှိပ်ခံ နေရတော့သပေါ့ဗျာ ။

      အင်းးးး ၊ ပြောရမယ်ဆိုရင် အဲ့ဒီ အနှိပ်ခန်းမှာ ၊
      အမျိုးသား အနှိပ်သမား / ရေချိုးပေးသူ မရှိတာလည်း ပါသပေါ့လေ ။
      ့ရွေးချယ်ပိုင်ခွင့် မရှိရှာတဲ့ ကျနော့်ဘဝ ပါဗျာ ။

      အင်းးးး ၊ ဘဝ ၊ ဘဝ ။ ဟီ ဟိ ။

  • manawphyulay

    June 16, 2015 at 1:44 pm

    အင်း သွားချင်ပေမယ့် အဘဖောပြောတဲ့ နေရာတွေကို ခုလောလောဆယ်တော့ သွားလို့ မရသေးလို့ မှတ်ပဲ ထားလိုက်တော့မယ် အဘရေ….

Leave a Reply