ကျွန်တော်နဲ့ မှတ်မှတ်ရရ မွှေးရနံ့လေးတွေ

မွှေးရနံ့တွေနဲ့ပတ်သက်ပြီး တွေးမိတာလေးတွေ ရှိသလို နှစ်သက်ခဲ့မိတာတွေလည်း

ရှိပါတယ်။ ကျွန်တော်က ရေမွှေးနံ့ခပ်ပြင်းပြင်းတွေနဲ့ အလာ့ဂျစ်ဖြစ်သူပါ။ ရေမွှေးနံ့ခပ်ပြင်းပြင်း

ခပ်စူးစူးရပြီဆို ဟပ်ချိုးအဆက်မပြတ်ချေတတ်သလို အသက်ရှူတွေပါကြပါလာတတ်ပါတယ်။

 

ကျွန်တော်နဲ့ တည့်တဲ့ မွှေးရနံ့တွေက ခပ်သင်းသင်းနဲ့ သဘာဝရနံ့တွေဆို တည့်ပါတယ်။

သည်လိုနဲ့ သစ်ပင်ပန်းပင်တွေက အနံ့တွေကို ကျွန်တော်နှစ်သက်ခဲ့တယ်။ ပထမဆုံးပြောရမယ်ဆို

ယုဇနပင်ပေါ့။ ယုဇနပန်းရဲ့ မွှေးရနံ့ကို သိပ်နှစ်သက်သူပါ။ အိမ်က ခြံမကျယ်ပေမယ့် အဒေါ်အိမ်မှာ

(၉)ပေလောက်မြင့်တဲ့ ယုဇနပင် ရှိပါတယ်။ ပွင့်ပြီဆိုရင်ဖြင့် တစ်အိမ်လုံး တစ်ခြံလုံးကို မွှေးနေ

တော့တာပါပဲ။

ယုဇနပန်းပွင့်ပုံစံကိုလည်း သဘောကျမိသလို အဒေါ်အိမ်က ပန်းပွင့်ပြီးဆို အခိုင်လိုက်

ခူးလာပြီး ဘုရားလည်း တင်တတ်တဲ့ကျတော်ပါ။ ခြံလေးတစ်ခြံ ရရင်တော့ စိုက်မယ့်အပင်ထဲမှာ

ယုဇနပင်လည်း ပါဝင်ပါတယ်။

ခုခေတ်မှာတော့ (၁၂)ရာသီပွင့်တဲ့ ယုဇနမျိုးတွေလည်း ပေါ်လာသလို အဲသည်အမျိုး

တွေဟာ အပင်သေးသေးလေးနဲ့လည်းပွင့်ပါတယ်။ ရနံ့ကတော့ မြန်မာမျိုးလောက် မသင်းပါဘူး။

ကျွန်တော့်ဘဝမှာ အမှတ်ရစေမယ့် ရနံ့တစ်မျိုးလည်း ဖြစ်ပါတယ်။

ယုဇနပန်းပင်ဟာ ကိုင်းချိုးပြီး ထိုးစိုက်လို့ရတဲ့ အမျိုးပါ။

ယုဇနပန်းနဲ့ ပတ်သက်ပြီးကြိုက်မိတဲ့ သီချင်းလည်းရှိပါသေးတယ်။

“ယုဇနပင် ပန်းတွေကြားမှာ

ချစ်ရာ့အဖြေရှိတယ်……..ဖဲကြိုးဝါလေးရယ်” ဆိုပြီး ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်းဟာ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရော့်ခ်ကာကြီး ဇော်ဝင်းထွဋ်ရဲ့   နာမည်ကြီးသီချင်းတစ်ပုဒ်

ဖြစ်ခဲ့ပါသေးတယ်။

Murraya-Paniculata---Mock-OrangeYuuzana

နောက်ထပ် နှစ်သက်မိတဲ့ ပန်းရနံ့တစ်မျိုးကတော့ ညမွှေးပန်းပါ။ သိပ်ပြင်းလွန်းတဲ့

ရနံ့နဲ့ ပန်းပါ။ ကြယ်ပုံစံအပွင့်မှာ အခိုင်လိုက်ပွင့်ပါတယ်

။ ညမှာမွှေးတဲ့ပန်းမို့လို့ အလေးမထားတဲ့

သူတွေကလည်း အလေးမထားကြပါဘူး။

ကျွန်တော်ကတော့ ညမွှေးပန်းကို ခြံအပြင် မြောင်းနှုတ်ခမ်းမှာ စိုက်ချင်ပါတယ်။ ညမွှေးပန်းဟာ ခူးပြီးနမ်းမယ်ဆို ရနံ့သိပ်ပြင်းပေမယ့် အပင်မှာပဲထားမယ်ဆို သူ့ဝန်းကျင်မှာ

ပျံ့လွင့်နေတဲ့ ရနံ့ကတော့ သင်းပျံ့လှပါတယ်။

ညမွှေးပန်းပင်ကိုစိုက်ချင်တယ် ကိုင်းထိုးစိုက်လို့ရတဲ့ အမျိုးပါပဲ။

ညမွှေးပန်းနဲ့ပတ်သက်ပြီး သီချင်းလေးကလည်း နာမည်ကြီးလှပါတယ်

“ညတုန်းက တွေ့ရတယ် ကောင်းမလေးတစ်ေ

ယာက်

ပျောက်သွားလို့ လိုက်ရှာနေတယ်……………………..Nya Mhway

ညမွှေးပန်းလေးရယ်…. တွေ့များ တွေ့မိသလားကွယ်” အဆိုတော် စိုးပိုင်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ပါ။

 

နောက်တစ်ခု နှစ်သက်မိတဲ့ ရနံ့နဲ့ ပန်းကတော့ ဇီဇဝါပန်းပါ။ ကျွန်တော်ဘယ်လောက်

ကြိုက်သလဲဆို ဇီဇဝါပင်က ပန်းပွင့်ပြီဆို ခူးပြီးနမ်းရတာ အမောပါပဲ။ ဒါပေမယ့် ဇီဇဝါပန်းမှာ

အင်းဆက်အကောင်လေးတွေ နေတာများပါတယ်။ မွှေးရင်း နှာခေါင်းထဲ ဝင်မိတာခဏခဏပါပဲ။

ဇီဇဝါပင်က ပန်းခူးပြီး ဘုရားတင်ပြီဆို ကျွန်တော်တို့အိမ်က ဘုရားစင်က မှန်တံခါးနဲ့ပါ။

ဇီဇဝါပန်းကို ဘုရားတင်ထားပြီး အဖြူရောင်ကနေ အဝါကိုပြောင်း နွမ်းလို့စွန့်တော့မယ်ဆိုပြီး

မှန်တံခါးကိုဖွင့်လိုက်တယ်ဆိုရင်တော့ မွှေးရနံ့က  မွှေးနေဆဲပါ။ ဇီဇဝပန်းဟာ နွမ်းသွားတာတောင်

ရနံ့က မပျောက်ပါဘူး။ အပွင့်ပုံစံကလည်း နှင်းဆီပန်းလိုလိုမို့ သဘောကျစရာပါ။

ဇီဇဝါပန်းပင်ကိုလည်း ကိုင်းကူးစိုက်လို့ရပါတယ်။p_CTG514989Zezawar

 

လေးစားစွာဖြင့်

အောင်မိုးသူ

14 comments

  • ခင်ဇော်

    May 20, 2015 at 11:14 am

    ချစ်ဖို့ ကောင်းလိုက်တဲ့ ပန်းလေးတွေ။
    ကြည့်ရင်း အမွှေးရနံ့ လေးတွေ ရလာသလိုပဲ။
    ပြီးမှ အင်္ဂလိပ် နာမည် ရှာအူးမယ်။

    ခုလောလောဆယ်တော့ စကားစိမ်းပန်း နံ့ကြိုက်နေတယ်။
    ပန်ထားလို့

    :k:

  • Mike

    May 20, 2015 at 11:41 am

    .ယုဇနပန်းပင်မမြင်ဖူးသေးဘူးဗျာ
    .ညမွှေးပန်းအနံ့ကိုတော့နှစ်သက်ပါတယ်

  • တောင်ပေါ်သား

    May 20, 2015 at 12:57 pm

    ညမွှေးပန်းက ပလေးဘွိုင်းသန်းနိူင်
    ယုဇနပင်နဲ့ ဖဲကြိုးဝါက မင်းမင်းလတ်
    အဲသလိုလားလို့

    ကျနော်ကတော့ ခရေ နဲ့ စပယ်ကြိုက်တယ်ဗျာ ၊၊ 🙂

    • အောင် မိုးသူ

      May 20, 2015 at 1:09 pm

      မင်းမင်းလတ်က အရင်ဆိုတာထင်တယ်နော် ကျွန်တော်က ကိုဇော်ကြီးပဲ သိလို့ပါ။

  • Ma Ma

    May 20, 2015 at 3:31 pm

    ပန်းဆိုရင် မွှေးမှကြိုက်တယ်။
    ယုဇနလည်း ကြိုက်ပေမယ့် ဇီဇဝါကို ပိုကြိုက်တယ်။
    ညမွှေးပန်းကတော့ ရေရှည်ဆိုအဲဒီအနံ့ကြီးကို မခံနိုင်ဖြစ်တတ်တယ်ဆိုလို့ စိုက်ချင်တဲ့အထဲမပါဘူး။

  • ဦးကျောက်ခဲ

    May 20, 2015 at 3:50 pm

    ယုဇနကတော့ လူရော ပန်းရောကြိုက်တယ် … ဟီ ဟိ ဟိုအဆိုတော်မဟုတ်
    ဇီဇဝါလည်း ကြိုက်တယ် … အဲ ညမွှေးပန်းတော့ တာ့တာ…
    ပန်းနာရင်ကြပ်သမားဆို ညမွှေးပန်းပွင့်ချိန် လိမ့်နေအောင်ခံရတာ… :k:

    • အောင် မိုးသူ

      May 21, 2015 at 9:05 am

      ညမွှေးပန်းကို အဝေးကပဲ ကြိုက်တာ နီးရင် ခေါင်းမူးတယ်။ ကျွန်တော့်မှာလည်း အက်စမာရှိတယ်။

  • မြစပဲရိုး

    May 20, 2015 at 11:50 pm

    အရီးလဲ ရေမွှေးတော့ သိပ်မသုံးတတ်ဘူး။
    ဟိုး ငယ်တုန်းက အစ်ကို ခရီးက ပြန်ရင် ချာလီ ဝယ်ဝယ်လာတယ်။
    အဲဒီတုန်းကတော့ အဲဒါက အကောင်းစားပေါ့။ အခုတော့ အဲဒီ အနံ့ ကို မကြိုက်တော့ဘူး။

    ညမွှေးပန်းကတော့ မွှေးလွန်းသည့်ပန်း မနမ်းဝံ့သည်ဘဲ။
    ခေါင်းကိုက်လာလို့။ ဇီဇဝါ အနံ့ကို နှင်းဆီထက် ပို ကြိုက်တယ်။
    . စပယ်၊ ယုဇန၊ ညမွှေးပန်း၊ ဇီဇဝါ၊ အပြင် အဲဒီလို ဖြူသောပန်းများ ထဲ တစ်ခြား ဘာရှိသေးလဲ။ စဉ်းစားမိနေတယ်။

  • ​ဒေါ် လေး

    May 21, 2015 at 7:01 am

    ဇီဇဝါ ကိုကြိုက်တယ် လှည်းကူးဘက်ကို သွားရင်
    အဲနားက ရွာတွေရဲ့ခြံစည်းရိုးမှာ ဇီဇဝါတွေတော်တော်များများ
    စိုက်ထားကြတယ် လှနေရော

  • Alinsett @ Maung Thura

    May 21, 2015 at 5:29 pm

    ဇီဇဝါပန်းကို မြင်ရင်… အဲဒီပန်းရနံ့ကို ရရင်…
    ငယ်ငယ်က စာသင်ပေးတဲ့ ကျနော့်ဆရာမကို သတိရတယ်..
    ကျနော်ချစ်သော ..ကျနော့်အတန်းပိုင်ဆရာမက… ဇီဇဝါပန်းဆို သိပ်ကြိုက်တာ…
    သူ ပန်ဖို့..မနက်တိုင်း.. ကျနော့်အိမ်ရှေ့က ဇီဇဝါပန်း တစ်ပွင့် တစ်ပွင့်… ခူး ခူး သွားပြီး ပေးခဲ့တာ…
    အမြဲလိုလို ဇီဇဝါပန်းလေး ခေါင်းမှာ ပန်တတ်တဲ့ဆရာမ…
    မာန်မာနမရှိ…အေးချမ်းသိမ်မွေ့တဲ့ အပြုံးနဲ့… ညင်သာတဲ့ စကားသံ….
    အခုတောင် ပြန် သတိရတယ်..ဆရာမရယ်…

Leave a Reply