သည်ပန်းပင်တွေကို စစသိချင်းမှာ အထူးအဆန်းဖြစ်မိတာအမှန်ပဲ။ သုံးမျိုးစလုံးကလည်း

မွှေးရနံ့တွေမှာ ထူးခြားတာကိုး။

“တောင်တိုင်းမှာလည်း ပတ္တမြားမရှိသလို

တောတိုင်းမှာလည်း စန္ဒကူးပင်မရှိဘူး။” ဆိုတဲ့ စာချိုးလေးကို ငယ်ငယ်က

သင်ခဲ့တဲ့ ကဗျာမှာ မှတ်ခဲ့ဖူးကတည်းက စန္ဒကူးပင်ဆိုတာသိချင်ခဲ့မိတယ်။

ကျောင်းတုန်းက ဆရာမပြောဖူးတာ ကြားနေရင်းကနေ စန္ဒကူးပင်ကို တွေ့ချင်မြင်ချင်

မိခဲ့တယ်။ သိပ်ကိုမွှေးလွန်းတဲ့အတွက် အလွန်တန်ဖိုးကြီးတယ်လို့လည်း ပြောတာကြားဖူးခဲ့တာပါ။

သည်လိုနဲ့ တစ်ရက်တော့ အနံ့ကထူးခြားပြီး အရမ်းမွှေးတဲ့ ပန်းပင်တစ်ပင်ကို ကျွန်တော်တွေ့ခဲ့

တယ်။ (၇)တန်း (၈)တန်းလောက်မှာ ခရေပန်းကောက်ရင်း ကျွန်တော်တို့နေတဲ့ ရပ်ကွက်နားမှာ

အပင်တစ်ပင်အောက်မှာ ပန်းတွေဖွေးဖွေးလှုပ်ကြွေနေတာကို တွေ့လိုက်ရတယ်။

မွှေးလိုက်တာမှ မွှေးနေတော့။ အပင်က (၇)ပေ (၈)ပေလောက်မြင့်ပေမယ့် သူ့ရဲ့

အကိုင်းတွေက ရှည်အိပြီး ကွေးပြီးဖြာဆင်းနေတယ်။ စကြာပန်းနဲ့ ပုံစံတူပြီး အဖြူရောင်ပါပဲ။

ထူးခြားတာ အပွင့်အောက်က ရိုးတံအသေးလေးဟာ စကြာပန်းလို အစိမ်းရောင်မဟုတ်ပဲ

လိမ္မော်ရောင်တောက်တောက် (သုံးဘီးကားရောင်)လိုပါပဲ။ ဘယ်ရမလဲ အကျီ င်္စကို

လက်တစ်ဖက်နဲ့ဆွဲ ကောက်ထည့်တော့တာပဲ။

အိမ်ရောက်တော့ ခရေပန်းတွေကော အဲသည်ပန်းလေးတွေပါ အများကြီးပေါ့။

သေချာကြည့် အိကျီ င်္မှာ အဲသည်ပန်းက လိမ္မော်ရောင်တွေ စွန်းကုန်ရော။ အမေပြန်လာတော့

အဲသည်ပန်းကို “ဆိတ်ဖလူး”လို့ခေါ်တယ်ဆိုတဲ့အကြောင်းရယ်။ ရှေးယခင်တုန်းက အဲသည်ပန်းက

အရောင်ကို ဆိုးဆေးအဖြစ်အသုံးပြုတဲ့ အကြောင်းရယ် ပြောပြမှပဲ။ သြော် ဒီပန်းဟာ “စန္ဒကူး”

216407-205619959456860-183201585032031-697097-4508

ဆပ်ဖလူးပန်းလေးတွေ

sateflu

ဒီလိုကြွေကျတယ်။

မဟုတ်သေးဘူးဆိုတာ သိခဲ့ရပြန်တယ်။

ကျွန်တော်တို့ ရပ်ကွက်ကလေးဟာ တောင်ဥက္ကလာမြို့နယ်မှာတည်ရှိပါတယ်။

မီးတားကွင်းလိုရော လယ်ကွင်းလိုရော ကလေးတွေဆော့ကွင်းလိုရော ကွင်းတွေအများကြီး

ရှိခဲ့တာပေါ့။ အခုတော့ ကျုးကျော်လိုလို ဘာလိုလိုတွေ အိမ်ဆောက်နေကုန်တာနဲ့ ကွင်းတွေလည်း

ရှားပါးလာခဲ့ပါပြီ။ အချို့ထောင့်ကွက်အိမ်တွေကလည်း လယ်ကွင်း (သို့) မီးတားကွင်းနဲ့

ဆက်စပ်ထားတဲ့ လမ်းချိုးတွေကိုလည်း သူတို့အပိုင်လို ခြံခတ်ပစ်လိုက်ကြပြီး ကွင်းကိုသွားတဲ့

လမ်းပါ ပိတ်ပစ်လိုက်ကြပါတယ်။

လက်ကျန်ကွင်းတွေတော့ရှိပါသေးတယ်။ ကျွန်တော်တို့နေတဲ့လမ်းရဲ့ ကျွန်တော်တို့

ဘက်ခြမ်းမဟုတ်တဲ့ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် အိမ်ဘက်ခြမ်းတွေရဲ့ နောက်ဖေးဟာဆိုရင်

နောက်မှာ မီးတားကွင်းလို လယ်ကွင်းရှိပါတယ်။ အဲဒါကြောင့် အဲသည်ဘက်အိမ်တွေရဲ့ 

နောက်ဖေးမြေတွေဟာ ပေ(၆၀)မကပါဘူး။ အချို့ တွေဟာ အပင်တွေစိုက်ထားပါတယ်။

ကျွန်တော်အပြင်မှာ မမြင်ဖူးတဲ့ အပင်တစ်မျိုးကို အဲသည်ဘက်ခြမ်းမှာနေတဲ့ အိမ်တစ်အိမ်ရဲ့

နောက်ဖေးမှာ စတင်တွေ့ရှိခဲ့ပါတယ်။

အမှန်တော့ အဲသည်ဘက်ခြမ်းက အိမ်တွေရဲ့နောက်ဖေးကို သွားလေ့မရှိပါဘူး။

ကျွန်တော့်အစ်မ တစ်ဝမ်းကွဲရဲ့ အမျိုးသားအိမ်ဟာ အဲသည်ဘက်ခြမ်းမှာပါ။ တစ်ရက်တော့

အဲသည်အိမ်ကို အမေက အစ်မကိုအခေါ်လွှတ်တာကြောင့် ရောက်သွားခဲ့ပါတယ်။

နောက်ဖေးဝင်ဝင်ချင်း မွှေးရနံ့ခပ်ပြင်းပြင်းကို ကျွန်တော်ရလိုက်တယ်။ မွှေးလိုက်တာမှ

ထုံအီနေအောင် မွှေးတဲ့ ရနံ့မျိုး ကြာလရင် ခေါင်းတွေကိုက်လာနိုင်တယ်ဆိုတာသိတယ်။

အနံ့လာရာကို ကြည့်လိုက်တဲ့အချိန်မှာတော့ မြင့်မားလှတဲ့ အကိုင်းတွေမှာ

နာနတ်ပင်အရွက်နဲ့တူတဲ့ အရွက်လိုလို နာနတ်ပင်အရွက်လောက် မထူးပဲ ပါးလျလျနဲ့ အရွက်ရဲ့

အစွန်းတွေမှာ စူးလေးတွေရှိပါတယ်။ အပင်ပုံစံဟာ ထူးဆန်းသလို အပင်ကပွင့်နေတဲ့ အပွင့်ဟာ

လည်း  ထူုးဆန်းပါတယ်။ ပွင့်ပြီးသားအပွင့်တွေဟာ ကျွန်တော်တို့ အိုးတိုက်ဖို့လုပ်တဲ့

သပွတ်သီးလိုလို အခိုင်လိုက်တွေပေါ်မှာ အပွင့်အမှုန်လေးတွေပါအတွဲလိုက်ပါ။

မပွင့်သေးတဲ့အဖူးတွေကတော့ အုန်းပန်းမပွင့်ခင် အဖူးလိုအကြီးကြီးပါ။

အိမ်ကလူတွေကို မေးကြည့်တော့ စကားလုံးမသဲမကွဲပြောပါတယ်။ ကျွန်တော်ကတော့

“စန္ဒကူး”လို့ ထင်မိခဲ့ပြန်ရော။ မွှေးပျံ့လွန်းတာကိုး။

အဲသည်အပင်က အဖူးတစ်ဖူးကိုချိုးပေးမယ်တယ် ခွက်ကြီးကြီးတစ်ခုမှာရေထည့်ပြီး

ထောင်ထားကြည့်တဲ့ ဘုရားတင်ချင်လည်းတင်တဲ့။ အိမ်ရောက်တော့ ပြောသလိုတင်ကြည့်တာ

ပေါ့။ တစ်အိမ်လုံး မွှေးလိုက်သည့်ဖြစ်ခြင်း ထုံအီနေတာပဲ။ အဲသည်ပန်းပင်နာမည်ကို

အမေပြောမှ သိရတော့တယ်။ “ဆပ်သွားဖူး”ပန်းတဲ့။ ဒါဆို “စန္ဒကူး” မဟုတ်သေးဘူးပဲ။

ပါးစပ်နဲ့ခေါ်ကြည့်ရင်တော့ နည်းနည်းရောတတ်တော့ မှားတတ်ကြတာ သဘာဝပါပဲ။

Pandanus_utilis_male_flowers2

ဆပ်သွားဖူး (ဆပ်သဖူး)

“ဆပ်ဖဘူး” “ဆပ်သွားဖူး(ဆပ်သဖူး)” “စန္ဒကူး” ဆိုတော့။pandanus-flower

လုပ်ငန်းခွင်ရောက်တော့ အလုပ်က ခရီးစဉ်တစ်ခုကို လိုက်ပို့ပေးတယ်။ ရွှေစက်တော် နဲ့

မကွေးဘုရားစုံပေါ့။ အဲသည်မှာမှာ “စန္ဒကူးကျောင်းတော်ရာ” ဆိုတဲ့ မြတ်စွာဘုရား တစ်ညတာ

သီတင်းသုံးခဲ့တဲ့နေရာကို ရောက်ခဲ့တယ်။ မြတ်စွာဘုရား သီတင်းသုံးဖို့အတွက်

စန္ဒကူးသားတွေနဲ့ဆောက်လုပ်ခဲ့တဲ့ ကျောင်းတော်တဲ့။ အဲသည်ကျောင်းတော်ကို ဌာပနာတည်ပြီး

တည်ထားတဲ့ စေတီပေါ့။

အဲသည်မှာမှ စန္ဒကူးပင်တွေကို မျိုးမတုံးအောင် ထိန်းသိမ်းထားတာ တွေခဲ့ရတယ်။

စန္ဒကူးပန်းကိုတော့ မတွေ့ခဲ့ပေမယ့် သက်ရင့်စန္ဒကူးပင်စည်တွေအလယ်မှာ အနည်းငယ် အပင်ကို

ထွင်းထားပေးတယ်။ နမ်းကြည့်တော့ အများနဲ့မတူတဲ့ မွှေးရနံ့ကိုရတယ်။ ပင်စည်က အဆီနဲ့

ရေမွှေးတွေဘာတွေ ထုတ်တယ်လည်းပြောတယ်။ စန္ဒကူးပင်ပုံကို အဲသည်တုန်းက ကြာပြီမို့

သေချာ မရိုက်ဖြစ်ခဲ့ပေမယ့် စန္ဒကူးတော်ထဲမှာတော့ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော့်ရဲ့   “စန္ဒကူး”ရှာပုံတော် ပြီးဆုံးခဲ့တယ်။ ဘဝမှာ “ဆိတ်ဖလူး ၊

182907_1716520445265_2707922_n

စန္ဒကူးပင်တွေကြားမှာ

ဆပ်သွားဖူး (ဆပ်သဖူး) ၊ စန္ဒကူး” ပင်တွေဟာ မှတ်မှတ်ရရဖြစ်နေဦးမှာပါပဲ။

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

About အောင် မိုးသူ

ဘကြီး အောင် has written 213 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။