အမှိုက်ကင်းစင် ကျောင်း မုန့်တန်းတစ်ခွင် – Junk food free school campaign

ဇီဇီJune 4, 20151min39138

ဘဲဥ ဘဲမ အစ ဘယ်က စ ပတ်တနာ တစ်ခု ဆွဲထုတ်အူးမယ်။

ဆရာ နန္ဒဝင်း ရဲ့ ပေ့(ချ) မှာ တွေ့လို့ရော

အဲဒီ မတိုင်ခင် အင်ဒိုနီးရှား ဝန်ကြီးက သူတို့ ကျောင်းတွေမှာ နိုင်ငံခြားမုန့်၊ အသင့်စားမုန့်တွေကို ပိတ်ပင်ပြီး

ရိုးရာ အစားအသောက်ကို ကလေးတွေကို ရောင်းချဖို့ ပြောတဲ့ သတင်းလေး ဖတ်ရာက စပြီး စဉ်းစားမိတာ။

 

ငယ်တုန်းကတော့ ကြားဖူးတယ်လေ။

ကလေးတွေဟာ တိုင်းပြည် အနာဂတ်တို့ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ရမှာတို့ ဘာတို့။

စဉ်းစားကြည့်ရင် ဟုတ်တယ်။

 

ကျန်တာ မပြောတော့ပါဘူးးး

မြင့်ပါတယ်။ ပညာရှင်တော့ ပြောကြပါစေတော့။

ပညာရေး…

နိုင်ငံရေး…

စီးပွါးရေး… အရ မတိုးတက်အောင် ကလေးတွေ ကို ဘရိန်းဝပ်(ရှ) လုပ်ထားတာတွေ၊

ပစ်စလခတ်ထားတာတွေ၊

ဦးစားမပေးတာတွေ က သိတဲ့ တတ်တဲ့သူတွေ လှုပ်ရှားကြလိမ့်မပေါ့နော်။

 

လမ်းဘေးမှာ ရောက်နေတဲ့ ကလေးတွေကလည်း အများကြီး…

တောင်းစားနေတယ်။

ကော်ရှုနေတယ်။

အလစ်သုတ်နေတယ်။

အဲဒီ မျိုးဆက် တစ်ဆက် အရွယ်ရောက်ရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာ မတွေးရဲလို့ ဆက်မတွေးတော့ဘူးးး

 

အဲ။ တရုတ်က မုန့် အတုတွေ စားပြီး သူတို့ ပြဌာန်းချင်သလို ပြဌာန်းထားတဲ့ သင်ရိုးတွေကို သင်ကျားပြီး ကျောင်းတက်နေကြတဲ့ ကလေးတွေကရော ကာယ၊ ဉာဏ အပိုင်းတွေ ဘယ်လောက်ထိ ဖွံ့ဖြိုးတော့မလည်းလို့လည်း စဉ်းစားကြည့်ပါဦးးး

ပညာရေး ကောင်းပါတယ်တို့ အစိုးရနဲ့ ဘာဆိုင်လို့လည်းတော့လည်း မပြောနဲ့။

သူတို့ သားသမီးတွေ ကို အစိုးရစတိတ်ကျောင်းထားလား အင်တာနေရှင်နယ် ကျောင်း ထားလား ကြည့်အူးးး

ပိုက်ဆံရှိသားသမီးတွေ ကရော ဘယ်ကျောင်းထားလဲ၊ ဘယ်နိုင်ငံထားလည်း ကြည့်အူးးး

ဆိုတော့ ခံ နေရတာ ကလေးငယ် အများစု က ကိုယ့်တို့ ကလေးတွေ။

 

ကျောင်းတစ်ကျောင်းချင်းစီ က အကြီးအကဲတွေက ကိုယ့် ကျောင်း နဲ့ ပတ်သက်ပြီး အရင်ဆုံးကို တွေးခေါ် စဉ်းစားနိုင်ကြရင် မဆိုးဘူးထင်ပါရဲ့။

ကျောင်းရဲ့ သန့်ရှင်းကျန်းမာရေး၊ ကလေးတွေ ညာဏ်ရည်ဖွံ့ဖြိုးရေးဆိုတာ အစိုးရ က တီဗီမှာ ကြားကောင်းရုံလောက် အော်တာကို မျောနေလို့လည်း မဖြစ်ဘူးလေ။

ကိုယ်တိုင် စ ရမှာပါ။

ဆရာ နန္ဒဝင်း ရဲ့ ဆောင်းပါးလေး ဖတ်ကြည့်ပါအူးးး

တန်ဖိုး တော်တော်ရှိလို့ပါ။

~~~~~~~~~~~~~~~~~~~~

 

ကာကွယ်ပေးရမည့်အနာဂတ်(သို့မဟုတ်) တန်ဖိုးသင့်နေ့လည်စာ

(daily eleven ကိုပို့မယ့်ဆောင်းပါးလေးပါ)

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုစာရေးသူတစ်ယောက်ဆိုသည်ထက် အတွေးတင်ပြသူလို့သတ်မှတ်ရတာကို ပိုသဘောကျမိပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ လပေါင်းများစွာ မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရင်သွေးငယ်ကို အချိန်ကာလတန်တဲ့အချိန်ကျရင် မနေထိုင်နိုင်တော့ဘဲ မွေးထုတ်လိုက်ရသလို တစ်ချို့သော ကျွန်တော့်စိတ်ကူးတွေဟာ အချိန်ပေါင်းများစွာ စိတ်နှလုံးထဲမှာ အပြန်ပြန် အလှန်လှန်သုံးသပ်ဆက်စပ်နေခဲ့ပြီး အချိန်ကာလတစ်ခုရောက်တဲ့အခါ စိတ်တံခါးဝက ရေတွေသွန်လိုက်သလို ဥဒါန်းကျူးရင့်လိုက်သလို အတွေးစာလုံးတွေအဖြစ် စာဖတ်သူတွေရှိရာကို တင်ပြနိုင်ခဲ့ပါတယ်။

မကြာသေးခင်က ကျွန်တော့်စိတ်ကူးရင်သွေး အတွေးတင်ပြချက်ကလေးဖြစ်တဲ့ တန်ဖိုးသင့်ညစာ ဆိုတဲ့ အတွေးကလေးကို စာဖတ်သူတွေကိုတင်ပြနိုင်ခဲ့တဲ့အပြင် လက်တွေ့နယ်ပယ်မှာလည်း အောင်မြင်အောင် စိတ်ကူးမှသည်လက်တွေ့ဆီသို့ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ညနေတိုင်းညနေတိုင်း တစ်နေကုန် အလုပ်နှင့်လက် နှင့်မပြတ်အောင် နေပူမရှောင် မိုးရွာမရှောင် ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရတဲ့ ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေဆီကို သင့်တင့်တဲ့ဈေးနှုန်းနှင့်ထမင်းတွေဟင်းတွေလိုက်ရောင်းပေးတဲ့လုပ်ငန်းပါဘဲ။

(နောက်နောင်ဆို ဆင်းရဲနွမ်းပါး မိသားစုဆိုတာထက် လိုအပ်ချက်ရှိနေသေးသောမိသားစုများလို့ စကားလုံးပြောင်းလဲသုံးစွဲခွင့်ပြုပါ)

ထမင်းတွေ ဟင်းတွေ အိမ်ရှေ့ယာရောက်လိုက်လံရောင်းချပေးတဲ့အခါမှာလည်း အမြတ်အစွန်းအတွက် ထည့်သွင်း စဉ်းစားမှုမရှိခြင်းစေတနာရှင်လုပ်အားပေးများကိုသာအကူညီတောင်းခဲ့ခြင်းဖြစ်သောကြောင့် လုပ်အားခကို ငဲ့ကွက်ရန်မလိုခြင်း စတဲ့ အချက်တွေကြောင့် ရောင်းချတဲ့အခါ ဈေးနှုန်းတွေကို သင့်တင့်ရုံမက အသက်သာဆုံးဖြစ်အောင်စီမံထားတဲ့ ဈေးနှုန်းတွေနှင့် ရောင်းချပေးနိုင်ခဲ့ပါတယ်။

ထမင်းနှင့် သီးစုံပဲဟင်း စားမယ်ဆို နှစ်ရာ၊

ဝက်သားနှင့်ထမင်းနှင့်ဆို သုံးရာ၊

ကြက်သားနှင့်ထမင်းနှင့်ဆို ငါးရာ ဈေးနှုန်းတွေနှင့် ထမင်းအိုး ဟင်းအိုးတွေကို ဆိုက်ကားတစ်စီးပေါ်တင် လိုအပ်ချက်ရှိနေသေးတဲ့အိမ်ခြေ တစ်ရာကိုအခြေပြုရောင်းပေးခဲ့သလို အတွေးကိုလည်း စာစုကလေးအဖြစ်တင်ပြ နိုင်ခဲ့ပါတယ်။

(ကျွန်တော့် ဖောက်သည်တွေ ပြောတဲ့စကားအရ ဆိုရရင် ထင်းဖိုးသာသာရှိတဲ့ တန်ကြေးနှင့် ဝယ်စားခွင့် ရတာပေါ့)

အားပေးသူအင်မတန်များပြားခဲ့တာကြောင့် ရက်ပိုင်း အတွင်းမှာဘဲ ဆိုက်ကားအသစ် နောက်ထပ် သုံးစီးထပ်တိုးချဲ့ရသလို ကားငယ်လေးတစ်စီးပါဝယ်ခဲ့ပြီး နီးစပ်ရာ ရွာကြီးသုံးရွာ အထိကို ဟင်းတွေပို့ဆောင် အရင်းမပျက်ရောင်းချပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကလည်းကျွန်တော်နှစ်ပေါင်းများစွာ စိတ်ကူးလေး အဖြစ် နှင့်ရှိခဲ့ပြီး ခုအောင်မြင်လာခဲ့တဲ့စိတ်ကူးလေး (brainchild) တန်ဖိုးသင့်ညစာလေးကို မည်သူမဆို လိုက်လုပ် လို့ရပါတယ်။ ကျွန်တော်တွေ့ကြုံခဲ့တဲ့ အားနည်းချက်အားသာချက်များကိုပါ တပါတည်း တင်ပြပေးပါရစေ ကူညီပါရစေ ကျွန်တော့်အတွေး တော့မွေးစားကြပါလို့ လူအများ လိုက်ပါ လုပ်ဆောင်နိုင်ရန် တိုက်တွန်း ခဲ့ပါတယ်။

လိုက်ပါလုပ်ဆောင် လိုသူတွေလည်း နိုင်ငံတဝှမ်းလုံးလို့ ဆိုရလောက်အောင် ကျွန်တော့်ဆီကို ဆက်သွယ်ကာ မေးမြန်းလာခဲ့ပြီး နေရာအနှံ့မှာ တန်ဖိုးသင့်ညစာ လုပ်ငန်းလေးတွေ အလျှိုလျှိုပေါ်ပေါက်လာပါတော့တယ်။ ပရဟိတဆိုတာ နိုင်ငံတိုးတက်ရေးအတွက် ဆုံမှတ်ပါဘဲလို့ဆိုရလောက်အောင် လိုက်ပါလုပ်ဆောင်သူ အသီးသီးဟာ နိုင်ငံရေး ရည်ရွယ်ချက်မတူသူတွေ ကွဲပြားသူတွေဖြစ်နေတတ်ကြပေမယ့် သူတို့အားလုံး တန်ဖိုးသင့်ညစာကို လုပ်ဆောင်ခဲ့ခြင်းကတော့ ပြည်သူအားလုံး အာဟာရပြည့်ဝသော အစားအစာများ ကို ဈေးနှုန်းသက်သာစွာနှင့် သန့်သန့်ရှင်းရှင်း စားသောက်နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက် ကြောင့်ဘဲဖြစ်ပါတယ်။

ကျွန်တော့်အတွေးမွေးစားကြသူတွေထဲမှာ ရန်ကုန်မြို့ အထက်တန်းကျောင်းတစ်ကျောင်းက ကျောင်းအုပ် ဆရာမကြီးတစ်ယောက်လည်းပါဝင်လာပါတယ်။

သူတာဝန်ကျရာ ကျောင်းကလေးဟာ ရန်ကုန်မြို့ပေါ်က ကျောင်းဆိုပေမယ့် လာရောက်ကျောင်းတက်နေကြတဲ့ ကျောင်းသားကျောင်းသူများကတော့ လိုအပ်ချက်ရှိနေ သေးတဲ့မိသားစုဝင်ထဲကကလေးတွေများပါတယ်။

မုန့်ဖိုးကလေး သုံးလေးရာသာရတတ်တဲ့ ကလေးတွေဟာ ကျောင်းပတ်ဝန်းကျင်ကဆိုင်တွေမှာ အရန်သင့်ဝယ်ယူလို့ရတဲ့ ပုံပန်းသဏ္ဍာန်အားဖြင့် စွဲဆောင်မှုရှိသော်လည်း အာဟာရစံညွှန်းမကိုက်ညီတဲ့ မုန့်ထုပ်တွေကိုသာ အာသာပြေစားနေရပါတယ်တဲ့။

ဒါကြောင့်လည်း ဆရာမကြီးက သူ့ရဲ့ဆရာဆရာမမိသားစုတွေနှင့်တိုင်ပင်ပြီး

သီးစုံပဲဟင်းနှင့်ထမင်းနှင့်ဆိုနှစ်ရာ

ကြက်ဥ တစ်လုံးပါ ထပ်ထည့်ချင်ရင်နောက်တစ်ရာ ထပ်ပေါင်းသုံးရာ သတ်မှတ်ကာ

တန်ဖိုးသင့်နေ့လယ်စာ ဇွန်လ ကျောင်းဖွင့်ရက်နှင့်တပြေးညီ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

ကျွန်တော့်ဆီက အကြံဉာဏ်တောင်သိပ်တောင်းစရာ မလိုဘဲ ဆရာမကြီးဟာ တန်ဖိုးသင့်နေ့လယ်စာ လုပ်ငန်းကိုအောင်မြင်အောင်စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။

လောဘကြီးတတ်တဲ့ကျွန်တော်ကတော့ ဆရာမကြီးကို တန်ဖိုးသင့်နေ့လယ်စာရောင်းချသောကျောင်း ဖြစ်ရုံသာမက Junk food free school အဖြစ်ပါ ကြေငြာနိုင်အောင် ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ကယ်လိုရီတွေအများအပြားပါဝင်ပေမယ့် အခြားသောအာဟာရတန်ဖိုးတွေ မပါသလောက်နည်းတဲ့ အမှိုက်စာ Junk food တွေဟာ လှပခြင်း မြန်ဆန်ခြင်း ကြာရှည်ခံခြင်း အမြတ်အစွန်းကြီးခြင်း ဆိုတဲ့ အပေါ်ယံ စွဲဆောင်မှုတွေနှင့် ကမ္ဘာတစ်လွှားမှာ နေရာအနှံ့ဖြစ်နေခဲ့ပါပြီ။ အဲသည် အမှိုက်စာတွေကို စွဲစွဲမက်မက် စားသုံးတဲ့ ကလေးတွေမှာ အဝလွန်ခြင်း စိတ်ကျရောဂါဖြစ်စေခြင်းတွေဖြစ်ဖို့ အခွင့်အရေးတွေများတယ်လို့ဆိုကြပါတယ်။

တာရှည်ခံအောင် စီမံထားတဲ့အစားအသောက်တွေထက် သန့်ရှင်းလတ်ဆတ်သဘာဝဖြစ်တဲ့အစားအစာတွေဟာ ပိုမိုအစာကြေလွယ်ရုံမက ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ ဓါတ်ကြွင်းကျန်ရှိမှုမှာလည်း တာရှည်ခံတဲ့အစားအသောက်တွေလိုမဖြစ်စေပါဘူး။

တာရှည်ခံ လှပအောင် စီမံထားတဲ့ အမှိုက်စာတွေမှာ ပါဝင်တဲ့ ကြာရှည်ခံထိန်းဆေးဓါတုဗေဒပစည်းတွေဟာ တစ်ခါတစ်လေ စားသုံးရင် မသိသာပေမယ့် စွဲစွဲမြဲမြဲ ကြိမ်ဖန်များစွာစားသုံးသူတွေအတွက် အန္တရာယ် (အဆိပ်)တွေပါဘဲ။

တစ်ချို့ အစားအစာတွေမှာဆို ကင်ဆာဖြစ်စေတဲ့ ဒိုင်အောက်ဆိုဒ်ဓါတ်တွေပါဝင်တာကိုတွေ့ရပါတယ်။ ခဲပါတ် စကူဘူးထဲက နာမည်ကြီး နိုင်ငံခြားကလာတဲ့ နွားနို့ကိုသောက်တာထက် ကိုယ့်ရပ်ကိုယ့်ရွာက ညှစ်ရောင်းတဲ့ လတ်ဆတ်တဲ့နွားနို့ကို သေချာစွာကြိုချက်သောက်လိုက်တာက ပိုလို့ကျန်းမာစေမှာပါ။

နိုင်ငံခြားက ဖြစ်ဖြစ် ပြည်တွင်းကဖြစ်ဖြစ် အလှပတရားနှင့် အမြတ်အစွန်းရဖို့ အဓိကစီမံထားတဲ့ မုန့်ထုတ်တွေထက် အမြတ်အစွန်းကိုအလေးမထားတဲ့ အာဟာရစံညွှန်းပြည့်ဝတဲ့ သန့်ရှင်းလတ်ဆတ်တဲ့သီးစုံပဲဟင်းတစ်ခွက်ဟာ အများကြီးသာပါတယ်။

ဆိုခဲ့တဲ့ဆရာမကြီးလိုဘဲကျန်သော မြန်မာပြည်အနှံ့ကကျောင်းတွေမှာ မိဘဆရာအသင်းတွေ ကျောင်းသားဟောင်းအသင်းတွေ ကျောင်းအကျိုးတော်ဆောင်တွေက ဦးဆောင်ပြီး junk food တွေကို ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချခြင်းကနေကန့်ကွက်ပြီး တန်ဖိုးသင့်နေ့လည်စာလေးတွေ ကျောင်းသားတွေအတွက် စီမံပေးမယ်ဆိုရင် ကြွက်သားဖုထစ် ထုထုဖြစ်ခရာချင်စရာကွယ် ထွားကျိုင်းတဲ့ မြန်မာလူငယ် ဆိုတဲ့သီချင်းကလေးကပြန်လည်ခေတ်စားလာတော့မှာပါ။

အဲသည်လိုလုပ်ဆောင်ခြင်းအားဖြင့် ကျောင်းကျန်းမာရေးကဏ္ဍ ကျန်းမာရေးအဆင့်မြင့်ကျောင်းဖြစ်ပေါ်လာရေးစီမံချက်မှာလည်း အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်မှု ပြည့်စုံသွားမှာဖြစ်ပါတယ်။ အတန်းကြီးကျောင်းသားကျောင်းသူများကိုပါ ချက်ပြုတ်ခြင်း လုပ်ငန်းစဉ်မှာ ပါဝင်စေခြင်းအားဖြင့် မှန်ကန်တဲ့ကျန်းမာရေးအရပြည့်စုံတဲ့ချက်ပြုတ်နည်းတွေကို ကလေးမှသည် လူကြီးဆီသို့ သတင်းပေးပို့ရာရောက်မှာဖြစ်ပါတယ် (ဥပမာ အချိုမှုန့်အသုံးမပြုခြင်း ဆီကို အလွန့်အကျွံ မသုံးစွဲစေခြင်း စသည်) အစားအသောက်စားသုံးခြင်းဟာ လူတစ်ယောက်ရဲ့ နေ့စဉ်မလုပ်မဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ကောင်းသွားတတ်အောင် လုပ်နိုင်သလို ဆိုးသွားအောင်လည်း လုပ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး အသိဉာဏ်ရင့်ကျက်တဲ့ လူကြီးဘဝမှာ မသိသားဆိုးဝါးစွာ မှားမှားယွင်းယွင်း နေတတ်တဲ့ သူတွေကိုပညာပေးရမှာဖြစ်သလို ငယ်ရွယ်နုနယ်လှတဲ့ ကျွန်တော်တို့ရဲ့အနာဂတ်ကလေးတွေကို လည်း မှန်ကန်စွာ စားသုံးတတ်အောင် လမ်းညွှန်ပြသကာကွယ်ပေးဖို့လည်းလိုအပ်ပါတယ်။

ကလေးဆိုတာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ မျှော်လင့်ချက်ပါ။ အဲသည့်ကလေးတွေ ရဲ့ ကျန်းမာရေးအတွက် လိုအပ်ရင် အန္တရာယ်ရှိတဲ့အစားအသောက်တွေ (junk food) တွေကို ဥပဒေထုတ်တားမြစ်ဖို့လုပ်သင့်လုပ်ရပါလိမ့်မယ်။

Junk food free school campaign လှုပ်ရှားမှုတွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ရပါလိမ့်မယ်။

ဒါတွေ မဖြစ်ခင်အချိန်မှာတော့ စွမ်းဆောင်နိုင်တဲ့စာသင်ကျောင်းတွေမှာ တစ်ပိုင်တစ်နိုင် တန်ဖိုးသင့်နေ့လည်စာ အစီအစဉ်လေး တွေ လိုက်ပါလုပ်ဆောင်ကြပါလို့ တိုက်တွန်းနိုးဆော်ပါရစေခင်ဗျာ။

နန္ဒဝင်း(ဆေး-၁)

 

~~~~~~~~~~~~~~~~~~

 

ကောင်းလိုက်တဲ့ အစီအစဉ်လေးနော်။

ဖတ်ပြီး မျက်ရည်တောင် လည် တယ်။

ကျနော်က အဝေးကြီး ကျန်းမာရေးနဲ့ ညီတဲ့ မုန့်တွေ အကြောင်း စဉ်းစားနေမိတာ။

ဒီလို နေ့လည် စာလေး ဆိုတော့ လည်း လုံလောက်တာပဲ လေနော်။

 

 

38 comments

  • ဂျက်စပဲရိုး

    June 4, 2015 at 10:19 am

    ကျောင်းတက်တုန်းကတော့ အဲ့ဒီ မုန့်ဈေးတန်းတွေဟာ ဆရာ၊ဆရာမ တွေ အတွက် အပိုဝင်ငွေ ဒါမှမဟုတ် ဈေးသည်တွေကို ဈေးကောက်ကောက်ပြီး ကျောင်း/ဆရာများ ရန်ပုံငွေ ပဲဗျ။
    အဲ့ဒါကြီးကို ဖိုက်ဖို့ကတော့ တော်တော် ချရမယ် ထင်တယ်။

    • ခင်ဇော်

      June 4, 2015 at 12:56 pm

      အေးပေါ့။
      ကလေးတွေ ရှေ့ရေး မစဉ်းစားတဲ့ထဲ ဆရာ ဆရာမ တွေပါ ပါနေရင်တော့ လည်း မပြောတော့ပါဘူးးးကွယ်။
      စာထဲက ကျောင်းအုပ်တွေလို များများ ပေါ်ထွက်လာစေချင်တယ်။

  • ဦးကျောက်ခဲ

    June 4, 2015 at 11:01 am

    စာသင်ကျောင်းတွေမှာ Junk Food Free ဖြစ်သင့်တာကြာပြီ…
    ဒီက… Primary / Secondary Schools တွေမှာလည်း ကျောင်းကပဲ ကျွေးတယ်…
    အမှိုက်လည်းမပွ … ဘေးထွက်ဆိုးကျိုးလည်းနဲ… ကျန်းမာရေးအတွက်လည်း ကောင်း…
    အနည်းဆုံး … ကလေးတွေစာသင်ချိန်မှာ အဟာရပြည့်နဲ့ ထမင်းဗူးပြိုင်စရာမလိုတော့ဘူး…
    တနေ့ အကောင်အထည်ဖော်မယ်လို့ တေးထားတဲ့အထဲမှာ… အဲဒါလည်းပါတယ်..

    • ခင်ဇော်

      June 4, 2015 at 11:19 am

      ကျနော်ရောပဲ။
      ကျနော်က ကျောင်းမုန့်တန်း ကန်ထရိုက်လိုမျိုး လိုချင်တာဗျ။
      ဒီမှာ ကဖေးတေးရီးရားတွေကို ဆိုင်လာဖွင့်ခိုင်းသလို ပုံစံမျိုး လုပ်ချင်တာ။
      အမြတ် အဓိက မဟုတ်တဲ့ လုပ်ငန်း တစ်ခု အနေနဲ့ လုပ်ချင်တယ်။

      မြန်မာ အစားအသောက်မှာ အာဟာရဖြစ်တာ ပေါမှပေါဗျာ။

  • ဦးကျောက်ခဲ

    June 4, 2015 at 1:24 pm

    ဒီပို့စ်နဲ့စပ်မိလို့ပြောရရင်…
    .
    အရင် ၁၉၉၆/၁၉၉ရ လောက်က ရန်ကုန် စမ်းချောင်းရပ် စိန်ဥ မုန့်ဟင်းခါးဆိုင်နားမှာ ထမင်းဆိုင် တစ်ဆိုင်ရှိခဲ့တယ် ၊ အခုတော့ မပြောတတ်တော့ဘူး ။ သူတပါးရဲ့အဖီ အိမ်ကျဉ်းကျဉ်းမှာဖွင့်ထားတာဗျ ၊ တနင်္ဂနွေတော့ပိတ်တယ် ။ ဆိုင်အခင်းအကျင်းက သပ်သပ်ရပ်ရပ်ဆိုပေမည့် ပရိဘောဂတွေက ရရာ ခုံတွေ စားပွဲတွေနဲ့ ဆိုင်လုပ်ထားတာမို့ ထမင်းဆိုင်နဲ့သိပ်မတူလှဘူး ။ ဟင်းချက်ကလည်း ကောင်းသလားမမေးနဲ့ ၊ အဲသည့်အချိန် လမ်းဘေးအပြင်ဆိုင်တွေမှာ ဝက်သားနဲ့ တစ်ခါပြင် ၁၂၀-ကျပ် ၊ သူ့ဆိုင်မှာ ၇၀-ကျပ် ၊ ဘဲဥ ၁-လုံးနဲ့ဆို ၅ဝ ။ ထမင်းဟင်း ပိုပိုသာသာထည့်တဲ့အပြင် တို့စရာ ငပိထောင်း ငပိရည် ပဲနီလေးဟင်းရည် (သို့) ချဉ်ရည်ဟင်း အဆစ်ပေးတာမို့ ထမင်းစားချိန်ဆို အဲသည့်နားက ကားသမား ၊ ဆိုက်ကားသမား ၊ ဘော်ဒီရုံလုပ်သား ၊ လူတန်းစားအစုံနဲ့ ကြိတ်ကြိတ်ကိုတိုးနေတာပဲ ။
    .
    ကျောက်စ်က ဟင်းချက်ကောင်းရင် နေရာမရွေးတာမို့ ရွာပြန်ရောက်တိုင်း အဲသည့်ဆိုင်မှာ သွားသွားစားတယ် ။ ဆိုင်ရှင်တွေက နှစ်ချင်းခရစ်ယာန် ကရင်မအပျိုကြီးညီအမ ၂-ယောက် ၊ အကူက သူတို့ တူမ ။ စားဖန်များလို့ ရင်းနှီးလာတော့ “အဖီးတို့ ဒီဈေးနဲ့ရောင်းတာ မြတ်ရောမြတ်ရဲ့လား” ဆိုတော့ … “လူချမ်းသာချင်လို့ ဈေးရောင်းတာမဟုတ်ပါဘူး ဖိုးခွါးရယ် ၊ စိတ်ချမ်းသာချင်လို့ ထမင်းရောင်းတာ ။ ရှိသမျှပိုက်ဆံလေးနဲ့ လူတွေ ပလုပ်ပလောင်း စားကောင်းနေတာကြည့်ပြီး အားကြီးစိတ်ချမ်းသာတယ်” တဲ့ ။ ဘုရားသခင် ကောင်းချီးပေးပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါရဲ့ ၊ မြန်မာလို “မလှူတတ်ရင် ဈေးရောင်း” ဆိုတာ အဲဒါမျိုးဖြစ်မယ်ထင်တယ် ။
    .
    ပြောရဦးမယ် … အဲသည့် ဆိုင်စုတ်စုတ်လေးမှာ ဟင်းကျက်စ ၁၁-နာရီလောက်ဆို ကားကြီးကားကောင်းတွေနဲ့ ပါဆယ်လာဝယ်တဲ့သူတွေလည်း တန်းကို စီလို့… ခွိ :k:

    • ခင်ဇော်

      June 4, 2015 at 1:28 pm

      ဟယ်။
      ဘာပြောရမှန်းတောင် မသိ။
      ဟီးဟီးးး
      ကျောင်းမှာ ရောင်းရင်ရော…
      အိမ်က ကလေးတွေများ ပါစယ် ဆွဲခိုင်းနေလားပဲ။

  • အောင် မိုးသူ

    June 4, 2015 at 2:23 pm

    ဈေးသည်တွေကလည်း ပိုက်ဆံရဖို့သာသာ မြင်နေတော့တာ။ စေတနာဆိုတာ ထည့်ရောင်းတဲ့ ဆိုင်က ရှားပါးလာပြီ။ အဲသည် ကျောင်းအုပ်ဆရာမကြီးလို အများကြီးမဟုတ်တောင် အနည်းအကျဉ်း လုပ်ဖြစ်ရင် သိပ်ကောင်းမယ်။

    • ခင်ဇော်

      June 4, 2015 at 3:12 pm

      ဆရာ ဆရာမ တွေ က စေတနာ အရင် ရှိရင် ဖြစ်မယ်ထင်။

  • kai

    June 4, 2015 at 3:21 pm

    ထမင်းတနှပ်.. ၁ဒေါ်လာ…
    တနေ့ထမင်း ၂နှပ်…။ ၂ဒေါ်လာ…။
    ဆိုတော့…
    လူ၁သန်းထား..။ တရက်.. ဒေါ်လာ ၂သန်း..။
    တနှစ်ဒေါ်လာ.. သန်း၇၀ဝကျော်…။
    မူလတန်းနဲ့..အလယ်တန်းကျောင်းသားတွေကို.. အသားတပွဲ..။ နွားနို့တခွက်အပြင်.. ဗိုက်တာမင်ဆေးတလုံးစီပါ.. ကျောင်းကနေ အလကားကြွေးလို့ရတယ်..။
    ဦးနှောက်အဟာရပြည့်..ဉာဏ်ထက်တဲ့ကလေးတွေထွက်လာလိမ့်မယ်..။

    ဒါတောင်.. အဲဒီအချောင်စားလူ၁သန်းကို.. အလုပ်လုပ်ခိုင်းရင်…. ထွက်လာတဲ့လုပ်အားကို.. အမြတ်ခွန်ဆောင်ခိုင်းထားတဲ့ တိုင်းပြည်ဝင်ငွေမပါသေးဘူး..။
    စားဝတ်နေရေးမှာ.. “ဝတ်”နဲ့.”.နေ”ရေးအတွက်ဖြုန်းသုံးငွေတွေမပါသေးဘူး..။

    အဲဒီငွေတွေနဲ့.. မူလတန်းအလယ်တန်းဆရာတွေကို..လစာ ၃ဆတိုးပေးလို့ရတယ်..။
    ကျောင်းအုပ်တွေကို.. နိုင်ငံခြားပညာတတ်..မာစတာဘွဲ့ရတွေခန့်လို့ရတယ်..။
    ကျောင်းမှာ.. ခေတ်မှီ စာသင်ခန်းတွေအဆင့်မြှင့်ပေးလို့ရတယ်..။

    အဲဒီလိုလုပ်လိုက်တာကနေ…နောင်.. အနှစ်၂ဝမျှော်ကြည့်…
    မြန်မာပြည်ဟာ.. ကမ္ဘာမှာထိပ်တန်း… ၂ဝထဲပါမနေရင်.. လာဖြတ်လှည့်…။
    ခေါင်း.. ခေါင်း.. ဟေ့..။ :k:

    • ခင်ဇော်

      June 4, 2015 at 3:30 pm

      တဂျီး ခေါင်း အရင် မဖြတ်ခင်
      အစိုးရ မင်းများ ရဲ့ ရွှေညာဏ်တော် စူးရောက်မှုတွေရှိတဲ့ ခေါင်း အရင်ဖြတ်လို့ရရင် သိပ်ကောင်းမှာပဲ။
      ပြည်တွင်းပညာရေးနဲ့ ကလေးတွေကို ခေါင်းထောင်ခွင့် မပေးဘူးးးး

      ဒီက စန်တိုစာ ခု(ဖ) မှာ အိမ်ဝယ်ပြီး ကျောင်းထားနိုင်တဲ့ ဗိုလ်ချုပ် (အနည်းဆုံး အဆင့်နော်) ဘယ်လောက် ရှိမယ်ထင်လဲ။

      • kai

        June 4, 2015 at 3:48 pm

        မြန်မာပြည်မယ်.. အဝါရောင်လူတန်းစားကို ကော်ပီကက်လုပ်ပြီးမှ အစိမ်းလူတန်းစားပေါ်လာတာမို့.. ဘိုချုပ်တွေကိုရှင်းချင်ရင် အဝါကိုအရင်စာရင်းရှင်းရမယ်လို့သာပြောချင်မိတယ်..။
        ဒါက.. အချက်အလက်အရကောက်ပြောတာပဲ..။

        ဆိုတော့…
        နိုင်ငံတကာမှာ.. အိမ်ဝယ်ပြီးအလုပ်မလုပ်ပဲထိုင်စားနေတဲ့ အဝါဂိုဏ်းဝင် ဘယ်လောက် ရှိမယ်ထင်လဲ။
        သွေးစစ်တာတောင် ယူအက်စ်လာစစ်ပြီး.. တပါတ်တောင်မစောင့်ပဲ..ပြန်..။
        နောက်တပါတ်နေ..သွေးစစ်ချက်လာယူဆိုတာမျိုးလုပ်နေနိုင်တဲ့.. အဝါလူတန်းစားဘယ်လောက်ရှိမယ်ထင်သလဲ..။ :k:

        • ခင်ဇော်

          June 4, 2015 at 3:57 pm

          အဲဒါတော့ ကိုယ်တွေ့မို့ မပြောတော့ပါဘူး တဂျီးရယ်။
          လာရင် နယ်ဘက်က တကာ တကာမ အရင်းတွေ အတွက် ဘရန်းဒက် လက်ဆောင်ပါ ဝယ်ပေးနိုင်လောက် အောင် ချမ်းသာတဲ့ ဘုန်းဘုန်းတွေလည်း ဖူးဘူးပါတယ်။

          :a:

  • ခင်ဇော်

    June 4, 2015 at 4:23 pm

    https://www.facebook.com/nanda.win.71/posts/691969670947002

    congratulation ပါ ဆရာမကြီးခင်ဗျား အထက ၁ စမ်းချောင်းမှာ ကျောင်းကျန်းမာရေးအာဟာရမူနှင့်ကိုက်ညီတဲ့ တန်ဖိုးသင့်နေ့လည်စာကို စတင် ရောင်းချ ပေးတဲ့အတွက် junk food free school တွေပေါ်ပေါက်လာမယ့်အရေး တွေး ပျော်မိနေပါတော့တယ် ဆက်လက်အင်ပြည့်အားပြည့်လုပ်ဆောင်နိုင်ရန်တန်ဖိုးသက့်ညစာရန်ပုံငွေမှငွေငါးသိန်းကိုမကြာခင်ပို့ဆောင်မျှဝေပါရစေ

    နန္ဒဝင်း

  • kai

    June 4, 2015 at 4:31 pm

    ကမ္ဘာမှာ ဂျပန်က ပြာပုံဘဝကနေ ခုန်ထလာတာ.. အဲဒီကျောင်းတွင်းနေ့လည်စာကျွေးတဲ့စီမံချက်ကြောင်ပဲ..
    ကလေးတွေက.. အဟာရအပြည့်ရတာမို့.. ကောင်းကောင်းတွေးနိုင်စဉ်းစားနိုင်..အလုပ်လုပ်နိုင်သွားတယ်..။
    လာမယ့် အနှစ်၂ဝရဲ့လုပ်သားကောင်း.. ပညာရှင်ကောင်းတွေဖြစ်သွားကြတာပဲ..။
    ဂျပန်ငပုလို့ခေါ်ခံကြရတဲ့ဘဝကလည်း.. လွတ်သွားကြသပေါ့…။

    ကမ္ဘာမှာမြန်မာ ခေါင်းထောင်လာချင်ရင်.. ကျောင်းကနေ့လည်စာကျွေးတဲ့စီမံချက်တွေလုပ်ကြရမယ်..။
    ကလေးတွေ.. အားကစားလုပ်ကြရမယ်..။
    ကျောင်းတွေက..အုုပ်ချုပ်ရေးမှုးတွေဟာ.. အပြင်ကလုပ်ငန်းရှင်တွေကို ..တင်ဒါခေါ်.. ကန်ထရိုက်ခေါ်ပြီး.. စီမံချက်ချလုပ်သင့်တယ်။

    LA က Los Angeles Unified School District ကျောင်းတွင်း မနက်/နေ့လည်စာကြွေးစနစ်ကို.. လင်ခ့်တင်ပေးလိုက်တယ်…။
    စေတနာပါ၍ တကယ်လုပ်ပေးချင်သူ အလှူရှင်များ သိစေသတည်း..။

    http://achieve.lausd.net/Page/845
    http://achieve.lausd.net/cafela

  • Alinsett @ Maung Thura

    June 4, 2015 at 7:16 pm

    အင်း… ကောင်းကျိုးပြု စာစဉ်လေးပဲနော်…
    လုပ်ငန်းစဉ်လေးပါ…အရာရောက်လာနိုင်ရင်ကောင်းမယ်…

    ဒါနဲ့… daily eleven ကို ပို့မယ့်ဆောင်းပါး… ပုံမနှိပ်ခင်.. ပျံ့သွားတာလား …
    အခုလို ပျံ့သွားတော့… ဟိုက လက်ခံတာပဲလားမသိ..

    • ခင်ဇော်

      June 5, 2015 at 9:59 am

      မသိဘူး ဆက်ဆက်ရေ/

      ဆရာ့ ပေ့(ချ) က မြင်လို့ မ လာတာ။

  • မြစပဲရိုး

    June 5, 2015 at 1:21 am

    ဟိုးတစ်ခါ အဲဒီ ဆရာဝန် ရဲ့ တန်ဖိုးသင့်မှာဘဲ ထပ်ဝင်ဆွေးနွေးဖို့ဟာ လက်က မရိုက်ဖြစ်လိုက်တာ။
    ကန့်လန့်တွေးပေါ့။
    အဲဒီလို ပေါချောင်ကောင်း ဆိုင်လေး တွေများများ ပေါ်လာချိန် အရင်က အဲဒီ လူတွေ ကို အားပြုပြီး ရောင်းရတဲ့ တစ်ခြား ဈေးသည် တွေ မှာ ထိခိုက်မှု ရှိ/မရှိ သိချင်နေမိတာ။
    အခုလဲ ဒီ ကျောင်းသား တွေ ကို မှီရောင်း နေရတဲ့ တစ်ခြား မုန့်သည် တွေ အရောင်း ထိုင်း သွားတော့ မှာ သေချာတယ်။
    ဒီလို လုပ်တာ မကောင်းဘူး လို့ ပြောတာ မဟုတ်ဘူးနော်။
    အားလုံး ဝင်း-ဝင်း ဖြစ် အောင် စီစဉ်လို့ များ ရနိုင်မလား လို့ ပါ။
    အလုပ် တစ်ခု လုပ်ရင် ဖြစ်လာနိုင်မဲ့ Pros & Cons ရှိတတ်တာတွေ လိုမျိုး တွေးလိုက်မိလို့ပါ။

    • ဂျက်စပဲရိုး

      June 5, 2015 at 6:03 am

      အဲလို ဆိုင်တွေကိုပဲ သင့်တင့်တဲ့ ဈေး နဲ့ သန့်သန့်ရှင်းရှင်း အာဟာရ မှီမှီ နဲ့ ချက်ပြုတ်ရောင်းဖို့ ပညာပေးမယ် ဆိုရင်ကော။
      အမြတ်နည်းသွားမယ် ပြောရအောင်လဲ သူတို့က အစထဲက အမြတ်ကို အတော်ကြီး ယူထားတာ ဆိုတော့ကာ

      • ခင်ဇော်

        June 5, 2015 at 8:05 am

        ဟုတ်တယ်။
        ကိုဂျက်လိုပဲ ပြောမို့။
        ရောင်းသူတွေကိုပဲ ကျန်းမာရေး သန့်ရှင်းရေး အရ ကန့်သတ်လိုက်မယ် ဆိုရင်ကော။
        ဒီ စံနှုန်း မမှီတာကို မပြောပေမဲ့ ကျောင်းဝန်းထဲက တစ်ဦးချင်းစီတိုင်းက ကလေးတွေကို စေတနာ အပြည့်အဝ ရှိစေချင်တယ်။

    • kai

      June 5, 2015 at 6:30 am

      ကမ္ဘာ့တိုးတက်နေတဲ့နိုင်ငံကြီးတွေတော်တော်များများကတော့.. ကလေးကျောင်းတွေမယ်.. စားသောက်ဆိုင်..ကင်န်တီး.. ပုဂ္ဂလိကတဦးချင်းစီကို.. အရေအတွက်များများနဲ့ပေးဖွင့်မယ်မထင်…။
      ကလေးကို နှပ်ချလို့ရလွယ်တာကိုး…။ ထိမ်းရခက်မှာပေါ့..။

      ဖြုတ်ပစ်..ဖြုတ်ပစ်..။

      • ဂျက်စပဲရိုး

        June 5, 2015 at 6:33 am

        သမှာတော့ ကျောင်းတွေမှာ food court တွေ fast food (McDonalds, Subway,…) တွေ ပေးဖွင့်သဗျ။
        အဲ့ဒါတွေကလဲ အပြင်က ဆိုင်တွေထက် ဈေးချိုတယ်။
        အဓိက က တော့ ကျောင်းသားတွေ ဝန်ထမ်းတွေ အတွက် အဆင်ပြေအောင် လုပ်ထားပေးတာပါပဲ။
        ဆိုင်သမားတွေလဲ မရှုံးရအောင် ကျောင်းက နေရာဖိုးကို လျှော့ပေးမယ် ထင်တယ်။

        • ခင်ဇော်

          June 5, 2015 at 8:09 am

          ကျနော် တို့ဆီမယ် လိုနေတာ ဆုပေး ဒဏ်ပေး စံနစ်လားမသိ
          ဥမမာ စားသောက်ဆိုင် တစ်ခု
          တီကောင် ပါတယ် ပြောပြော
          သံချောင်း ပါတယ် ပြောပြော
          ပိတ်ပစ်ရလောက် အောင် အရေးမယူနိုင် အရေး တယူမလုပ်နိုင်ကြဘူးရယ်။
          စားတဲ့သူတွေ နဲ့ စည်ကားမြဲ။
          🙁

  • တောင်ပေါ်သား

    June 5, 2015 at 1:38 pm

    အနော်တို့ အမ်အိုင်စီတီမှာ လာရောင်းရင်ကောင်းမယ်ဗျာ ၊

    ဒီမှာ ပုံစားတစ်ပွဲ ၉၀ဝ 🙁

    • ခင်ဇော်

      June 5, 2015 at 1:40 pm

      အာ။
      လူကြီးတွေ က ကွကိုယ် စီစဉ်လေ။
      ဟီးဟီး

      • တောင်ပေါ်သား

        June 5, 2015 at 1:45 pm

        သားသားက လူကြီးဟုတ်ဘူး 🙂

        by the way အဲ့ အစီစဉ် ဒီ့ထက် အောင်မြင်ပါစေ

  • Mike

    June 5, 2015 at 3:35 pm

    .လေးစားပါတယ်ဆရာမကြီး

    • ခင်ဇော်

      June 7, 2015 at 7:07 pm

      လေးးစားးစရာပဲ မိုက်မိုက်ရေ

  • ​ဒေါ် လေး

    June 7, 2015 at 3:15 pm

    မိဘတွေကလည်း ကျောင်းမှာ ဈေးနှုန်း သက်သာပြီး
    အာဟာရ ပြည့်ဝတဲ့ ထမင်းဘူးလေးတွေ ရောင်းချဘို့
    မျှော်လင့် ကြပါတယ် ကျောင်းအုပ်တွေက ကျောင်းဖွင့်ရာသီဆို
    ဝင်ငွေ တွေက ဝင်လာမဆဲ တသဲသဲ မို့
    ဒီလို ကိစ္စတွေကို အာရုံ မရပါဘူး
    မိဘတွေကလည်း အခန်းနောက် ရောက်လို့ ရှေ့ အခန်းကိုပြောင်း
    ကြရာဝယ် အလှူကြီးပေးသလို ပေးနေတာမို့ ဝင်ငွေ ဖြောင့်နေပါကြောင်း
    ကျောင်းသား များ ကျန်းမာရေး နဲ့ အညီ စားသောက်နိုင်ဘို့
    ဒုတိယ နေရာက စဉ်းစားပေးရင် တောင် ကံကောင်း

    • ခင်ဇော်

      June 7, 2015 at 7:05 pm

      တတိယ နေရာထားး စဉ်းးစားးခဲ့ရင်တောင်
      လုပ်ပေးးရင်ကို တော်သေးးတာပေါ့ ဒေါ်လေးးရယ်။
      ခုကတော့ တွေးးကို မတွေးးကြတာလားးမသိ

  • Ma Ma

    June 7, 2015 at 5:09 pm

    စိတ်ကူးကို စတင်မွေးဖွာပေးတဲ့ ဆရာနန္ဒဝင်းနဲ့
    အခုလို တန်ဖိုးသင့်နေ့လည်စာ လုပ်ချင်စိတ်ရှိတဲ့ ဆရာမကြီးကို အရင်ဆုံးကျေးဇူးတင်ရမယ်။

    တစ်ယောက်ကစ တစ်ရာဆိုသလို အဲဒီကျောင်းအဆင်ပြေသွားရင် ကျန်တဲ့ကျောင်းတွေလည်း အတုယူပြီး လိုက်လုပ်ကြလိမ့်မယ်။

    စစချင်းမှာ လုပ်နိုင်သလောက်နဲ့ လုပ်ရင်း တိုးချဲ့ရင်း တဖြေးဖြေးနဲ့ Junk food free school ဖြစ်လာနိုင်ပါတယ်။ 🙂

    • ခင်ဇော်

      June 7, 2015 at 7:03 pm

      အဲဒီ လို ပဲ အကောင်းးဘက် ကို ဦးးတည်စေချင်ပါတယ် ချစ်မရေ

  • Shwe Ei

    June 9, 2015 at 12:36 pm

    -ကျောင်းကန်တင်းဆိုတာ တက္ကသိုလ်နဲ့ဘဲ ဆိုင်သလိုဖစ်နေတာကိုက မဟုတ်သေးတာဗျ
    -မူလတန်း အလယ်တန်း အထက်တန်း အားလုံး မှာရှိနေတာလဲ ကျောင်းသားတွေဘဲ
    -ပီးဒေါ့ ခလေးပိစိကွေးမှအစ ခလေးဂျီး အထိ ပါတဲ့ ခလေးတွေ..ပိုလို့တောင် ဂရုစိုက်သင့်သေးတယ်
    -တက္ကသိုလ်တွေမှာ ကန်တင်းဖွင့်ပေးသလိုမျိုး အစားအသောက်ရောင်းတဲ့နေရာမှာ ဈေးနှုန်းကစပီး … -သန့်ရှင်းရေးကိတ်စ ကျန်းမာရေး ကိတ်စ အထိ ကြီးကြပ်သလိုမျိုး ခလေးကျောင်းတွေမှာလဲ -လုပ်ပေးလို့ရတာဘဲ…
    -တစ်ပိုင်တစ်နိုင် လုပ်ဖို့စိတ်ကူးတာထက် ပညာရှင်တွေဘက်က ကူညီပြီး ကျောင်းတွေမှာ -တစ်ကိုယ်ရေသန့်ရှင်းမှု ခေါင်းစဉ်တပ်ထားတဲ့ ပညာပေး ဟောပြောပွဲလိုပုံစံမျိုး -များများ လုပ်ပေးနိုင်ရင်ကောင်းမယ်

    • ခင်ဇော်

      June 9, 2015 at 12:53 pm

      ကလေးတွေ ကို စိတ်မဝင်စား ပစ်ထားမိတာ ကြာပြီလားလို့ပါ။

      :a:

  • မွသဲ ( 17082011 )

    June 11, 2015 at 11:09 pm

    သားတို့ကျောင်းမှာတော့ တန်ဖိုးမသင့်ပေမဲ့ အာဟာရဖြစ်မဲ့အစာတွေပဲကျောင်းအုပ်ချုပ်သူတွေ ကြီးကြပ်မှု့နဲ့ရောင်းနေတာမို့ ထမင်းဘူးအဆင်မပြေတဲ့နေ့ စိတ်ချလက်ချပိုက်ဆံပေးလိုက်နိုင်တာစိတ်ချမ်းသာမိပါရဲ့။ တခြားကျောင်းဒေကိုလဲအိုက်လိုနီးပါးဖြစ်စေချင်မိတယ်

    • ဇီဇီခင်ဇော်

      June 12, 2015 at 6:36 am

      ကျန်းမာရေးး နဲ့ ညီတယ် ဆိုရင်ကို
      ဝမ်းသာရသေးးးး

      • မွသဲ ( 17082011 )

        June 12, 2015 at 10:02 pm

        ကျောင်းအုပ်တွေက သားတို့ကန်တင်းကို မကြာမကြာဝင်စစ်တယ်။ သူတို့စိတ်ထဲမတွေ့တာနဲ့ အိုက်အစားအစာရောင်းခွင့်ပိတ်တာပဲ။ အရင်ကဆိုကျောင်းရှေ့ဈေးသည်မလာရမောင်းထုပ်တယ် ခုတော့မရတော့ဘူးဈေးသည်တွေကအတင်းပေကပ်ရောင်းတော့ လက်လျော့ထားပီး ကျောင်းတွင်းကန်တင်းကိုပဲတင်းကျပ်ထားတော့တယ်။ ထမင်းကောဟင်းကောရောင်းတော့ ထမင်းချိုင့်မပါလဲအဆင်ပြေတယ်

  • ဟုတ်တယ်နော်… ကျောင်းဈေးမှာဆို လက်သုပ်စုံ.. ဇီးထုပ်… နေကြာစေ့…. ကန်စွန်းဥပြုတ် . အဲဒါမျိုးတွေပဲ ရတာ… ထမင်းချိုင့်မပါရင်တောင် ဝယ်စားစရာမရှိ…

    အခုကလေးတွေဆို ထမင်းတောင် မစားချင်ကြတော့ဘူး.. အားအားရှိ.. ကြက်အူချောင်းကြော်.. ဝက်အူချောင်းကြော်.. ဝက်သားပြား… အပြင်မုန့်.. အဲဒါတွေပဲ စားနေကြတာ… ခုလိုလေးလုပ်ပေးတဲ့ ဆရာမကြီးကို အရမ်းကျေးဇူးတင်မိတယ်…

    စကားအတင်းစပ်..အူးဆာရဲ့ ကလေးနှစ်ယောက် အရမ်းထွားတာကို အားကျတယ်လို့..

    • ဇီဇီခင်ဇော်

      June 12, 2015 at 3:26 pm

      ရာသီစာထဲမှာ စားသင့် တဲ့အစာတွေလည်း အများကြီးပါ။
      အကြံအဖန်လုပ်မထားရင်ပေါ့လေ။

Leave a Reply