ယုံကြည်ရာ

နွေဦးMay 21, 20151min36423

ယုံကြည်ရာ

ဒီကိစ္စက အငြင်းပွါးရမဲ့ အကြောင်း ကစခဲ့တာပါ..။

အဖေကြီး နေမကောင်း ဖြစ်ပြီး ချောင်းဆိုးလိုက် မောလိုက်နဲ့ပေါ့..

သားတွေ သမီးတွေ ချွေးမတွေ သားမက် တွေ က ဝိုင်းပြီး စိတ်ပူရတဲ့ အခြေအနေ …

အိမ်မှာနေ မဖြစ်ချေဘူး ဆေးရုံတက် ဆေးစစ်ပြီး ဆရာဝန်နဲ့ ပြသ ကုသ ရမယ်ပေါ့..

အဖေကြီးကို ချစ်ကြတဲ့ သားသမီး ချွေးမသားမက်တွေက တယောက်တမျိုး ..

သူ့ဆရာဝန်က တော်တယ် သူ့ဆေးရုံက ကောင်းတယ်နဲ့ …

ဒီကစလို့ ငြင်းနေကြတော့တာပါဘဲ..

အမေကြီးကတော့ ယောက်ျား ကို သနား သားသမီးတွေကို မလွန်ဆန်နိုင်တာကြောင့်

ကောင်းသလို အဆင်ပြေသလို လုပ်ကြဖို့ ဘာမှ ဝင်မဆုံးဖြတ်ပေးနိုင် ဘူး..။

နောက်ဆုံးတော့ နံမယ်ကြီးဆေးရုံ တခုကို အားလုံးသဘောတူ တင်လိုက်ကြပါတယ် …။

ဆေးစစ်ပြီးအဖြေထွက်လာတော့ အားလုံး မျက်လုံးမျက်ဆံ ပြူးကုန်ကြတာပေါ့ ..။

ဘယ့်နယ့် လေးလုံးခြောက်ဖက် ဆေးလိပ်မသောက် အရက် မသောက်တဲ့ အဖေကြီးက

အဆုတ် ကင်ဆာ ဖြစ်နေပြီး နောက် သုံးလ အလွန်ဆုံးဘဲတဲ့..။

ငိုကြ ယိုကြ ငြင်းကြခုံကြ ဆုတောင်းကြနဲ့ မိသားစုတွေ ရုံးရင်းဆန်ခတ် ပေါ့…။

P3222689a

အမေကြီးကတော့ အဖေကြီး မသေခင် သက်သာရာသက်သာကြောင်း နိုင်ငံခြားကို ဆေးကုဖို့ခေါ်သွားတယ်..။

မိသားစုတွေက လုပ်ငန်းတွေ မအားလို့ မလိုက်နိုင်ကြဘူး..။

ကျန်ခဲ့တဲ့ သမီးတွေ ချွေးမတွေက အဖေကြီးအတွက် အလှူတွေ လုပ် ဆုတောင်း ကြတာပေါ့..

တပါတ်တခါလောက် သူတို့ ယုံကြည်တဲ့ ဘုရားကို အိမ်ကိုပင့် အလှူလုပ် ဆုတောင်း သစ္စာအဓိဌာန် ပြုလို့

အဖေကြီး ကျန်းမာစေကြာင်းပေါ့.. ။

သမီးတွေ တယောက်နဲ့ တယောက်က အပြိုင် ..

သူကဟို ဘုရားပင့် ရင် ငါက ဒီဘုရားပင့်တယ် ဆိုပြီးဖြစ်နေကြတယ်..

ဒီကြားထဲ ချွေးမတွေကလဲ အပြိုင်ပေါ့..။

တချို့ဘုရားတွေဆို ရက်ချိန်းမရလို့ အိမ် မကြွ နိုင် တာကို ပင့်သွားတဲ့ အိမ်ထိ လိုက်ပြီး အဓိဌာန် ဝင် ဆုတောင်းကြတာပေါ့..

အဖေ့အတွက် လုပ်ပေးနိုင်တာက ဒါဘဲ ရှိတယ် မဟုတ်လား…။

သူတို့တွေ အပင်ပန်းခံရကျိုး နပ်တယ် ပြောရမလားဘဲ..။

တရက် မေကြီးဆီက အဖေကြီး နေကောင်းလို့ မကြာခင် ပြန်လာတော့မယ်လို့ အကြောင်းကြားလာတော့.

သားတွေ သမီးတွေ ချွေးမတွေ သားမက်တွေမှာ ပျော်လိုက်ကြတဲ့အဖြစ် မြင်စေချင်မိတယ်..။

သမီးတွေ ချွေးမတွေ ကတော့ စိတ်ပုတီးကို လက်ကမချတော့.. ယောဂီ ဝတ်ကို မချွတ်တော့ ..ဥပုဒ်လဲ မထွက်တော့..

လေဆိပ် မှာ အဖေကြီး ကို ကြို ..

အိမ်ပြန်ရောက်တော့ လူနာသတင်းလာမေးကြတဲ့ မိတ်ဆွေတွေကို

မမောနိုင် မပန်းနိုင် အဖေကြီးရဲ့ ရောဂါ အကြောင်း ပြောပြ ကြတာပေါ့…။

မိတ်ဆွေတွေကလည်း ၃ လဘဲ ခံတော့မဲ့ သူတို့ မိတ်ဆွေ ကင် ဆာ ရောဂါ သည်ကြီး

ဒီလို ပြန်ပြီး ကျန်းမာလာတာကို ဝမ်းသာသလို အရမ်းလဲ အံ့ဩ မိကြောင်း ပြောကြတာပေါ့..

သမီးကြီးက အဖေကြီး ဒီလို ပြန်ကောင်းလာတာက သူ — ဘုရားကို အိမ်ပင့် အလှူလုပ် ဥပုဒ်သီလ စောင့် သစ္စာအဓိဌာန် တွေ လုပ်ပြီး ဆုတောင်းခဲ့လို့ ပါ လို့ ပြောပြတာပေါ့..

ဒီမှာ သမီးလတ်ကလဲ သူ့ရဲ့ ဘုရားတန်ခိုးကြောင့် ဒီလိုကောင်းလာတာပါလို့ ပြောပြန်ရော..

သမီးငယ်ကလဲ သူ့ရဲ့ ဘုရားကြောင့်..

ချွေးမတွေကလဲ သူတို့ရဲ့ ဘုရားတွေကြောင့်…

ဆိုပြီး..

အငြင်းပွါးကြတော့တာပါဘဲ….

ခုချိန်ထိလဲ သူတို့ရဲ့ ဘုရားတွေက ဘယ်လို ပင့်ပြီး ဘယ်လို ပူဇော်ရင် ဘယ်လို တန်ခိုးကြီး တယ်ဆိုတာ ပြောနေကြလေရဲ့..

သူတို့ က အဖေကြီး ကို ပြပြီး ကိုယ်တွေ့ မို့လို့ ပါဆိုတာပေါ့.. ။

ပါတ်ဝန်းကျင် က သိတဲ့ မိတ်ဆွေတွေက လဲ မျက်မြင်မို့ ယုံကြည်ကြတာပေါ့…။

….

….

အမေကြီးနဲ့ အဖေကြီးကတော့ သူတို့ သားတွေ သမီးတွေ ရဲ့ ယုံကြည်နေတာတွေကို မပျက်စေချင်တော့

ဘန်ကောက် ဆေးရုံက ပေးလိုက်တဲ့ ဆေးကုသမှု မှတ်တမ်းကို သူတို့မမြင်အောင် သေခြာ သိမ်းထားလိုက်တာပေါ့..။

တကယ်လို့ သူတို့သာ ဆေးမှတ်တမ်းမှာ အဆုတ်လေပြွန်ရောင် လည်ချောင်းကွဲ ရောဂါ ကို ကုသပေးလိုက်တယ် ဆိုတာ ကို တွေ့ခဲ့ ရင်………။

….

(သူတပါး ယုံကြည်မှုကို မိမိကြောင့် မပျက်စီးစေပါနှင့်..။)

နွေဦး အတွေး..။

 

23 comments

  • ခင်ဇော်

    May 21, 2015 at 1:18 pm

    ဥဥနွေဥ ပြန်လာပြီ။
    သားတွေ ရွာထဲကို အာခီးမီးဒီးလို လျှောက်မပြေးခင် သများ အရင်လာကြိုတာပါ။
    ဟေးဟေးဟေး

    • နွေဦး

      May 21, 2015 at 3:07 pm

      တုံးလုံးလေးမို့ မသနားနဲ့ ရိုက်စရာရှိရိုက်..

  • အောင် မိုးသူ

    May 21, 2015 at 1:22 pm

    လူဆိုတာအမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးရတာပဲ…….
    မင်းရဲ့ဘဝမှာ ဘာကိုယုံကြည့်လည်း…. ယုံကြည်ရာတစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ။

    • နွေဦး

      May 21, 2015 at 3:25 pm

      ယုံကြည်ချက် ကို အသက်နဲ့ လဲပြီး စွဲကိုင်တော့မယ်ဆိုရင်
      အဲဒီ ယုံကြည်ချက်ရဲ့ ပန်းတိုင် ကို အရင် ဆန်းစစ်ကြည့်ပါ..
      တခါတရံ ယုံကြည်ချက် မှားလို့ အချည်းနှီး ဖြစ်ရတာတွေ အများကြီးပါ…
      ယုံကြည်ချက် မမှားခင် အရင် ပြင်နိုင်ပါစေ..

  • Mike

    May 21, 2015 at 1:27 pm

    .ခုနောက်ပိုင်းမြန်တ ျန့်ကဆေးစစ်ခ ျက်တွေစိတ်မခ ျရဘူးဗ ျို့
    .တတ်နိုင်ရင်နှစ်နေရာ သုံးနေရာလောက်ပြန်စစ်မှသေခ ျမယ်ထင်
    .သူယုံကြည်ရာကဏ္ဍကိုတော့ ဘာမှမပြောလိုပါ

    • နွေဦး

      May 21, 2015 at 3:16 pm

      ခုတော့ လူတွေက ဘုရားကု ကုနေကြတာများနေပြီ..
      အမှန်တော့ လူတွေ အားကိုးရာမဲ့နေကြတာပါ..
      အတော်များများက ဆေးစစ်ချက်တွေ ကို အယုံကြည်နည်းလာကြပြီ..

  • ဦးကျောက်ခဲ

    May 21, 2015 at 2:42 pm

    အဟိ … ကန့်လန့်တိုက်ပြီး မန့်ရရင်…
    အဖေကြီးသေမှာမို့ စိတ်ထဲက ကြိတ်ပြီး အမွေခွဲနေတဲ့…
    သားတွေ သမီးတွေ ချွေးမတွေ သားမက်တွေ ရင်ခံသွားမလားပဲ… :k:

    • နွေဦး

      May 21, 2015 at 3:20 pm

      ဓမ္မတာပါဘဲဗျာ..
      သေတော့မယ်ဆို နှမျောကြပေမဲ့ ချမ်းသာတဲ့ မိသားစုတွေမှာ ပထမ ဦးစားပေးက ကျန်ခဲ့မဲ့ အမွေပါ..
      မောင်နှမတွေ ဘယ်လောက်ချစ်တယ် စည်းရုံးတယ် ဆိုတာ အမွေခွဲတဲ့ အချိန် ပေါ်တာပါဘဲ..။

  • Foreign Resident

    May 21, 2015 at 3:00 pm

    အမေ ဆရာဝန် ၊ မိန်းမ Specialist ၊ ညီ Surgeon ၊
    ဆရာဝန် မိသားစုထဲမှာ တစ်သက်လုံး ကြီးပြင်းလာလို့ ၊
    ရွာသူားတွေကို စေတနာ စကား တစ်ခွန်းထဲ ပြောလိုက်မယ် ။

    ့မြန်မာပြည်က ဆေးကုသမှု Treatment တွေ နှင့် ၊
    ့ရောဂါ ရှာဖွေမှု Diagnose Result တွေ ကို ၊
    ( လုံးဝ ) မယုံပါနှင့် ။

    ့ရောဂါ သေးရင် အထွေထွေ Physician ဆီမှာ 2nd Opinion ယူပါ ။
    ့ရောဂါ ကြီးရင် သေချာချင်ရင် အနဲဆုံး Bangkok သွားစစ်ပါ ။

    ့မြန်မာပြည် မှာ Symptom တစ်ခုတည်းကိုဘဲ ၊
    ့နှလုံး အထူးကု ဆီသွားရင် နှလုံး ရောဂါရှိတယ် ပြောလိမ့်မယ် ။
    အသည်း အထူးကု ဆီသွားရင် အသည်း ရောဂါရှိတယ် ပြောလိမ့်မယ် ။
    လိပ်ခေါင်း အထူးကု ဆီသွားရင် လိပ်ခေါင်း ရောဂါရှိတယ် ပြောလိမ့်မယ် ။

    Treatment တွေကလည်း Machine Gun Therapy ၊ Broad Spectrum ၊
    ဘာနှင့် ထိထိ ထိချင်ရာထိ Method နှင့် အဆော်ခံရလိမ့်မယ် ။

    အဲ့လောက်ဆို ၊ သဘောပေါက်ပါ ။
    သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ။

    • နွေဦး

      May 21, 2015 at 3:36 pm

      ကျေးဇူးပါ..
      ခုကျွန်တော်တို့ဆီမှာ ရောဂါခံစားရပြီဆိုတဲ့သူတွေဟာ
      အခြေအနေကိုကြည့်ပြီး ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ကြတာ လူတန်းစား ၃ မျိုး ကွဲနေပြီ ထင်ပါတယ်..
      တမျိုးက နိုင်ငံခြားမှာ သွားကုကြတဲ့သူတွေ..
      သူတို့က ဗဟုသုတလည်းရှိ ငွေလည်းရှိတဲ့သူတွေပေါ့…။
      တမျိုးက ဒီမှာဘဲ နံမယ်ကြီးတဲ့ ဆရာဝန်တွေနဲ့ ကုမယ့်သူတွေ..
      သူတို့က ပိုက်ဆံ ချမ်းသာပြီး ဗဟုသုတနည်းတဲ့သူတွေပေါ့..။
      ဘာလို့လဲဆို ဒီမှာ နံမယ်ကြီးဆရာဝန်တွေနဲ့ ကုတာဟာ ဘန်ကောက်မှာ သွားကုသလောက် ကုန်တယ်ဆိုတာ မသိကြလို့ဘဲ..
      နောက်တမျိုးက ဆေးမြီးတိုတွေနဲ့ ဘုရားကု ကုတဲ့ သူတွေ..
      သူတို့ကတော့ ပိုက်ဆံကော ဗဟုသုတ ပါ ချို့တဲ့ တဲ့ သူတွေပေါ့ဗျာ.. ။

  • ဦးဦးပါလေရာ

    May 21, 2015 at 3:25 pm

    .ကျုပ်သာ အဖေကြီးအမေကြီးနေရာကဆိုရင်
    .သားသမီးအသီးသီးတွေရဲ့ ယုံကြည်မှု့ကို ပျက်ချင်ပျက်ပစေလို့ သဘောထားမှာပဲ….
    …………………………..
    ……………………………
    .ယုံကြည်မှု့ထဲမှာ အကျဉ်းမကျဖို့လဲလိုတယ်…
    .သံသယတွေထဲမှာ လမ်းမပျောက်ဖို့လဲလိုတယ်…
    .အဲဒီ အစွန်း၂ ခုကိုရှောင်ဖို့ အလည်အလတ်နည်းလမ်းရှိပါတယ်….
    .အလည်အလတ်ဆိုတာ ၂ ခုကြားကို ပြောတာတော့ ဟုတ်ချင်မှဟုတ်မယ်..
    . ၂ ခုလုံးနဲ့(မှ) လွတ်မြောက်တာကို ပြောတာ ဖြစ်ချင်ဖြစ်လိမ့်မပေါ့နော……

  • နွေဦး

    May 21, 2015 at 3:49 pm

    ဟုတ်ပါတယ် ဦးပါရယ်..
    မနက်က ဖေ့ဘွတ်မှာ တွေ့လိုက်တဲ့
    မွန်ဘုရင်မကြီးရှင်စောပု ကိုးကွယ်ဖို့ ဗားမဲ့ ဆရာတော် ပေးခဲ့တဲ့ ဆင်းတု က
    အရင် ရန်ကုန်မှာ အိမ်တွေကို ကြွနေတဲ့ ဘုရားတွေလို နံမယ်ကျော်လာပြန်ပြီ..
    အဲဒီဘုရားကို ပင့်ပြီး ဆုတောင်းအဓိဌာန်ပြုရင် ရောဂါတွေပျောက် လာဘ်လာဘ ရွှင်တယ်ဆိုဘဲ..
    ရှင်စောပု ဘုရင်မကြီးက အင်းဝခေတ်မှာ ပေါ်တာ.. ဗားမဲ့ဆရာတော်က တောင်ငူခေတ်မှာ..
    ဘယ်လိုပေးခဲ့လဲလို့ပြန်မတွေးတော့ ဘဲ နင်းကန် ယုံကြည်နေကြလို့ ..
    တဲ့တဲ့ရေးရင်လဲ အဆဲခံရမှာမို့ သူတို့ပြောသလို ဝိနည်းလွတ်လေး ရေးလိုက်တာပါ…

  • Alinsett @ Maung Thura

    May 21, 2015 at 4:30 pm

    ဘုရား တန်းခိုးနဲ့…. ဒီတိုင်းပြည်ကို ကျိန်စာလွတ်အောင် လုပ်လို့ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ..

    • နွေဦး

      May 22, 2015 at 10:18 am

      မြေသိမ်းခံရတဲ့သူတွေ.. လက်ပန်းတောင်းတောင်ကသူတွေ ထားဝယ်ရေနက် ဆိတ်ကမ်းကသူတွေ ကျိန်စာတိုက်ပွဲတွေနဲ့ ကျိန်စာတိုက်နေတာ ဘယ်လိုကျိန်စာလွတ်နိုင်ပါ့မလဲ.. ဟိုလူတွေကို ကြိမ်စာကြွေးမှဘဲ တိုင်းပြည် သက်သာမှာ.. 😀

  • Ma Ma

    May 21, 2015 at 5:21 pm

    ဦးနွေဦးပေးချင်တဲ့မတ်စိက ၂ခုလို့ တွေ့လိုက်ရတယ်။
    ဘုရားကုကုတာကတော့ သေရေးရှင်ရေးမို့ လုပ်ရတာကို အပြစ်မပြောချင်ပါဘူး။
    ကျန်းမာရေးဆေးစစ်ချက်တွေ စိတ်ချယုံကြည်လို့မရတာ
    အဘဖောပြောသလို အထူးကုက ဘယ်လူနာလာလာသူ့ရောဂါလို့ချည်းထင်ပြီး ကုတာ၊
    မနိုင်လည်း မဟုတ်လည်း တခြားကို လွှဲမပေးချင်ပဲ (မသေမချင်း) ကုတာ။ 🙁

    • နွေဦး

      May 22, 2015 at 10:25 am

      ကျေးဇူးပါ..
      တခု ကျန်သေးတယ်..
      ဘုရားတွေ အိမ်ပင့်ပြီး ပူဇော်ကြတာ..
      တချို့ဘုရားတွေဆို အိမ်ကြွဖို့ တန်းစီရတာ နှစ်နဲ့ချီကြာတယ်ဆိုဘဲ..
      တဖွဲ့နဲ့ တဖွဲ့ အပြိုင် လက်ကမ်းစာစောင်တွေနဲ့ ဘုရားတန်ခိုးကြီးကြောင်းတွေ ရေးထားကြတာ..

  • မြစပဲရိုး

    May 22, 2015 at 5:38 am

    . ပြောရရင် မြန်မာပြည်က ဆရာဝန် တစ်ချို့ က အတော်လေး စိတ်စေတနာ ညံ့ဖျင်းလာတော့တာ။
    လူနာ ကို ရောဂါကုဖို့ မဟုတ်ဘဲ သူတို့ ပိုက်ဆံရဖို့ ရှေ့တန်းတင် နေတော့ ဒီလူ ရောဂါပျောက်ဖို့ အတွက် သူတို့ မှာ ကြိုးစားပေးမှု မရှိတာ ထင်ရှားတယ်။
    ဒါလဲ လူတွေ က အထူးကု မှ အထူးကု တိုး နေတော့ပိုဆိုးတာပေါ့။
    တစ်ခြား သာမာန်ဆရာဝန်က မှ ကိုယ့်ကို အချိန်ပေး ပြီး စေတနာနဲ့ ကြည့်ဦးမဲ့ အကြောင်း ရှိသေးတယ်။

    ဘုရားကု ကတော့ ဒီလို အနောက်တိုင်း တွေ မှာ တောင် “placebo treatment” လို့ ခေါ်တဲ့ ဘာမှ မစွမ်းတဲ့ ဆေးတွေပေးပြီး ကု တာ ပျောက်တာ ရှိတာလေ။
    အမှန်က လူ့ရဲ့ စိတ် ကို ကုတာပေါ့။

    အခု ကိစ္စမှာတော့ ကျောက်စ် ပြောသလို အမွေ အတွက် ယူလို့ ကောင်းအောင် ဟန်လုပ် ပြီး အမြင်လှအောင် လုပ်ပြနေကြတာ ထင်ရဲ့။ lol:-)))

  • ​ဒေါ် လေး

    May 26, 2015 at 11:32 am

    ရောဂါ အကြောင်းပြောရရင် လွန်ခဲ့တဲ့ ၁၈ နှစ် လောက်က
    ကျွန်မ မှာ လည်ပင်းကြီးရောဂါ ဖြစ်ပါတယ် ဖြစ်နေမှန်းလဲတော်တော်လေးကြာမှ
    သိတယ် ဆရာဝန်ဆီကိုသွားပြတော့ အထွေထွေ ပေါ့လေ
    ရောဂါအကြောင်းကို သေသေချာချာပြော မပြလိုက်ဘူး ကျွန်မဖြစ်နေတာဟာ
    ဟိုက်ပါ သိုက်ရွိုက် လို့ခေါ်တဲ့ အိုင်အိုဒင်းများတာ
    အဲဒီအချိန်က ကိုယ်ကလည်း သိပ်နားမလည် ဟိုက်ပို နဲ့ ဟိုက်ပါ
    ရှိမှန်းတောင် မသိ အရပ် စကားနဲ့ လည်ပင်းကြီးရင် ကျောက်ပွင့် စားရတယ်
    ဆိုပြီးပြောတော့ မော်လမြိုင်က အမျိုးတွေဆီ စပယ်ရှယ်မှာပြီး စားလိုက်တာ
    နောက်တကြိမ် ဆရာဝန် ပြန်အပြမှာ သွေးစစ်တော့ T3,T4,TSH စစ်တာ တော်တော်ကိူမြင့်တက်နေ တာ
    တွေ့တော့ ဆရာဝန်က မေးရော ဒါနဲ့ ကျောက်ပွင့် စာတဲ့ အကြောင်းပြောတော့ မှ
    ကလော်တုတ်ပါ လေရော ကိုယ့်ဘာသာ ဆရာလုပ် ရလား ဆိုပြီးတော့
    ဒါနဲ့တောင် ရှင်းမပြသေးဘူးနော် ရောဂါအကြောင်းသိခြင်လ်ု့ ဆေးပညာ စာစောင်တွေဖတ်ရင်း
    ငါဖြစ်နေတာ ဟိုက်ပါ လို့ သိရတာ တနိုင်ငံလုံး အိုင်အိုဒင်းဆား စာသုံးရေးဆိုပြီး
    တိုက်တွန်းလိုက်တာ ခုဆိုရင် ရန်ကုန်ဆေးရုံကြီး ဓါတ်ရောင်ခြည် ဌာနမှာ
    ြိကိတ်ကြိတ်တိုး စည်းကာနေ လေရဲ့
    ကျွန်မ နိုင်ငံခြားသွားဖြစ်တော့ လည်ပင်းကို ပြန်စစ်ဖြစ်ပါတယ်
    ဆရာဝန် က ရှောင်ရမယ့် အစားအစာတွေကို သေချာရေးပေးလိုက်တယ်
    ရောဂါရာဇဝင်ကို စီဒီ နဲ့ ထည့်ပေးလိုက်တယ် ပင်လည်စာ စားဖြစ်နေတဲ့
    လူတွေမှာ အိုင်အိုဒင်းဆား စားသုံးရန် မလိုကြောင်း ပြောလိုက်တယ်
    ဒါနဲ့ ရောဂါ အကြောင်းသိ ရတာ ဒီမှာ တော်တော်ကြာ ပြဖြစ်ပေမယ့်
    ရောဂါ အကြောင်း သေချာပြောပြဘို့ ဆရာဝန်တွေမှာလည်း အချိန်မရှိလို့
    ထင်ပါရဲ့

  • aye.kk

    May 26, 2015 at 11:47 am

    အမြင်မတူ..
    အယူဝါဒတွေမတူ….
    အမျိုးမျိးရှိတာ…..
    ဘုရားဟောထားပါတယ်…
    ယုံကြည်သူတို့လေ့လာကြစေလို….။

  • Ma Ei

    May 26, 2015 at 12:51 pm

    ယုံကြည်ရာ ဆိုပေမယ့်
    နံမည်ကြီး ဆေးရုံကြီးတွေလဲ မယုံကြည်ရဘူးပေါ့နော်…
    ဆေးရုံကြီးတစ်ရုံစဖွင့်စက ရုံးက အသိတစ်ယောက်ညီမ အပျိုကြီး နေမကောင်းလို့ သွားပြတာ..
    မျိုးစုံစစ်ဆေးပြီး အဖြေက ကိုယ်ဝန်ရှိသတဲ့..အကို အမတွေ နဲ့ ပြသနာဖြစ် မဟုတ်ပါဘူးငြင်း…
    ဆေးရုံကိုပြော ပြန်ကြည့်ပေးပါ့မယ်ဆိုပြီး ပြန်ကြည့်ပေးမှ ဆောရီး လူနာမှားသွားလို့ပါတဲ့…
    သူတို့က ဆောရီး…ဒီဘက်မှာက တစ်မျိုးလုံးပွက်လောရိုက်…ယုံကြည်ရပုံများပြောပါတယ်…

  • padonmar

    May 26, 2015 at 10:21 pm

    ဆရာဝန်ကိစ္စ-နှာစေးပါသည်။အမှန်တော့ ဆရာဝန်မှမဟုတ်၊လူတွေအားလုံးရဲ့ လူ့ကျင့်ဝတ်လိုက်နာမှုတွေ ကျလာတာ။အသက်နဲ့ ရင်းရတဲ့ ဆရာဝန်တွေမှာ ပိုသိသာနေသလိုဖြစ်တာပေါ့။
    ……
    ယုံကြည်ကိုးကွယ်ရာကတော့ အဘနီပြောနေကျ ဗြဟ္မဏဗုဒ္ဓဘာသာဝင်တွေများနေသမျှ အဲလိုဖြစ်နေမှာပဲ။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 27, 2015 at 7:32 am

    ဒီပုံအတိုင်းသာဆို… ကံ ကံ ဆိုတာချည်းကို ပဲ.. တို့နိုင်ငံသားတွေ လွှဲချဖို့ပဲရှိတော့မှပေါ့..
    ဓါတုအစားအစာတွေနဲ့ အထူးကုဆရာဝန်တွေများနေသမျှ ကာလပတ်လုံးတော့… 😥

  • kai

    May 27, 2015 at 2:46 pm

    လူကြီးတွေမှားတာပေါ့…
    အဲလိုနဲ့.. ကင်ဆာတောင်ပျောက်ပါတယ်ဆိုပြီး.. လူဘယ်နှသောင်းလောက်… ယုံကြည်မှုအမှား.. အယူမှားဒုက္ခရောက်ကြတော့မလည်း…မတွေးမိလို့ဖြစ်မှာပေါ့…။
    အဲဒါကမှ..တိုင်းပြည်ရဲ့..တကယ့်ကျိန်စာ…။

    ပေါက်တတ်ကရလုပ်ကြလို့ကုန်တဲ့..ကုန်မဲ့ငွေတွေကို.. ကလေးတွေကျောင်းစရိပ်လှူ… ကျမ်းမာရေးစက်ပစ္စည်းတွေအတွက်ကူငွေထည့်လိုက်ကြရင်..
    နောင်…ဒီလိုတွေဖြစ်ဖို့… အခွင့်အခြေအနေနည်းသွားတော့မှာပေါ့…။

    ကျိန်စာတိုက်ခဲ့တာ… အဲဒီ..အဲဒီ…လူကြီးဆိုတဲ့..ကိုယ်တိုင်တွေပါပဲ…။

Leave a Reply