ဒီနေ ့နှင့်သူ

Sine SantMay 21, 20151min1709

     ဒီနေ ့နှင့်သူ
     *******************

       ဒီနေ ့သူ ့စိတ်ထဲမှာ လေးလံနေသည် ။
   လွတ်လပ်ပေါ့ပါးခြင်းကိုမခံစားရ ။
   တခုခုကိုစိုးရိမ်ထိတ်လန် ့နေသည်ဟုထင်သည်။
   မနက် ကနေ ညထိ သူ ့ကိုယ်သူ ့ဆန်းစစ်ကြည့်နေမိတယ် ။
ဘာအပြစ်တွေ လုပ်မိထားလည်း ၊ ဘယ်သူ ့အပေါ်စကားပြောမှားထား သလဲ ပြန်စဉ်းစား ကြည့်သည် ။
ကြီးကြီးမားမား စိုးရိမ်နေစရာ ဘာမှမရှိ ခဲ့ ။ သူ ့မောင်နှမ တွေ လိုအပ်တဲ့အကူ အညီတွေကိုအကောင်းဆုံး ဖြစ်အောင်သူ မစွမ်းဆောင်နိုင်ခဲ့သော ကိစ္စအတွက်သော
စိတ်အနှောက်အယှက်ဖြစ်နေတာတော့ မှန်ပါသည် ။
သူ ဘာဖြစ်နေသလဲ ။  မနေ ့ကအကြောင်းကို ပြန်စဉ်းစား မိတော့ . .
.သူ ရုံးသို ့လာသည့်လမ်းတွင် လူတစ်ယောက် ကားတိုက်ခံလိုက်ရသည်ကို တွေ ့ခဲ့သော်လည်း
သွားကူညီပေးဖို ့ရာ တွန် ့ဆုတ်ခဲ့မိသည် ။ သူ တွန် ့ဆုတ်ခဲ့ရခြင်းတွင်အကြောင်းပြချက်ပေါင်းများစွာရှိခဲ့သော
ကြောင့်ဟု သူ ့ကိုယ်သူ နှစ်သိမ့် ထားခဲ့ပြီးဖြစ်သည် ။
ထို လူနာကို ကူညီပေးလိုက်မိသည်နှင့် ပထမဆုံး သူ ၏အလုပ်ချိန်ထိခိုက်တော့မည် ၊ ရာထူးတိုး နိုင်ရန် ကြိုးစားနေချိန်လည်းဖြစ်သည် ။ သေရေးရှင်ရေးကိုကူညီ ပေးနေသည့်အတွက်ကြောင့် ရုံးနောက်ကျခြင်းကို သဘောထား ကြီးသည့် လူကြီးနှင့်တွေ ့မှအဆင်ပြေနိုင်သည် ။ နောက်တစ်ချက် မှာ ထိုယာဉ်တိုက်မှု ပြဿနာတွင် ပါဝင်ကူညီပေးခဲ ့သောကြောင့် အစိုးရ ရဲ များ၏ခေါ်ယူစုံစမ်းစစ်ဆေး ခြင်းကိုလည်း ခံရမည် ၊
ရဲများ၏စစ်ဆေးမေးမြန်းခြင်းမှာရက်တိုတိုနှင့် ပြီးဆုံးခဲ့လျှင် အကြောင်းမဟုတ် သူ ့နှင့်ဘာမျှမပတ်သက်သည့် အမှုကိစ္စအတွက် သူ ့အချိန်များကို အလာဟသတ်
ကုန်ဆုံးမခံနိုင် ။ အကယ်၍ ထိုလူနာ မှာ သူ ့လက်ပေါ်တွင် အသက်ဆုံးသွားခဲ့လျှင် သူ ဆက်မတွေးရဲ ပါ။ ဓါးခုတ်ရာလက်ဝင်လျို သလိုဖြစ်နေနိုင်သည် ။
သူ မဟုတ်လည်းအခြားသူတစ်ယောက် အကူညီပေးနိုင်လိမ့်မည်
ဟုလည်း မျှော်လင့်ထားလိုက်သည် ။ လူမှုရေးနှင့် စီးပွားရေး ပြဿနာကြားတွင် သူ ့ဘဝ ကိုသူ စိတ်ပျက်ငြီးငွေ ့
ခဲ့ရပေါင်းလည်းများလှပါပြီ ။ လူသားထဲကလူတစ်ယောက်ဖြစ်နေသည့်
အတွက်ကြောင့်လည်း မလွန်ဆန်နိုင်သော လူမှုဒုက္ခ များစွာကိုကြုံတွေ
့နေရသည်မှာ မဆန်းကြယ်တော့ပေမယ့်
တခါတလေ သူ ့အတွက်စိတ်ဖိစီးမှုတွေကို ပိုခံစားမိလာသည် ။
     သူ ့မှာမိသားစု ရှိသေးသည် ။
  သူ ့အပေါ်လုုံးဝအားကိုး နေရသည်တော့မဟုတ်  ပေမယ့် သူ ့ကြောင့် မိသားစုဝင်
များ စိတ် ရှုပ် အလုပ်ရှုပ်ကြရမှာကိုတော့ သူ မဖြစ်စေချင်ပါ။ သက်ဆိုင်ရာ ရဲအရာရှိများရောက်မလာခင်တွင်အမှုအခင်းဖြစ်သော နေရာများမှမည်သည့် အရာကိုမျှ
ကိုယ်နဲ ့မသက်ဆိုင်လျှင် မထိမကိုင် ရဟုသူကြားဖူးထားပါသည် ။ ှ
ထို ့ကြောင့် ထိုအဖြစ်အပျက်အား ရှက်ရွံ  ့အားနာစွာပဲ မျက်နှာလွှဲ၍ ဖြတ်ကျော်ခဲ့ပါသည်။
သူ ့စိတ်ကိုလေးလံထိုင်မှိုင်းနေစေသည်မှာ ဤအဖြစ်အပျက် လည်း များစွာပါဝင်လွှမ်းမိုးနေသည် ကိုဝန်ခံ ပါသည် ။
  မနေ ့ကလည်းထိုမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးခဲ့ရပြီး
ယနေ ့ထိလည်း သူ ့စိတ်ထဲကထွက်မသွားနိင် သေးပါ ။
        သူ ့မှာမလုပ်ရသေးသောအလုပ် ၊
        ဖြစ်မလာနိုင်သေးသော ဆန္ဒ များ ၊
        သူ အရချင်ဆုံး ဘဝ တွေ ရှိသေးသည် ။
    အခု ချိန် သူ ့ကိုယ်ပိုင် အိမ်တစ်လုံး ဝယ်နိုင်ဖို ့ရန် သူတော်တော်
    ကြိုးစား ရဦးမည် ။ထို ့အတွက် သူ ရင်မောနေရသည်။ သူ ့မှာ ပြုစုပျိုးထောင်ပေးရန်         မကင်းရာမကင်းကြောင်း ဆွေမျိုးနီးစပ် ရှိသေးသည် ။
မိဘ နှစ်ပါး နှင့် ကျေးဇူးရှင်များအပေါ် လည်း သူ တာဝန်မကျေသေး ပါ ။

     သူ ့အနာဂါတ် ရှေးရေး ကို မျှော်တွေးလိုက်မိလျှင် လည်း သူ ့ကိုယ်သူ
အားမရ နိုင်သေး ၊ တခါတလေ သူ ့ဘဝကို စိတ်ပျက်မိနေမိသော အချိန် များ လည်းရှိနေသေးသည် ။
    
       အတိတ်က အကြောင်းအရာတချို ့ကလည်း သူ ့စိတ်ဓာတ်ကို ကျဆင်းသွားနိုင် အောင် ဖန်တီးနေနိုင်သေးသည် ။ ဆိုပါစို ့…အကယ်၍ ဆယ်တန်းစာမေးပွဲတွင် သူအမှတ်များများ နှင့်အောင်မြင် ခဲ့မည်ဆိုလျှင် သူ ဝါသနာ ပါသော အလုပ် တနည်းအားဖြင့် ယခု ထက်အဆင့်အတန်း ရှိသော အလုပ်ကို သူပိုင်ဆိုင် ခွင့် ရှိခဲ့မည် ဖြစ်သည် ။ ယခုအချိန်သူ ့ကို ဆုတစ်ခုတောင်း၍ ပြည့်မည်ဆိုလျှင် ဆယ်တန်းဘဝကိုပြန်သွားပြီး ပြင်ဆင်ခွင့် ရချင်သည် ။
မဖြစ်နိင်တော့သည့်အတွက် သူ ၏ဆိုးမိုက်ခဲ့သော ရလဒ် များ ကို နောင်တ များအဖြစ်သာ ခံစားနေရုံ မှ လွဲ၍ ဘာမျှ မတတ်နိုင်တော့ပါ ။
    ” အလုပ်ဟူသမျှ ဂုဏ်ရှိစွ ” ဆိုသောစကားမှာ ကျောင်းဖတ်စာအုပ် နှင့် လူတို ့၏ပါးစပ်ဖျား တွင်းသာ ရှိသည်ဟု
ထင်ပါသည် ။် လူတစ်ယောက်၏အလုပ်အကိုင် ကို ကြည့် ၍ လူအချင်းချင်းအဆင့်အတန်း သတ်မှတ် နေသည် ။ကိုယ်ပိုင်အလုပ်တစ်ခု ကိုအခြေတကျလုပ်ချင်သည် ။ အစိုးရဝန်ထမ်းဖြစ် ဖြစ် ၊ ပုဂ္ဂလိက ဝန်ထမ်း ဖြစ်ဖြစ် ဘယ်ဝန်ထမ်း အလုပ်ကိုမျှမလုပ်ချင်တော့ပါ ။ သူတပါး ၏ဝန်ထမ်းဖြစ်ရသည်မှာ ကိုယ့်အချိန်တွေကို သိလျက်သားနှင့်အခိုးခံနေရသလို ပါပဲ ။ ကိုယ့်ကြိုးစားမှုပေါ်မူတည်၍နာမည်ကောင်းသာရချင် ရလာလိမ့်မည် ကြီးပွားတိုးတက်ဖို ့တော့ “ရွှေပြည်တော် မျှော်တိုင်းဝေး”ရမည့်အဖြစ်နှင့်သာဘဝတွေအဆုံးသတ်ဖို ့ရှိပါသည် ။သူ ့အချိန်တွေကိုသူပိုင်ချင်သည် ။စိတ်တိုင်းကျဘဝကိုတည်ဆောက်ချင်သည် ။ အသက်အရွယ်ကြီးခါမှ သူတပါးလက်ညိုးထိုးခိုင်းသမျှကို ခေါင်းလေးငုံ ့၍   “ဟုတ်ကဲ့ ခင်ဗျ ဟုတ်ကဲ့ ” ဆိုတဲ့စကားသာပြောနေရ ရင် သူ ့ဘဝဟာ လူဖြစ်ရှုံးနေရလိမ့်မည် ။ အစွမ်းအစ မဲ့ခဲ့သော ကိုယ့်အဖြစ်ကိုလည်း ရှက်လို ့ဆုံးမည်မဟုတ်တော့ပါ ။ ထို ့ကြောင့် သူ ့ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်း လုပ်ကိုင်ရန် သာ ဆန္ဒပြင်းပြ နေမိသည်။ သေးသေးလေးကပဲ စရ စရ . အောက်ခြေကပဲစရ စရ တခုခုတော့ သူလုပ်မှ ဖြစ်တော့မည် ဟု ထင်သည် ။
    ဖြစ်မလာသေးသောအနာဂါတ်များကို တွေးတော ရင်းဖြင့် သူ ၏ အိပ်ပျက်ည များ စွာကို ခက်ခဲပင်ပမ်းစွာ ကုန်လွန် ခဲ့ရသည် ။ ပြန် ပြင် လို ့မရနိုင်တော့သော အတိတ် များကြောင့်လည်း သူ
သက်ပြင်းချခဲ့ ရပေါင်းလည်း များခဲ့ပြီ။
    အတိတ်ကို အတိတ်မှာ မထားခဲ့နိုင် သော
နောင်ဖြစ်လာမည့် အနာဂါတ် အရေးကို ကြို တင်
စိတ်မောပင်ပမ်းနေ ရသော အဖြစ်များ သည် သူ ့ကိုယ် သူ
စိတ်ဒုက္ခများ သာ ဖန်တီးနေခြင်းကိုသာ ဖြစ်စေခဲ့သည် ။
     
       ဘယ်အရာကိုမှ ကြိုတွေးပြင်ဆင်ထား ခွင့် မရှိသော လူ ့ဘဝ မှာ
       သူလည်းအသစ်ပြန်လည် မွေးဖွားခွင့်
       မရှှိ့်ိသော လူတစ်ယောက်သာ ဖြစ်သည။်
   ထို ့ကြောင့် လက်ရှိရင်ဆိုင်နေရသော ပစ္စုပ္ပန် တွင် အကောင်းဆုံး နေထိုင် အသက်ရှင် ဖြတ်သန်းသွား ဖို ့သည်သာ
သူ ့အတွက် အခွင့်ထူးဖြစ်သည် ဟူ၍နားလည် ထားဖို ့
ရန်သာ အလိုအပ်ဆုံး ဖြစ် ပါတော့သည် ။ 
    သူအတွက် ဒီနေ့ ့အကောင်းဆုံးအသက်ရှင်ခြင်းသည် သူ ရင်ဆိုင် ရမည့် မနက်ဖြန်အတွက် အကောင်းဆုံး ဆုလက်ဆောင် များ ယူဆောင် လာနိုင် မည်ဖြစ်သည် ။ သူ ့စိတ်ကိုအကောင်းဆုံး
ရွေးချယ်မှုှုတစ်ခုအတွက်သူ ့ကိုယ်သူ အလုပ်ပေးလိုက်တာကတော့ သူအသက်မသေ
မချင်း အောင်မြင်မှုတစ်ခုအတွက် လုပ်ပိုင်ခွင့်တွေရှိသေးတယ် ဆိုတာပဲ ။ သူ တွေဝေ ခဲ့မိသောအချိန်တွေ က နှစ်ပေါင်းများ ခဲ့ပါပြီ ။
  မနေ ့ကတော့ ပြီးဆုံးကျန်ရစ်ခဲ့ပြီမို့ ့ဆက်တွေးပြီးနောင်တရနေဖို ့မလိုအပ်တော့ ဘူး ။
မနေ ့ကရခဲ့တဲ့ ဗဟုသုတအတွေ ့အကြုံကိုတော့ ဒီနေ ့နဲ ့မနက်ဖြန်တွေမှာအကောင်း
ဆုံးအသုံးချနိုင်ဖို ့ပဲလိုအပ် တယ် ။ မနက်ဖြန်ရှိနေလိမ့်မယ်ဆိုတာ ဘယ်သူ ့
အတွက်မှ မသေချာလို ့ကြိုတင်ပြင်ဆင်ထားရုံကလွဲလို ့စိတ်သောကဖြစ်နေဖို ့မလိုအပ်ဘူး ။
    ဒီနေ ့ဟာ အကောင်းဆုံး ပဲ ။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ တွေမှာ ဒီနေ ့ပဲစလုပ်သင့်ပြီ လို ့
သူ ့ကိုယ်သူ ဆုံးမ ထားလိုက်ပါတယ် ။
     
     ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနေဖို ့တော့ လိုတာပေါ့ ။

      :mrgreen:

       lulu
အတွေးနယ်ချဲ ့မိသော
  
   

9 comments

  • Alinsett @ Maung Thura

    May 21, 2015 at 3:40 pm

    မနေ့က ဆိုတာ ပြီးသွားပြီ…
    မနက်ဖြန်ဆိုတာလည်း..မသေချာဘူး..
    ဒီနေ့…. ပျော်ရွှင်အောင် နေမယ်…ကောင်းမွန်စွာ နေထိုင်မယ်…
    ပလို့ဂျိ

  • ခင်ဇော်

    May 21, 2015 at 3:54 pm

    ဒီ အချိန် ဟာအကောင်းးဆုံးး အချိန်

  • အောင် မိုးသူ

    May 21, 2015 at 4:04 pm

    ဖတ်မိပြီးတော့ စောနက ဖေ့ဘုတ်မှာတက်လာတဲ့ အမေရိကန်မှာဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးကို မြင်မိပြန်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့နော် ကြိုးစားရုန်းကန်နေရတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စိတ်ညစ်စရာရှိရင်တောင် အားတင်းပြီး ဖြေရှင်းတယ် အကောင်းဆုံးလုပ်တယ်။

  • မြစပဲရိုး

    May 22, 2015 at 5:54 am

    တကယ်ဖြစ်သင့်တာကလဲ အဲလို ယာဉ်တိုက်မှုဖြစ်ရင် ကိုယ်လဲ ဘာမှ မလုပ်တတ်တာ၊
    အကောင်းဆုံးက ဆေးရုံကား ကို ခေါ်ပေးဖို့ဘဲ။ ဆေးရုံကား အမြန်ရောက်ဖို့ တော့လိုတာပေါ့။

    တကယ်တော့ သမီးရေ။
    တစ်ခါတစ်ခါ ဒီနေ့ မှာ ဖြစ်ချင်တိုင်း မဖြစ်လိုက်တာ တွေ က နောက်နေ့အတွက် ပိုကောင်းတာ ဖြစ်နိုင်ပါတယ်။
    စိတ်ဓာတ်မကျဘဲ ပိုပြီး ကြိုးစား နိုင်ဖို့ဘဲ လိုတာပါ။
    သမီးပြောသလိုဘဲ
    ” ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနေဖို ့တော့ လိုတာပေါ့ ” ။
    အဲဒါကလဲ ကြိုးစားတဲ့ အကြောင်းပြီးမှ ရလာမဲ့ အကျိုးပါ။
    တစ်ခါတစ်ခါ လဲ ကိုယ့်ကံ ကို လဲ ယုံပါ။
    အဲဒီ အတွက် ကတော့ (မှန်ကန်တဲ့) ဘာသာရေး နဲ့ မိဘ ဆရာ ကို ကျေးဇူးသိတတ်ခြင်းလို့ ထင်ပါတယ်။

    • lu lu

      May 22, 2015 at 11:13 am

      ကျေးဇူးပါအရီးခင်ရယ် တခါတလေ ကိုယ့်ကိုယ်ကိုအားမရဘူး
      စိတ်ဓာတ်ကျတဲ့အချိန်တွေဆို ဘယ်သူ ့ကိုဖွင့်ပြော ရမှန်းမသိဘူး
      အားပေးမယ့်သူ ကိုရှာရင်း ကိုယ့်ကိုယ်ပဲအားပေးလာခဲ့တာ
      အခုထိပါပဲ
      အကောင်းဆုံးဘာသာတရာကိုရွေးချယ်နိုင်ခဲ့လို ့
      အားတင်းထားနိုင်တာ ပါလို ့ပဲပြောချင်ပါတယ်
      🙂

  • sorrow

    May 22, 2015 at 12:50 pm

    ထို ့ကြောင့် သူ ့ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်း လုပ်ကိုင်ရန် သာ ဆန္ဒပြင်းပြ နေမိသည်။ သေးသေးလေးကပဲ စရ စရ . အောက်ခြေကပဲစရ စရ တခုခုတော့ သူလုပ်မှ ဖြစ်တော့မည် ဟု ထင်သည် ။
    အဲ့တာလေးပြောချင်တာပါခင်ဗျ….

    စလိုက်ပါခင်ဗျ ..စမယ်စိတ်ကူးရင်Dead line လေးထား စပြင်ဆင်ပါတော့ခင်ဗျ…

    အောင်ပွဲဆိုတာကြိုတင်ပြင်ဆင်ထားသူတွေသာ သီးသန့်ပိုင်ဆိုင်တဲ့အရာ …

  • Ma Ma

    May 22, 2015 at 3:02 pm

    ဘဝရဲ့ရည်မှန်းချက်က ဆရာမဖြစ်ချင်ခဲ့တယ်။
    ဖြစ်ဖို့လည်း အခွင့်အရေးရခဲ့တယ်။

    ဒါပေမယ့် မိဘလုပ်ငန်းကလည်း ကိုယ့်ကိုလိုအပ်လေတော့ မိသားစုကို ဦးစားပေးပြီး ဝါသနာကို စွန့်လွှတ်ခဲ့ရတယ်။

    ခုချိန်မှာပြန်တွေးလိုက်တော့ ဝါသနာကိုဦးစားပေးခဲ့ရင်လည်း အခက်အခဲတွေ ပြဿနာတွေအများကြီး ကြုံရမယ်ဆိုတာမြင်လာပြီး ကိုယ့်ဘဝကိုယ် ကျေနပ်မိတယ်။

    ကိုယ့်နေရာကို စိတ်တိုင်းမကျလို့ ပြောင်းမယ်ဆိုရင်
    ဘဝမှာ လောကဓံဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ်ကြုံရမှာပဲဆိုတာ ကြိုတွေးထားစေချင်ပါတယ်။

  • ဦးကြောင်ကြီး

    May 25, 2015 at 12:08 am

    ကေအိုင်အေလုမ
    ရွှေဆိုင်မွှေလုပြ
    ငွေထိုင်ရေဆုရ
    ကြွေနိုင်ပေခုည…

  • aye.kk

    May 25, 2015 at 12:11 pm

    မှန်ပါတယ်
    လုလုရေ
    ရုပ်နဲ ့နာမ်၂ပါးက
    သင်္ခါရတရားပါ၊ဖြစ်,ပျက်ဒွန်တွဲနေတာပါ။
    မျက်စိတမှိတ်၊လျပ်တပျက်အတွင်းလည်း ပျောက်ပျက်သွားနိုင်စေပါတယ်။

Leave a Reply