ရင်ခွင်မဲ့ သမီး

Khin Thida SoeAugust 23, 20101min830

ရင်ခွင်မဲ့ သား

ဥဝဲ ဆိုပြီး ထွက်ကာစ

သမီး ဘဝ ဘာမှ မလိုခဲ့ဘူး အမေ

မိစုံ ဖစုံ ည

စီးပွားရေး မျက်နှာပန်းပန်းလှလို့

အငယ်ဆုံး သမီထွေး ဘဝမှာ

ရတိုင်းလို  လိုတိုင်းတ

သမီးဆိုးချင်တိုင်းဆိုး

ဘယ်လိုမှ မျက်နှာ မညှိုး ခဲ့တဲ့ အဖေ

အဖေရယ်……..

လေးနှစ် အပေါ်တဆင့်ကမ်း

သမီး ငယ်ခြေလှမ်း ချ တဲ့ အချိန်

ဘာကြောင့်….

အဖေ့ ရဲ့ နုတ်ဆက်ချိန် အပြီးတိုင် ခဲ့တာလဲ ဟင် …..

အဖေ့ ဈာပန

နောင်ဘဝ ခရီး အထွက်မှာ

သမီးငယ် ကလေး ဘဝ

မျက်ရည်စ မရှိတတ်သေးဘူး အဖေ…

ခြောက်နှစ် ကို တက်လှမ်း

သမီး ငယ် ပထမ တန်းမှာ

အမေ က အချစ်တွေ မပြတ်တမ်း ကစားတော့

အဲဒီအချိန်……..

သမီးငယ် ငိုတတ်ပြီလေ

အချစ်ဦးဆိုတဲ့ ရေစက်

သွေ းမပျက် ဆက်လှမ်း

အမေ တို့ရဲ့ ဇတ်လမ်းမှာ

သမီးငယ် ငိုတမ်းကစားခဲ့ရပြီ ပေါ့ အမေ..

ဒီလိုနဲ့

မောင်ကိုပြစ်

(အမ/အကို) တွေ သူအချစ် ရှာပြန်တော့

သမီးငယ် ဘဝ

တခါ အထီး ကျန်ရပြန်ပြန်ပြီ ပေါ့ အမေ..

လောက လူတွေကြား

မိဘမေတ္တာ သံစဉ်များ

သားကြားရတဲ့အခါ

အမေ့ မေတ္တာ တွေက (ဘာလဲဆိုတာ)

ဘယ်လိုမှန်း မသိ

စာရေးတာ ဝါသနာ ပါတဲ့ သား

ကလောင် များစွာ နဲ့ရေးချခဲ့တာ

အမေရယ် ဘာကြောင့်

သမီး ဆီကို အခုထိ ပေါ်မလာတာလည်း ဟင်……

အမေအရွယ် အမေလိုစကားနဲ့

အမေလိုအကြင်နာများ

သမီး တွေ့ရတဲ့ အခါ

သမီးငယ် ပါးနှစ်ဖက်

အမေ့ အနမ်း စက်တွေများရှိလေမလားရယ် လို့

ယောင်ရမ်းစမ်းမိ

မျက်ရည်စက်တွေဘဲရှိတယ် အမေ…

အမေရယ်

ကံကြမ္မာလှည့်စား

အဖြစ်ဆိုးလှတဲ့သမီး ဘဝ

အဆိုးဆုံးညတွေ လွန်ပါစေတော့

ရင်ခွင်မဲ့သမီးငယ် အတွက် တော့ အမေရယ်…

အမေလို အကြင်နာ စကား

အမေလို အကြင်နာ များက လွဲပြီး

ဘာမှ မလိုပါဘူး အမေ။။။။။။။။။။။။။။

အားလုံးကိုလေး စားလျှက်

ခင်သီတာ