တစ်နေ့ပြီး တစ်နေ့ (၁၃) Day by Day (13)

Ma MaMay 26, 20154min22014

တစ်နေ့ပြီးတစ်နေ့ (၁၃) ကတော့ ဇွန်လရဲ့ ဒုတိယပိုင်း ၁၆ရက်နေ့ကနေ ၃ဝရက်နေ့အထိ ကာတွန်းတွေရဲ့ ဒဿ န တွေ ဖြစ်ပါတယ်။

 

အရင်ပိုစ့်တွေကိုပြန်ဖတ်တဲ့အခါ ဘယ်လပိုင်းကကာတွန်းဆိုတာ သိအောင် မနည်းပြန်ရှာဖတ်ရလို့ ကာတွန်းတွေရဲ့ ရက်အပိုင်းအခြားကို အခုလို ပိုစ့်ရဲ့နိဒါန်းမှာ ထည့်ရေးသွားပါမယ်။

 

 

ကဲ…… စကြရအောင်။

 

CAM03861[1]

လူတစ်ယောက်ချင်းစီရဲ့စွမ်းအင်ကို ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုမယ်လို့ စနစ်တကျ စီမံတတ်ရင်၊

သူ့နေရာနဲ့သူ သင်တော်မယ့်တာဝန်ကို ခွဲဝေပေးတတ်ရင် လုပ်ငန်းကိုလွယ်ကူစွာ ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။

 

ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက်တဲ့အထဲ စီမံခန့်ခွဲမှုကို ထည့်သွင်းချင်ပါတယ်။ :s:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03862[1]

ပြောသူ မရဲ၊  ရဲသူ မပြော တဲ့။

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် တဲ့။

 

ကြားဖူးတဲ့ စကားပုံတွေ ပြောပါတယ်။ 😳

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

CAM03863[1]

ဥပမာအားဖြင့် ဆရာဝန်ဖြစ်ချင်သူဟာ ဆရာဝန်ဖြစ်နိုင်မယ့် လမ်းကြောင်းပေါ်ရောက်အောင် စာကြိုးစားရမယ်ပေ့ါ။

 

နောက်တစ်ခုက လုပ်ငန်းခွင်မှာအောင်မြင်ဖို့အတွက် သူများထက်ပိုပြီး ကြိုးစားမယ်၊ သည်းခံမယ်ဆိုတဲ့ စိတ်ကို မွေးမြူရမယ်လို့လည်း ဆိုချင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

CAM03864[1]

ဒီကာတွန်းက ပြီးခဲ့တဲ့ အပိုင်း (၉) က

ပြီးမြောက်အောင် အားထုတ်ပြီး ရလာတဲ့ပီတိဟာ ဘာနဲ့မှ မလဲနိုင်ဘူး

ဆိုတဲ့ ဒဿ န နဲ့ အဓိပ္ပါယ်ချင်း ဆင်တူတယ်လို့ ထင်တယ်။

 

ပြီးမြောက်အောင် ဆောင်ရွက်နိုင်တာဟာ ကိုယ်ရည်ကိုယ်သွေး ပြနိုင်တာ။

စွမ်းနိုင်သူဆိုတဲ့ ဂုဏ်သိက္ခာကို ရယူလိုက်နိုင်တာပါပဲ။ 🙂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03865[1]

ဟီးးးးးး  ဒီတခါတော့ ဆရာအော်ပီကျယ် စာစစ်တာ ကျကျန်ခဲ့တယ်ထင်တယ်။ :re:

 

ရလဒ်ပေါ်အောင် မစွမ်းဆောင်နိုင်သော ခေါင်းဆောင်ဟာ ခေါင်းဆောင်မဟုတ်ဘူး

လု့ိ ရေးလိုရင်းဖြစ်မယ်။

 

ကိုယ့်ခံယူချက်နဲ့ဆိုရင် စေတနာမှန်နဲ့လုပ်ပေမယ့် ရလဒ်မပေါ်တဲ့ ခေါင်းဆောင်ကို လက်ခံလို့ရသေးတယ်။

ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို တာဝန်မခံပဲ လက်အောက်ငယ်သားတွေကို လွှဲချတဲ့ ခေါင်းရှောင်က ပိုဆိုးတယ်။  👿

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03867[1]

တိမ်မြှုပ်နေတဲ့ အစွမ်းအစတွေပေါ်လာအောင် ဖော်ထုတ်ချင်ရင် စွမ်းနိုင်သူဖြစ်ကြောင်း ချီးမွမ်းပြောဆို ဆက်ဆံပေးရမယ်လို့ နားလည်မိပါတယ်။

 

ကိုယ့်သဘောနဲ့ပြောရရင် အဲလိုဆက်ဆံပေးဖို့လိုတာကလည်း ပင်ကိုယ်အရည်အသွေး အလယ်အလတ်အဆင့်ရှိသူ၊ ညံ့သူတွေအတွက်ပိုမှန်မယ်လို့ထင်မိတယ်။

 

တစ်နေ့ပြီးတစ်နေ့ (၉) ဧပြီလ ၁၄ရက်နေ့ကာတွန်းမှာတော့

ချီးမွမ်းစကားဟာ တွန်းအား

လို့ ဆိုထားပါတယ်။ 🙂

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03868[1]

တစ်နေ့ပြီးတစ်နေ့ (၅) ဖေဖော်ဝါရီ ၁၂ရက်နေ့ကာတွန်းက …

စီမံခန့်ခွဲမှုမှာ အာဏာမရှိ၊ တာဝန်သာ ရှိ

တယ်လို့ ရေးထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

CAM03869[1]

အဲဒီ ဒဿ န လေးကို အတော်သဘောကျတယ်။

သူများတော်တာတွေကို ယူနိုင်ရင် ကိုယ်လည်းတော်လာနိုင်တယ်။

 

ဒါ့အပြင် သူများညံ့တာကို သိပြီးတော့လည်း ကိုယ်တော်လာအောင် ပြုပြင်နိုင်တဲ့အကြောင်းရေးထားတဲ့

တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒလေးကို လက်ဆင့်ကမ်းချင်ပါတယ်။

 

“သူတပါး၏ အဆင်မပြေပုံ၊ ဘုကျပုံ၊ စိတ်ပျက်ဖွယ်ရာ ဆက်ဆံပုံ၊ အမူအရာရိုင်းပုံ၊ အပြောအဆိုကြမ်းတမ်းပုံ၊ စိတ်ထားနှလုံးထား မဖြောင့်ပုံမျိုးကို မြင်ရ၊ ကြုံရ၊ တွေ့ရလေတိုင်း ထိုသူ့အပေါ် အမြင်ကပ်ခြင်း၊ ဒေါသထားမိခြင်းထက် `ငါတော့ ယနေ့ကစ၍ ထိုလူစားလိုမျိုး  မနေမိအောင် ကြိုးစားသွားမယ်​` ဟူ၍ အတွင်းကျိတ် ဆုံးဖြတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။“

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03870[1]

စီမံခန့်ခွဲမှုဟာ အင်မတန်အရေးကြီးပါတယ်။

ငွေကို၊ အချိန်ကို၊ လူကို စနစ်တကျ စီမံခန့်ခွဲနိုင်သူဟာ အောင်မြင်သူပါပဲ။

 

နာခဲ့ဖူးတဲ့တရားတစ်ပုဒ်မှာ ……

လူတိုင်းကိုယ်စီ ၁ရက်ကို ၂၄ နာရီ ညီတူညီမျှရကြတယ်။

ဒါပေမယ့် အသုုံးချမှု၊ စီမံခန့်ခွဲမှုတွေကွာခြားလို့ ရလာတဲ့ အကျိုးရလဒ်တွေကလည်း အနည်းအများ၊ အနိမ့်အမြင့် ကွာခြားသွားကြတယ် တဲ့လေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03871[1]

ကိုယ်တိုင်လည်း သိပ်ပြီးတွေးတောပူပန်တတ်တဲ့သူမဟုတ်လို့ ဒီအတွေးအခေါ်ကိုလည်း ထောက်ခံတယ်။

 

စိုးရိမ်နေရုံနဲ့ ဘာကိစ္စမှ ပြီးမြောက်အောင်မြင်နိုင်တာမှ မဟုတ်ပဲ။

 

လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်က မတူလေတော့ စိုးရိမ်တတ်သူကလည်း သူ့အကျင့်ဗီဇအတိုင်း စိုးရိမ်နေမှာပါပဲ။ 🙁

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03872[1]တစ်နေ့ပြီးတစ်နေ့ (၅)မှာ

စဉ်းစာဆင်ခြင်မှုနည်းလေ၊ စကားများလေ    ဆိုတာနဲ့ သဘောချင်းတူပါတယ်။

 

မစဉ်းစားမဆင်ခြင်ပဲ ပြောမိတာတွေကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပဲ များစေမှာပါ။

ကြမ်းကျွံ နှုတ်ရ၊ စကားကျွံ နှုတ်မရ လို့ စကားပုံရှိတယ် မဟုတ်လား။  🙂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03873[1]

စဉ်းစာဆင်ခြင်မှုမပါရင် ပညာမဟုတ်ပဲ သညာပဲ ဖြစ်မှာပေ့ါ။

ပညာမပါသော စဉ်းစားမှုဆိုတာကတော့ ဆင်ကန်းတောတိုး ဆိုသလိုဖြစ်မယ်ထင်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03874[1]

ဖြစ်ချင်စိတ်မရှိလို့ ဖြစ်လာအောင် မကြိုးစားဘူး။

မကြိုးစားတော့ ဘာမှဖြစ်မလာဘူးပေ့ါ။

တရားမျှတပါတယ်လေ…… :b:

 

အခုကာတွန်းပြက္ခဒိန်တစ်ခုလုံး  ကာတွန်း၃၆၅ကွက်လုံးကို  အော်ပီကျယ်တစ်ယောက်တည်းရေးဆွဲထားတာလို့ ထင်ထားတာ….

အောင်ဌေးမင်းနှင့် အော်ပီကျယ် ရေးဆွဲသည်

ဆိုလို့ ရေးဆွဲသူ၂ဦးရဲ့ နာမည်ပေါ်အောင် မှတ်တမ်းတင်တဲ့အနေနဲ့ ရိုက်ထားတာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03875[1]

ပျော်ရွှင်မှု = စိတ်၏ချမ်းသာမှု

ကြီးပွားမှု၊ အောင်မြင်မှု = ကိုယ်၏ချမ်းသာမှု

ကိုယ်စိတ်နှစ်ပါးလုံးချမ်းသာမှုနဲ့ ပြည့်စုံနိုင်ရင်တော့ အကောင်းဆုံးပေ့ါ။

 

အချို့အချို့သော ရည်မှန်းချက်ကြီးမားတဲ့သူတွေကတော့  အောင်မြင်မှုအတွက် ပျော်ရွှင်မှုကို စတေးတတ်ကြတယ် လို့ ထင်မိတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

CAM03876[1]

တစ်နေ့ပြီးတစ်နေ့ (၁၁)  ရဲ့ မေလ ၂၂ ရက်နေ့ ကာတွန်းမှာလည်း

ပင်ပန်းလို့ မရပ်နဲ့၊ ပြီးမှ ရပ်

လို့ ဇွဲရှိဖို့ တွန်းအားပေးထားတယ်။

 

“ပြီးမှ ရပ်” ဆိုတဲ့ စာကို ဖတ်ရှု့လိုက်နာပြီးသကာလ ကာတွန်းတွေကို ၃၆၅ ရက်ပြည့်အောင်၊ ပြီးဆုံးသည်အထိ ရေးသားပါတော့မည်။ :mrgreen:

 

 

14 comments

  • အောင် မိုးသူ

    May 26, 2015 at 4:41 pm

    စိုးရိမ်သောကဟာ ဒုက္ခကြိုခံတဲ့ သဘောပါ တဲ့….
    မှတ်သားသွားပါတယ်။

    • Ma Ma

      May 27, 2015 at 8:47 am

      စိုးရိမ်တတ်တာ လူရဲ့ဗီဇနဲ့လည်း ဆိုင်မယ်ထင်တယ်။
      ဒါပေမယ့် သိထားရင် တတ်နိုင်သလောက် ကိုယ့်စိတ်ကိုယ်ပြန်လျှော့ဖို့ ကြိုးစားရင်း တဖြည်းဖြည်းချင်း စိုးရိမ်မှုတွေ လျော့နည်းသွားနိုင်ပါတယ်။

  • Ma Ei

    May 27, 2015 at 9:37 am

    ပျော်ရွှင်မှုမပါသော ကြီးပွားမှု၊ အောင်မြင်မှု တို့သည် အချီးနှီး…
    မကြီးပွား မအောင်မြင်ပေမယ့် ပျော်ရွှင်နေရရင် အချီးနှီး မဖြစ်ဘူးလို့ ဆိုနှိုင်ပါ့မလား…
    အကောင်းဆုံးကတော့ ကိုယ်စိတ်နှစ်ပါးလုံးချမ်းသာပါမှ ပြည့်စုံတယ်ဆိုရမှာပါ…
    ချစ်ခင်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ…

    • Ma Ma

      May 28, 2015 at 6:46 am

      မအိပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ 🙂

      ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံအကြောင်း အီတုံးရေးတုန်းက…..
      စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာနေတဲ့ စိတ်ကျန်းမာရေးဆေးရုံက လူနာတွေကိုကြည့်ပြီး
      ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာပါစေ လို့ လူကြီးသူမတွေက အမြှော်အမြင်ရှိရှိဆုပေးကြတယ်ဆိုတာကို သတိမိတယ်။

      အမှန်တော့လည်း အောင်မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုတာ နှစ်မျိုးလုံးတွဲလျှက်ရှိနေမှသာ တန်ဖိုးရှိပြီး တစ်ခုခုမပါရင် တန်ဖိုးအများကြီးကျဆင်းလျော့နည်းသွားတာပါပဲ။

  • ခင်ဇော်

    May 27, 2015 at 11:20 am

    ဒီ အပိုင်းကတော့ စီမံ ခန့်ခွဲမှု အပိုင်းလို့ အကြမ်းဖျင်း ယူဆရတာပေါ့လေ။
    ကျနော် နားလည်သလောက် လူပိန်းနည်းကတော့
    .
    .
    .
    စီမံခန့်ခွဲမှု ဆိုတာ……..
    .
    .
    .
    ကိုယ်လုပ်ရမဲ့ ကိစ္စတွေ ကိုယ်မလုပ်ချင်ရင်….
    .
    .
    .
    ၁) ဘယ်သူလုပ်နိုင်မလဲ
    ၂) အချိန်ဘယ်လောက် ပေးသင့်သလဲ
    ၃) ဘယ်လောက် တန်ရာ တန်ကြေးပေးရမလဲ
    ၄) အဲဒီ အကျိုးအမြတ်မှာ ကိုယ့်နာမည် ဘယ်လို တတ်လဲ ဆိုတာတွေ အဓိက သိသင့်ပါတယ်။
    ညင်းညင်းညင်း

    ငါကွ!!!!

    :mrgreenn:

    • Ma Ma

      May 28, 2015 at 8:04 am

      စီမံခန့်ခွဲတဲ့သူဆိုတာ ခိုင်ဇာပြောတဲ့အချက်တွေထဲမှာ ပထမ၃ချက်တော်မတော် မသိပေမယ့် နောက်ဆုံးနံပါတ်၄အချက်တော့ တော်ကြတာချည်းပဲထင်တယ်။ :k:

  • Mike

    May 27, 2015 at 3:29 pm

    . စီမံ ခန့်ခွဲမှု အပိုင်းက ပြောရလွယ်သလောက် တော်တော်ခက်ပါတယ်
    .စိတ်ရင်းကောင်းအမှန်ရှိဖို့လိုသလို အတွေ့အကြုံ အမှားတွေကနေသင်ယူဖို့လည်းလိုတယ်
    .ပြောရရင် သင်ယူလို့ဘယ်တော့မှမဆုံးတဲ့ ပညာရပ်ပါပဲ

    • Ma Ma

      May 28, 2015 at 8:21 am

      စိတ်ရင်းကောင်း အမှန်ရှိဖို့၊
      မှားခဲ့တာတွေကို သင်ခန်းစာယူဖို့ ဆိုတာတွေကို သိပ်သဘောကျတယ်။
      အဲဒီ၂မျိုးက ကိုယ့်ကိုကိုယ်ဆုံးမ နေရတာတွေပေ့ါ။ 🙂

  • စီမံခန့်ခွဲတဲ့အလုပ်က ရုပ်ရှင် ဒါရိုက်တာ တစ်ယောက်နဲ့တူသလိုဘဲ

    သူ့ဇာတ်ရုပ်နဲ့လိုက်မယ့် နေရာကို ရွေးချယ်နိုင်ဘို့ လိုသလို အစီအစဉ်ကျနဘို့လဲလိုပါတယ်

    • Ma Ma

      May 28, 2015 at 8:32 am

      စီမံခန့်ခွဲတဲ့သူက ရုပ်ရှင်ဒါရိုက်တာနဲ့တူတယ်ဆိုတာ ထောက်ခံတယ်။
      သူ့နေရာနဲ့သူ အံဝင်အောင်၊ အစီအစဉ်ကျအောင် စီမံရတာချင်း တူတာကိုး။
      🙂

  • မြစပဲရိုး

    May 28, 2015 at 10:46 pm

    ချစ်မမ
    ၂၆ ရက်နေ့က ပုံကြည့်ပြီး ပြုံးမိသွားတယ်။
    ဒီက တွေ ရောင်းနည်း ကို သတိပေးသလိုဘဲ။
    {ချက်ချင်း အခု ဝယ်ရင် သက်သာမယ်။ မနက်ဖြန် လာပြန်ဝယ်မယ် ဆို ပို ဈေးကြီး မယ်။} တဲ့။

    ၂၉ ရက်က ကြီးပွါးပြီး အောင်မြင်တာ နဲ့ ပျော်ရွှင်မှု ဆိုတာ တွဲပါသင့်ရက် နဲ့ တစ်ချို့ ဘာလို့ မပါနိုင်ကြလဲ စဉ်းစားသွားမိတယ်။
    မမ ပြောသလို ” အောင်မြင်မှုအတွက် ပျော်ရွှင်မှုကို စတေးတတ်ကြတယ်” ဆိုတာ ကိုလဲ စဉ်းစားနေတယ်။
    သူတို့ အောင်မြင်ချိန် ပျော်ကိုပျော်မှာပါ။ လိုချင်တာရတာဘဲ။
    ဒါပေမဲ့ “က” ကို ရဖို့ “ခ” ကို စွန့်ရမှာ ကြိုသိထားခဲ့ရင်ပေါ့။
    မသိရင်တော့ “ခ” ကို လွှတ်လိုက်ရတာမို့ “က” ကို ရလဲ မပျော်ဘူး ဖြစ်သွားပုံရတယ်။ lol:-))

    ၆ လပိုင်းကုန် တယ်ဆိုတာ နှစ်တစ်ဝက် ကျိုးသွားတာဘဲ။
    ဖျား ဖျား သများ ရဲ့ နယူးရီးယား ရစလူးရှင်း တွေ ဘာမှ အကောင်အထည် မဖော်ရသေး။
    အပျော်လွန်နေလို့။ :-(((

    • Ma Ma

      May 29, 2015 at 10:10 am

      အောင်မြင်မှုအတွက် ပျော်ရွှင်မှုကို စတေးတယ်ဆိုတာ…
      ဆရာဝန်ဖြစ်ပြီး အထူးကုဖြစ်ဖို့ ကြိုးစား၊
      အထူးကုဖြစ်တော့လည်း ဆေးရုံက ဆေးခန်း ပြေးလွှားပြီး ငွေရဖို့ ကြိုးစား၊
      အောင်မြင်လေ ပင်ပန်းလေ၊ နားချိန်မရှိလေ၊ မိသားစုနဲ့တောင် မျက်နှာချင်းဆိုင်ဖို့ အချိန်တွေရှားပါလေ၊
      အဲဒါမျိုးကို ပြောချင်တာ။

  • Alinsett @ Maung Thura

    May 30, 2015 at 9:53 am

    ကျနော်ကတော ့အိပ်မက်အကြီးကြိးတွေ ပိပြီး သေ ရ ပါ တော့ မယ်

    • Ma Ma

      May 30, 2015 at 4:41 pm

      ရှေ့မှာတုန်းက

      မပြီးခင်တော့ မဖြစ်နိုင်မယ့်ပုံ ပေါက်နေမှာပဲ

      လို့ ဆိုထားတာ ရှိသေးတယ်။

Leave a Reply