အရောင်တို့ပြောတဲ့ အရောင်တို့ အကြောင်း

ムラカミMay 22, 201517min48135

color-banner

 

Color Theory အကြောင်း ပြန်တူးကြည့်မိတော့ .. အရင်ကနဲ့မတူတဲ့ အမြင်တမျိုးလည်းရ.. revision လည်း ပြန်တဲ့သဘောဖြစ်သမို့

 

မျှဝေလိုက်ရပါတယ်ဗျာ။ (သဂျိုင်ခီး ဆွပေးနှိုက်ယူ တာကလည်း တကြောင်း ဖြစ်သည်မှုံ့)

 

 

 

၁။ လူတို့၏ အရောင်သိမှုအကြောင်း

 

ပထမဦးဆုံးအနေနဲ့ အရောင်တွေ အကြောင်းမပြောခင် ကျနော်တို့ ရဲ့ မျက်စိအကြောင်း အရင်ပြောမှ ဖြစ်မယ်ဗျ…။

 

လူမျက်စိက ဘယ်လောက် မြင်နိုင်သလဲ ၊ ဘယ်လောက် ခွဲခြား သိသလဲ ဆိုတာကို အရင် အခြေခံပြီးပြောမှ

 

ရှေ့ဆက်လို့ အဆင်ပြေမယ်မှတ်ပါတယ်။ ပထမဦးဆုံး ဆေးပညာ သဘောအရ လူမျက်စိရဲ့ အာရုံခံနိုင်တဲ့

 

အရောင်ကွဲပြားမှု အဝန်းအဝိုင်းကို ဖော်ပြချင်ပါတယ်။

 

၁.၁။ ခွဲခြားသိမြင်နိုင်သော အရောင်များအကြောင်း။

 

ဆေးပညာ အလိုအရတော့ လူတွေဟာ အရောင်ပေါင်း ၁ဝသန်းလောက်ကို ခွဲခြား သိမြင်နိုင်ပါသတဲ့။

ဒါဟာ ကွန်ပြူတာမှာ ပုံတပုံ save လုပ်တဲ့အခါ ကျနော်တို့ စံအနေနဲ့ သုံးလေ့ရှိတဲ့ .jpg format

ထက်စာလျင် သာလွန်တဲ့ အရေအတွက် ဖြစ်ပါတယ်။ ဆိုလိုချင်တာက လူ့မျက်စိဟာ ကျနော်တို့ ကွန်ပျူတာပေါ်မှာ မြင်ရသမျှသော Jpg image ပုံရိပ်တွေထက်နဲ့ ယှဉ်ရင် လူ့မျက်စိက ပိုပြီး ခွဲခြား

သိမြင်နေနိုင်တယ် ဆိုတာပါ။

 

နောက်ပြီး အလင်းအမှောင် ခွဲခြားသိမြင်မှု အပိုင်းမှာလည်း လူမျက်စိဟာ မော်ဒန် ကင်မရာအားလုံးထက် သာအောင် မြင်နိုင် ခွဲခြားနိုင်စွမ်း ရှိပါတယ်။

 

luminance

 

(သည်အကြောင်းတွေကို 16-bit color space အကြောင်းတွေနဲ့ HDR အကြောင်းတွေမှာ ပြောခဲ့ပြီးပြီမို့ သည်မျှသာ)

 

၁.၂။ အရောင်မကွဲခြင်း ရောဂါ။

 

Color blind လို့ အလွယ်ခေါ်လေ့ရှိတဲ့ အရောင်ခွဲခြားမမြင်နိုင်ခြင်းရောဂါတမျိုးဖြစ်ပါတယ်။ အရောင်ခွဲခြားသိမြင်နိုင်မယ့် အမြင်ပိုင်းဆိုင်ရာ

 

အာရုံခံအင်္ဂါ ချို့တဲ့တာကြောင့်လို့ အကြမ်းဖျဉ်း ဆိုနိုင်ပါသေးတယ်။ သည်အကြောင်း ဆေးပညာပိုင်းဆိုင်ရာ အကြမ်းဖျဉ်းကတော့ သည်လောက်ပါပဲ။

 

US_Flag_color_blind

 

 

သည်ဥပမာ ပုံကတော့ ခြားနားတဲ့ အရောင်မမြင်ခြင်းဆိုင်ရာ ရောဂါတွေကို ဆိုလိုပါတယ်။

 

အပြာ အဖြူ နဲ့ အနီ သုံးရောင်ခြယ် အလံမှာ အပြာနဲ့ ခရမ်းရောင် ချို့တဲ့သူတွေ ဘယ်လိုအရောင်

မြင်တွေ့ရတယ် ဆိုတာ တွေ့လို့ မျက်စိရှုပ်သွားမယ် ထင်ပါတယ်။

 

ဒါတွေက နောက်ပိုင်း အပူရောင် အအေးရောင် အပိုင်းနဲ့ monochrome ခေါ်တဲ့ ရောင်ခြယ်တမျိုး

တည်းကို အနုအရင့် ခြယ်မှုန်းတဲ့ နေရာတွေမှာ စကားပြောမယ့်အပိုင်းဖြစ်ပါတယ်။

Black & White Photo တွေကို ဖန်တီးတဲ့အခါမှာ သည်အရောင် တွေအကြောင်းနဲ့ filter တွေအပိုင်းက အဓိကကျလာပါတယ် … ဒါတွေကတော့ photo editing ဘက်ရောက်မှ ဆက်ပြောပါမယ်.။

 

Colorblindness_flag

 

 

သည်ပုံကလည်း Color blind မြင်တွေ့မယ့် ကမာ္ဘ့အလံအမျိုးအစားတွေကို ဆွဲထားတဲ့ နောက်ထပ် ဥပမာ တခုပါ။

 

 

Color blindness မှာ အမျိုးအစားကွဲတွေ ရှိနေပေမယ့် ခုနောက်ပိုင်းမှာတော့ ဘယ်ရောင်ခြယ် ချို့တဲ့သလဲ ဆိုတာကို သိနိုင်ပြီး သင့်လျော်တဲ့

 

အထောက်ကူပြု ရောင်ခြယ် ခွဲခြားမှု ကိရိယာတွေ တပ်ဆင်အသုံးပြုနိုင်လာပါပြီ။ အရောင်မသိမှုဟာ တချိန်ကတော့ အသက်မွေးဝမ်းကျောင်း ကစပြီး

 

နေ့စဉ်ဘဝ နေထိုင်မှု အထိ သက်ရောက်မှုပြင်းခဲ့ပေမယ့် ဆေးပညာ နဲ့ သိပ္ပံပညာ ဖွံ့ဖြိုးလာမှု ကြောင့်

သည်အခက်အခဲတွေကို အချိန်နဲ့အမျှ တဖြည်းဖြည်းကျော်လွန်လာနိုင်မယ်လို့ ယုံကြည်မိပါတယ်။

cxvision

 

ဒါကတော့ အနီရောင် မြင်နိုင်စွမ်း အားနည်းချို့တဲ့သူအတွက် အထူးထုတ်မျက်မှန်အကြောင်း ဖော်ပြထားတဲ့ပုံ ဖြစ်ပါတယ်။ (အောက်ဆုံးပုံ)

အသေးစိတ်ကတော့ ဆိုင်ရာ website မှာ လေ့လာစေလိုပါတယ်။

glass

 

http://enchroma.com/test/instructions/

 

အောက်ကပုံကတော့  Color Blind Test Sample ပါ..။

 

Color+blind+chart

 

သည် စက်ဝိုင်း ၁၁ခု ထဲက အပေါ်ဆုံး ၂တန်းဖြစ်တဲ့ စက်ဝိုင်း ၈ခု ထဲက စာသား (ဂဏန်း) ကို မြင်အောင် ဖတ်နိုင်ရင် အရောင်မကန်းဘူး လို့ ဆိုနိုင်ပါတယ်။

 

 

၁.၃။ အရောင်တို့၏ လှည့်စားမှု

 

လူ့မျက်လုံးဟာ အရောင်ပေါင်း သန်းနဲ့ချီပြီး (၁ဝသန်းခန့်) ခွဲခြားပေးနိုင်ပေမယ့်လည်း အရောင်တွေဟာ ကျနော်တို့ကို အတော် လှည့်စားနိုင်ပါတယ်။

 

669px-Eyesensitivity.svg

 

 

ခရမ်းလွန်ရောင်ခြည် နဲ့ အနီအောက် ရောင်ခြယ် နဲ့ ဆိုင်ရာ wavelength တွေပြတဲ့ ပုံဖြစ်ပါတယ်။

 

 

ဆက်ပြောပြချင်တာကတော့ အရောင်တွေရဲ့ ပျံ့ကားမှု ကွာခြားတာကို စပြီး ပြောချင်ပါတယ်။ တချိန်က တကယ့်အဖြစ်အပျက်လေးတခုပါ။

 

france

 

အပြာရောင် အဖြူရောင် နဲ့ အနီရောင် သုံးရောင်ခြယ် ဒေါင်လိုက်အစင်းတွေ ပါရှိတဲ့ ပြင်သစ်နိုင်ငံတော်အလံ ကို ရေးဆွဲစဉ်ကဖြစ်ပါတယ်။

 

သုံးခုစလုံးကို အနံတူ 1:1:1 အဖြစ် ဆေးခြယ်ခဲ့ပြီး အလံတော်လွှင့်တင်ပါသတဲ့။ ဒါပေမယ့် တင်ထားတဲ့ အလံကို ကြည့်တဲ့အခါ ဘယ်အချိန်ကြည့်ကြည့်

 

အပြာရောင် အကွက်က ပိုပြီး ကြီးမားနေသယောင် မြင်ရပါတယ်။ သည်တော့ အမျိုးမျိုး စမ်းသပ်ကြရင်းနဲ့ နောက်ဆုံးမှာ အရောင်တွေရဲ့ ပျံ့ကားမှု

 

ကိုတွေ့ရှိပြီး အဝေးကကြည့်တဲ့အခါ သင့်တော်တဲ့ အချိုးအစား ချမှတ်ရေးဆွဲခဲ့ပါသတဲ့။ (သည်သမိုင်း အကြောင်း အသေးစိတ်မရေးတော့ပါ)

720px-Spectrum_locus_12

 

သည်အပေါ်ပုံကတော့ အလင်း (အရောင်) နဲ့ ပါတ်သတ်တဲ့ စိမ့်ဝင် ပျံ့ကားမှု မြင်လွယ်မှု ကို ပြထားတာပါ။

 

 

နောက်ထပ် ဥပမာ တခု ပြောရရင်တော့ Traffic Signs တွေ အဖြစ် အဝါရောင်တောက်တောက်ကို အသုံးပြုလေ့ရှိတဲ့အကြောင်းပါ။

 

အဝါရောင်ဟာ လူ့မျက်လုံးအတွက်တော့ အဝေးကနေပြီး မြင်နိုင်တယ်.. ထင်ရှားတယ် ဆိုတဲ့ အချက်ကြောင့်ပါ။ တခြား အန္တရာယ် ၊ သတိပေး စတဲ့

 

နေရာတွေမှာလည်း အဝါ နဲ့ အတူ တောက်ပထင်ပေါ်တဲ့ အနီရောင်ကို သုံးလေ့ ရှိကြတာလည်း အများအသိပဲ ဖြစ်ပါတယ်။ အပေါ်က စာသားမှာ

 

လူ့မျက်လုံးအတွက်တော့ ဆိုတဲ့စာသား ထည့်ထားတာက လူမဟုတ်တဲ့ အခြား တိရစာ္ဆန်တွေ သတ္တဝါတွေရဲ့ မျက်လုံးတွေအတွက် ထင်ရှားသော သိမြင်လွယ်သော

 

အရောင်ဟာ အခြားအရောင်တွေ ဖြစ်မှာ မလွဲလို့ပါပဲ။ ဥပမာ လျှပ်စစ်နဲ့ ခြင်ထောင်တဲ့ တာဝါတိုင်တွေ ကို မြင်ယောင်ကြည့်နိုင်မယ်ထင်ပါတယ်။

 

တရုတ် ဘုံကျောင်းနဲ့ဆင်ဆင် ခရမ်းရောင် အလင်းရောင်တောက်ပြီး အထဲမှာ လျှပ်စစ်ကွိုင် ပတ်လမ်းရှိပြီး ခြင်တွေကို ပျံသန်းဝင်ရောက်လာအောင် ဆွဲဆောင်ပြီး

 

သတ်တဲ့ စက် ဆိုပါတော့။

 

images

 

ဒါမှမဟုတ်လည်း ပုရစ်ရိုက်တဲ့ မီးခြောင်း အရောင်တွေ ကို မြင်ယောင်ကြည့်နိုင်ပါတယ်။

 

 

နောက်ထပ် အရောင်တို့လှည့်စားတတ်တဲ့ အကြောင်းထပ်ပြောရရင်တော့ အလင်းထဲမှာ အမှောင်ထဲမှာ သူတို့ရဲ့ ပင်ကိုယ်ရောင် ကို ထုတ်ပြတာ (မြင်စေတာ)

 

ကွာခြားတတ်ကြတာပါပဲ။ သည်သဘောတရားကတော့ ရှင်းပါတယ်။ တော်ရုံ အသားလတ်တဲ့လူတယောက် တရုတ်ပြည် နဲ့ အာဖရိကတိုက် ကိုသွားတဲ့အခါ သူ့ရဲ့ ပင်ကိုယ်တန်ဖိုးထက်

 

နှိုင်းရ တန်ဖိုးအရ ဖြူလိုက်တာ မဲလိုက်တာ အပြောခံရတဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ အရောင်တွေကို absolute value ထက် relative value တွေအရ ဆုံးဖြတ်တတ်လေ့ရှိလို့ပါပဲ။

 

တလောလေးကတောင် မင်္ဂလာဆောင်ဝတ်ဖို့ ဝတ်စုံဓါတ်ပုံကို ဘာအရောင်လဲ ဆိုပြီး ငြင်းကြတာ အွန်လိုင်းမှာ အတော်လေး ဂယက်ထခဲ့ပါသေးရဲ့..။

022615dress

 

ဆေးပညာဘက် နည်းနည်းပြန်သွားရရင် လူရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ ရှိတဲ့ ဦးနှောက် နှစ်ခြမ်းဟာ အရောင်တွေကို ခံစား သိမြင် ပုံခြင်းကလည်း ကွာခြားပါသတဲ့…။

အောက် ပုံကိုကြည့်ရင် မြင်သာမယ် ထင်ပါတယ်။ တဖက်က အဓိပ္ပါယ်အနက်ပြန်ဖို့ ကြိုးစားချိန်မှာ ကျန်တဖက်က အရောင်အသွေးကို ခံစားလက်ခံယူဖို့ ပြင်ဆင်လို့ပါပဲ။ အရောင်တို့နဲ့ ပတ်သတ်တဲ့

ဘယ်နဲ့ညာ ရဲ့ လွန်ဆွဲမှု ဆိုပါတော့။

d6a4da8e95abbb63dca7b90cb40fd665

 

 

အောက်ဘက်မှာ အရောင်တို့ လူကို  လှည့်စားတဲ့ ဥပမာ တချို့ပါ။

 

b46c51920bb7e75e200dd451834c9865_650x
လည်နေတာလား?
optical-illusion-14
ဘယ် လိမ္မော်ရောင် စက်ဝိုင်းက ပိုကြီးသလဲ

 

အခြား အံ့ဩဖွယ်ရာ ကောင်းနိုးရာရာ ဥပမာတွေ ကျန်နေသေးပေမယ့် လက်လှမးမီသမျှသာ တင်လိုက်ပါတယ်။

 

သည်အောက်က ပုံတွေ ကတော့ ဓာတ်ပုံ တွေဖြစ်ပါတယ်။ မြင်ဖူးပြီးသားတွေ ပါဝင်ပါလိမ့်မယ်။

a-woman-on-a-beach-optical-illusion
1
funny-optical-illusions-hair-part
2
horse-with-wings-optical-illusions
3

 

 

 

 

 

 

 

 

 

 

၂။ အရောင်တို့၏ နိယာမ

 

၂.၁။ အမျိုးမျိုး အစားစားသော အရောင်များ

 

အရောင်တွေကို သဘာဝ မူလအရောင် ၃မျိုး နဲ့ ပြလေ့ ရှိပါတယ်။ မူကွဲတွေ ရှိပေမယ့် အသုံးများတဲ့ မူနှစ်မျိုးကို မိတ်ဆက်ချင်ပါတယ်။

 

၂.၁.၁။ Additive color mixing

ဒါကတော့ RBG model လို့ အလွယ်ခေါ်လေ့ရှိတဲ့ အနီ အပြာ နဲ့ အစိမ်း ကို အခြေခံထားတဲ့ နည်း ဖြစ်ပါတယ်။ သည် သုံးရောင်ဟာ  မူလ သဘာဝ အရောင်တွေဖြစ်ပြီး

အခြား အရောင်တွေကိုတော့ သည်အရောင်တွေ အချင်းချင်း ရောစပ်ခြင်းဖြင့် ဖြစ်ပေါ်စေတဲ့ နည်းစနစ်ပါ။ ဒါကို TVs, တွေ Monitorsတွေမှာ အသုံးပြုပါတယ်။

150px-AdditiveColor.svg

 

၂.၁.၂။ Subtractive color mixing

 

သည်နည်းကတော့ CMY ဆိုတဲ့ အပြာနု ၊ ပန်းဆီရောင် နဲ့ အဝါရောင်တို့ကို အခြေခံထားပြီး အရောင်စပ်တာပါ။ သည်သုံးရောင်ကို

သမလိုက်ရင်ဖြင့်အမည်းရောင် K ထွက်ပါတယ်။ သည် စနစ်ကိုတော့ printers တွေမှာ CMYK စနစ် အဖြစ် အသုံးပြုကြပါတယ်။

 

SubtractiveColor.svg

 

 

 

၂.၁.၃ ပထမ၊ ဒုတိယ၊ တတိယ။

 

ဒါကတော့ သဂျီး sample ပို့ထားတဲ့ site ထဲက နည်းကို ဘာသာပြန်ပြီး ရေးထားတာပါ။ အရောင်အမျိုးအစားကို primary, secondary, tertiary ဆိုပြီးပထမ၊ ဒုတိယ၊ တတိယ ခွဲပြထားတာပါပဲ။

ပထမ အရောင်တွေကတော့ အနီ၊ အဝါ နဲ့ အပြာ တို့ ဖြစ်ကြပါတယ်။

 

primary
Primary

 

 

ဒုတိယ အရောင်တွေကတော့ ပထမအရောင်တွေ အချင်းချင်း အရောင်ပြန်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အစိမ်း၊ လိမ္မော် နဲ့ ခရမ်းရောင် တို့ ဖြစ်ကြပါတယ်။

Secondary
Secondary

 

တတိယ အရောင်တွေကတော့ ပထမ နဲ့ ဒုတိယ အရောင်တွေကို အချင်းချင်း အဖန်ဖန် အရောင်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အရောင်တွေကို ဆိုလိုပါတယ်။

Tertiary
Tertiary

 

(အရောင်စပ်မှု အချိုးအစား၊ အလင်း၊ အမှောင် စသည် တို့ကိုလိုက်လို့ တတိယ အရောင်အမျိုးကွဲပေါင်းများစွာ ဖြစ်ပေါ်လာပါတယ်။)

သည်နေရာမှာ ဂီတ သီအိုရီ နဲ့ ဆက်စပ်တူညီနေသဗျ။ Major chord, Minor chord, Seventh chord, Major & Minor Seventh စတာတွေ ရဲ့ ဖွဲ့စည်းပုံမျိုးနဲ့ တူညီကြောင်းရယ်။

 

၂.၁.၄။ အပူရောင်၊ အအေးရောင်

500px-Black-body-in-mireds-reversed

 

အရပ်ထဲမှာ ကျနော်တို့ အလွယ်ပြောနေကြတဲ့ အရောင်က မျက်စိပူလိုက်တာ မျက်စိအေးလိုက်တာ ဆိုတဲ့အပိုင်းဗျ။ အရောင်တို့ရဲ့ စက်ဝန်းပုံသဘောတရားအရ

အပူရောင် မှိုင်းလွန်းတဲ့အခါမှာ အအေးရောင် ဖြစ်သွားသလို အအေးရောင် တောက်ပလွန်းရင်လည်း အပူရောင် ဖြစ်လာတတ်တယ်ဆိုတာလေး သိရတဲ့ နေရာလည်း ဖြစ်ပါတယ်။

 

warm-cool

 

 

 

သည်နေရာမှာ အပူ အအေး ဆိုတဲ့ အစွန်းနှစ်ဘက်ကြားက ကင်းလွတ်ခွင့်ရနေတဲ့ အရောင် သုံးပါး အကြောင်းကိုလည်း ထည့်ပြောမှ ပြည့်စုံမယ်ခင်ဗျ။

အဲ့ဒါတွေကတော့ အဖြူ အမည်း နဲ့ သူတို့ နှစ်ခု စပ်လို့ ရလာတဲ့ မီးခိုးရောင် တို့ ဖြစ်ပါတယ်။ သူတို့ကို သဘာဝအရောင်တွေလို့ ခေါ်ပါသေးတယ်။

ダウンロード

သည်တော့ နောက်ပိုင်းမှာလာမယ့် အရောင် တွဲစပ်ခြင်းအကြောင်းတွေမှာ သည် သဘာဝ အရောင်တွေကို အသုံးပြုပြီး တွဲစပ်မှုက အရေးပါတဲ့ အကြောင်းအရာတခုဖြစ် ပါတယ်။

 

 

          ၂.၂။ အရောင်စက်ဝန်း

CWback

 

 

အပေါ်မှာ အနည်းငယ် ပြောခဲ့သလိုပါပဲ အရောင်အသွေးတွေရဲ့ ဖွဲ့တည်မှုဟာ ဂီတ နဲ့ သွားတူနေပါတယ်။ အဆုံးဆိုတာ မရှိဘဲ စက်ဝိုင်းတခုလို တခုနဲ့ တခု အနိမ့်အမြင့် သဘောတရားနဲ့

ဆက်စပ် တည်ရှိနေတာပါ။ မူလ အသံ ခုနစ်ပါး နဲ့ သက်တန့်မှာပါတဲ့ ရောင်စဉ် ခုနစ်ပါး ဟာ ထပ်တူပါ။ သံစဉ်ကို Sharp, Flab တွေထည့်လို့ ၁၂ခု ဖြစ်လာသလို

အရောင်တွေမှာလည်း ကြားရောင် တွေ ထည့်ပြီး ရောင်စဉ် ၁၂ခု စက်ဝန်းကို ခုလို မြင်ရပါတယ်။

Boutet_1708_color_circles
Boutet’s 7-color and 12-color color circles from 1708

ဒါက သမိုင်းကြောင်းကပြောတဲ့ ခုနှစ်ရောင်ခြယ် နဲ့ ဆယ့်နှစ်ရောင်ခြယ် တို့ ပုံဖြစ်ပါတယ်။

 

 

၂.၃။ အရောင်တို့အပေါ် သက်ရောက်မှု ရှိနေသော အချက်တို့အကြောင်း

မျက်စိနဲ့ မြင်နေရတဲ့ အရောင်တခုအပေါ် အရာ ၃ပါးက လွှမ်းမိုး ထားပါသတဲ့ ..။ အဲ့ဒါတွေကတော့

၂.၃.၁။ Hue အရောင်အသွေး ကိုယ်တိုင်

ဒါကတော့ အဝါ၊ အစိမ်း၊ အနီ စတဲ့ အရောင် ကိုယ်တိုင်ရဲ့ ပါဝင်မှု ကို ပြောတာပါ။

၂.၃.၂။ Saturation အရောင်ရဲ့ ပြင်းအား

အရောင်တခုဟာ ဘယ်လောက် တောက်ပနေသလဲ ဒါမှမဟုတ် ဘယ်လောက်မှိုင်းနေသလဲ ဆိုတာကို ဆိုလိုပါတယ်။

၂.၃.၁။ Lightness အလင်းအမှောင်

အရောင်တရောင်ထဲမှာ အဖြူု ဘယ်လောက်ပါသလဲ အမည်း ဘယ်လောက်ပါသလဲ ပေါ်မူတည်ပါတယ်။

 

ဆိုတော့ သည်သုံးချက်ကို ပြန်ချုပ်ရရင် ဖြင့်  ဆိုပါစို့ .. အပြာရောင် ပင်လယ်ပြင်ကြီး ပုံတပုံ ။ အပြာနုလား အပြာရင့်လား စိမ်းပြာလား ခရမ်းသွေးဘက်သွားသလား နေရောင်ကြောင့် အပြာရောင်ဖျော့ဖျော့

ဖြစ်နေသလား ဆိုတာ ကို အထက်က အချက်တွေက ပေါင်းစပ်ဆုံးဖြတ်ပေးသွားတယ် လို့ ဆိုလိုချင်ပါတယ်။

 

အပေါ်မှာ စပြီး မိတ်ဆက်ခဲ့တဲ့ သဘာဝအရောင် ၃မျိုး (အဖြူ  အမည်း မီးခိုး) တို့ ပတ်သတ်တဲ့အကြောင်းက အောက်မှာပါ။

 

Tints

 

Tints
Tints

အရောင်တခုမှာ ဖွဲ့စည်းနေတဲ့ အဖြူရောင် ပါဝင်မှု အချိုးအစား လို့ ဆိုနိုင်ပါတယ်။

အဝါ သို့ လိမ္မော် ရောင် ကို အဖြူများများ ထည့်ဖျော်စပ်တဲ့အခါ တဖြည်းဖြည်း ဖျော့လာပြီး ဆင်စွယ်ရောင်လို အရောင်ပါသည်ဆိုယုံသာ ကျန်တော့သည်အထိ မှိန်သွားတာကို ပြပါတယ်။

 

Shades

Shades
Shades

ဒါကတော့ အရောင်တခုထဲ ပါဝင်ဖွဲ့စည်းနေတဲ့ အမည်းရောင် ရဲ့ အချိုးအစားပါပဲ။

အမည်းရောင်များလေလေ အရောင်ရင့်လေလေပါ။

 

Tones

Tones
Tones

Tones ကတော့ အဖြူ နဲ့ အမည်း စပ်ထားတဲ့ မီးခိုးရောင် ပါဝင်မှု အချိုးအစားကို ဆိုလိုပါတယ်။

 

သည်အချက်သုံးချက်ကပဲ အရောင်တရောင်တည်းကိုပင် မူကွဲ အရောင် တွေ များစွာ ဖြစ်ပေါ်စေပါတယ်။ အရောင်လို့ ပြောတဲ့ နာမည်အတိုင်း အလင်းရောင်က အခရာပါ။

အောက်က ပုံကို လေ့လာကြည့်ရင် သိသာမယ် ထင်ပါတယ်

 

SDC-Wk1-Day05-3-Kristy

 

၃။ တွဲဖက် အရောင်တို့ အကြောင်း

သဘာဝ လောကမှာ အရောင်ဆိုတာ တမျိုးတည်း ရပ်တည်မနေပါဘူး။ အရောင်စုံလောကကြီးမှာ မိတ်ဖက် အရောင်တွေ ရှိနေပါတယ်။ အရောင်တွဲစပ်နည်းတဲ့ နည်းတွေပါ။

 

၃.၁။ တွဲဖက် အရောင် ဆိုသည်မှာ။

အရောင်တွေ တွဲစပ်တဲ့အခါမှာ ဘယ်အရောင်ကို အခြေခံ အဖြစ် အဓိက ဇာတ်ဆောင်အဖြစ်သုံးမယ်ဆိုရင် သူနဲ့ ဟာမိုနီဖြစ်မယ့် အရောင်တွေကို ရွေးချယ် သုံးစွဲရပါမယ် ဒါမှသ

                      ပြေပြစ်ချောမွေ့တဲ့ အရောင်အတွဲအစပ်ဖြစ်ပါမယ်။ ဂီတရဲ့ Family chords တွေ နဲ့

သဘောတရား ဆက်ဆိုင်ပါတယ်။ အခြေခံအရောင်နဲ့ လိုက်လျောညီထွေမဖြစ်မယ့်ရောင်စဉ်မျိုးထည့်သွင်း ရေးစပ်ရင်တော့ ပြောင်ချော်ချော်နဲ့ အရောင်အသွေး မညီမညွတ်ဖြစ်နေမှာပါ

 

အရောင် အတွဲအစပ်တွေနဲ့ ပါတ်သတ်ပြီးတော့-

 

059c1fb7c18c3b2314ca5a0b3e56780d

 

 

                      ၃.၁.၁။ ပြောင်းပြန် တွဲစပ်မှု။

အရောင်စက်ဝန်း ၁၂ရောင်မှာ တဖက် ကနေ တဖက်ကို မျဉ်းဖြောင့်ဆွဲကြည့်လို့ ပြီး စပ်ဟပ်တဲ့နည်း ဖြစ်ပါတယ်။

Complementary

ဆန့်ကျင်ဘက် (ဝါ) ပြောင်းပြန် အားဖြင့် တရောင်နဲ့ တရောင် ထောက်ပံ့ပေးတဲ့ အရောင် စပ်နည်း လို့ ပြောဆိုနိုင်ပါတယ်။

(အနီ နဲ့ အစိမ်းကို ဥပမာ ပြထားပါတယ်။) သည်အောက်ကပုံကတော့ အဖြူ ခံ နဲ့ အမည်းခံ ပေါ်မှာ အဆိုပါ အရောင် ၂ရောင်

ဘယ်လို ထင်ရှားပေါ်လွင်မယ်ဆိုတာ ပြထားခြင်းဖြစ်ပါတယ်။

Swatch_compl

သည်အောက်ဘက်ပုံကတော့ သည်နည်းကို အသုံးပြု ရေးဆွဲထားတဲ့ နာမည်ကျော် ရုပ်ရှင် ပိုစတာ တခုဖြစ်ပါတယ်။

တောက်ပမှု ထင်ရှားမှု ကို ဦးစားပေးလိုတဲ့အခါ သုံးလေ့ရှိတဲ့ အရောင်တွဲစပ်မှုမျိုး ဖြစ်ပါတယ်။

direct-harmony6-650x650

(နောက်ထပ် အရောင်တွဲစပ်မှုတွေကိုလည်း ဖော်ပြပါ နည်းအတိုင်း စုစည်းတင်ပြပါမယ်။)
၃.၁.၂။ အစဉ်အဆက် တွဲစပ်မှု။

သည် အရောင်တွဲစပ်မှုကတော့ တရောင်တည်းခြယ် မှုန်းထားသယောင် ဒါမှမဟုတ်

အရောင်အသွေး ဆင်တူတွေ အနုအရင့် ဖွဲ့စည်းမှု နဲ့ တပြင်လုံးကို အာရုံစိုက်စေချင်တဲ့ အခါမျိုးမှာ

အသုံးပြုတယ်လို့ ယူဆရပါတယ်။

Analogous

တခြားအရောင်ဖွဲ့စပ်ပုံနည်းတွေထက်စာရင် ခပ်မှိုင်းမှိုင်းအသွင်ရှိပေမယ့် တင်ပြလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်ကိုလိုက်ပြီး

သည်အရောင်တွဲစပ်မှုကို အသုံးပြုပါတယ်

Analogous-example-1_copy

Swatch_analog
ဂေါ်ဇီလာ ရုပ်ရှင်ပိုစတာ ကို ကြည့်ရင် ဒီသဘောကို မြင်နိုင်ပါတယ် တပြင်လုံး အနီအဝါ လွှမ်းတဲ့

(သွေးရောင်လွှမ်းတဲ့) စုဖွဲ့မှု မှာ တိုက်ခိုက်မှု ရဲရင့်မှု အနာတရ နဲ့ စွန့်စားမှုတွေ ပါဝင်နေပြီး တရောင်တည်းကို အနုအရင့်

သုံးထားခြင်းဖြင့် Bold ဖြစ်တဲ့ ခံစားမှုမျိုးပေးပါတယ်။

analogous-harmony6-650x650

သည်ပိုစတာကို တခြား အရောင်စပ်ဟပ်ပုံမျိုးနဲ့ ခြယ်မှုန်းခဲ့ရင် ကာတွန်းဆန်ပါလိမ့်မယ်လို့ မြင်မိပါတယ်။

 

                      ၃.၁.၃။ တြိဂံပုံ တွဲစပ်မှု။

တရောင်ကို တရောင် အားဖြည့်ပေးတဲ့ ဖြည့်ဘက် ဆန်တဲ့ အရောင်တွဲစပ်မှုမျိုး ဖြစ်ပါတယ်။

Triad

တရောင်နဲ့ တရောင်ဟာ တိုက်ရိုက် ဆန့်ကျင်နေမှု မရှိသလို တရောင်ရောင် ချွတ်ချော် သွားရင်လည်း

Harmony ပျက်ယွင်းသွားနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။ ဘယ်အရောင်ကို အဓိကအနေနဲ့ သုံးမယ် ဘယ်သင်းက

ဖြည့်ဘက်အနေနဲ့ ပါဝင်ရမယ်ဆိုတာကို အသေအချာ ရွေးချယ်ရမယ့် စပ်ဟပ်ပုံမျိုးဖြစ်ပါတယ်။

Swatch_triad

triadic-harmony3-650x650
                      ၃.၁.၄။ ထောင့်မှန်စတုဂံပုံ တွဲစပ်မှု။

သည် တွဲစပ်မှုကတော့ အပူရောင်ဘက်က နီးရာ ၂ရောင်ကို အအေးရောင်ဘက်က နီးစပ်ရာ ၂ရောင်နဲ့ အားဖြည့်ထောက်ကန်ပြီး အရောင်စပ်ဟပ်တာဖြစ်ပါတယ်။

ပြောင်းပြန်အရောင်စပ်ဟပ်မှု ၂စုံ လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် အနှီအစုံဟာ အချင်းချင်း ထောင့်မှန်ကျ ကန့်လန့်ဖြတ်လို့ မရပါဘူး။

(ထောင့်မှန်ကျကန့်လန့်ဖြတ်ရင် စတုရန်းပုံ ထွက်ပမယ်)

 

နီးစပ်ရာ၂ရောင်စီ သုံးတာရဲ့ သဘောကတော့ အပူ တရောင် အအေးတရောင် ကို main အဖြစ် ထားပြီး ကျန်

နီးစပ်အရောင်၂ရောင်က အားဖြည့်တဲ့အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။Tetrad
Neutral color တွေဖြစ်တဲ့ အဖြူ အမည်း နဲ့ မီးခိုးတွေ ပါလာမယ်ဆိုရင် အဆိုပါ လေးရောင်ခြယ် စုဖွဲ့မှုဟာ

အတော်အရောင်စုံတဲ့ ဖွဲ့စည်းမှု ဖြစ်သွားပါပြီ။

Swatch_rect

(သည်လို စပ်ဟပ်ပုံအသုံးတွေကိုတော့ အရောင်တို့ရဲ့ အဓိပ္ပါယ် အကြောင်းမှာ စပ်ဟပ် ဖတ်ကြည့်ပါ)

 

                      ၃.၁.၅။ စတုရန်းပုံ တွဲစပ်မှု။

၁၂ရောင်စဉ်မှာ အကွာအဝေးညီမျှတဲ့ အရောင်လေးခု ပေါင်းစပ်ဖွဲ့စည်းမှုဖြစ်ပါတယ်။

Square Swatch_square

 

အရောင်တောက်ပမှုနဲ့ freshness ကိုပြချင်တဲ့ ပေါင်းစပ်မှုမျိုး လို့ ဆိုနိုင်ပါတယ်။

tetradic-harmony2-650x650

 

                      ၃.၁.၆။ ပြောင်းပြန် တွဲစပ်မှု မူကွဲ။

အရောင်တရောင်အပေါ် တိုက်ရိုက် ဆန့်ကျင် ပြောင်းပြန်ကျနေတဲ့ အရောင်တခုမဟုတ်ဘဲ သူ့ဘေးနားက နီးစပ်အရောင် ၂မျိုး သုံးပြီး တွဲစပ်တဲ့ ပုံဖြစ်ပါတယ်။

SplitComplementary

အတော်လေး အသုံးများပြီး ကိုယ်တိုင်လည်း နှစ်သက်တဲ့ မူကွဲပုံစံ ဖြစ်ပါတယ်။

Swatch_splitC

 

ab0113-2

 

split-harmony4-650x650

 

 

၃.၂။ အရောင်တို့က ပြောတဲ့ အဓိပ္ပါယ်။

 

အရောင်တွေဟာ စကားလုံးတွေ မလိုအပ်တဲ့ ကြားခံဆက်သွယ်ရေး ပစ္စည်းတွေပါ။

သူတို့ဟာ မလှုပ်မယှက် တည်ငြိမ်နေတဲ့ (အောင်းနေတဲ့) စွမ်းအင်တွေ မဟုတ်ပါဘူး။ တစုံတယောက်ကို တချိန်ကနေ တချိန် တစုံတခု

ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ တခုတော့ရှိတယ် ဘယ်အချိန် ဘယ်အခါမှာ သူတို့ရဲ့ ကိုယ်ပိုင် ဘယ်စွမ်းအင်ကို ဘယ်လို

လှစ်ဖော်ပြသမလဲ ဆိုတာပေါ်မူတည်ပြီးတော့ ပေါ့။

 

ဆိုပါစို့ လူတယောက်ဟာ အနီရောင်ဝတ်ပြီး အပြင်ထွက်လာတယ် ဆိုပါစို့…။ ဒါဟာ သူ့ရဲ့ ပင်ကိုယ် အနှစ်သက်ဆုံး အရောင်ဖြစ်လို့ ဝတ်ဆင်တာလည်း ဖြစ်ကောင်းဖြစ်မယ်။

သို့တည်းမဟုတ် ရဲရင့်စွာ တစုံတခုကို ရင်ဆိုင်ဖို့ အသစ်တခုကို စတင်ဖို့ စွန့်စားဖို့ ဆုံးဖြတ်ချက်နဲ့အတူ မသိစိတ်နဲ့ အရောင်တောက်တောက် (အနီရောင်) ကို ရွေးချယ်

ဝတ်ဆင်မိလျက်သားလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သိစိတ် မသိစိတ်ရဲ့ ကျဉ်းမြောင်းလှတဲ့ နယ်နမိတ်အတွင်းကနေပြီး သူ့ ဒေါသ မကျေနပ်မှု စသည်ကို

ဖော်ပြနိုင်ဖို့ ဝတ်ဆင်မိတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

 

၃.၂.၁။ အရောင်တို့၏ အဓိပ္ပါယ်များ

 

colorful-3d-spirogram-facebook-cover-timeline-banner-for-fb

အနီရောင်ဟာ စွမ်းအင် စွန့်စားမှု လှုပ်ရှားမှု ရည်မှန်းချက် နဲ့ ခိုင်ကြည်တဲ့ ဆုံးဖြတ်ချက်တို့ကို ကိုယ်စားပြုပါသတဲ့။ တချိန်တည်းမှာ ဒေါသ နဲ့ လိင်စိတ် ကိုဖော်ပြရာမှာလည်း သုံးပြန်ပါတယ်။

 

လိမ္မော်ရောင်ဟာ ဖော်ရွေမှု လူမှုဆက်ဆံရေး နဲ့ အကောင်းမြင် ဝါဒကို ကိုယ်စားပြုပါတယ်။ တချိန်တည်းမှာ အနှုတ်သဘောဆောင်တဲ့ ယူဆချက်အရ အကောင်းမြင်လွန်းခြင်း(လက်တွေ့မဆန်မှု) နဲ့

အိပ်မက်ဆန်လွန်း ပုံပြင်ဆန်လွန်းခြင်း ကိုလည်း ဖော်ပြတဲ့နေရာမှာ သုံးပါတယ်။

 

အဝါရောင်ဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ အမျှော်အမြင်ကို ကိုယ်စားပြုပါတယ်။ ပျော်ရွှင်သာယာမှုကိုလည်း ကိုယ်စားပြုပါတယ်။

တချိန်တည်းမှာပဲ သည်းခံနိုင်စွမ်းနည်းပါးတာ မသိနိုးနား ဆန်တာ နဲ့ ရှုံ့ချပြစ်တင်မှု တို့ကိုလည်း ဖော်ပြပြန်ပါသေးတယ်။

 

အစိမ်းရောင်ဟာ သဘာဝ နဲ့ ရှင်သန်ကြီးထွားမှုကို ကိုယ်စားပြုပါတယ်။ သည်အရောင်ဟာ အပြုသဘောရော အနှုတ်သဘောပါဆောင်တဲ့ အဓိပ္ပါယ်တွေ ပြည့်နှက်နေတဲ့ အရောင်ဖြစ်ပါတယ်။

သူ့ကို သုံးစွဲပုံကို မူတည်ပြီးတော့ပေါ့။

 

အပြာရောင်ဟာ ယုံကြည်မှု နဲ့ ငြိမ်းချမ်းရေးအတွက်ပါတယ်။ တခါတလေမှာ သစ္စာကြီးတာ နဲ့ တည်ငြိမ်တာကို ကိုယ်စားပြုသလို တခါတလေတော့လည်း ခေါင်းမာလွန်းခြင်း မတုန်မလှုပ်ဖြစ်ခြင်း

ကိုလည်း ပြောပါသေးတယ်။

 

မဲနယ်ရောင်ကတော့ ပညာပိုင်းဆိုင်ရာအရောင်ဖြစ်ပါတယ်။ သီးသန့် တဦးတည်းဖြစ်တည်မှု ဆန်ပြီး တခါတလေမှာတော့လည်း စွဲလမ်းခြင်း နဲ့  တက်မက်မှုကို ကိုယ်စားပြုပြန်ပါတယ်။

 

ခရမ်းရောင်ဟာ စိတ်ကူးပုံဖော်မှုပိုင်းဆိုင်ရာ အရောင်ဖြစ်ပါတယ်။ ဖန်တီးမှုစွမ်းရည်မြင့်မားတာ သီးသန့်ဆန်တာကို ဖော်ပြသည့်နည်းတူ မရင့်ကျက်တာ နဲ့ လက်တွေ့မဆန်တာကိုလည်း ဖော်ပြပါတယ်။

 

စိမ်းပြာရောင်ကတော့ စိတ်ခံစားချက် ရှင်းရှင်းလင်းလင်းရှိမှု နဲ့ ဆက်ဆံရေး ပြေပြစ်မှုကို ကိုယ်စားပြုပါတယ်။ သူ့ကိုလည်းပဲ တရံတခါတော့ လက်တွေ့မဆန်တဲ့ အသုံးမှာ သုံးတတ်ပါသေးတယ်။

 

ပန်းရောင်ဟာ ချစ်မေတ္တာ နဲ့ ပြုစုယုယမှုကို ကိုယ်စားပြုပါတယ်။ နောက်ထပ် ပန်းရောင်ရဲ့ အဓိပ္ပါယ်တွေကတော့ အရွယ်မရောက်သေးမှု ရူးသွပ်မိုက်မဲမှု မိန်းကလေးဆန်မှု ကို ဖော်ပြပါသေးတယ်။

 

ပန်းခရမ်းရောင်ဟာ စကြဝဠာမျှခြေ နဲ့ စိတ်ပိုင်းဆိုင်ရာ မျှခြေကို ကိုယ်စားပြုပါသတဲ့။ စိတ်ခံစားမှုပိုင်းဆိုင်ရာ အရောင်ဖြစ်ပေမယ့် လက်တွေ့အားဖြင့်မှာ ပကတိအတွေးကို အားဖြည့်မှု နဲ့

တဆင့်ချင်းစီတက်လှမ်းမှုတို့ကိုလည်း ပြပါသေးတယ်။

 

ကမာ္ဘ့မြေထုကို ကိုယ်စားပြုတဲ့ အညိုရောင်ကတော့ မိတ်ဆွေဖြစ်လွယ်မှု နဲ့အတူ လုံခြုံစိတ်ချရမှု အကာအကွယ်ပေးမှုနဲ့အတူ သက်တောင့်သက်သာရှိစေခြင်း ရုပ်ဝတ္ထုပိုင်း ကြွယ်ဝခြင်းတို့ကို

သင်္ကေတ ပြုပါတယ်။

 

မီးခိုးရောင်ကတော့ မရေရာခြင်း မကွဲပြားခြင်းကို ကိုယ်စားပြုပါတယ်။ (အဖြူလား အမည်းလား မသိနိုင်တဲ့) ကြားရောင်ဖြစ်နေတာကိုး။ ခံစားနားမလည်လွယ်သော ဒါမှမဟုတ်လည်း

ဆုံးဖြတ်ချက်ချရခက်သော အနေအထားမျိုးတွေမှာ သုံးပါတယ်။

 

ငွေရောင်ကတော့ ရှေးဂရိ ဒဏ္ဍာရီတွေနဲ့ ဆက်စပ်ပါလိမ့်မယ်။ လရောင်ကို ကိုယ်စားပြုပြီး အမျိုးသမီးဆန်သော စွမ်းအား ကို ကိုယ်စားပြုပါတယ်။ နောက်ထပ် အနက်ပွားတွေကတော့

အရည်ဖြစ်ခြင်း ထိရှလွယ်ခြင်း နဲ့ ထူးခြားဆန်းပြားခြင်းတို့ပါပဲ။

 

အများသိတဲ့အတိုင်း ရွှေရောင်ကတော့ အောင်မြင်မှု ပန်းတိုင် နဲ့ အထွဋ်အထိပ် ကို ကိုယ်စားပြုပါတယ်။ အရည်အသွေးပြည့်ဝတာ ထည်ဝါတာ ပြည့်စုံကုံလုံတာ တန်ဖိုးမြင့်တာ စသည်တို့ကို

ကိုယ်စားပြုပါတယ်။ ရုပ်ဝတ္ထုပိုင်း ကြွယ်ဝမှု နဲ့ လွှမ်းမိုးခြယ်လှယ်မှုကိုလည်း ကိုယ်စားပြုပြန်ပါသေးတယ်။

 

အဖြူရောင်ကတော့ ရိုးရှင်းတာ ပြည့်စုံတာ ဖြူစင်တာကို ကိုယ်စားပြုပါတယ်။ တချိန်တည်းမှာ အပြစ်ကင်းစင်တာ အရောအနှောမရှိတာကိုလည်း ဖော်ပြပါသေးတယ်။

 

အမည်းရောင်ကို တော့ အများစု အမင်္ဂလာရောင် အဖြစ် သမုတ်ကြပါတယ်။ လျှို့ဝှက်သော နားလည်ရခက်သော မသိခြင်းများသော အရောင်အနေနဲ့ အသုံးပြုလေ့ရှိပါတယ်။

 

 

ဒါတွေကတော့ အောက်ဖော်ပြပါ website ရဲ့ အလိုတော်အတိုင်းဖြစ်ပါတယ်။

http://www.empower-yourself-with-color-psychology.com/meaning-of-colors.html

 

မူကွဲ အဓိပ္ပါယ်ကွဲတွေ မျိုးစုံ ရှိနေပေမယ့် အခြေခံ သဘောတရားကတော့ ဆင်တူကြပါတယ်။

 

အရောင် တွဲစပ်ပုံတွေ နဲ့ အရောင်တို့ရဲ့ သဘောသဘာဝတွေ ပြီးနောက်ပိုင်းမတော့

Brand တွေနဲ့ အရောင်တွေ အကြောင်းကို တချက်ပြန် ငဲ့ကြည့်ချင်ပါသေးတယ်။

 

သည်အကြောင်းကို ကျနော် တခါက ရေးခဲ့ပြီးသားပါ..။

 

သည်အောက်က ပုံကတော့ ဘယ် Brand တွေဟာ ဘယ် ရည်စူးချက်နဲ့ ဘယ် အရောင်တွေကို

သုံးစွဲထားတယ် ဆိုတာကို ဖော်ပြထားတာပါ။

 

သည်ပုံမှာ တခုပြောဖို့ရှိတာကတော့ ညာဘက် အပေါ်ထောင့်က NBC, Google, eBay, Microsoft

တို့အကြောင်းဖြစ်ပါတယ်။ သူတို့ဟာ ရောင်စုံ သုံးထားကြပါတယ်။ သဘောတရားကတော့ သည် အမှတ်တံဆိပ်တွေမှာ

အမျိုးမျိုးအမယ်မယ်သော Function တွေ ဝန်ဆောင်မှုတွေ ရရှိနိုင်တယ် ဆိုတဲ့

Diversity ရဲ့ ပြယုဂ်ကို ဖော်ပြချင်လို့ ဖြစ်ပါတယ်။ သည်စာစုမှာ အဓိကပြောချင်တဲ့ Color Theory နဲ့ ပါတ်သတ်လို့ ပြောချင်တာကတော့ အရောင်စုံ သုံးထားတဲ့

Brand တွေကို အသေအချာ လေ့လာကြည့်မယ်ဆိုရင် သူတို့ သုံးထားသမျှသော အရောင်တွေရဲ့ အနုအရင့် အလင်းအမှောင် နဲ့ တွဲစပ်ပုံ တွေဟာ

Color Wheel ထဲက ပုံသေနည်းတွေကို လိုက်နာတယ် ဆိုတာပါပဲ။

Color-And-Emotions-Guide-Image

သည်အောက်က ပုံကတော့ SlideShare ထဲက ကူးလာတဲ့ပုံပါ။

ပြောချင်တဲ့ အကြောင်းကတော့ သည်လိုပါ။ ကျနော်တို့ Blue for Business ဆိုတဲ့ စာသားကို မကြာခန တွေ့ကြရပါတယ်။

စီးပွားရေးလုပ်ငန်းတွေအတွက် အရောင်လို့ ခေါ်ဆို သတ်မှတ်တတ်တဲ့

အကြောင်းဖြစ်ပါတယ်။Businessman တွေဟာ ယေဘုယျအားဖြင့် အဖြူခံမှာ အပြာရောင်အစင်းပါတဲ့ ရှပ်အကျင်္ ီ ဝတ်ဆင်လေ့ရှိတာက စလို့..

Company အတွက် ထုတ်ကုန်အတွက် Brand အရောင်တွေ ရွေးချယ်ရာမှာလည်းပဲ အပြာရောင်ကို အများဆုံး ရွေးချယ်လေ့ရှိတယ် ဆိုတဲ့အကြောင်း စစ်တမ်းတခု ဖြစ်ပါတယ်။

designing-effective-color-systems-for-your-logos-brands-16-638

 

ကမာ္ဘ့ တန်ဖိုးအမြင့်ဆုံး Brand တွေ ရဲ့ အများစုဟာ အပြာရောင်ကို ရွေးချယ်လေ့ရှိတယ် ဆိုတာကို

ပြတဲ့ ဇယားဖြစ်ပါတယ်။ ဘယ်လို Brands တွေ ရွေးကြတယ် ဘာတွေက အပြာရောင်တွေများတယ်

ဆိုတာကို အောက်က data visualization chart ကို တချက်ကြည့်ရင် သိသာပါတယ်။

brand-colors

၃.၃။ စီးပွားရေးနဲ့ အရောင်များ ဆက်စပ်မှု

 

အပြာရောင်ဟာ အများစုဖြစ်နေတယ် ဆိုတာ ရဲ့ အဓိပ္ပါယ်အရ ပြန်ကောက်ပြီးပြောရမယ်ဆိုရင်ဖြင့်

စီးပွားရေးလောကမှာ ပြောလေ့ရှိတဲ့ စကားတခုရှိပါတယ်။ ယုံကြည်မှု ရှိမှ အလုပ်လုပ်လို့ ရတယ်

ဆိုတဲ့ စကားပါ။

 

အပြာရောင် ရဲ့ တည်ငြိမ်မှု ယုံကြည်စိတ်ချရမှု စတဲ့ ဂုဏ်အရည်အသွေးကို ယူပြီး Brand တွေကို အပြာရောင် အများစု ပေးလေ့ရှိကြတာ ကို မြင်ရမှာပါ။

သည်နေရာမှာ Business sector အလိုက်တော့ အရောင်ရွေးချယ်မှု ကွာခြားကြတာကို တွေ့ရပါမယ်။ နောက်ပြီး လိင် နဲ့ လိုက်လို့ပေါ့)

Blue for boys and pink for girls ကတော့ သိပြီးသားမို့ မပြောတော့ပါ။

နောက်ထပ် အနီရောင်အကြောင်းပြောပါမယ်။ ရဲရင့်မှု စွန့်စားမှု နဲ့ သတ္တိကို ပြချင်တဲ့အခါမှာ အနီရောင်ကို သုံးပါတယ်။

အစိမ်းရောင်ကတော့ သိတဲ့အတိုင်း ပျိုမြစ်မှုနဲ့ ကြီးထွားရှင်သန်မှုကို ကိုယ်စားပြုပါတယ်။

စွမ်းအား အတွက်ကိုတော့ အဝါရောင်ကို သုံးတယ် လို့ အကြမ်းဖျဉ်းပြောနိုင်ပေမယ့် ခုနောက်ပိုင်း Green Wash ခေတ်စားလာတဲ့နောက်မှာ

စွမ်းအင် တံဆိပ်တွေဟာလည်း environmental friendly ဆိုင်းဘုတ်အောက်ကနေပြီး အဝါနဲ့အတူ အစိမ်းကိုပါ တွဲဖက် သုံးစွဲလာကြပါတယ်။

(တိုက်ဆိုင်မှုရှိလျင် ကိုယ်တိုင် ယုတ်မာခဲ့ဖူးကြောင်း ဝန်ခံပါရစေ)။

 

လိမ္မော်ရောင်ကိုတော့ ပျော်မြူးဖွယ်ရာ စိတ်တက်ကြွဖွယ်ရာအနေနဲ့ အသုံးပြုလေ့ရှိပါတယ်

အဖြူ ရောင်နဲ့ အမည်းရောင်ကိုတော့ သီးခြားဖြစ်တာ မျှတတာ ဘက်မလိုက်တာ စတဲ့ ဂုဏ်ဒြပ်တွေကို

ဖော်ဆောင်ဖို့ အသုံးများကြပါတယ်။ ဒါကတော့ စီးပွားနယ်ပယ် အရဖြစ်ပါတယ်။

 

 

အပေါ်ပုံကတော့ အရောင်၁၂မျိုး နဲ့ ရာသီခွင် ၁၂ခု ကို ယှဉ်ပြီး ဆွဲထားတဲ့ ပုံဖြစ်ပါတယ်

ဗေဒင်ကတော့ ကျနော့် ဘာသာရပ်မဟုတ်လို့ ဘာမှ ဆက်မပြောလိုပါ။

ပြောလိုတာကတော့ အရောင်တခုချင်းစီရဲ့ အဓိပ္ပယ် ဖွင့်ဆိုချက် သဘောကို ဖြစ်ပါတယ်။

(အဲ့သည့်ဘက် ကျနော် တခုမှ မသိပါ)

 

 

အားကစားနယ်ပယ်မှာလည်း အရောင်ရွေးချယ်မှုဟာ တမျိုးတဖုံ အဓိပ္ပါယ် သက်ရောက်ပြန်ပါသေးတယ်။

တဦးတယောက် ကစားရတဲ့ အားကစားမျိုးထက် အသင်းအဖွဲ့အလိုက် ကစားရတဲ့ အားကစားမျိုးမှာ ပိုမိုသိသာပါတယ်။

စစ်တမ်းတွေရဲ့ အလိုတော်အရတော့ အရောင်အရင့် ဝတ်ဆင်တဲ့ အသင်းတွေဟာ အဖြူ သို့

အရောင်အနု ဝတ်ဆင်တဲ့ အသင်းတွေထက် အောင်မြင်မှု ပိုရတတ် တယ် လို့ ဆိုပါတယ်။

အရောင်အရင့်တွေဟာ ပိုမိုတောက်ပပြီး စွမ်းအင်ပိုမို ရရှိတဲ့ သဘောကို ဆောင်ပါတယ်။

(အရောင်တို့ ပြောတဲ့ နိုင်ငံရေးအကြောင်းကတော့ ဆြာ့ဆြာတွေ ဖြည့်ဖို့ ချန်ထားခဲ့ပါကြောင်း)

 

emotional-and-psychological-meaning-of-colours

 

Ref:

http://www.tigercolor.com/color-lab/color-theory/color-theory-intro.htm

http://blog.gdusa.com/wp-content/uploads/2014/05/10-Commandments-of-Color-Theory.png

http://en.wikipedia.org/wiki/Color_wheel

http://en.wikipedia.org/wiki/Complementary_colors

http://en.wikipedia.org/wiki/Color_theoryhttp://enchroma.com/test/instructions/

 

 

တော်သေးဘီ

ကျန်တာ cmt ကျမှ ဖြည့်ရေးမည်။

 

 

35 comments

  • မြစပဲရိုး

    May 23, 2015 at 1:00 am

    ဖားပျံလာပြီ။ lol:-)))))

    ကာလာဘလိုင်း ဝုတ်ဘူး။
    အပေါ်တန်းတင် မက အလယ် အတန်းကနံပါတ်တွေပါ မြင်ရပါ့။
    အောက်ဆုံးတန်း မှာတော့ နံပါက်တွေ ကို မမြင်ရဘူး။

    အရောင်က တော့ အရောင် တွေ ကို အရောင်နုနု များကို လုံးဝ မကြိုက်ပါ။
    အနီ နဲ့ အဝါရောင် အမျိုးအနွယ်များ ဘက်ခြမ်းကို မကြိုက်ပါ။

    ရေစပ်မှာ ရိုက်ထားတဲ့ ပုံ(၁) က အတော်အိုင်ဒီယာကောင်းတာ။ :-)))

    ကိုယ်စိတ်မဝင်စား တဲ့ industry ပေမဲ့ အသေအချာ ကျော်လွှားပြီး ဖတ်သွားပါတယ်။ 😉

  • Ma Ma

    May 23, 2015 at 8:37 am

    ဒီလိုပိုစ့်တွေ မဖတ်ရတာ ကြာပြီ။
    ပန်းချီဆရာတွေဘက်က အသံလည်း ကြားချင်လို့ ဆြာခေါင်လာမန့်ရင်ကောင်းမယ်။ 🙂

    သေသေချာချာဖတ်ရှု့လေ့လာပြီးသကာလ ……..
    ဖေးဘရိတ်ဖြစ်တဲ့အရောင်ကို ကြည့်ပြီး လူ့စိတ်ကိုလည်း ခန့်မှန်းနိုင်မှာပဲလို့ တွေးမိတယ်။

    ကိုယ့်အကြိုက်ဆုံးအရောင်ကြည့်လိုက်တော့ ကိုယ့်ရာသီခွင်က အရောင်ဖြစ်နေတယ်။
    ဗေဒင်ဘက်ပါ ဆက်ရေးရမှာ။ 😆

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 24, 2015 at 10:49 pm

      ဆြာခေါင်ကို ကျနော်လည်း မျှော်သဗျ

      ဓာတ်သေပညာဆိုတာ နောင်တော် ပန်းချီပညာဆီကနေ အမွေဆက်ခံရတဲ့
      အယူအဆတွေ အတွေးအခေါ်တွေ တပုံကြီးလေ…

      သည်ပညာရပ်၂ခုက ထပ်တူမညီပေမယ့် ဆင်တူတဲ့ နေရာတွေများသကိုးဗျာ…

      အရောင်တွေအကြောင်းမှာ စာလေးလို့ ချန်ထားတဲ့အထဲ ဆီဆေးရယ် ကွန်ပြူတာ စကရင်ပေါ်ရယ်
      ပရင့်အောက် ထုတ်တာရယ်မှာ စတဲ့ မီဒီယံ ကွာရင် အရောင်ကွာတဲ့ အကြောင်းတွေ ပါသဗျ…

      အြခြေအနေပေးရင် ရေးပါအုံးမယ်ဗျာ .. ဒါမျိုးတွေ

  • အောင် မိုးသူ

    May 23, 2015 at 9:19 am

    ကာလာသီအိုရီအကြောင်းကို ကိုယ်မသိတာတွေလည်း သိသွားရတယ်။ အနက် အဖြူ မိုးပြာလို အစိမ်း အပြာတွေက ကိုယ့်စိတ်အကြိုက်တွေပေါ့။ လိုဂိုတစ်ခုခုဆွဲရင် အဲ့လိုအရောင်တွေ သုံးတာများတဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းနေရတယ်။ ပို့စ်ကောင်းလေးအတွက် ကျေးဇူးတင်ပါတယ်။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 23, 2015 at 2:43 pm

      အ​ပေါ်ကလင်​့ခ်​​တွေထဲမှာ ပီဒီအက်​ဖ်​​ဒေါင်​းလုဒ်​​ပေးတဲ့ ဆိုက်​ဒ်​တခုပါတယ်​
      သီအိုရီပိုင်​း ​တော်​​တော်​ပါတယ်​
      သည်​မှာ တင်​ဖို့က​တော့ ဆဲဗင်​းမဂ္ဂါဗိုက်​​ကျော်​သမို့ သီးခံပါဒကာ

  • Mike

    May 23, 2015 at 10:42 am

    .ကြိုးစားအားထုတ်ထားမှုကိုလေးစားစွာနဲ့ဖတ်မှတ်သွားပါတယ်
    .ပီဒီအက်ဖ် ဖိုင်လုပ်ပြီးလည်းသိမ်းသွားပါတယ်…လိုတဲ့အခါအလွယ်တကူထုတ်ကြည့်လို့ရအောင် :))

  • တောင်ပေါ်သား

    May 23, 2015 at 12:53 pm

    ဖတ်ပြီးတဲ့အခါ မျက်လုံးလည်းပြာ

    ခေါင်းချာချာလည်သွားပါကြောင်း

    ( ဗဟုသုတ ရပါသဗျို့ )

  • မြစပဲရိုး

    May 23, 2015 at 1:22 pm

    စကားမစပ် ကြားဖူးတာလေး တစ်ခု။
    Men Like the Color Red တဲ့။
    ဒါကြောင့် နှုတ်ခမ်း နီတျာရဲ တို့ နှင်းဆီနီတို့ က romance ဆိုပြီး ပေါ်ပြူလာဖြစ်နေရော့သလား။ 🙄
    . နှုတ်ခမ်းမဲ တို့ နှင်းဆီနက် တို့ဆို စုံးမ လို့ဆိုမှာ။ lol:-))))))

    တကယ်တော့ အရောင်စပ် တွေ ထဲ အနက် နဲ့ အနီ စပ် ရင် တစ်အား လှ တာ။ :-))

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 23, 2015 at 2:39 pm

      အနီ နဲ့ အနက်​ ဆိုရင်​ ​ဘောပရိတ်​သတ်​အသည်​း​ကျော်​
      မန်​ချက်​စတာယူနိုက်​တက်​ ဝတ်​စုံ ​ပြေးမြင်​မိတယ်​
      အကျီ င်္ အနီ ​ဘောင်​းဘီတိုအဖြူမှာမှ အမည်​း​ရောင်​​ခြေအိပ်​နဲ့ တွဲဝတ်​တာ

      တခြားအသင်​း​တွေက အကျႌ အ​ရောင်​အတိုင်​း ​ခြေစွပ်​ကို ဝတ်​​လေ့ရှိတာ
      သူကတမူထူးခြားသ​ပေါ့

      ကာလာသီအိုရီအရပြန်​ုကြည်​့ရင်​ အကျီင်္အနီ​ရောင်​နဲ့ ဆန်​့ကျင်​ဘက်​ မြက်​ခင်​းစိမ်​း
      သည်​နှစ်​ခုကြားမှာ နချရယ်​ကာလာ အဖြူနဲ့အမည်​း

      အဲ့လို
      🙂

  • မြစပဲရိုး

    May 24, 2015 at 5:52 am

    အခုဘဲ eurovision 2015 ပြီးသွားတယ်။
    Sweden wins. :-)))

    ဒီနှစ်မှာ stage ရဲ့ မီးရောင် တွေ အရောင်စုံ ပြီး တစ်အားပိုလှလာတာ။
    ကွန်ပျူတာ effect တွေ သုံးတာ လဲ အရမ်း ကို အဆင့်မြင့်လာတယ်။
    ဒါပေမဲ့ နဲနဲအိုဗာဖြစ်ပြီး မျက်စိကျိန်းတယ်။

    ဒါပေမဲ့ winner သုံးတဲ့ color က အဖြူ အမဲ အများစု နဲ့ အနီ။
    နိုင်သွားတဲ့ သီချင်း ကို ကြည့်ကြည့်။ Computer effect အရမ်းကောင်းတာ။

    https://www.youtube.com/watch?v=-msutN_OkU4

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 24, 2015 at 11:37 pm

      မျက်စိရယ်နောက်ပဗျာ..

      စတိတ်ရှိုး အပြင်အဆင်မို့ အမည်းရောင် ဘေ့စ် ကို အဖြူနဲ့ ဖောက်တာ ဖော်မြူလာကွက်ခည…
      အနီကိုတော့ သီချင်း စာသားအဓိပ္ပါယ် နဲ့တကွ နောက်တခေါက် ခေါရပ်စ် ပြန်အတက်တွေမှာ ကလိုင်းမက်စ် ရောက်အောင်
      သုံးတယ်ပဲ မှတ်ပါတယ်..

      အဲ့ဒါတွေထက် သီချင်းအစမှာ သုံးသွားတဲ့… ချယ်လိုသံကို ပိုသဘောကျမိတယ်…

      အားးဟိ
      ဂျယ်လိုလို အဆိုတော်ထီး မေတ္တာတုံးတွေများ အားကိုမပေးဝူး
      တားတား တို့က သာမီးလေးတွေမှ ….အသွေးထဲအသားထဲက အားပေးချင်ထှာ..

      😛

  • ခင်ဇော်

    May 24, 2015 at 6:26 am

    မောင်ဂလေးး ပြန်လာပြီ…!!
    မနေ့ကတည်းးက ၃ ခေါက်လောက်ဖတ်လိုက်ရတယ်…
    ကိုယ်ကတော့ အရောင်စုံ ကြိုက်တတ်သူမို့ ကိုယ်စားးပြုစရာ အရောင်မပြောတတ်…
    ဟို အရောင်ထဲက ဂဏန်းးတွေ ဖုန်းးနဲ့ရော ပီစီနဲ့ပါ မြင်ရသေးးတာမို့ ဝမ်းးသာရသေးးတော်..
    အောက်ဆုံးးတန်းးကတော့ ဂဏန်းး မဟုတ်ဘူးးမလားးးး
    ဘရန်းးတွေ သူတို့ လိုဂို နဲ့ ကာလာတွေ ရွေးးချယ်မှု အပိုင်းးကိုဖြင့် အကြိုက်ဆုံးးးပါပဲ..
    စလုံးးကတော့ ခုထိ ဗေဒင်နဲ့ ရွေးးကြောင်းး ဟိုတနေ့ကထိ သိလိုက်ရပြီးးး
    ဒီစာဖတ်တော့ ရီလိုက်မိသေးးတယ်..
    for eg. Sun Rays ဆောက်လုပ်ရေးးရဲ့ ၁ဝ ထပ်မြင့်တဲ့ အဆောက်အအုံ ရဲ့
    အပြင်ပိုင်းး ပတ်ခြာလည်ဟာ ဆနွင်းးဝါတောက်တောက်ကနေ သုံးးဘီးးကားးရောင် လိမ္မော်တောက်တောက်ထိ ရှိသမျှ
    အဝါရောင် range colour တွေကို ဒေါင်လိုက်သုတ်ထားးတာ…
    industrial park ထဲမှာ အဲဒီ တိုက်ထင်းးထင်းးကြီးတွေ့တော ကိုယ့်မှာ ပါးးစပ်အဟောင်းးသားးး
    နေရောင်ခြည် ဒီဇိုင်းး တဲ့အေ.. နာမည်နဲ့ လိုက်အောင်တဲ့…
    စီးးပွားးလည်းးဖြစ်သဟဲ့..!!
    ဆိုတော့ ကျုပ်တို့ ဗေဒင်ဆရာတွေကိုလည်းးး
    အရောင်နဲ့ ဒီဇိုင်းးကွန်ဆက်မိအောင် လုပ်ပေးးသင့်ပြီလားးမသိ..
    ဒါမှ မဟုတ် မိမိဂီလေးး ဗေဒင်သင်တာ ပိုများးမြန်မလားးးး
    :mrgreenn:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 24, 2015 at 10:56 pm

      ဖက်ဒ်အက်ဇ် နဲ့ ဒီအိပ်ချ်အယ်လ် ချကြတာကို ပြန်သတိရရဲ့

      ဗေဒင်နဲ့ အရောင်အကြောင်းကိုတော့ စိတ်မဝင်စားတာ အမှန်
      သူတို့မှာလည်း ကံကောင်းစေသောအရောင် ဘာညာ ဆိုတာ ရှိတယ်မဟုတ်လား..

      ကျုပ်အဖို့တော့ ကံကောင်းစေတဲ့ အရောင်ဆိုတာ ကိုယ်ကြိုက်တဲ့ အရောင်ပါပဲ..
      အဝတ်အစားပဲကြည့် ကိုယ်ကြိုက်တဲ့ အရောင် ဝတ်ထားရရင် စိတ်ချမ်းသာနေ ငြိမ်းချမ်းနေတာပဲမဟုတ်လား..
      ကံဆိုတာ အလုပ်တဲ့…. ကိုယ်ကြိုက်တာကိုယ်လုပ်တာ ကောင်းတာပါပဲအေ…

      တော်သေးဘီ
      (ဆိုက်ကိုလော်ဂျီဘက် ရောက်ရင် ရောက် မရောက်ရင် ဘာသာရေးဘက်ရောက်တော့မည်)

  • Wow

    May 24, 2015 at 7:57 am

    အဲ့လိုတော်တာလေးတွေကြောင့် ချစ်ရတာ.. ကရင်မဒွေ သတ်လို့သေဘီလားလို့ နာ့ပူလိုက်ရတာ :mrgreen:

    • ခင်ဇော်

      May 24, 2015 at 8:22 am

      အေကန်ဒ
      အနားးအကပ်မခံလို့ ပညာရပ်ဘက်ရောက်သွားးဒါနေမာာာ
      :mrgreenn:

      • Wow

        May 24, 2015 at 9:44 am

        ဟိုက ဖားတစ်ကောင်မွေးပြီး သူ့ကိုယ်စားအသေနှိပ်စက် အဲလေ ချစ်ထှာတဲ့ :mrgreen:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 24, 2015 at 11:06 pm

      သိတာက သိတာပဲဗျ….
      ကိုယ်တိုင် လိုက်နာကျင့်သုံးနိုင်ဖို့ကျ ခက်သားကလား….
      အရောင်နဲ့ ပါတ်သတ်ရင် ပါဆင်နယ် ပရက်ဖရန့်ဇ် ကို ခွာချဖို့က အတော်လေး ခက်ခဲတယ်…

      အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ကြိုက်တဲ့ အရောင်က အကောင်းဆုံးအရောင်လို့သာ သဘောပိုက်ထားပါတယ်..

      😛

  • ခင်ဇော်

    May 24, 2015 at 9:48 am

    ဘရန်းးတွေ ကပြောတဲ့ အရောင်တို့ အကြောင်းးး
    http://myanmargazette.net/163242

    /——–
    တွဲဖတ်လို့ရအောင် ပြန်ယူခဲ့တယ်…

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 24, 2015 at 11:15 pm

      ကျေးကျေး

      နောက်ပိုင်း typeface တွေဘက် သွားမလားလို့ဗျာ..
      prezi နဲ့ ပါတ်သတ်ပြီး တခါရေးဖူးသလိုလေ…
      အဲ့သည့်ဘက်ကျ ပါရမီ မပါဝူးခည..

      အဲ့သည့်ဘက်နဲ့ ပတ်သတ်ပြီး အလုပ်တခုထဲမှာတုန်းက ညှင်းခံထိဖူးတာ သွားသတိရတယ်..
      (သူတို့လည်း သည်အချက်ကို သတိမပြုမိလို့ ခိုင်းခဲ့တာ)

      နိုင်ငံခြား ဘာသာရပ်တခုနဲ့ ပန်းဖလက်ရေးဖြစ်တယ်..
      ကိုယ်တိုင်သုံးဖို့ပါ… ခုချိန်ပြန်တွေးရင် အတော် စိတ်နာတယ်..
      ကိုယ်တိုက်မယ့်စစ်ပွဲအတွက် ကိုယ်တိုင် ဓါးသွေးရတဲ့ မာကတ္တာပါခီညာ..

      ဆိုတော့ ခေါင်းစဉ်စာလုံးမှာ သုံးထားတဲ့ font ပေါ့ဗျာ.. သူတို့ဘာသာနဲ့….
      သည့်ထက်ပိုပြီး လှပ ဆွဲဆောင်မှုရှိတဲ့ font သုံးပါလို့ review မှာ ပြောလာသဗျ..

      စဉ်းစားကြည့်ရင် ကိုုယ်က သူတို့စာကို ဖတ်သာဖတ်တတ်တာ.. ဘယ်လို font ဖွဲ့စည်းပုံက
      ဘယ်လို ဖတ်ရလွယ်တယ် ဘယ်လိုပုံကျ ဘယ်လိုဆွဲဆောင်မှုရှိတယ် ဘယ်ပုံကျ ဂေါ်လီဆန်တယ်
      မသင့်တော်ဘူး စသည် ခွဲခြားမတတ်ဘူးလေ..

      ဥပမာ မြန်မာစာ ရေးတတ်ဖတ်တတ်တဲ့ နိုင်ငံခြားသားတယောက်ယောက်ကို မြန်မာစာတပုဒ် ပြပြီး
      သည်လက်ရေး လှသလား မလှဘူးလား ပြောခိုင်းသလိုမျိုးပေါ့
      အလွန်ဆုံးပြောနိုင် လက်ရေးက ဖတ်ရလွယ်တယ် ခက်တယ်သာ သူပြောနိုင်မယ်..

      အသတ်တွေက တိုရင်ကောင်းမယ်တို့ ရေးချာတွေ ပင့်ရစ် ဆွဲထိုး တွေက ဘယ်နည်းတို့ သူပြောနိုင်မယ်မထင်
      ခုလည်း သည်သဘော..

      ရှင်းပြချိန်မရတာနဲ့ပဲ font ၄-၅မျိုးလောက်နဲ့ ဆွဲပြီးရွေးခိုင်းပြန်တော့လည်း ရွဲ့တာလား တဲ့..
      အင်းးး…
      ဒါတောင် အရောင်နဲ့ လေးအောက်နဲ့ ဖွဲ့စည်းပုံနဲ့ အကုန် fixed ပြီးသားမို့ နော…

      တချိန်က မောစရာပေမယ့် ခုတော့ ရီစရာ ဖြစ်သွားပြန်ရောအေ…

  • padonmar

    May 24, 2015 at 10:02 am

    မင်းသိင်္ခ ဝတ္ထုတပုဒ်ထဲမယ် စနေမောင်မောင်က အရမ်းရုပ်ဆိုးတဲ့ သတို့သမီးကို ကာဘော်လိပ်ဆပ်ပြာအခွံက အရောင်စပ်အတိုင်း အနီ၊အနက် စပ်ပြီး အလှပြင် အဝတ်အစားဆင်ပေးလိုက်တာ အရမ်းကြည့်ကောင်းသွားလို့ သတို့သား မြို့စားကြီးက ကျေးဇူးတင် စောင့်ရှောက်လိုက်တဲ့ အကြောင်းပါတယ်။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 24, 2015 at 11:07 pm

      ဟုတ်တယ်ဗျ….ကျနော်လည်း မှတ်မိနေတယ်
      စနေမောင်မောင် အိန္ဒိယ ဘက်သွားရင်း လုပ်ခဲ့တာလို့ မှတ်မိတာပဲ
      တကယ်တော့ စနေမောင်မောင်က အရောင်အကြောင်း မသိဘူး (အုံးစားမခံချင်လို့လည်းဖြစ်မယ်)
      သူသိတာက ကြော်ငြာတို့ ဆိုင်းဘုတ်တို့ တံဆိပ်တို့က အရောင်စပ်နည်းတွေဟာ
      သိတဲ့ တတ်တဲ့ ပန်းချီဆရာတွေ စနစ်တကျ စပ်ဟပ်ထားတယ်ဆိုတာ သိတယ်
      ဆိုတော့ သည်အချက်ကို ယူပီး အသုံးချလိုက်တယ်… ဆိုတာကို စာအုပ်မှာ ရှင်းပြထားလေရဲ့

      အဲ့စာအုပ်ဖတ်ဖြစ်တော့ ကျနော် တော်တော်ငယ်သေးတယ်
      အရောင်အကြောင်း မလေ့လာဖူးသေး…
      ဒါပေမယ့် စာအုပ်ကျေးဇူးကြောင့်
      ပရယ်ဇန်တေးရှင်းတို့ ဘာတို့မယ်
      အရောင်စပ်ဟပ်ရတော့မယ်ဆိုရင်
      နီးစပ်ရာ ဆိုင်းဘုတ် တို့ ကြော်ငြာတို့ကို ခိုးချတတ်နေဘီ

      ဟီးဟီးးး

  • ​ဒေါ် လေး

    May 24, 2015 at 2:00 pm

    ကာလာဘလိုင်း မဟုတ်လို့တော်သေး
    မှတ်မှတ်ရရ ဂီဂီရေးတဲ့စာကို စဖတ်မိတာ အဲဒီ ဘရန်းတွေ
    အကြောင်း နဲ ပဋိစ္စ သမုပ္ပ ကို တွဲရေးထားတဲ့အကြောင်းဘဲ
    🙂

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 24, 2015 at 11:19 pm

      ဘရန်းအကြောင်းက အတော်ရေးဖြစ်သဗျာ…
      အဲ့ဒါက ဘရန်းအဝဲနက်စ် အကြောင်းထဲမှာပါ..

      ဘရန်းကို ဘာသာရေးဆန်ဆန် ယုံကြည်သက်ဝင်သူဖြစ်အောင်ထိ
      ဆွဲဆောင်တဲ့ အကြောင်းတွေအထိ လေ့လာဖူးပါသေးတယ်..
      (အကုသိုလ်ကြီးပေမယ့်)

      အရောင်အကြောင်းကတော့ သိဖို့ လိုလို့ ဖတ်ရင်း မေ့ရင်း ပြန်ဖတ်ရင်း နဲ့ …..

  • ဦးကြောင်ကြီး

    May 24, 2015 at 11:51 pm

    လဗြွတ်ယောင်ကြလော့ ဘိုကာလာကွဲမီဒုံး.. တောင်မြည်ဒဲ့ မှောဂီ…

  • Alinsett @ Maung Thura

    May 25, 2015 at 12:16 pm

    .အရောင်တဂါ့ အရောင်ဒေထဲမယ်..
    .ဖွေးဖွေး ဆွတ်နေတဲ့ အရောင်ဂို အကြိုက်ဆုံး

  • aye.kk

    May 25, 2015 at 12:37 pm

    အရောင်နဲ ့ပတ်သက်တာတွေ
    ဗဟုသုတရသွားလို့ကျေးကျေးပါ။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      June 1, 2015 at 10:47 pm

      မလာစဖူးအလာထူးတဲ့ အန်တီအေး ရောက်လာတော့ …
      ပြောရသေးတာပဗျာ…
      ဗေဒင်ပညာဘက်က အရောင်တို့အကြောင်း ရှုမြင်မှု ကိစ္စရပ်လေး ရေးစေချင်ပါသဗျ…

  • weiwei

    May 29, 2015 at 1:33 pm

    တစ်နေ့လုံး ဖွင့်ထားပြီး ဖြည်းဖြည်းချင်း ဖတ်ပြီး နားလည်အောင် လုပ်ရင်း ခေါင်းတော်တော်မူးသွားတယ် ..
    အသက်အမျှ အရောင်တွေကို နှစ်သက်တာ ကွာခြားသွားတာကို သတိထားမိတဲ့အတွက် အရောင်တွေဟာ စိတ်ကို လွှမ်းမိုးတယ်ဆိုတာကို သတိထားမိသွားပါတယ် …

  • ဝင့်ပြုံးမြင့်

    May 30, 2015 at 12:37 pm

    .တစ်ခု သတိထားမိလား မသိဘူး။ မြန်မာအသင်း ကန်တဲ့အခါ အဖြူ ရောင် ဝတ်ရင် ရှုံးတာပဲ။
    .အဖြူ ရောင်ရဲ့ လျှို့ ဝှက်သော အခြားအဓိပ္ပါယ်က မိမိကိုယ်ကို အထင်ကြီးခြင်းတဲ့။ စာအုပ်ထဲ ဖတ်ဖူးတာ။

  • padonmar

    May 31, 2015 at 10:05 pm

    မျှစ်တော့ ဒီတခါမှားပြီလားလို့။
    အခု U-20 မှာ မြန်မာက အနီရောင်ဝတ်တာမလား။
    အမေရိကန်တွေက အဖြူလေ။

  • ​မောင်​မိုဘိုင်​း

    June 1, 2015 at 9:47 pm

    အန်…
    တီတီ padonmar ကလည်းမြန်မာက အဖြူရောင်ပါဗျ…
    ၂-၁ နဲ့ မြန်မာနိုင်တာလေဗျာ…..
    ————————–
    ဒီပို့စ်ကိုမဖတ်ခင်ကတော့ ကျနော် ကာလာဘလိုင်းမဟုက်ဘူးဗျာ…
    ဒီပို့စ်ထဲပါတဲ့ပုံတွေကို ကြည့်ပြီးတော့မှ အခု ကာလာဘလိုင်းချင်သလိုလိုဖြစ်သွားတယ်။
    ဒါပေမယ့် ဗဟုသုတတွေတော့ အများကြီးရပါတယ်……

    • မြစပဲရိုး

      June 5, 2015 at 2:21 am

      . အဲဒီ နေ့က မောင်မိုဘိုင်း ဝင်နောက်နေတယ် ထင်လိုက်တာ။
      ဒီနေ့ မှ သိတော့ တယ်။ ယူ၂၃ အကြောင်း ကို။
      သူရို့ ကတော့ အဖြူဝတ်ထားတာ၊ စကာင်္ပူ Sea game မှာ။
      ယူ၂ဝ က အနီရောင်။ နယူးဇီလန် World cup အကြို မှာ။
      တစ်နေ့ထဲ မှာဘဲ စကာင်္ပူမှာရော၊ နယူးဇီလန်မှာပါ ကန် တာမို့ ဟိုဘက် ကို သတိမပြုဘဲ လွတ်သွားတာထင်ရဲ့။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 1, 2015 at 10:40 pm

    ဘောလုံး ပရိတ်သတ်တွေ လာတော့
    ဘောလုံးအကြောင်း အာလို့ရပြီပေါ့..

    ဂလိုဗျ….
    အရောင် အတောက်တွေ ဝတ်တဲ့အသင်းတွေ နိုင်လေ့နိုင်ထရှိတယ်ဆိုတာ
    သုသေသန နဲ့ ပြောခဲ့ မြင်ခဲ့ပြီးသား ကြာလှပြီ…

    သို့သော် သုတေသန မတိုင်မီကတည်းကိုက အသင်းဂျာစီတွေကို အရောင်နဲ့ သုံးတတ်တဲ့ အစဉ်အလာကို
    ချိုးဖောက်ပြီး အဖြူ ကို အပေါ်အောက် ဝမ်းဆက် နဲ့ အသင်းစတည်ကတည်းက ဝတ်ခဲ့တာ ယနေ့နာမည်ကျော်
    စပိန်က မက်ဒရစ် အသင်း..
    ဘုရင် ကိုယ်တိုင် အားပေးလို့တောင် ရီးရဲယ် (Royal) ဆိုပြီး ဘွဲ့တောင် ရခဲ့သေး..
    သူတို့ရဲ့ ဘောလုံးဒဿနကတော့ ဘာပဲဝတ်ဝတ် ဂိုးပိုသွင်းနိုင်တဲ့အသင်း နိုင်မယ် ဆိုတာကို အခြေခံတယ် ဆိုလားပဲ.။

    ဘောလုံးဘိုးအေ အင်္ဂလန် က (သည်အသင်းကတော့ နောက်မှ ပေါ်တဲ့အသင်းပါ)
    လိဒ်စ့် အသင်းတောင် သူ့ကို အားကျပြီး သကာလ အသင်းဂျာစီကို အဖြူဝမ်းဆက် ဝတ်သေးရဲ့…။
    သူကတော့ ယနေ့ကာလတွေမှာ အောက်တန်း နောက်တန်း ရောက်နေလေရဲ့..။

    မြန်မာအသင်း အနီဝတ်တာကတော့ အစွဲနဲ့ ဆိုင်မယ်ဗျ…
    ဒေသတွင်း အသင်းတွေထဲက တချို့ … (ကိုယ်မနိုင်တဲ့တချို့ပေါ့) အနီမြင်ရင် ကြောက်တဲ့ အစဉ်အလာ ရှိရဲ့…။
    ဆိုတော့ ငွေခေတ်က အင်တာဗျူးတခု ဖတ်ဖူးတာ အရ ပြောရရင်…
    သည်အသင်းနဲ့ပွဲ သူတို့က အနီကြောက်သမို့ အနီ ဝတ် ကစားချင်တယ် ဆိုပြီး ဖြေတာ ဖတ်ဖူးသဗျ…။
    ဘာပဲဖြစ်ဖြစ်ပေါ့လေ… အနည်းဆုံးတော့ .. ကွန်ဖိဒန့်စ် တခုတော့ တက်သပေါ့…။
    တဖက်မှာလည်း ခြားနားတဲ့ ဥပမာတွေ ရှိသေးသဗျ…။

    မီလန်မြို့က နာမည်ကျော် အေစီမီလန် အသင်းဆိုရင်…..
    ဥရောပဖလားပွဲ ဖိုင်နယ်မှာ .. သူတို့ရဲ့ အိမ်ကွင်း (ပင်တိုင်) ဝတ်စုံဖြစ်တဲ့..
    အနီ အနက်ကြား ထက်စာရင် ဒုတိယ အကျင်္ ီ ဖြစ်တဲ့ အဖြူဝမ်းဆက် ဝတ်ကာမှ နိုင်ပွဲပိုရတတ်တဲ့
    အစဉ်အလာ ရှိဖူးကြောင်း…။ (အမြဲတော့မဟုတ်..)

    မည်သို့ပင် ဆိုစေကာမူပေါ့ဗျာ.. .အရောင် ဆိုတာက တကယ်တော့ …အရောင် လို့သာ……….

    • မြစပဲရိုး

      June 2, 2015 at 12:12 am

      . လောလောဆယ်မတော့ အုပ်စု ထဲ သုည နဲ့ အောက်ဆုံးမှာ။
      မနက်ဖြန် ယူကရိန်း နဲ့။
      ယူကရိန်း က အိမ်ရှင် နယူးဇီလန် နဲ့ သရေကန် ထားလို့ တစ်မှတ် ရနေပြီး။
      ဘာဘဲဖြစ်ဖြစ်ပါလေ။
      ဒီလောက်ထိရောက်လာတာကို ဘဲ ချီးကျူးပါတယ်။
      လူဆင်းရဲများပြီး ကလေးအများစု ကျောင်းမနေနိုင်တဲ့ နိုင်ငံ က နိုင်ငံခြားနည်းပြ ကို ကြေးကြီးပေး ငှားထားနိုင်သား ဆိုတာ ကို တော့ မသိချင်ဟန် ဆောင်ထားလိုက်ပါတယ်။
      (OPsssss … ဒါလား Positive thinking lol:-)))) )

  • manawphyulay

    June 16, 2015 at 3:02 pm

    ကာလာအကြောင်း ဖတ်မှတ်ရင်းနဲ့ လျှောက်ကြည့်လိုက်တာ မျက်မှန်ကို ပါဝါတိုးရတော့မယ် ထင်တယ်….

Leave a Reply