​လောဘစိတ်​က​လေးကင်​းပါ​စေသား

ကာရံMay 23, 20151min1355

လောဘကင်းတဲ့ စိတ်ကလေးဖြစ်ပါစေသား

ခွင့်ရက်လေးမပြန်ခင် တနင်္ဂနွေတစ်ရက်သူငယ်ချင်းမင်္ဂလာဆောင်သွားဖို့ ကားဂိတ်မှာကားစောင့်နေတုန်း ကာရံရဲ့နံဘေးမှာအသက်၆၅ဝန်းကျင်အဖွားအိုနှစ်ယောက်ကားဌားနေတာကိုအမှတ်မထင်တွေ့မြင်မိပါတယ် . . . .

အဖွားအိုတို့က သင်္ကန်းကျွန်းစံပြဈေးသွားမလို့အဌားကားတားစီးနေကြပါတယ် အချိန်ကတော့ ၉နာရီဝန်းကျင်မို့ လူလည်းအနည်းငယ်ရှင်းချိန်ပေါ့ အတော်လေးကြာတော့အဌားကားတစ်စီးရောက်လာပါတယ်

့. အမေတို့ စံပြဈေးသွားချင်လို့ပါ
. ကားသမားက ၂၅၀ဝပေးရမယ်
. အဲဒါနဲ့အဖွားတစ်ယောက်က ၁၅၀ဝထားလိုက်ပါသားရယ်
. ကားသမားကလည်း မရဘူးဗျကားတွေကအရမ်းပိတ်တယ်ပြောပြီး မောင်းထွက်သွားပါတယ်

နောက်တားလဲထို့အတူပြောပြီးပြီးထွက်သွားကြပါတယ်
ကာရံလည်းအမြင်မတော်တာနဲ့ ကားဌားပေးဖို့ဆုံးဖြတ်ပြီးအဖွားအိုဆီသို့သွားမေးလိုက်ပါတယ်

အမေတို့က စံပြဈေးသွားမလို့ပါ ကားသမားတွေကမလိုက်ကြဘူးလေ အမေတို့မှာလည်းပိုက်ဆံကအလုံအလောက်မပါလာဘူး ကာရံကလည်း ဟုတ်ကဲ့သားကူညီပေးပါ့မယ်ဆိုပြီးကားဌားပါတော့တယ် ခက်တာကရန်ကုန်မရောက်တာလဲကြာတော့နည်းနည်းအခက်တွေ့ပါတော့တယ်

ပထမကားတစ်စီးရောက်လာပါတယ် ကာရံကလည်း အစ်ကိုစံပြဈေးသွားမလို့ အဖွားအိုနှစ်ယောက်ထဲပါ ဘယ်လောက်ပေးရမလဲ ၂၅၀ဝတောင်းပါတယ် ဒါနဲ့ကာရံကလည်း အစ်ကိုရယ် ၁ဈေးနဲ့စံပြဈေးကနီးနီးလေးပါ နောက်ပြီးပိတ်ရက် လမ်းလည်းရှင်းပါတယ်၁၅၀ဝထားလိုက်ပါလို့ပြောရင်း ကားသမားက မရဘူးလမ်းတွေပိတ်နေတယ်ပြောပြီးမောင်းထွက်သွားပါတော့တယ်

အတော်လေးကြာတော့နောက်တစ်စီးကိုလက်တားရင်း မေးပြန်ပါတယ် အစ်ကိုဘယ်သွားမလို့လဲ ကျွန်တော်စံပြဈေးသွားချင်လို့ပါ ၂၅၀ဝပေးရမယ်ဗျ ဒါနဲ့ ကာရံလည်းအဖွားအိုတို့နောက်ကျမှာစိုးတာနဲ့ ၂၀၀ဝထားလို်က်ပါလား အဖွားအိုနှစ်ယောက်ထဲပါ ကျွန်တော်က ကုသိုလ်ယူတာပါလို့ပြောပြီးအကူအညီတောင်းလိုက်ပါတယ် သူလည်းခဏစဉ်းစားပြီး အတော်လေးကြာတော့ ဟုတ်ကဲ့ရပါတယ်ဆိုပြီး အဆင်ပြေသွားပါတယ် ကာရံလည်းကျသင့်ငွေရှင်းပေးပြီး
အဖွားကျွန်တော်ကားခရှင်းပေးလိုက်ပြီနော် အဖွားတို့အတော်လေးပျော်သွားပါတယ် နောက်ပြီးသာဓု သုံးကြိမ်ခေါ်ရင်းထွက်ခွာသွားပါတော့တယ်

ကာရံလည်း ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ အဖွားကိုမြင်မိရင်း ဖွာဖွားမြေးကောင်းမှု အမျှပေးဝေပါတယ်လို့ စိတ်ထဲဆုတောင်းနေမိပါတော့တယ်

ကာရံလည်းအဖွားတို့ပျော်နေတာလေးစ်ိတ်ထဲကြည်နူးရင်း သူငယ်ချင်းမင်္ဂဆောင်သွားဖို့ကားစောင့်နေမိပါတယ်

လောကမှာငွေကအရေးကြီးတာမှန်ပေမယ့် သူ့နေရာနှင့်သူ အသုံးချတက်ရင် လောဘဆိုတာ ကင်းဝေးမှာပါ မလိုအပ်ပဲလောဘမကြီးပါနဲ့လား လှူ မှကုသိုလ်ယူတက်ထာထက် အသက်ကြီးရွယ်အိုတွေကိုတက်နိုင်သလောက်လူတက်ရင်လေ ငွေထက်ပိုတဲ့ စိတ်ချမ်းသာမှုတွေ ပိုင်ဆိုင်နိုင်ပါစေသား

ကာရံ ၂၃ ့၅ ့၂၀၁၄

5 comments

  • မြစပဲရိုး

    May 23, 2015 at 8:25 pm

    သာဓု၊ သာဓု၊ သာဓုပါ။ (ကူညီလို့)
    သာဓု၊ သာဓု၊ သာဓုပါ။ (၆၅ လောက်ကိုမှ အဖွားခေါ်လို့) lol:-)))

    သူ့ဟာသူ မကိုက်ဘူး ထင်လို့ မလိုက်တာ လောဘလို့ ပြောလို့ ရမရ။ စဉ်းစားနေ မိတယ်။
    ဒါက ရောင်းသူ နဲ့ ဝယ်သူ Open Market လိုပေါ့။

  • Ma Ma

    May 24, 2015 at 9:34 am

    ပြောရမယ်ဆို ရောင်းသူနဲ့ဝယ်သူမှာ ရောင်းသူက ဈေးများများလိုချင်မယ်။
    ဝယ်သူကလည်း ဈေးအသက်သာဆုံးလိုချင်မယ်။
    ဒါသဘာဝတရားပဲ။

    ရောင်းသူကလည်း ရောင်းချင် (ဝင်ငွေရချင်) လို့ ဝယ်သူလိုချင်တဲ့ဈေးနဲ့ကိုက်ညီအောင် ညှိနှိုင်းပေးရတယ်။
    ဝယ်သူကလည်း လိုချင် (သွားလိုရာရောက်ချင်လို့) ရောင်းသူလိုချင်တဲ့ဈေးကို ညှိပေးရပြန်တာပေ့ါ။

    နှစ်ယောက်စလုံးကတော့ လောဘသားတွေချည်းပဲလေ။ :b:

  • ကာရံ

    May 25, 2015 at 10:13 am

    ကျွန်​​တော်​​တော့အဲလိုမမြင်​ဘူး ​ဈေးကွက်​အရ​တော့မှန်​ပါတယ်​

  • အောင် မိုးသူ

    May 25, 2015 at 11:41 am

    တက္ကစီ စီးနေကျဆိုတော့ ဘယ်နားဆို ဘယ်လောက်ဆိုတာ သိနေပြီ။ များသောအားဖြင့် တက္ကစီသမား ၁ဝယောက်မှာ ၉ယောက်ဟာ ပိုတောင်းကြတယ်။ အနည်းငယ်ပိုတောင်းတဲ့သူဆို ဈေးအမှန်နဲ့ရအောင် ဆစ်ဖြစ်ပေမယ့်။ မတရားပိုတောင်းတဲ့ ကားသမားဆို ဆစ်မနေဘဲ မစီးတော့ဘူးလို့ ပိတ်ပြောပစ်လိုက်တယ်။ ကားသမားအတေ်ာများများ စေတနာမထားကြဘူး။ စေတနာထားတဲ့ ကားသမားတွေလည်း တွေ့ဖူးပါတယ်။ ရှိတော့ရှိတယ် ရှားတယ်။

  • Mike

    May 25, 2015 at 2:14 pm

    .ကောင်းမှုလေးအတွက် သာဓု၊ သာဓု၊ သာဓုပါ ဗ ျာ

Leave a Reply