မွေးမေလေ့နဲ့ သူ့ရဲ့ ရီဆိုင်ကယ်လာတွေ အကြောင်း ပြောပြအူးမယ်။

ခု အငြိမ်းစား ယူသွားတဲ့ နံပတ် ၂ ရဲ့ မွေးရပ်မြေကို ပြောင်းရတုန်းကပေါ့လေ။

ပြောင်းတုန်းက ကိုယ်က ၁၀ တန်းဖြေပြီး ချိန် လိုက်သွားတယ်။ နောက်တော့ သင်တန်းပြန်တက်လိုက် ပြန်လာလိုက်မှာ တစ်ခေါက်ပြန်ရောက်တဲ့ အချိန် အိမ်မှာ အမျိုးသမီးကြီးတစ်ယောက် ရှိနေပါရောလားး

ပိန်သမျှ လှပ်လို့၊ အရပ်ကလည်း အရှည်ကြီးး၊ လမ်းသွားရင် ကိုင်းကိုင်း ကိုင်းကိုင်းနဲ့ ဆေးပေါ့လိပ်ကို မီးခိုးထွက်အောင် သောက်တာ။

အာ့နဲ့ ဘယ်သူတုန်း ဘာတုန်းပေါ့။

မွေးမေလေ့က ပြန်ဖြေတယ်။ သူ့ ညာ လက် ရုံး တဲ့။

ဘုရား၊ဘုရားးး!!!!

ဘယ်လက်ရုံး ရှိသေးလား ဆိုတော့ ရှိသေးသတဲ့။ အိမ် မှာ ကူဖို့ ခေါ်ထားတယ် ပြောတာပဲ။

ငင်၊ ဘာတွေတုန်းးး။

စမြင်လိုက်တော့ မီးဖိုခန်းထဲ မွေးမေလေ့က ချက်နေတုန်း သူက ငုတ်တုတ်ထိုင် ဆေးလိပ်ဖွာနေတာ မြင်တာပဲ။

ညနေလည်း အစောပြန်တာ ယိုင်တိုင် ယိုင်တိုင် နဲ့၊.

ဘာလို့တုန်း ဆိုတော့ အဲဒါ ခွက်ပုန်းသောက်ပြီး မူးတူးတူး နဲ့ ပြန်သွားတာ။

အိမ် ကို အဲလို အဟောင်း တွေ လာသိမ်းရာကနေ တွေ့သတဲ့။

မွေးမေလေ့ ပေါ့။ သနားပြီး သံယောဇဉ် နဲ့ အိမ် အကူ ခေါ်ထားသတဲ့။

ဒါပေမဲ့ ဒက်ဒီ ဦးဇီဇာက သူ့ အတွက် လုပ်ပေးဖို့ ကိစ္စတွေမှာ ကန့်သတ်ထားတာနဲ့ မွေးမေလေ့ပဲ ပင်ပန်းမြဲ။

ဒါဖြင့် ဘာလုပ်တုန်း ဆို မွေးမေလေ့ ရှင်းသမျှ သူက နောက်က သူ့ အတွက် လိုက်ကောက်တာလေ။

အေးတာပဲ။ ဒါပေမဲ့ မခိုးမဝှက်၊ နားအေး၊ လို့ မွေးမေလေ့က အားဂျီးချစ်တယ်။

တခါသား မွေးမေလေ့ မန်းလေး သွားတုန်း ကိုယ်နဲ့ ထားခဲ့တာ ပြန်လာတော့ ငိုပြီး တိုင်သတဲ့။

မမလေး (သူက မွေးမေလေ့ထက်ကို ၁၀ နှစ်ကျော် ကြီးတာကို အဲလို ခေါ်တယ်) သမီးက တအားခိုင်းတတ်လို့ နောက်တစ်ခါ မထားခဲ့ပါနဲ့တဲ့။

ခိခိခိ၊ သများ ပညာပေးလိုက်တာ။

:kwi:

ဇော်သန့်ကို အေးလို့ တဲ့ အားဂျီးချစ်တယ်။

 

အဲ၊ နောက်တစ်ယောက်က မိသားစုလိုက် ဒေသလည်ပြီး ကောက်တဲ့ မိသားစု။

မသင်း တဲ့။ အသားဖြူဖြူ၊ ပုပု သွက်သွက်၊ စကား များများး ကိုယ်တွေ သား အမိနဲ့ အရမ်းကီးကိုက်လို့ သူ့ပဲ မျှော်ရတာ။

သူက ကိုယ့်ကို ချစ်သမားး၊

သူ ကိုယ်တိုင်က အကွက်မြင်၊ လာဘ်မြင်လွန်းလို့ နည်းနည်း ခိုင်း ရင် အလုပ် များများပြီး တာ။

မွေးမေလေ့ကတော့ ပြောတယ်။ မသင်း စကားပြောတာတော့ ခွင့်လွှတ်တယ် တဲ့။ စကား ပြောသလောက် အလုပ်ပြီးတယ်တဲ့။

နောက်ပြီး အမှိုက်တွေ ဖုန်တွေက မသင်းစကား နားထောင်သတဲ့ လေ။ နိုင်နင်းလွန်းလို့ တင်စားပြောတာ။

တစ်ခါသားးး ဆေးရုံကား က ကားတာရာတွေ လွှင့်ပစ်ဖို့ သူ့ ကို ပေးတော့ တစ်ခု ကို ထားခဲ့မတဲ့။

လုပ်စရာ ရှိလို့ ဆိုပြီးးး မြေနည်းနည်း တူးပြီး ကားတာယာ ကြီး တစ်ဝက်လောက် မြှုပ် ပြီး မြေကြီးတွေ ထည့်ပြီး အပင် စိုက်ပေးသွားတာ။

တာယာကိုလည်း ထုံးသုတ်သွားသေးတယ်။ အခု နောက်ပိုင်း အဲလို ပြန်သုံးတာတွေ မြင်တော့ သူ့ ကို အတော်အမြင်ရှိပါလား မှတ်ရတယ်။

ဘယ်လောက် ကျတုန်း မေးရင် “Freefall ပါ အမရယ်” လို့ ပြောသေးတယ်။

ကိုယ် က ကြောင် ပြီး ဘာပြောမှန်းမသိ။

မွေးမေလေ့ ရှင်းပြတော့မှ အဲ ဒါ ဖရီး (FOC) လုပ်ပေးတာ လို့ ပြောတာတဲ့။ ဘိုလို တွေကလည်း ညပ်ညပ်ပြောတာ အရမ်းးး၊ စကားပြောရင် လည်း အပိုစာဒါးလေးက ပါသေးတယ်။

ပျင်းကို မပျင်းရတာ။

“တွေ့ပြီမလား နာ့ ဘယ်လက်ရုံး အတွေးအခေါ်ရော အပြောအဆိုရော နည်းနည်း သာ ပညာတတ်ရင် နိုင်ငံခြား ရောက် လောက် ပြီ”

ပြီး ရင် တဟားဟား ရီ နေရောပဲ။

မွေးမေလေ့ တို့ မြှောက်စားရင် အိမ်ထိတောင် လိုက်လည်တာပါဆို။ မသင်းအိမ် ဆို မြင်ဖူးပါတယ် မှတ်တာ ကိုယ့် အိမ်က ပစ္စည်းချည်းပဲ။ သုံးတတ်လိုက်တာလို့ ပဲ စိတ်ထဲ မှတ်ခဲ့တယ်။

 

 

ပြောချင်တဲ့ အပိုင်းက ခုမှ ရောက်တာ။

ခု ဆက်ပြောမှာက အဲလို အိမ်သုံး ပစ္စည်းလေးတွေကို ဘယ်နားမှာ ဘယ်လို သုံးလို့ ရတယ် ဆိုတာ ရှာထားတာလေးတွေ မျှမလို့ပါ။

အရင်ကတော့ ပြပွဲ အကြောင်း ရေးဖူးတယ်။

http://myanmargazette.net/180916

http://myanmargazette.net/180966

 

ခေါင်းစဉ် အရတော့ Do It Yourself (DIY)  ပေါ့လေ။

ဒါပေမဲ့ အဲဒီ အဆင့်အထိမရောက်ပါဘူးးး၊ လွယ်ကူသလောက်လေးပဲ စု ထား တာ။

ခုဟာကတော့ အိမ်မှာ ဘယ်လို ပြန်သုံးလို့ ရတယ် ဆိုတဲ့ အိုင်ဒီယာလေးတွေ ရအောင် ရှာထားတာ။

ကိုယ်တိုင်လည်း ခက်ခက်ခဲခဲ ဆို လုပ်ပျင်းတာမို့ လွယ်တာလေးတွေ ရှာထားတယ်။

ကြည့်ကြည့်ပါအူးးး

:k:

 ~~~~~~~~~~~~~~~~~~~~~~~~~

ပထမဆုံး အိမ်မှာ အများဆုံး ထွက်တဲ့ တစ်ရှူးဘူး တို့ အလိပ်တို့ကို ပြန်သုံးလို့ရတာလေးတွေ ကြည့်ရအောင်။

1

1

 

2

2

 

3

3

 

4

4

 

5

5

 

6

6

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခုနကပြောသလို ကား တာရာတွေကို ဘယ်လို ပြန်သုံးလဲ ဆိုတာလေးးး

 

318

IMG_5852

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ခုက ပလပ်စတစ် ပုလင်းတွေ ကို ပြန်သုံးဖို့ အိုင်ဒီယာလေးတွေ။

 

15

 

IMG_5614

 

IMG_5620

 

IMG_5622

 

IMG_5623IMG_5628

IMG_5849

 

IMG_5850

IMG_5851

IMG_5942

 

IMG_5944

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါလေးတွေက တခြား တိုစိတစ လေးတွေ

 

IMG_5617

 

IMG_5618

 

IMG_5621

 

IMG_5624

 

IMG_5626

 

IMG_5941

 

IMG_5943

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟိုနေ့က လုံမလေး ပို့(စ) ကို ဖတ်ပြီး စက္ကူအိတ် ချိုးနည်းလေးတွေ ရှာထားတာ။

 

10stepguidetomakingagiftbag

 

04052012mbtGOIQUAbuoc1_a64c9_副本_副本

 

~~~~~~~~~~~~~~~~~~~~~

ဒါက တီအေး နဲ့ ဘေတား တို့ ရဲ့ ထင်းရှူးပုံး အသုံးချနည်းတွေပေါ့။
ဟိ…!!

 

 

1

1

 

2

2

 

~~~~~~~~~~~~~~~~~~~~~~~~~~

ကော်မန့်ထဲက အရာတွေ နီးစပ်သလောက် ရှာထည့်လိုက်တယ်။

can 1

can 2

 

can 3

 

glass bottle

 

 

 

 

ဓာတ်ပုံများကို ဂူးဂဲ မှ အခမဲ့ ကူညီပါသည်။

Credit to Original Uploader.

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 343 post in this Website..

CJ # 129120