စိတ်

aye.kkMay 25, 20151min1329

တကယ်ဆို ကျမရဲ့ဆိုးတဲ့စိတ်ဟာ

သူတစ်ပါးအတွက် အကျိုးမရှိပါဘူး။ ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူး။

“တကယ်ဟုတ်ရဲ့လား”လို့ဆိုမိတတ်တဲ့

မယုံကြည်တတ်တဲ့ အဲဒီနှုတ်ထွက် စကါးလေးက ကျမပြောနေကြဖြစ်ခဲ့ပါတယ်။

မသေချာတဲ့ အကြောင်းအရာကိစ္စ တစ်ခုကို သေချာရဲ့လား?လို့

မသိလို့ပြန်မေးတဲ့ စကါးတော့ မဟုတ်ပါဘူး။

တဖက်သားက သေချာစွာသိလို့ ကျမကို ပြောပြလာတဲ့အခါ ကျမက “တကယ်ဟုတ်ရဲ့လား”

လို့ဆိုပြီး သံသယစိတ်ဖြင့် ပြန်မေးမိတတ်လို့ပါပဲ။

တကယ်ဆို အဲဒီစကါးလေးက တဖက်သားအပေါ်ကို ကျမက မယုံကြည်လို့ ပြန်မေးမိတဲ့

သဘောပါ။

တဖက်သားဆီကနေ တစ်ခါတစ်ရံ,ကိုယ်မယုံကြည် နိုင်လောက်တဲ့ အကြောင်းအရာ ကိစ္စတွေကို

ကြားရ,သိရတဲ့အခါမှာ “တကယ်ဟုတ်ရဲ ့လား”ဆိုတဲ့

စကါးကို ကျမရဲ ့နုှတ်ကနေ အလိုလိုပဲ လွယ်လွယ်ကူကူနဲ ့ထွက်မိပါတယ်။

အဲလို ပြောဆိုမိတာကလဲ  တဖက်သားပြောပြတဲ့ စကါးကို

ကျမအနေနဲ ့ နားထောင်ပြီး ကျမစိတ်က လက်ခံနိုင်မှု မရှိလို့ သံသယ

စိတ်နဲ ့အလွယ်ပြောမိလိုက်တဲ့ စကါးလို့ ဆိုရမှာပါ။

ကျမရဲ သံသယစိတ်က ဘယ်ကိစ္စ ဘယ်အကြောင်းအရာနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။

တဖက်သားကို “တကယ်ဟုတ်ရဲ ့လား” လို့ ဆိုပြီး ကျမအနေနဲ ့ပြန်မေးမိ,ပြန်ပြောမိပါတယ်။

တဖက်ကလဲ ငါက နင့်ကို မဟုတ်တာ ဘယ်နှစ်ခါ ပြောမိဘူးလို့လဲ ဆိုပြီးချက်ခြင်းပဲ

ပြန်ပြီး ဖြေပါတယ်။

အဲဒီကမှတဆင့် သူ့စိတ် မကျေနပ်နိုင်တော့ရင်လဲ သူပြောနေတဲ့စကါး အကြောင်းအရာများတောင်

ကျမကို ဆက်မပြောနိုင်တော့ပဲ အထအနကေါက်ပြီး,  စိတ်ဆိုးသွားတာ ကြုံရပါတယ်။

အဲဒီလို နှုတ်ထွက် စကါးကိုကျမအနေနဲ ့ တဖက်သားကို

သံသယစိတ်နဲ ့ပြန်မေးတတ်တဲ့ အမူအကျင့်ဟာ ကျမရဲ ့ဆိုးညစ်တဲ့စိတ်ကြောင့်

ဖြစ်လာတာလို့ပဲ ဝန်ခံရမှာပါ။

ကျမရဲ ့စိတ်က စိတ်ကေါင်းရှိခဲ့ရင်,စိတ်ဆိုးစိတ်ညစ်ဖြစ်တဲ့ သံသယစိတ် ဆိုတာ

မရှိခဲ့ရင် တဖက်သားက ကျမအပေါ် စိတ်ဆိုးစရာ အကြောင်းတရား မရှိပါဘူး။

ကျမအနေနဲ ့က တဖက်သားအပေါ်မှာ မယုံကြည်တဲ့သဘော,မလေးစားတဲ့သဘော,

သက်ရောက်သွားတာဟာ တဖက်သားရဲ ့စိတ် ခိုးလို့ခုလု ဖြစ်သွားစေတာတွေဟာ ကျမရဲ့

မကေါင်းတဲ့ စိတ်ကြောင့်ပါပဲ။ ကျမအနေနဲ ့စိတ်ကေါင်းတဲ့သူ မဟုတ်ခဲ့လို့ပါပဲ။

တဖက်သားအပေါ်မှာ ကျမအနေနဲ ့နှလုံးသွင်းမမှန်ခဲ့လို့သာ ဖြစ်နေရတာပါ။

တဖက်သားနဲ ့ပတ်သက်ရင် ကျမအနေနဲ ့နှလုံးသွင်း မမှန်လို့လည်း နောက်ဆက်တွဲ

ပြဿနာတွေ မကြာခဏ ဆိုသလိုပဲ  ဒုနဲ ့ဒေး ကြုံပါတယ်။

ကျမစိတ်က ထစ်ကနဲဆို တဖက်သားအပေါ်မှာ စိတ်တိုတတ်,သံသယဝင်တတ်ပါတယ်။

တဖက်သားပေါ် ယုံကြည်မှု မထားတတ်ပါဘူး။

ကျမရဲ ့စိတ်မှာ ဆိုးတဲ့စိတ်စေတနာတွေကပဲ ဦးဆောင်လို့နေပါတယ်။

ကျမစိတ်က မေတ္တာနဲ ့ပတ်သက်လာရင် မေတ္တာအားအင်ချိနဲ ့လှပါတယ်,ပိန်လှီလှပါတယ်။

မေတ္တာတရားနည်းပါးခဲ့လို့လည်း စိတ်ဆိုးစိတ်ညစ်တွေဖြစ်တဲ့ စိတ်ရွှံ ့နွံဗွက်တောတွေထဲမှာပဲ

ကျမစိတ်ကလေးက ဝဲထဲမှာလည်နေသလို လည်နေခဲ့တာပါ။

ဒါကြောင့်မို့လို့လည်း တဖက်သား ပြောတဲ့စကါးတွေ အပေါ်မှာ ကါင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်

အလွယ်တကူ လက်ခံတတ်တာ ကျမမှာ မရှိခဲ့ပါဘူး။

ဒါဟာလဲကိုယ့်ကိုကိုယ် နှလုံးသွင်းမကေါင်းလို့ဖြစ်တယ် ဆိုတာကို ကျမနှလုံးသွင်းဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ် သတိပြုမိပါတယ် ။ ကျမရဲ ့စိတ်က မသိတာတွေနဲ ့ပဲပြည့်နှက်နေမယ်ဆိုတာ

အထူးပြောပြစရာ လိုမှာ မဟုတ်ပါဘူးနော်။

ကျမ စိတ်မှာ မသိတာတွေ များနေခဲ့လို့သာလျှင် အသိ,သတိမရှိပဲ ကျမအနေနဲ ့

တဖက်သားအပေါ်လွယ်လွယ်နဲ ့ ပြောမှား ဆိုမှားတာတွေ ပြုလုပ် မိတာပါ။

ကြာတော့လည်း ကျမဟာ တဖက်သားနဲ ့စကါးပြောဆိုရတိုင်း အဆင်မပြေ ဖြစ်မှုတွေပဲ

များများလာပါတယ်။

ကျမ စကါးပြောဆို မတတ်မှုကြောင့်လည်း သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ ့

ဝင်ဆန့်မှု အင်မတန် နည်းပါးပါတယ်။ လူချစ်လူခင် နည်းပါတယ် ။

တဖက်သားနဲ ့တော်ရုံအဆင်ပြေအောင် မပြောမဆိုတတ်တဲ့ ကျမအတွက်

ကိုယ့်ဟာကိုယ် နေနေသလို ဖြစ်လာပါတယ်။

ပတ်ဝန်းကျင်နဲ ့လည်း ထိတွေ ့တာ မရှိသလောက် ဖြစ်လာပါတယ်။

တဖက်သားအပေါ် မယုံကြည်တဲ့ ကျမရဲ ့ စိတ်က အင်မတန် ဆိုးပါတယ်။ ပတ်ဝန်းကျင်နဲ ့လည်း

သဟဇာတဖြစ်ဘို့ မလွယ်သလို အဆင်ပြေမှုလဲ မရှိခဲ့ပါဘူး။

ကျမ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် စိစစ်ကြည့်မိတော့မှသာ ကိုယ့်ရဲ ့စိတ်ကို ကိုယ်ပြင်မှ ဖြစ်မယ်ဆိုတာ

နှလုံးသွင်းမိပါတယ်။ နှလုံးသွင်းမိတဲ့ အတွက် ကြောင့်လည်း

တရားအားထုတ်ဘို့ ကျမ ဆုံးဖြတ်ချက်ချခဲ့မိပါတယ်။

ကျမ ဝိပဿနာတရား အားထုတ်ဖြစ်ခဲ့ပါတယ်။

ကျမအနေနဲ ့ အဲဒီလို တရားအားထုတ် လိုက်ရတာဟာ ကျမကိုယ်တိုင်က “မေတ္တာအားဆေး”

တစ်ခွက်ကို ပြည့်ပြည့်ဝဝ သောက်သုံးခွင့်ရလိုက်တာနဲ ့အတူတူပါ။

မေတ္တာအင်အားချိနဲ ့နေတဲ့ကျမ မေတ္တာတရား အင်အား,စွမ်းအား ပြည့်ဝလာတဲ့ အကျိုးတရားကို

ကျမပြန်ပြီးခံစားရရှိခဲ့ပါတယ်။

ပြန်ပြီးရရှိခဲ့လို့လည်း အရင်က ဆိုးညစ်နေတဲ့ ကျမရဲ့စိတ်တွေဟာ လျှော်ဖွတ်ထားတဲ့ အဝတ်လို ပြန်ပြီး

ဖြူစင်လာပါတယ်။

တဖက်သားအပေါ်မှာ မေတ္တာထားတတ်လာပါတယ် ။

မေတ္တာစိတ်အခံကြောင့်လည်း တဖက်သားအပေါ် ကျမရဲ့ဆိုးညစ်တဲ့ စိတ်ဆိုးတွေ

အားလုံး လုံးလုံးလျားလျား အပြီးတိုင် ပျောက်ဆုံးပျက်စီး သေဆုံးသွားခဲ့ပါတယ်။

ဒါဟာလည်း ကျမအနေနဲ ့တရားအားထုတ်ခဲ့လို့ရလာတဲ့ အကျိုးတရားရလာဘ်ပါပဲ ။

ကျမအနေနဲ ့အစွမ်းထက်မျက်လှတဲ့ အာနိသင်ရှိတဲ့ မေတ္တာအားဆေး

တစ်ခွက်ကို ပြည့်ပြည့်ဝဝ သောက်သုံးခွင့်ရရှိလိုက်လို့ပါ။

ကျမရဲ ့စိတ်မှာ မေတ္တာစိတ် ဖြစ်ပေါ်လာရတဲ့အတွက် ကျမရဲ ့စိတ်က စိတ်ကါင်းလာပါတယ်။

အဲဒီလို စိတ်ကေါင်း ဖြစ်ပေါ်လာရတာ မေတ္တာ ကြောင့်ပါပဲ။

ကျမဟာ အရာရာတိုင်းမှာလည်း မေတ္တာတရား ရှေ့ထား ပြီး မေတ္တာစိတ်နဲ ့

ဆောင်ရွက်ပြုလုပ်တတ် လာပါတယ်။

မေတ္တာက ကျမရဲ ့စိတ်ကို အလေ့အကျင့်ကေါင်း တစ်ခုအနေနဲ့ပြုပြင်ပေး

စေနိုင်ခဲ့ပါတယ်။ မေတ္တာက ကျမရဲ ့စိတ်ကို နှလုံးသွင်းလှစေခဲ့ပါတယ်။

မေတ္တာထားတတ်မှုက ကျမရဲ ့စိတ်ဆိုးကို စိတ်ကေါင်း အဖြစ်ပြောင်းလဲစေနိုင်ခဲ့ပါတယ်။

ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် သတိထား စီစစ်တတ်လာပါတယ်။

တဖက်သားကနေပြီး ဘာဘဲပြောလာပြောလာ မေတ္တာစိတ်,စိတ်ကေါင်း ထားပြီး

ဆောင်ရွက်တတ်လာခဲ့ပါတယ်။

ကျမရဲ ့နှုတ်ကနေပြီး ကေါင်းတာပဲဖြစ်ဖြစ် ,ဆိုးတာပဲဖြစ်ဖြင့် လွှတ်ကနဲ

ပြုလုပ်ပြောဆိုမိတာတွေ လုပ်ဘို့ဟာလည်း အင်မတန်ကို ခဲယဉ်းှသွားပါတယ်။

ကျမအနေနဲ ့ တဖက်သားအပေါ်မှာ  မလေးစားတဲ့ စိတ်, သံသယစိတ်,တွေ

နဲ ့“တကယ်ဟုတ်ရဲ ့လား”  လို့ပြန်မေးမိတာ, ပြန်ပြောမိတာတွေ, မရှိတော့ပါဘူး။

အခြားသော ကိစ္စအကြောင်းအရာတွေမှာလည်း အတူတူပါပဲ။

တဖက်သားနဲ ့ဖက်ပြိုင်ပြီးတော့ ငြင်းတာခုံတာတွေ အစရှိသည်ဖြင့်လို့ ဆိုရမှာပါ။

အဲဒီလို ငြင်းခုံတာတွေဟာ ကျမအတွက် အကျိုးမရှိဘူးဆိုတာကို ကျမရဲ ့

စိတ်က သေချာစွာ သိသွားတဲ့ အတွက်ကြောင့်ပါပဲ ။

တန်ဘိုးမဖြတ်နိုင်တဲ့ ဝိပဿနာတရား သတိပဌာန်လေးပါး မြတ်တရားကို

အားထုတ်ခဲ့လို့သာ ကျမ ကိုယ့်စိတ်ကို ကိုယ်ပြင်နိုင်ခဲ့တာပါ။

ကျမအနေနဲ ့တဖက်သားအပေါ်မှာ ပြောမှား ဆိုမှားတွေ သုံးနှူံးပြောဆိုမိမှာ မဟုတ်တော့ပါဘူး။

မေတ္တာက ကျမရဲ ့စိတ်ကိုလှပစေနိုင်ခဲ့ပါတယ်။

မေတ္တာက ကျမရဲ ့စိတ်ကို “စိတ်ကေါင်း”ဖြစ်အောင် ပြုပြင်ပေးနိုင်ခဲ့ပါတယ်

ဆိုတာ ကျမ ပြောပြလိုက်ပါရစေ။။။

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ။။။။။

 

 

 

 

 

 

 

9 comments

  • အောင် မိုးသူ

    May 25, 2015 at 12:34 pm

    မေတ္တာကတော့ အကောင်းဆုံးပေါ့။ သံသယစိတ်ဆိုတာ အရာရာကို အကျိုးယုတ်စေတာတော့ အမှန်ပဲ။

  • aye.kk

    May 25, 2015 at 12:44 pm

    မေတ္တာဟာ
    အရေးကြီးဆုံးပါ။
    မေတ္တာမရှိရင်သံသယဧည့်သည်က
    လာနေမှာပါ။

  • ​ဒေါ် လေး

    May 25, 2015 at 3:06 pm

    ကိုယ့်ကိုယ်ကို ဘာဆိုတာ သိနိုင်ခြင်းဟာလည်း
    မှန်ကန်တဲ့ တရားသဘောကို လွယ်ကူစွာကျင့် နိုင်ခဲ့တာလို့ထင်ပါတယ် အစ်မရေ

  • မြစပဲရိုး

    May 25, 2015 at 10:44 pm

    အသေအချာဖတ်ပြီး လေးစားစွာ နာခံ နာယူ ပြီး လိုက်နာနိုင်ဖို့ ကြိုးစားပါ့မယ် အစ်မအေး ရှင့်။
    . လောက မှာ မေတ္တာ တရား ထက် ကြီး တဲ့ ပါဝါ မရှိပါဘူး။

  • ခင်ဇော်

    May 26, 2015 at 7:03 am

    ကောင်းးလိုက်တာ တီအေးးရယ်…

    ကျနော့် “စိတ်” အကြောင်းးလည်းး ကျနော် ဝန်ခံ ပါအူးးးမယ်လေ..

  • aye.kk

    May 26, 2015 at 11:35 am

    မလတ်
    မှန်လွန်းလို့နှစ်သက်စွာနဲ ့စိမ်းလိုက်ပါတယ်။

    ခင်ဇော်ရေ
    အန်တီ”အားပေးဖတ်ရှု” ပါမည်..။။

  • Ma Ei

    May 26, 2015 at 12:22 pm

    ပထမပိုင်းစာတွေက က ျမကိုပြောနေသလားလို့ ထင်ရအောင်ပါဘဲ …
    နောက်ပိုင်းစာလေးတွေအတိုင်း မေတ္တာစိတ ်နဲ့နေထိုင်ရန်အတွက်
    မိမိစိတ်ထားကိုပြင်နိုင်အောင် ကြိုးစားပါမယ် အမအေးရေ…

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 26, 2015 at 2:31 pm

    အကာကို ဖယ်စားတတ်မှ အနှစ်အရသာသိမှာဆိုသလို…
    မေတ္တာအကျိုးကို လက်တွေ့သိသိလာလာလို့
    လက်ရှိ လိုက်နာကျင့်ကြံနေပါတယ်.. ဆရာမ အန်တီအေးကေကေ ခင်ဗျာ။ 😳
    —-
    ၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
    ၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
    ၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
    ၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
    ၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊
    ၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
    ၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
    ၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
    ၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
    ၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊
    ၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣန္ဒြေရှိသင့်၏၊
    ၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဉာဏ်လဲ ရှိသင့်၏၊
    ၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
    ၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
    ၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ – ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

  • aye.kk

    May 26, 2015 at 3:21 pm

    Ma Ei
    အိဆီက ကြားရတဲ့စကါးအတွက်
    ဝမ်းသာမိရပါတယ်။

    စိန်ပလိန်တိန်ရေ
    လက်ရှိလိုက်နာကျင့်ကြံနေတာသိရတဲ့အတွက်လဲဝမ်းသာမိပါတယ်။
    တရားနဲ ့ပတ်သက်တဲ့၊ဗဟုသုတ
    ဖြန့်ဝေပေးတဲ့အတွက်လည်းအန်တီကကျေးဇူးတင်ပါတယ်နော်။။

Leave a Reply