ပျို့မောင်ရဲ့ …… ရန်ကုန်

“မေ”ဆိုတဲ့      ကဆုန်-နယုန်

ကုန်ခါနီး         အမီလေးမှာ

မိုးတွေကဆုန်။

 

ဆုန်ပါလေ့      ကိုရွှေမိုး

ကိုယ်တို့မြို့     ရန်ကုန်ကြီးမှာ

ရေတွေက တိုး။

 

တိုးကာရယ်     ရေတွေဖွေးဖွေး

အေးရက်တဲ့    ရာသီရယ်

အိမ်ပေါ်မှာ     စောင်ခြုံကွေးမယ်ဟဲ့

စိတ်ကူးအတွေး။

 

တွေးမိတဲ့        အတွေးကိုချင့်

ပျင်းရိတဲ့         စိတ်အစဉ်ရယ်

ရန်ကုန်က      ရေတွေတိုးကာလို့

ရုံးတက်ရမလေး။

 

လေးပင်တဲ့စိတ်ကို      တွန်းကာပိုကာဟဲ့

တိုးတက်ဟဲ့              ဘတ်စ်ကားကိုလေ

ပျိုတို့မောင်               တိုးကာတက်ရတယ်

ခပ်သွက်သွက်ပြေး။

 

ပြေးကာသွားကာ        ဒီရန်ကုန်ရယ်

ရယ်မောကာ             မနေနိုင်ပေမယ့်

ဘဝအတွက်             ရုံးကန်ရသည်မို့

ရုံးအပြန်                  ငိုက်ကာနေမိတယ်

မောင့်အဖြစ်မသေး။

 

…………………….

အောင်မိုးသူ

 

10 comments

  • Kaung Kin Pyar

    May 25, 2015 at 4:02 pm

    မိုးတွင်း စောင်ခြုံကွေးချင်
    ဆောင်းတွင်း မထ ချင်
    နွေရာသီ အလုပ်မသွားချင်နဲ့…နာလဲ ချာချာလည်နေတာပါအေ..

  • aye.kk

    May 25, 2015 at 4:46 pm

    စိတ်ကိုအားပေး
    “မပျင်းတဲ့ဆေး”တိုက်ကျွေးပါက
    သက်သာပျောက်ကင်းမယ် ။

  • မြစပဲရိုး

    May 25, 2015 at 10:48 pm

    ပျိုတို့မောင် ရေ …
    . ပြောင်တို့ မေ များမှာလဲ ထိုနည်း၎င်း ပါဘဲ။
    “စု” စည်းကာ ဝိုင်းကြပါတော့။
    မင်းညစ်ဦးမလား။

  • ခင်ဇော်

    May 26, 2015 at 6:56 am

    ခု တလော ငွေတွင်းးကြီးး ရချင်တယ်..
    အလုပ်လုပ်ရတာ ပျင်းးလာပြန်ပြီ…!!
    ဟီးးးးး

  • kotun winlatt

    May 26, 2015 at 9:38 am

    လောကကြီးမှာ ပျင်းတဲ့လူတွေများလို့ တိုးတက်တာဆိုပဲဗျ

    • အောင် မိုးသူ

      May 26, 2015 at 11:33 am

      အဲ့လိုရှိလို့လား။ စကားမစပ် ဒီကဗျာလေးက အပျင်းကဗျာလေးတော့ မဟုတ်ပါဘူးဗျား။

  • Mike

    May 26, 2015 at 9:39 am

    .မိုးတွေကသည်း
    .ရေကရွှဲနဲ့
    .ငွေစ ရှာရာ
    .ရုံးကိုလာရ
    .ဘဝခရီး
    .အလှနဲ့ပြီးစေဖို့
    .ကြိုးစားရမယ်မနှေး။

Leave a Reply