ရုပ်သံ လိုင်းသစ်များ ပုဂ္ဂလိက လုပ်ကိုင်ခွင့်ရ

politicalviewAugust 23, 20101min651

မြန်မာနိုင်ငံတွင်း ထုတ်လွှင့်မည့် ရုပ်မြင်သံကြား လိုင်းသစ်များကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ၂ ဦးက လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။
ယင်းစီးပွားရေး လုပ်ငန်းရှင် ၂ ဦးမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူ ရွှေသံလွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း နှင့် Delta United အသင်းပိုင်ရှင် Premier Coffee Company ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းရင်တို့ ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မတ်လတုန်းက ရုပ်မြင်သံကြား လိုင်းသစ်တခုကို ပြန်ကြားရေးနဲ့ ပေါင်းပြီး အဓိက နိုင်ငံတကာ ပရိသတ်အတွက် ဆိုပြီး လွှင့်ခဲ့တယ်။ အခု လိုင်းသစ်က ရတနာပုံ တယ်လီပို့နဲ့ ရွှေသံလွင် ပေါင်းပြီး ပြည်တွင်း ပရိသတ်တွေ နိုင်ငံတကာ ရုပ်သံလိုင်း ကြည့်လို့ရအောင် အင်တာနက် စနစ်လိုင်းကနေ အခြေခံပြီး လွှင့်သွားမှာ”ဟု ရွှေသံလွင် မီဒီယာမှ တာဝန်ရှိသူ တဦးကပြော သည်။

နိုင်ငံတကာ ရုပ်မြင်သံကြား လိုင်းများအပြင် ပြည်တွင်း ရုပ်သံလိုင်းများပါဝင်ပြီး နေအိမ်အရောက် မြန်နှုန်းမြင့် ဖိုက်ဘာ ဆက်သွယ်ရေးစနစ်(Fiber To The Home ) FTTH အပေါ် အခြေခံပြီး ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ မှ တာဝန်ရှိသူ တဦးက ပြောသည်။

FTTH စနစ်တွင် အင်တာနက်၊ တယ်လီဖုန်း၊ ရုပ်သံလိုင်း ဝန်ဆောင်မှု ၃ ခု ပါဝင်ကြောင်း သိရပြီး ရုပ်သံလိုင်း ဝန်ဆောင်မှုတွင် အခမဲ့ ရုပ်သံလိုင်း ၅ လိုင်း၊ အခပေး ရုပ်သံလိုင်း ၁၄ လိုင်း စုစု ပေါင်း ၂၉ လိုင်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
CNN ၊ MTV ၊ Star Movies အစရှိသည့် ရုပ်သံလိုင်းများကို ထိုင်းနိုင်ငံ ရုပ်သံလိုင်းအေဂျင်စီများမှ တဆင့် ဝယ်ယူထားခြင်း ဖြစ်ပြီး နည်းပညာလိုအပ်ချက်များအား ရတနာပုံတယ်လီပို့ က ပံ့ပိုးပေးမည်ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူက ဆိုသည်။ မြန်မာနိုင်ငံ၏ မီဒီယာလုပ်ငန်းဖြစ်သော ဂျာနယ်ထုတ်ဝေခွင့်၊ FM ရေဒီယိုလိုင်းများနှင့် ရုပ်မြင်သံကြားလိုင်းများတွင် စစ်အစိုး ရနှင့် နီးစပ်သည့် ဆွေမျိုးများနှင့် စီးပွားရေးလုပ်ငန်းရှင်အများစုက လုပ်ကိုင်ခွင့်ရရှိထားသည်။
“ရုပ်သံလိုင်းတလိုင်း ယူပြီး ထုတ်လွှင့်သွားဖို့အစောကြီးကတည်းက အစီအစဉ်ရှိခဲ့တာ။ လိုင်းကတော့ ကျသွားပြီလို့ သိရ တယ်။ အခုလောလောဆယ် ဘယ်လိုပုံစံမျိုးကို သွားရမလဲဆိုတာကို စဉ်းစားနေကြတုန်း”ဟု Premier Coffee ကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်နှင့် နီးစပ်သူတဦးက ပြောသည်။

ပြည်တွင်းဂျာနယ်တခု ဖြစ်သည့် Bi Weekly Eleven တွင်လည်း စားသောက်ကုန် လုပ်ငန်းများဆောင်ရွက်နေသည့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတခုက ရုပ်သံလိုင်းသစ်တလိုင်း ထုတ်လွှင့်သွားမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေသည်ဟု ရေးသား ထားသည်။ “ပြီးခဲ့တဲ့ လကတည်းက ရုပ်သံလိုင်းတွေ ချပေးလိုက်တာ၊ မြန်မာ့အသံနဲ့ ပေါင်းပြီးလွှင့်မှာဆိုပေမယ့် ပုဂ္ဂလိက ပေးလိုက်တာဆို တော့ ဘယ်လို ဖြစ်လာဦးမလဲ မသိသေးဘူး”ဟု သတင်းနှင့် ပြန်ကြားရေးဌာနမှ အရာရှိတဦးကပြောသည်။ ရုပ်သံလိုင်းသစ် တခုဖြစ်သော Myanmar International လိုင်းကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန နှင့် ပူးပေါင်းကာ ရွှေသံလွင် ကုမ္ပဏီမှ မတ်လ ၃၁ ရက်နေ့က စတင် ထုတ်လွှင့်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရုပ်သံလိုင်း ၄ ခု ရှိပြီး မြန်မာ့ရုပ်မြင်သံကြားကို ၁၉၈ဝ ခုနှစ်၊ မြဝတီ ရုပ်မြင် သံကြား ကို ၁၉၉၃ ၊ MRTV 3 ကို ၂၀၀၁ ခုနှစ်၊ MRTV 4 ကို ၂၀၀၄ ခုနှစ် တို့တွင် စတင်ထုတ်လွှင့်သည်။

One comment

  • Pyaung Gye

    August 23, 2010 at 12:53 pm

    ကောင်းတာပေ့ါ

Leave a Reply