“လိမ်တယ် ညာတယ်”

“လိမ်တယ် ညာတယ်”

 

လိမ်တယ် ဆိုတာ

အဖြစ်မှန်ကနေ သွေကွဲ

သောက်တလွဲဖြစ်အောင်

လုပ်ခြင်းပေါ့။

ညာတယ်ဆိုတာ

မရှိတာကို အရှိလုပ်

မဟုတ်တာကို အဟုတ်ထင်

အမြင်တွေသွေလွဲအောင်

ဖန်တီးယူတာပေါ့။

 

လိမ်တယ်ညာတယ်

ဆိုသူတွေထဲမှာ

အချို့က ပိပိ ရိ ရိ

လိမ်မှန်းတောင်

သိတောင် မသိလိုက်ရဘူး။

အချို့ကတော့

တစ်ဝက်ဖုံး တစ်ဝက်ဖော်

သိပ်မတော်ဘူးလို့

ဆိုနိုင်ပါတယ်။

အချိုကတော့

မရေမရာ

လိမ်နေတာ အကုန်ပေါ်

သို့သော်

အခြေအနေအရ

မသိချင်ယောင် ဆောင်

ပေး ရ သပေါ့ဗျာ။

 

ဟိုးရှေးရှေးက

တစ်ကမ္ဘာလုံးကို

ပက်လက်လှန်

ကြွက်ကြွက်ညံအောင်

လုပ်ခဲ့သူ

နုတ်ခမ်းမွှေးတိုစစနဲ့

ဟစ်တလာဆိုသူ

ပြောတဲ့စကား

တစ်ကမ္ဘာလုံးဖျားသွားဘူးတယ်။

အဲသဟာ

စိန်ရွှေငွေတို့အကြိုက်ပေါ့။

“လိမ်စရာ ရှိရင် ကြီးကြီး ကျယ်ကျယ်လိမ်”တဲ့။

ဟုတ်ပါ့ဗျာ

အခုထက်ထိသူ့စကား

မြေဝယ်မကျ

နားထောင်သူတွေရှိနေတယ်ဆိုတာ

အဲ့တာ လာပြောပြတာ

ယုံလားတော့ မသိဘူး။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

7-4-2015

4 comments

  • aye.kk

    May 27, 2015 at 11:28 am

    ဆရာတော်တစ်ပါးက
    fbမှာသီလကဥပဒေပါပဲလို့ရေးထားတာ၊ဖတ်မိပါတယ်။
    နှစ်သက်လို့ပြောပြတာပါ၊လိမ်နေသမျှတော့ဆင်းရဲက
    လွတ်မှာမဟုတ်တာသေချာလှတယ်ဆိုတာပြောပြလိုက်ချင်ပါတယ်။။

  • မှန်ပါတယ် အမအေးရေ

    ဒါပေမယ့် လိမ်နိုင်ရင်သစ္စာ ညာနိုင်ရင်သမာဓိ ဆိုတာ ကိုလက်ကိုင်ထားသူတွေရှိနေပါသေးတယ်

  • aye.kk

    May 27, 2015 at 3:00 pm

    ဟုတ်မှာပါကိုပေါက်ရေ
    ငါ ငါ့ဥစ္စာဆိုပြီးမဖြုတ်နိုင်တဲ့သူတွေရှိနေသမျှကာလပတ်လုံး
    ကိုပေါက်ပြောသလိုပဲ လက်ကိုင်ထားကြမှာဧကန်အမှန်မလွဲပါပဲ။။

Leave a Reply