နွေမင်းသမီးရဲ့အလှပန်းချီ (ဓါတ်ပုံပိုစ်)

နွေမင်းသမီးရဲ့အလှပန်းချီ (ဓါတ်ပုံပိုစ်)

1 စိန်ပန်းများကြားမှ
1 စိန်ပန်းများကြားမှ
2 အပွင့် အဖူး
2 အပွင့် အဖူး
3 အပွင့်ဝေဝေ
3 အပွင့်ဝေဝေ
5 စိန်ပန်းနဲ့ရွှေလီမြစ်ပြင်
4စိန်ပန်းနဲ့ရွှေလီမြစ်ပြင်
5 အကြိုအကြား ဝိုးတဝါး
5 အကြိုအကြား ဝိုးတဝါး

ရွှေလီမြို့မှာရောက်တဲ့အခိုက်

ရွှေလီမြစ်ကမ်းနံဘေးမှာ

အပွင့်ရဲရဲနီနီတွေနဲ့အလှဆင်ထားတဲ့

နွေမင်းသမီးလို့ တင်စားနိုင်တဲ့

စိန်ပန်းပွင့်တွေ ကို ပါတ်ဝန်းကျင် အလှတွေနဲ့တွဲဖက်မြင်ရတာ

ပန်းချီကားတစ်ချပ်လိုခံစားမိတဲ့အတွက်

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

27-5-2015

18 comments

  • Ma Ei

    May 27, 2015 at 9:43 am

    စိန်ပန်းနီလေးတွေ အတော ်လှ
    တစ်နေ့က ဖွဘုတ်ထဲမှာ စိန်းပန်းနီကို ပြုတ်သုတ်ထားတာတွေ့လိုက်တယ်…
    ရိုးရိုးအရွက်သုတ်လို အရသာမျိုးဘဲလို့ရေးထားတယ်…
    ပါဝင်တဲ့ ဓာတ်တွေက ဘယ်လိုမှန်းမသိတာရယ်…
    ပန်းလှလှလေးတွေ စားရမှာနှမြောတာနဲ့ မစမ်းတော့တာ…
    🙂

    • စိန်ပန်းပွင့်ကို သုပ်စာရင်း
      ခြေတုန်လက်တုန်ဖြစ်တာကို
      သက်သာစေတယ်လို့ မိတ်ဆွေတစ်ယောက် ကပြောဘူးပါတယ်

    • Ma Ei

      May 27, 2015 at 10:08 am

      ရွှေဂုံတိုင် ရွှေကောင်းဘေးနားက ကိုယ်ပိုင်လမ်းလေးတစ်ခု စိန်ပန်းနီတွေချည်း ပွင့်နေတာ လှမှလှ

      • မသိလိုက် လို့ မအိရေ သိရင်သွားရိုက်လာပါတယ်

        ကန်တော်ကြီးသွားရိုက်တာ မိုးမိပြီး ပြန်လာတယ်

  • Mike

    May 27, 2015 at 11:24 am

    .စိန်ပန်းပွင့်တွေက ပင်လုံးညွတ်ပွင့်တာဆိုတော့ အတော်လှပါ၏

  • တောင်ပေါ်သား

    May 27, 2015 at 11:33 am

    နံပါတ် ၃ လေး လှတယ် ကိုပေါက်ရေ

  • ​ဒေါ် လေး

    May 28, 2015 at 10:51 pm

    နံပါတ် ၄ ပုံအကြိုက်ဆုံး

  • မြစပဲရိုး

    May 28, 2015 at 10:59 pm

    နီရောင်ရဲရဲ နဲ့ လှ လိုက်တဲ့ စိန်ပန်း တွေ ကပေါက်ကြီးရာ။
    . မြန်မာပြည်ရဲ့ အမျိုးသမီး ပန်း အဖြစ် ရွေးကြစို့။

    5 အကြိုအကြား ဝိုးတဝါး ကို အကြိုက်ဆုံးပါ။ :-))))

  • ဒေါ်လေးရေ

    နံပါတ်လေးပုံ နဲ့ဆင်တူတာလေးတွေအများကြီးရိုက်ခဲ့ပါတယ်။

    ကိုလတ်ကြီး စိန်ပန်းကို မြန်မာအမျိုးသမီးးပန်းအဖြစ် သတ်မှတ်ရင် ကျနော်ကတော့ သဘောတူပါတယ်။

    နီနီရဲရဲ က သတ္တိရှိသောအရောင်ကို ညွှန်းနေသလို

    နောက်အကြမ်းပတမ်းခံ တာ ရှည်ခံ တဲ့ ပန်း လဲဖြစ်တဲ့အတွက် သဘောကျပါကြောင်း

  • Ma Ma

    May 30, 2015 at 5:17 pm

    ကိုယ်ကတော့ ကြီးကြီးကျယ်ကျယ် စိန်ပန်းကို နိုင်ငံတော်ပန်း သတ်မှတ်သင့်တယ်လို့တောင် ထင်တာ။

    စိန်ပန်းက အပင်လည်း ကြီးတယ်။ အပွင့်လည်း လှတယ်။ အရောင်စုံလည်း ရှိတယ်။ စိုက်ရလည်း လွယ်တယ်ဆိုပြီးတော့ သဘောကျလို့။

    ဒါပေမယ့် စိန်ပန်းပင်က ပင်စည်က လုံးချောမနေပဲ ကွေးကောက်နေလို့ သစ်အနေနဲ့ အသုံးမကျလို့ တန်ဖိုးမရှိလို့ နိုင်ငံတော်ပန်း မဖြစ်သင့်ဘူးတဲ့။

    • kai

      May 31, 2015 at 1:59 am

      စိန်ပန်းက.. ဆေးတက္ကသိုလ်ပန်းလို့.. ထင်…။
      RITကတော့.. စွယ်တော်လေ.. နော..။

  • ကိုခိုင်ရေ

    ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲမြေမှာကျဲပြန့်နေ လို့ တွံတေးသိန်းတန်က ဆိုခဲ့တော့

    ရန်ကုန်တက္ကသိုလ်နဲ့လဲ ဆိုင်မယ်ထင်ပါရဲ့

Leave a Reply