အလင်းခြုံတဲ့ သတင်း Zone – 39

alinsettMay 28, 20154min20012

အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်… အောင်ဇေမီဒီယာကနေ …

ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….

 

  • မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုလိုက်ပြီဆိုတဲ့သတင်း၊

 

  • US တဝန်းရှိ ပြည်နယ်များစွာ အတွင်းမှာ အစာအဆိပ် သင့်စေတဲ့ ဘက်တီးရီးယားပိုးတစ်မျိုး ကူးစက် ပျံ့ပွားနေတဲ့သတင်း ၊

 

  • ၈၈ မျိုးဆက်အဖွဲ့အစည်းနဲ့ NLD တို့ ပူးတွဲပြီး ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး ကြေညာစာတမ်းအကြောင်း၊

 

  • ကချင်ဒုက္ခသည်စခန်းတွေဆီက ပညာသင်ကြားဖို့ လိုအပ်နေတဲ့  ကျောင်းသားများနဲ့ ဆရာ/ဆရာမများရဲ့ အရေးကိစ္စ သတင်းများ၊

 

  • .မြန်မာစစ်တပ်က သိမ်းဆည်းထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့                         မိမိကိုယ်ကို မီးရှို့ပြီး ဆန္ဒပြတဲ့ တောင်သူဦးကြီးတစ်ယောက်ရဲ့ တုန်လှုပ်ဖွယ်ရာသတင်း၊

 

  • .ပြည်သူလူထုရဲ့ သပိတ်မှောက်ခြင်း လိုအပ်နေပြီဆိုတဲ့  .မြန်မာပြည်တွင်းက လစာတိုးမြှင့်မှုများနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုဆိုင်ရာ သတင်းများ၊

 

  • .မြန်မာပြည်ကပါဆိုပြီး ကုလသမဂ္ဂအပါအဝင် ဒေသတွင်း နိုင်ငံတွေက တွန်းပို့နေတဲ့ .လှေစီးဒုက္ခသည် ဘင်္ဂါလီတွေရဲ့ အခြေအနေသတင်းများ၊

 

  • လွှတ်တော်အတွင်းက ကိုယ်စားလှယ်တချို့ အိပ်ငိုက်နေတဲ့ပုံတွေ  Facebook ပေါ်မှာ ပျံ့နှံ့ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ သတင်းမီဒီယာ ကန့်သတ်ပိတ်ပင်မှု သတင်းများ၊

 

  • စိုးရိမ်စရာဖြစ်နေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို                                                                   အနေအထိုင် အသွားအလာ ဆင်ခြင်ကြဖို့ သတိပေးချက် ထုတ်ပြန်လိုက်တဲ့ သတင်း၊

 

  • သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ဗကသ ကျောင်းသားတွေထဲက မဖြိုးဖြိူးအောင်နဲ့ US သမ္မတဟောင်း George W Bush ရဲ့ သတင်း၊

 

  • ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့ရဲ့ အခြေအနေများ ၊

 

  • .ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံပြီးတာတောင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲပေးနိုင်သူ လူဦးရေစာရင်းတွေထဲမှာ သေဆုံးပြီးသူတွေရဲ့ အမည်များ ပါဝင်နေတဲ့သတင်း၊

 

  • .ပြည်သူတွေကို မထိခုိုက် မနစ်နာစေတဲ့ နည်းလမ်းတွေကိုပဲ ရွေးချယ်မယ်လုို့ .ပြောဆိုလိုက်တဲ့ ဒေါ်အောင်ဆန်းစုုကြည်ရဲ နိုင်ငံ့အရေးပြောဆိုမှုများ ၊

 

  • ရန်ကုန်နဲ့ ဒလ ဘက်ကမ်းကို မြစ်ကူးတံတား တည်ဆောက်ဖို့ ကိုရီးယားနိုင်ငံဆီက US ဒေါ်လာ သန်းပေါင်းများစွာ ချေးးယူမယ့်သတင်းနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်မှုများ၊

 

  • ၈၈ မျိုးဆက် အဖွဲ့အစည်းက “ဦးကိုကိုကြီး”ကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်တဲ့သတင်း၊

 

  • US ရှိ မြို့အသီးသီးမှာ ပြုလုပ်မယ့် မြန်မာလူမျိုးများရဲ့ ပွဲလမ်း သဘင်ဆိုင်ရာ သတင်းများနဲ့

  • အခြား သိမှတ်ဖွယ်ရာ ထူးခြားသတင်းအဖြာဖြာကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ယူမယ်ဆို အရှည်ကို ကြည့်…

 

.မေ ၂၈ ။

မျိုးစောင့်ဥပဒေကြမ်း လေးခုထဲက မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်မှာ မေလ ၂၈ ရက်နေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ယောက်ဟာ ဘာသာခြား .ယောကျင်္ားတစ်ယောက်နဲ့ ထိမ်းမြားလက်ထပ်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်အလိုက် အထွေထွေ အုပ်ချုပ်ရေးမှူးထံမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ကန့်ကွက်သူမရှိဘူးဆိုမှ အုပ်ချုပ်ရေးမှူး က ထိမ်းမြားပေးခွင့်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားတစ်ယောက်အနေနဲ့လည်း               ဥပဒေကြမ်းပါ ပြဌာန်းချက်တစ်ခုခုကို ဖောက်ဖျက်ခဲ့ရင် အနည်းဆုံးထောင်ဒဏ်   ၆ လကနေ ၃ နှစ်အထိ ချမှတ်နိုင်ပြီး အများဆုံးငွေဒဏ် ၅သိန်း သို့မဟုတ် ဒဏ်နှစ်ရပ် လုံးဖြစ်စေ ကျခံရမယ်လို့ ပါရှိကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ပူးသင့်တာပူး…ပေါင်းသင့်တာပေါင်း

 

.မေလ ၂ရ ။

၁၉၉ဝ ငွေရတုကာလပြည့် မြောက်သည့်နေ့ဖြစ်တဲ့ မေလ ၂ရ ရက်နေ့မှာ မြန်မာပြည်ရဲ့  အဓိက နိုင်ငံရေးအင်အားစုနှစ်ခုဖြစ်တဲ့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)နဲ့ NLD တို့ ပူးတွဲပြီး   နိုင်ငံရေး ကြေညာစာတမ်းတစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်းအပါအဝင် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပမှာ ဆက်လက်ဆောင်ရွက်ရေး… ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားအင်အားစုများနဲ့အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)တို့က နိုင်ငံရေး ပူးတွဲကြေညာစာတမ်း တစ်ရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ။

ဒီချုပ်နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက်ညီလက်ညီဆောင်ရွက်ခဲ့ကြပြီး                             ‘‘ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုမြန်မာနိုင်ငံ’’အဖြစ်ကို ရောက်ရှိအောင်         ရည်မှန်းချက်အောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားကြမယ်လို့လည်း ဖော်ပြထားပါတယ်။

အဆိုပါ ကြေညာစာတမ်းဟာ ခေါင်းစဉ် ငါးမျိုးခွဲခြား ဖော်ပြထားပြီး ရွေးကောက်ပွဲဆိုင်ရာများ၊ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ၊ နှစ်ဖက်ပူးတွဲ လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များ… စသည်ဖြင့် ခေါင်းစဉ်များအလိုက်အကျယ်တဝင့် ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပကာသန မတွေးတဲ့ ဆရာ/မ အရေး…

.မေ ၂ရ ။

.ကေအိုင်အို ထိန်းချုပ် နယ်မြေရှိ ကချင်ဒုက္ခသည်စခန်းတွေဆီမှာ စာသင်ပေးဖို့အတွက်  .စေတနာ့ ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၁၅ဝ လောက် လိုအပ်နေပေမဲ့ အခုအချိန်ထိ   ဆရာ/ဆရာမ ဦးရေ ၄ဝ ကျော်သာ ရရှိသေးပါကြောင်း သိရပါတယ်။

အခုနှစ်ကျောင်းဖွင့်ရာသီရဲ့ ကျောင်းဖွင့်ချိန်ရောက်ရှိနေပြီဖြစ်ပေမဲ့                                            ဆရာ/မ များ လုံလောက်မှု မရှိသေးတာကြောင့် ရှိသလောက်နဲ့သာ သင်ကြားရမယ်လို့ သိရပါတယ်။

ဆရာ၊ ဆရာမများလိုအပ်နေတဲ့ အဆိုပါဒုက္ခသည်စခန်းတွေဟာ  တရုတ်ပြည် နယ်စပ်ရှိ ဒုက္ခသည်စခန်းများဖြစ်ပြီး နယ်စပ်မှတ်တိုင် (၆) ဖရဲဒုက္ခသည်စခန်း၊ ဇိုင်းအောင်၊ မုန်ဂါဇွပ်၊ ပါဂျောင်၊ ဂျေယန်၊ ခလွမ်ယန်၊ လနာဇွပ် စတဲ့… ဒုက္ခသည်စခန်းများ .ဖြစ်ပါတယ်။

အဆိုပါ ဒုက္ခသည်စခန်း (၇) ခုအတွင်းမှာ ပညာသင်ကြားဖို့အတွက် မူလတန်း၊ အလယ်တန်းနဲ့  အထက်တန်းကျောင်းသားများဟာ စုစုပေါင်း (၁)သောင်းကျော်လောက် ရှိနေကြောင်းသိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.ဈေးကြီးတယ်ဆို မဝယ်/မသုံးဘဲ သပိတ်မှောက်သင့်သတဲ့….

 

.မေ ၂ရ ။

.မြန်မာပြည်တွင်းမှာ လစာတိုးမြှင့်မှုတွေ ဖြစ်ပေါ်လာတိုင်း ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေက ပူးပေါင်းပါဝင်ပြီး သပိတ်မှောက်သင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ပြည်သူ့အားနဲ့ ထိန်းလို့ရကြောင်း ၊  စားသုံးသူအဖွဲ့ ဖွဲ့ပြီး ဈေးကြီးတဲ့ ကုန်စည်တွေဆိုရင် မဝယ်ဘဲ သပိတ်မှောက်သင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက နေပြည်တော်မှာ မီဒီယာသမားများနဲ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာ .ဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံပွဲအတွင်း ဘဏ္ဍာရေးဝန်ကြီးက မြန်မာပြည်မှာ ကုန်ဈေးနှုန်းများ အထူးတလည် .မြင့်တက်ခြင်း မရှိဘူးလို့ ထည့်သွင်း ပြောကြားသွားပေမဲ့ သင်္ကြန်ကာလအပြီးက စပြီး… အခြေခံစားသောက်ကုန် ဆန်၊ ဆီနဲ့ အခြား … မီးဖိုချောင်သုံး ကုန်စည်ဈေးနှုန်းတွေဟာ ဆက်တိုက် .မြင့်တက်နေကြောင်း အိမ်ရှင်မတွေက ပြောဆိုနေကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ငါတို့ဟာ မဟုတ်တဲ့ နင်တို့ဟာ

 

.မေ ၂ရ ။

ကုလသမဂ္ဂအပါအဝင် ဒေသတွင်း နိုင်ငံတွေက လှေစီးဒုက္ခသည် ဘင်္ဂါလီတွေကို .မြန်မာပြည်ကဆိုပြီး တွန်းပို့နေခြင်းကို ကန့်ကွက်တဲ့အနေနဲ့                                                             အဲဒီ လှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံသားများ မဟုတ်ကြောင်း ဆန့်ကျင် ဆန္ဒပြပွဲတစ်ခု .ဖြစ်ပွါးခဲ့ပါတယ်။

အဆိုပါ ဆန့်ကျင် ဆန္ဒပြပွဲကို မေလ ၂ရ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မဘသလို့ ခေါ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် ရဟန်းသံဃာများ၊ အမျိုးသားရေးလှုပ်ရှားသူများ အပါအဝင် လူဦးရေ လေးရာကျော် ပါဝင်ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြကန့်ကွက်နေစဉ်အတွင်းမှာ “လှေစီးလူသား တခြားသွား၊ ခိုးဝင်ဘင်္ဂလား အားပေးသူ ဒို့ရန်သူ၊ ကုလသမဂ္ဂ ဘက်မလိုက်ရ၊ မတရားဖိအား ဒို့မလိုလား… စတဲ့ စကားလုံးများကို .အော်ဟစ်ခဲ့ကြပါတယ်။

ဆန္ဒပြကန့်ကွက်သူတွေဟာ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းကနေ ဦးချစ်မောင်လမ်းအတိုင်း လမ်းလျှောက်ပြီး လူထုဟစ်တိုင်ထိ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

လူထုဟစ်တိုင်ရောက်တဲ့အချိန်မှာတော့ လှေစီးဒုက္ခသည်တွေကို မြန်မာပြည်ထဲ တွန်းပို့နေတဲ့ US အပါအဝင် ကုလသမဂ္ဂအဖွဲ့နဲ့ ဒေသတွင်း နိုင်ငံတွေဆီက ခေါင်းဆောင်တွေကို ကန့်ကွက်ပြောဆို .ဟောပြောမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

အိပ်ငိုက်တာကို မြင်မှာစိုး

.မေ ၂၆ ။

.မြန်မာ အစိုးရ – လွှတ်တော်အတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်တချို့ အိပ်ငိုက်နေတဲ့ပုံတွေ လူမှုကွန်ရက် Facebook ပေါ်မှာ ပျံ့နှံ့ပြီးတဲ့နောက်မှာ ပြည်ထောင်စု လွှတ်တော်ရဲ့ မီဒီယာခန်းထဲကို သတင်းထောက်များ မဝင်ရဘူးလို့ ပိတ်ပင်လိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်များ အိပ်ငိုက်နေတဲ့ဓာတ်ပုံတွေ ပျံ့နှံ့ခဲ့တဲ့အပြင် တပ်မတော်သား ကိုယ်စားလှယ်များရဲ့ တချို့ပုံတွေပါ … ပျံ့နှံ့ခဲ့တာကြောင့်  အခုလို ပိတ်ပင်လိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

အရင်ကဆိုရင် လွှတ်တော်အစည်းအဝေးခန်းရဲ့ အပေါ်မှာရှိတဲ့ မီဒီယာခန်းထဲကနေ .ကြည့်ရှုသတင်းယူနိုင်ခဲ့တာ ဖြစ်ပြီး မေလ ၂၆ ရက်နေ့က စပြီး မီဒီယာခန်း အပြင်ဘက် ကော်ရစ်ဒါပေါ်ကနေ တီဗွီကတဆင့်ပဲ ကြည့်ရှု သတင်းယူရတော့မှာ ဖြစ်ပါတယ်။

သတင်းမီဒီယာသမားများကတော့ အိပ်နေရင် ဖြစ်စေ ၊ ရန်ဖြစ်နေရင် ဖြစ်စေ  ဓါတ်ပုံရိုက် သတင်းတင်ပြမယ့် တာဝန် ရှိကြောင်းနဲ့ တချို့ ကိစ္စတွေမှာ .ဆွေးနွေးတင်ပြနေတဲ့သူတွေကို တိုက်ရိုက်ကြည့်နေဖို့ လိုအပ်ကြောင်း တုံ့ပြန် ပြောဆိုနေကြပါတယ်။

အခုလို Interpreter Booth အခန်းထဲ ဝင်ရောက်သတင်းယူခွင့် မရတော့ခြင်းဟာ သတင်းစာ၊ ဂျာနယ်သတင်းများအပါအဝင် ရုပ်သံသတင်းသမားများအတွက် အခက်အခဲများစွာ တွေ့ရကြောင်း လွှတ်တော်အတွင်း သတင်း ဝင်ရောက် ရယူနေတဲ့ သတင်းသမားများက ဆိုပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

မလေးရောက် မြန်မာ – အရေးမရောက် အရာ

 

.မေ ၂၆ ။

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို အနေအထိုင် အသွားအလာ ဆင်ခြင်ကြဖို့ မလေးရှားအခြေစိုက် မြန်မာသံရုံးက သတိပေး ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

မလေးရောက် မြန်မာတွေအနေနဲ့ သွားလာရာမှာ တစ်ဦးတစ်ယောက်တည်း မသွားလာကြဘဲ .မြန်မာလူမျိုး အချင်းချင်း အုပ်စုဖွဲ့ပြီးမှ သွားလာကြဖို့နဲ့ အချင်းချင်း ရိုင်းပင်းကူညီကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိ ပါတယ်။

.မေ ၂၁ ရက်နေ့တုန်းက မလေးရှားရှိ မြန်မာ သံရုံးရှေ့မှာ ဖြစ်ပွါးခဲ့တဲ့  မလေးရှားနိုင်ငံရေးပါတီတခုနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တခုတို့က ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေးပေးဖို့ဆိုပြီး ဆန္ဒပြမှုအပြီးမှာ  အခုလိုသတိပေးချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း မလေးရှားမှာ တက္ကစီကားပေါ်ကနေ မြန်မာလူငယ်တစ်ယောက်ကို တွန်းချခဲ့တာကြောင့် မြန်မာလူငယ်လေး သေဆုံးခဲ့ရပါတယ်။

မလေးရောက် မြန်မာတွေအနေနဲ့ တစ်ယောက်တည်းသွားလာတဲ့အခါ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေ ရှိတဲ့အတွက် သတိပေးချက် ထုတ်ပြန်ရတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဗကသ – မဖြိုးဖြိုးအောင်နဲ့

US သမ္မတဟောင်း George W Bush တို့ရဲ့ Z လမ်း

.မေ ၂၆ ။

ပဲခူးတိုင်းအတွင်းက သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ဗကသ ကျောင်းသားတွေထဲက မဖြိုးဖြိူးအောင်ထံကို US သမ္မတဟောင်း George W Bush က ဂုဏ်ပြုကြောင်းစာလွှာနဲ့ အမှတ်တရလက်ဆောင် ပေးပို့ခဲ့ကြောင်း သိရပါတယ်။

ဗကသအဖွဲ့ဝင် ဖြစ်တဲ့ ကျောင်းသူ မဖြိုးဖြိုးအောင်ဟာ US သမ္မတဟောင်း George W Bush ဖွင့်လှစ်ထားတဲ့ Liberty and Leadership Forum ကို ၂၀၁၄ ခုနှစ်တုန်းက တက်ရောက်ခဲ့သူတစ်ဦး .ဖြစ်ပါတယ် ။

US သမ္မတဟောင်း ပေးပို့လိုက်တဲ့ စာထဲမှာ မဖြိုးဖြိုးအောင်တို့အနေနဲ့ ပညာရေးလွတ်လပ်ခွင့်အတွက် ဆက်လက်ရပ်တည်ကြဖို့ ရေးသားထားကြောင်း မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူက ထုတ်ဖော် .ပြောဆိုပါတယ်။

သာယာဝတီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ပညာရေးစနစ် ပြောင်းလဲရေး လှုပ်ရှားသူ ကျောင်းသား၊ ကျောင်းသူများနဲ့ ဝန်းရံသူတွေဟာ ဥပဒေမဲ့ အစုအဝေးမှာပါဝင်မှု၊  နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ြပည်သူ့ဝန်ထမ်း(ရဲများကို) နာကျင်စေမှု… စတဲ့ ပုဒ်မတွေ တပ်ပြီး ဖမ်းဆီးခံထားရတာ ၂ လကျော်ပြီ ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားများနဲ့ ဝန်းရံပြည်သူများကို သာယာဝတီမြို့နယ် တရားရုံးမှာ ရှစ်ကြိမ်မြောက် ရုံးထုတ် စစ်ဆေးတဲ့နေ့က လုံခြုံရေးကို ပိုမိုတိုးမြှင့်ထားပြီး တစ်ဦးချင်း လက်ထိတ်ခတ် ရုံးထုတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များနဲ့ အချေအတင်ဖြစ်ပွားမှုတွေ ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.ရေတိမ်နစ်နေတဲ့ မြို့တော်

 

.မေ ၂၆ ။

.မြန်မာပြည်ရဲ့ အထင်ကရမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးများ အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် လမ်းတွေပေါ်မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေပါတယ်။

မိုးရာသီရောက်တိုင်း ၊ မိုးရွာသွန်းပြီဆိုရင် လမ်းတွေပေါ်မှာ ရေတွေ လျှံတက်လာတဲ့အတွက် ရန်ကုန်မြို့နေ ပြည်သူလူထုဟာ သွားလာနေထိုင်ရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

အခုလို ရေကြီး/ရေလျှံမှုတွေ ဖြစ်တာဟာ ရန်ကုန်မြို့မှာ လူဦးရေ ထူထပ်များပြားလာမှု၊  စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှု၊ ရေမြောင်း အရွယ်အစား မမှန်ကန်မှုနဲ့ … ရန်ကုန် မြစ်ကြောင်း ဒီရေ .မြင့်တက်မှုတွေကြောင့် ဖြစ်ပါကြောင်း ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီက ဆိုပါတယ်။

စည်ပင်သာယာရေး ကော်မတီဟာ မိုးမကျခင် ဖေဖော်ဝါရီလကတည်းက ရေမြောင်းချဲ့ခြင်း၊ .မြေအောက် မြောင်းသစ်လုပ်ဖို့ နဂိုမြောင်းတွေကို ဖော်ထုတ်ခြင်းများ လုပ်နေပေမဲ့                           လမ်းတွေကတော့ ရေစီးရေလာမကောင်းဘဲ ရေကြီးနေဆဲသာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေအရ မိုးသည်းထန်လာတဲ့အခါမှာ ရန်ကုန်မြို့ရှိ လမ်းမများ ရေနစ်မြုပ်မှု မဖြစ်အောင် လုပ်ဆောင်နိုင်ဦးမှာ မဟုတ်ဘဲ ၊    လမ်းမပေါ်ရှိ ရေများ အမြန်ဆုံးပြန်ကျသွားအောင်သာ လုပ်ဆောင်နိုင်သေးကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောဆိုထားပါတယ်။

.ရေမမြုပ်အောင် မလုပ်နိုင်ဘူး ဆိုတာကို မြို့နေပြည်သူလူထုက အံ့ဩမိကြောင်း ပြောဆိုနေကြပြီး                                         .ရေကြီးရေလျှံမှုများ ဖြစ်ပွါးခြင်းကို Facebook လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဓါတ်ပုံတွေနဲ့တကွ .ဖော်ပြပြီး ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။

စည်ပင်သာယာရေးအဖွဲ့ကြီးအနေနဲ့ အခုနှစ်အတွက် ကျပ်ဘီလီယံ တစ်ရာကျော်နဲ့ .ရေကြီးရေလျှံမှု ပပျောက်ရေး စီမံကိန်းများ ဆောင်ရွက်နေတယ်လို့ သိရပြီး ၊ ဇန်နဝါရီလကလည်း ရန်ကုန်မြို့တွင်းရှိ ရေနုုတ်မြောင်းများ တူးဖော်ခြင်း၊ .မြောင်းဖုံးခင်းခြင်းများအတွက်ဆိုပြီး ကျပ် ၃ ဒသမ ရ ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.သေပြီးသားတွေကပဲ မဲထ ပေးရမလိုလို…

 

.မေ ၂၆ ။

.ရွေးကောက်ပွဲကော်မရှင်က ပထမအသုတ်အနေနဲ့ ထုတ်ပြန်လိုက်တဲ့ မဲပေးနိုင်သူ လူဦးရေစာရင်းတွေထဲမှာ သေဆုံးပြီးသူတွေရဲ့ အမည်များနဲ့ ရွှေ့ပြောင်းသွားသူတွေရဲ့ အမည်တွေ ပါဝင်နေကြောင်း သိရပါတယ်။

ဒါ့အပြင် အခုထုတ်ပြန်လိုက်တဲ့ မဲပေးခွင့်ရှိတဲ့ လူဦးရေစာရင်းဟာ ကြားဖြတ်ရွေးကောက်ပွဲ ကာလက မဲပေးခွင့်ရှိသူ စာရင်းထက် များစွာ လျော့နည်း နေကြောင်းလည်း သိရပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်းဟာ ပုံစံ(၆၆) ကို အခြေခံပြီးထုတ်တာဖြစ်တဲ့အတွက် ရွှေ့ပြောင်းလာတဲ့ ဧည့်သည်တွေလည်း မပါဝင်ဘူးလို့ ပြောဆိုနေကြပါတယ်။

နေပြည်တော်ရှိ မင်္ဂလာသိဒ္ဒိရပ်ကွက်မှာဆိုရင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက မဲပေးနိုင်တဲ့ လူဦးရေ ၄,၀၀ဝ ကျော် ရှိခဲ့ပေမဲ့ အခုထုတ်ပြန်တဲ့ စာရင်းမှာတော့ ၂၄၁ ယောက်ပဲ ပါဝင်တယ်လို့ ဆိုပါတယ်။

အလားတူ – နေပြည်တော် – ရှားတောကျေးရွာမှာဆိုရင်လည်း မဲပေးနိုင်တဲ့ လူဦးရေ (၇၀၀)ကျော်ရှိရာမှာ စာရင်း ထွက်လာတော့ (၂၀၁) ယောက်သာ ပါဝင်ကြောင်း ၊  လူဦးရေ တစ်ထောင်ကျော် ရှိတဲ့ အခြားနေရာတွေမှာလည်း ၃၀ဝ လောက်သာ ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် သေသွားပြီးသား လူတွေရဲ့ နာမည်စာရင်းတွေပါ ဖော်ပြထားတာဟာ စဉ်းစားစရာ .ဖြစ်နေပါတယ်။

ဒီလူတွေ သေပြီးသားဆိုတာကို သန်းခေါင်စာရင်းကောက်စဉ်ကတည်းက သိနိုင်ပေမဲ့  အခု ထွက်ပေါ်လာတဲ့ စာရင်းတွေထဲမှာ သေသူတွေ ဘာကြောင့် ပါဝင်လာသလဲ ဆိုပြီး .ပြောဆို ဝေဖန်မှုတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ထဲမှာတော့ မဲပေးခွင့်ရှိသူ (၁၈ သိန်းကျော်) ရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

မဲပေးနိုင်သူစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ လာမယ့် ဇွန်လ ရရက်နေ့အထိ နှစ်ပတ်ကြာ ဖော်ပြထားမှာဖြစ်ပြီး                .ပြည်သူတွေအနေနဲ့ မိမိအမည်ကို သွားရောက်စစ်ဆေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

.မြန်မာပြည်တွင်း နေရာတချို့မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေပြီးစီးနိုင်ဖို့ အခက်အခဲတွေ ရှိနေသေးပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကိုတော့ လာမယ့်နိုဝင်ဘာလမှာ အစီအစဉ်အတိုင်း ကျင်းပ မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

အစာအဆိပ့်သင့် – တခါတဆိတ် ထင့်

 

.မေလ ၂၄ ။

US တဝန်းရှိ ပြည်နယ်များစွာ အတွင်းမှာ အစာ အဆိပ်သင့် စေတဲ့ ဘက်တီးရီးယားပိုး တစ်မျိုး ကူးစက် ပျံ့ပွားမှု ဖြစ်ပွားနေပါတယ်။

အဆိုပါ ကူးစက်မှုကြောင့် လူ ၅၃ ဦး ဖျားနာခဲ့ကြောင်း သိရပြီး ကူးစက်ခံရမှု များပြားတဲ့ .ဒေသတွေထဲမှာ… ကယ်လီဖိုးနီးယား ပြည်နယ်ဟာ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အရီဇိုးနား၊ အီလီနွိုက်စ်၊ မစ္စစ္စပီ၊ နယူးမက္ကဆီကို၊ တောင်ဒါကိုတာ၊ ဗာဂျီးနီးယား၊ ဝါရှင်တန်နဲ့ ဝစ္စကွန်စင် …စတဲ့ ပြည်နယ်တွေအတွင်းမှာလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

.ရောဂါပိုး ကူးစက်မှုကြောင့် ဖျားနာသွားခဲ့သူ ၁ဝ ဦးကို ဆေးရုံတွေဆီ ပို့ဆောင်ထားခဲ့ပေမဲ့ အသေအပျောက် စာရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အဆိုပါ ရောဂါပိုး ကူးစက် ပျံ့နှံ့ရတဲ့ အကြောင်း အရင်းကိုလည်း တိတိကျကျ မသိရှိရသေးဘဲ ဖျားနာသူ အများစုဟာ တူနာငါး အစိမ်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆူရှီတွေကို စားသုံးခဲ့ကြတာနဲ့ သက်ဆိုင်လိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

အဆိုပါ ဘက်တီးရီးယား ပိုး ကူးစက်ခံရတဲ့အခါ ပျို့အန်ခြင်း၊ ကြွက်တက်ခြင်းနဲ့ ဖျားနာခြင်းများ .ဖြစ်ပေါ်လာတတ်ပြီး အစာ အဆိပ်သင့်ခြင်း ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်စေကြောင်း ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စင်တာက ပြောဆို သတိပေးထားပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

NLD သာ အစိုးရ ဖြစ်မယ်ဆိုရင်… ဆိုရင်….ဆိုရင်…

 

.မေလ ၂၄ ။

ဒီမုိုကရေစီ စံနှုန်းတွေနဲ့ မကုိုက်ညီတဲ့ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုုံအခြေခံ ဥပဒေထဲက အချက်တွေကုို .ပြင်ဖုို့အရေးနဲ့ပတ်သက်ရင် ပြည်သူတွေကို မထိခုိုက် မနစ်နာစေတဲ့ နည်းကိုပဲ ရွေးချယ်မယ်လုို့ .ဒေါ်အောင်ဆန်းစုုကြည်က ပြောဆုိုလုိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ                                                                                .မေလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ပူတာအုိုမြို့မှာ ပြုလုုပ်ခဲ့တဲ့ လူထုုတွေ့ဆုုံပွဲအတွင်း – .ပြည်သူတွေ မေးမြန်းတဲ့ မေးခွန်းတွေကုို ဖြေဆုိုခဲ့တဲ့အပြင်                                                         လက်ရှိ မြန်မာပြည်ရဲ့ နုိုင်ငံရေးအခြေအနေများ ၊ ဖွဲ့စည်းပုုံ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေများကုိုလည်း ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုုံ ပြင်ရေးကုို ဥပဒေဘောင်အတွင်းကသာ လုုပ်ဆောင်သွားမှာဖြစ်ပြီး ဆူပူလှုံ့ဆော် ဆန္ဒပြတဲ့နည်းနဲ့ မဟုုတ်ဘဲ အကောင်အထည်ဖော်မယ်လို့ ပြောဆိုခဲ့ပါတယ်။

NLD သာ အစိုးရ ဖြစ်မယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက်  .ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၊   .ပြည်သူမပါပဲ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း … NLD ဥက္ကဋ္ဌ လူထုခေါင်းဆောင် .ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အဆိုပါ ပူတာအုို လူထုု စည်းရုုံးရေး ခရီးစဉ်အတွင်း မြစ်ကြီးနား၊ မုိုးကောင်း၊ ဖားကန့်စတဲ့ ဒေသများမှ .ပြည်သူအင်အား သောင်းနဲ့ချီပြီး တက်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.ရေတစ်မှုတ် မီးတစ်ဆုပ်

 

.မေ ၂၃ – ၂၄ ။

ရန်ကုန်နဲ့ ဒလ ဘက်ကမ်းကို မြစ်ကူးတံတား တည်ဆောက်ဖို့ဆိုပြီး ကိုရီးယားနိုင်ငံဆီကနေ             US ဒေါ်လာ သန်းပေါင်း ၁၄ဝ နီးပါး ချေးယူမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်ထံကို အကြောင်းကြားလိုက်ပါတယ်။

အဆိုပါ ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို ငါးနှစ်အတွင်း တည်ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

တံတားဆောက်လုပ်ဖို့အတွက် ချေးယူမယ့် ငွေပမာဏကို  အတိုးနှုန်း ဝ.ဝ၁ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပြီး ပြန်ဆပ်ရမယ့်ကာလကအနေနဲ့                             ဆိုင်းငံ့ကာလ ၁၅ နှစ် အပါအဝင် နှစ်ပေါင်း ၄ဝ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ချေးငွေ ပေးဆပ်မှုကို တစ်နှစ်လျှင် ၂ ကြိမ်ပေးဆပ်ရမှာဖြစ်ပြီး ၊ ပျက်ကွက်မှုစရိတ်အနေနဲ့ တစ်နှစ်ကို ၂ ရာခိုင်နှုန်းရှိကြောင်းလည်း သိရပါတယ်။

US ဒေါ်လာ သန်း ၁၇ဝ လောက်ကုန်ကျမယ့် အဆိုပါ ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို .မြန်မာအစိုးရဘက်က ဒေါ်လာသန်း ၃ဝ လောက်သာ ကျခံသုံးစွဲမှာဖြစ်ပြီး ကျန်ငွေကို ကိုရီးယားနိုင်ငံကနေ ချေးယူမယ့် သဘော ဖြစ်ပါတယ်။

ဒလမြစ်ကူးတံတားတည်ဆောက်ဖို့ အစိုးရက လွှတ်တော်ကို တင်ပြဆွေးနွေးပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ဒလမြို့ရှိ မြေကွက်တွေဟာ ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်သွားကြောင်း သိရပါတယ်။

အခုဆိုရင် ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့ဟာ အိမ်ခြံမြေရောင်းဝယ်သူတွေနဲ့ ပွဲစားအများစု စိတ်ဝင်တစား လာရောက်လေ့လာနေကြပြီး ဝယ်ယူနေသူတွေထဲမှာ တရုတ်လူမျိုးတွေ များကြောင်း သိရပါတယ်။

ဒါ့အပြင် စိတ်ဝင်စားသူများလာတာနဲ့အမျှ မြေတွေရဲ့ ခေါ်ဈေးနှုန်းများ တဟုန်ထိုး တက်သွားပြီး တချို့မြေနေရာတွေမှာ ပေ ၄ဝ x ၆ဝ တစ်ကွက်ကို ကျပ်သိန်း သုံးထောင်အထိ ခေါ်ဈေး ရှိနေပါတယ်။

တံတားတည်ဆောက်မယ်ဆိုတဲ့ လမ်းပေါ်မှာရှိတဲ့ နာရီစင်မှ နှစ်မိုင်အတွင်းရှိ လယ်ကွက်မြေတွေလည်း အရောင်းအဝယ်ဖြစ်သွားကြောင်း ကြားသိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ပုဒ်မ ဆယ့်ကိုး – ပုပ်ပွဆိုး

 

.မေ ၂၃ ။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ၊ ၉ ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်အားကစားကွင်းကို ပုဂ္ဂလိက အဆောက်အဦးတစ်ခုအား ဆောက်လုပ်ခွင့်ပြုလိုက်တဲ့အရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက “ဦးကိုကိုကြီး”ကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ကြောင်း သိရပါတယ်။

၅ လကျော်ကြာပြီးဖြစ်တဲ့ အဆိုပါ အမှုနဲ့ပတ်သက်ပြီး ဦးကိုကိုကြီးကို ခံဝန်လက်မှတ်ရေးထိုး ခိုင်းပေမဲ့ ဦးကိုကိုကြီးက လက်မခံပဲ ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။

.တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်အတွင်းက ပေ ၁ဝဝ ကျော်တဲ့ အများပိုင်အားကစားကွင်းကို .ပြီးခဲ့တဲ့နှစ်တုန်းက မြို့တော်ဝန်က သိမ်းဆည်းခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီပိုင် ရှစ်ထပ် အဆောက်အဦး တည်ဆောက်နေတာ ဖြစ်ပါတယ်။

အများပိုင် နေရာတစ်ခုဖြစ်တဲ့ ကလေးအားကစားကွင်းကို ကာလပေါက်ဈေး သိန်း ရ သောင်း ၈ သောင်းတန်တဲ့ စီးပွားရေးအကျိုးအမြတ်အတွက် လုပ်တဲ့ကိစ္စကို နိုင်ငံတော်ကအရေးမယူဘဲ                                                           ကလေးကစားကွင်းကို မူလအတိုင်းပြန်လည်ရရှိဖို့အတွက် ဆန္ဒဖော်ထုတ်တဲ့သူတွေကို အရေးယူတယ်ဆိုတာဟာ တရားမျှတမှု မရှိကြောင်း ပြောဆို ဝေဖန်မှုတွေ ရှိနေပါတယ်။

အခုလိုလုပ်တဲ့ ဖြစ်ရပ်ဟာ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အများပိုင်နေရာကို အလွဲသုံးစားလုပ်တာဖြစ်ကြောင်းလည်း ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။

အခုလို ပုဒ်မ ၁၉ နဲ့ ဆန္ဒပြသူတွေကို အမှုဖွင့်တာဟာ                                               ဦးကိုကိုကြီးအပါအဝင် ဒေါက်တာစောနိုင်၊ ကိုနိုင်ကိုလင်း၊ ဦးအောင်မော်နဲ့ ဦးမုန်းခက်တို့ဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းက ခွင့်ပြုချက်မပေး တဲ့နေရာမှာ ဆန္ဒပြလို့ဆိုပြီး အမှုဖွင့်ခံရတာဖြစ်ပါတယ်။

အဲ့ဒီတုန်းက မြို့နယ်ရဲစခန်းက ကျိုက္ကဆံဟစ်တိုင်မှာသာ ဆန္ဒပြဖို့ခွင့်ပြုပေမယ့်  ဦးကိုကိုကြီးတို့က အဆောက်အဦး ဆောက်လုပ်နေတဲ့ အားကစားကွင်းရှေ့မှာ သွားရောက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.လောင်ရင် လောင်တယ်မှတ် – သေရင် သေတယ်မှတ်

 

.မေ ၂ဝ – ၂၂ ။

.မြန်မာစစ်တပ်ဘက်က သိမ်းဆည်းထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့                     ဆန္ဒပြတဲ့အနေနဲ့ မိမိကိုယ်ကို မီးရှို့ဆန္ဒပြတဲ့ ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့က အသက် ၆၃ နှစ်အရွယ် .တောင်သူ ဦးမြင့်အောင်ဟာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ တောင်သူ ဦးမြင့်အောင်ဟာ မေလ ၂ဝ ရက် ၊ မနက်ပိုင်းက တောင်ကြီးမြို့တွင်းက .ရေပူကျေးရွာရဲ့ လမ်းမပေါ်မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီး မီးရှို့ခံကာ                         ဆန္ဒပြခဲ့ခြင်း ဖြစ်ပါတယ်။

မီးလောင်ကျွမ်းသွားတဲ့ ဦးမြင့်အောင်ကို အနီးနားရှိ ရွာသားတွေက မီးငြှိမ်းသတ်ပေးခဲ့ပေမဲ့ သတိလစ်မေ့မြောသွားပြီး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေနဲ့ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။

အဲ့ဒီနောက် မီးလောင်ဒဏ်ရာပြင်းထန်လွန်းတဲ့အတွက် မေလ ၂၂ ရက် ၊ နေ့လည် ၁ နာရီခွဲအချိန်မှာ စဝ်စံထွန်းဆေး ရုံကြီးမှာပဲ အသက်ဆုံးရှုံးသွားကြောင်း သိရပါတယ်။

မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သူ ဦးမြင့်အောင် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အခုလို ကိုယ့်ကိုယ်ကိုမီးရှို့ဆန္ဒပြတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ရပ်ဖြစ်တဲ့အပြင်…  ဒါဟာ တုန်လှုပ်ခြောက်ခြား စရာကောင်းသလို၊ တောင်သူလယ်သမားတွေမှာ                                             အားကိုး ရာမရှိတော့သလိုဖြစ်နေပြီလို့ … NLD ပါတီရဲ့ သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးက .ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မှာတင် မက မြန်မာ တပြည်လုံးမှာ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကြောင့် ဒုက္ခရောက်နေတဲ့ တောင်သူလယ်သမားတွေက အများကြီးရှိနေကြောင်း ၊  သက်ဆိုင်ရာအစိုးရ – တပ်မတော် စတဲ့ … လယ်ယာမြေသိမ်းဆည်းထားသူတွေအနေနဲ့ ဒီလိုအသက်သေဆုံးတဲ့အထိ ဖြစ်လာရတဲ့ မြေသိမ်းအမှုတွေကို အမြန်ဆုံးစဉ်းစားပြီး ငဲ့ညှာ ပေးသင့်ကြောင်း ပြောဆိုဝေဖန်မှုတွေ ရှိလာပါတယ်။

တောင်ကြီးမြို့နယ်ထဲက ကွန်လုံကျေးရွာအုပ်စုမှာပါဝင်တဲ့ ကျောက်နီ၊ ရေပူ၊ သရက်ပင်လှ၊ ဘုရားနီနဲ့ .နောင်ကား ရွာတွေက လယ်ယာမြေ ဧက ၅၀၀ဝ ကျော်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ၁၉၉၄ ခုနှစ် မှာ သိမ်းခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ယူအက်စ်ပွဲတော် – အတူတက် နွှဲတပျော်

 

US ၊ ကာလီဖိုးနီးယားပြည်နယ် ၊ ဒေးလီးစီတီးမြို့ ၊ Jefferson Union High School တည်ရှိရာမှာ ဗုဒ္ဒနေ့ပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

ပွဲတော်ကျင်းပမယ့်နေရာကတော့ Serramonte Del Rey, 699 St Francis Blvd, Daly City, CA 94015 ဖြစ်ပါတယ်။

အဆိုပါပွဲတော်ကို ဇွန်လ ( ရ ) ရက်၊ နံနက် ( ၉း၃ဝ ) မှာ စတင်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်တာကြောင့် ပါဝင်ဆင်နွှဲ ကုသိုလ်ယူနို်င်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ်သိလိုသူများအတွက် ဖုန်း – (650) 755-7179 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဟေးဝပ်ဒ်မြို့ ၊ မုဒိတာရွှေကျောင်း တည်ရှိရာ 27695 Leiding Ct. Hayward, CA 94544 မှာ .ရွှေသိမ်တော်ကြီးကို တည်ဆောက်လျက်ရှိပြီး သိမ်အောင်ပွဲကို ဇူလိုင်လ ၁၂ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေ သူတော်စင်များအနေနဲ့ သိမ်တော်အတွက် ကုသိုလ်ယူ ပါဝင်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အသေးစိတ်သိရှိလိုသူများအနေနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ 510 574 5442 ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဝေဠုဝန်တောရကျောင်းမှာ သင်္ကြန်ပွဲ ၊ သက်ကြီးပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

.ကျေင်းတိုက်တည်ရှိရာ 1044 Garvin Lane , Bowling Green, KY 4210 မှာ မေလ (၃၀) ရက် စနေနေ့မနက် နံနက် (၉းဝ၀) မှာ စတင်ကျင်းပမှာ ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေသူတော်စင်များ ပါဝင်ဆင်နွဲကြပါလို့ ဖိတ်ကြားအပ်ပါတယ်။

အသေးစိတ်သိလိုသူများ ဆက်သွယ်ရမှာကတော့  ဖုန်း (270) 421 -0894 ၊ (270) 535-5527 ၊ (270) 784-1109 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊ Theravada Dhamma Society, 699 Serramonte Blvd. # Daly City, CA 94015 မှာ ဆရာတော် ဦးဃောသိတာ ဘိဝံသကနေပြီးတော့ ထေရဝါဒ ဓမ္မတရားတော် သင်တန်းတွေကို ပို့ချ သင်ကြားပေးနေပါတယ်။

ဓမ္မသင်တန်းတွေကို ဇွန်လ (၂) ရက်နေ့အထိ နေ့စဉ် ည(၇)နာရီမှာ သင်ကြားပို့ချပေးနေတာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများအနေနဲ့ မည်သူမဆို တက်ရောက် နာယူ သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း – (၆၅၀) ၉၉၃ ၈၇၇ဝ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

=========================

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

အောင်ဇေ

 

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • ခင်ဇော်

    May 29, 2015 at 4:33 am

    နောက်ဆို လင်မယားးချင်းးအဟွာပု ဖို့ တို့ ကလေးးမွေးးဖို့တို့ ပါ လျှောက်လွှာတင်ဖို့ ပြောကြမလားးမသိ…
    🙄

  • မြစပဲရိုး

    May 29, 2015 at 9:52 pm

    { ယူမယ်ဆို အရှည်ကို ကြည့်… }
    What !!!!!!!!!!!
    What do you mean ??? 🙄

    • မြစပဲရိုး

      May 29, 2015 at 9:54 pm

      . ထောင်နှစ် အရှည် လို့ ဘဲ ကွကိုယ်ကို ပြန်ဖြေလိုက်ပါကြောင်း။ lol:-))))

    • Alinsett @ Maung Thura

      May 29, 2015 at 11:32 pm

      အဟီးးးး
      ရပ်ထဲရွာထဲ ပြောပြောနေတာ ကြားဖူးတယ်လေ အရီးရဲ့

      အဘိုးအိုတွေ အမယ်အိုတွေက သူရို့ တူမတွေ မြေးမတွေကို မှာတာာာာ
      ညည်းတို့ ယောကျာ်းယူမယ်ဆို အရှည်ကို ကြည့်
      တဲ့
      ဟီဟိ
      .ရေရှည်ကို ကြည့်လို့ ပြောတာ နေမှာပေါ့။
      မျက်တောင်မွှေးတဆုံးလောက် မကြည့်သင့်
      မျက်စိတဆုံး ကြည့် ဆိုတဲ့သဘော နေမှာာာ

      အခုလည်း ဒီဥပဒေကြီး ပေါ်လာပြီဆိုတော့
      ယူမယ်ဆို အရှည်ကို ကြည့်ရဦးမယ့်သဘောာာ
      အာ့ကြောင့်

      :k:

      • kai

        May 30, 2015 at 12:17 am

        အရှည်ကြည့်စရာမလိုဘူး..ဆိုတာပဲ.. :k:

        85% of women were satisfied with their partner’s penile size, but only 55% of men were satisfied. Notice anything? The women were much more forgiving.

        • မြစပဲရိုး

          May 30, 2015 at 4:29 am

          အဲဒါက ရော ဘာ အဓိပ္ပါယ်တုန်း??? 🙄

  • မြစပဲရိုး

    May 29, 2015 at 9:58 pm

    ရန်ကုန်နဲ့ ဒလ ဘက်ကမ်းကို မြစ်ကူးတံတား တည်ဆောက်ဖို့
    လွှတ်တော် က အတည်ပြု လိုက်ပါပြီ။
    သူတို့ လူ များ ပိုက်ဘော မိထားတာ ကို ဇွတ် အတင်း ကယ် လိုက်ခြင်းပါဘဲ။
    လွှတ်တော်ထဲ က တောင် လူတွေ မထွက်သေး၊
    အပြင်မှာ သတင်းပြန့်ပြီး။

    • Ma Ma

      May 30, 2015 at 9:09 pm

      မှန်ပါ့ မြကလေး ရေ။
      ရတဲ့သူတွေလည်း အထုပ်အထည်ပိုက် ရလိုက်ကြပြီ။
      ခုမှသတင်းကြားနဲ့ သွားလုပ်ကြည် နှဲခွက်ကြီးနင်းမိသလို နင် နေလိမ့်မယ်။
      :p:

      • kai

        May 31, 2015 at 2:23 am

        နောက်အစိုးရက… လုပ်ခွင့်ပြု/မပြု မသေချာပဲနဲ့.. အခုလိုပြည်ပငွေချေးလုပ်တာကို… ယုံချင်စိတ်သိပ်မရှိ..။
        ရွေးကောက်ပွဲဒီလောက်ကပ်နေတဲ့ဟာကိုနော..။

        တနည်းအားဖြင့်.. ဒီလိုပရောဂျက်ယောင်လေးတွေ.. ထုတ်ထုတ်ပြတာဟာ… ခရိုနီငွေတွေကို.. လူထုဆီရောက်အောင်ဖြန့်ထုတ်တာမှာ.. အောင်မြင်တဲ့နည်းတခုတော့.. ဖြစ်ကောင်းဖြစ်မယ်ထင်မိ…။

Leave a Reply