အိမ်မှာ ယုဇနပန်းတွေပွင့်နေတယ်…

အပင်ကြီးတစ်ပင် အသေးတစ်ပင် ပွင့်လိုက်တာ တစ်ခြံလုံး မွှေးနေတာပါဘဲ…

ပန်းရနံ့လေးတွေနဲ့ အတူအိပ်ရင်း ငယ်က ရူးခဲ့ရတဲ့ သီချင်းလေးသတိရခဲ့တယ်….

ဓာတ်ပုံရိုက်ထားတဲ့ ပန်းကလေးတွေကြည့်ရင်း …

သီချင်းလေး နားထောင်ရင်း (ဖတ်) ရအောင် တင်ပေးလိုက်တယ်နော်…

ယုဇနပင် နဲ့ ဖဲကြိုးဝါ

မင်းမင်းလတ်

အိမ်ပြန်လတပေါင်းနဲ့ ချစ်စရာ့နွေ ကြွေရွက်တွေ ၀ဲလို့ ဝေ့လည်နေကြတယ်

ကိုယ်ပေးခဲ့သော စာရရင် ဘယ်လိုဖြေမယ် ကိုယ်မသိဘူး

ချစ်လိမ့်မယ်… အို မချစ်ဘူး… ဒီလိုမေးခဲ့တယ်… … ဒီလိုမေးခဲ့တယ်

ယုဇနပင် ပန်းတွေကြားမှာ သိစရာ အဖြေရှိမယ်..

ကိုယ့်အချစ်ကို မပြစ်ရင် ဖဲကြိုးအ၀ါလေးကို …ပန်းတွေကြားမှာ တွေ့မယ် ကိုယ်မျှော်လင့်ခဲ့ရတယ်..

အ၀ါရောင် ဖဲကြိုးလေး တွေ့များမတွေ့ရင် ကိုယ်ရင်နာနေမယ်…

တွေ့ပါ့မလားကွယ် ဖဲကြိုးအ၀ါကို ရင်မှာ သံသယငြိတွယ်…

ကိုယ်လာရာ လမ်းကလေးရောက်ရင်ကွယ် ခြေလှမ်းတွေ နှေးခဲ့ရတယ် အခက်ပဲကွယ်…

မကြည့်ဘူးလေ ကြည့်မယ်လို့ကွယ်…ရင်မှာအဖြေမလွယ် တွေဝေမူး…

အကျဉ်းကျသူလိုနေတာ ကိုယ်ပါဘဲ…အတွေးခက်တယ်…အ၀ါရောင်ဖဲကြိုးရယ်…

ယုဇနပင် ပန်းတွေကြားမှာ သိစရာ အဖြေရှိမယ်..

ကိုယ့်အချစ်ကို မပြစ်ရင် ဖဲကြိုးအ၀ါလေးကို …ပန်းတွေကြားမှာ တွေ့မယ် ကိုယ်မျှော်လင့်ခဲ့ရတယ်..

အ၀ါရောင် ဖဲကြိုးလေး တွေ့များမတွေ့ရင် ကိုယ်ရင်နာနေမယ်…

တွေ့ပါ့မလားကွယ် ဖဲကြိုးအ၀ါကို ရင်မှာ သံသယငြိတွယ်…

ယုဇနပင် ပန်းတွေကြားကို ကြည့်တယ်…ယုံတောင် မယုံချင်ပါပြီကွယ်…

အား….ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တစ်ပုံကြီး အများကြီး အများကြီး တွေ့တယ်…

ယုဇနပင်မှာ အဖြေရှိပြီ.. ယုဇနပင်မှာ ရှာတွေ့ပြီ… ယုဇနပင်မှာ ရှာတွေ့ပြီ

ယုဇနပင်မှာ အဖြေရှိပြီ.. ယုဇနပင်မှာ ရှာတွေ့ပြီ… ယုဇနပင်မှာ ရှာတွေ့ပြီ…

IMG_3085

1

IMG_3394

2

IMG_3395

3

IMG_6159

4

IMG_6162

5

IMG_6163

6

IMG_6160

7

IMG_3397

8

About Ma Ei

Ma Ei has written 53 post in this Website..