ယုဇန အလွမ်း….

Ma EiMay 28, 20152min21312

အိမ်မှာ ယုဇနပန်းတွေပွင့်နေတယ်…

အပင်ကြီးတစ်ပင် အသေးတစ်ပင် ပွင့်လိုက်တာ တစ်ခြံလုံး မွှေးနေတာပါဘဲ…

ပန်းရနံ့လေးတွေနဲ့ အတူအိပ်ရင်း ငယ်က ရူးခဲ့ရတဲ့ သီချင်းလေးသတိရခဲ့တယ်….

ဓာတ်ပုံရိုက်ထားတဲ့ ပန်းကလေးတွေကြည့်ရင်း …

သီချင်းလေး နားထောင်ရင်း (ဖတ်) ရအောင် တင်ပေးလိုက်တယ်နော်…

ယုဇနပင် နဲ့ ဖဲကြိုးဝါ

မင်းမင်းလတ်

အိမ်ပြန်လတပေါင်းနဲ့ ချစ်စရာ့နွေ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ်

ကိုယ်ပေးခဲ့သော စာရရင် ဘယ်လိုဖြေမယ် ကိုယ်မသိဘူး

ချစ်လိမ့်မယ်… အို မချစ်ဘူး… ဒီလိုမေးခဲ့တယ်… … ဒီလိုမေးခဲ့တယ်

ယုဇနပင် ပန်းတွေကြားမှာ သိစရာ အဖြေရှိမယ်..

ကိုယ့်အချစ်ကို မပြစ်ရင် ဖဲကြိုးအဝါလေးကို …ပန်းတွေကြားမှာ တွေ့မယ် ကိုယ်မျှော်လင့်ခဲ့ရတယ်..

အဝါရောင် ဖဲကြိုးလေး တွေ့များမတွေ့ရင် ကိုယ်ရင်နာနေမယ်…

တွေ့ပါ့မလားကွယ် ဖဲကြိုးအဝါကို ရင်မှာ သံသယငြိတွယ်…

ကိုယ်လာရာ လမ်းကလေးရောက်ရင်ကွယ် ခြေလှမ်းတွေ နှေးခဲ့ရတယ် အခက်ပဲကွယ်…

မကြည့်ဘူးလေ ကြည့်မယ်လို့ကွယ်…ရင်မှာအဖြေမလွယ် တွေဝေမူး…

အကျဉ်းကျသူလိုနေတာ ကိုယ်ပါဘဲ…အတွေးခက်တယ်…အဝါရောင်ဖဲကြိုးရယ်…

ယုဇနပင် ပန်းတွေကြားမှာ သိစရာ အဖြေရှိမယ်..

ကိုယ့်အချစ်ကို မပြစ်ရင် ဖဲကြိုးအဝါလေးကို …ပန်းတွေကြားမှာ တွေ့မယ် ကိုယ်မျှော်လင့်ခဲ့ရတယ်..

အဝါရောင် ဖဲကြိုးလေး တွေ့များမတွေ့ရင် ကိုယ်ရင်နာနေမယ်…

တွေ့ပါ့မလားကွယ် ဖဲကြိုးအဝါကို ရင်မှာ သံသယငြိတွယ်…

ယုဇနပင် ပန်းတွေကြားကို ကြည့်တယ်…ယုံတောင် မယုံချင်ပါပြီကွယ်…

အား….ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တစ်ပုံကြီး အများကြီး အများကြီး တွေ့တယ်…

ယုဇနပင်မှာ အဖြေရှိပြီ.. ယုဇနပင်မှာ ရှာတွေ့ပြီ… ယုဇနပင်မှာ ရှာတွေ့ပြီ

ယုဇနပင်မှာ အဖြေရှိပြီ.. ယုဇနပင်မှာ ရှာတွေ့ပြီ… ယုဇနပင်မှာ ရှာတွေ့ပြီ…

IMG_3085
1
IMG_3394
2
IMG_3395
3
IMG_6159
4
IMG_6162
5
IMG_6163
6
IMG_6160
7
IMG_3397
8

12 comments

  • အောင် မိုးသူ

    May 28, 2015 at 1:44 pm

    ယုဇပန်းပုံသဏ္ဍာန်ကို နှစ်သက်သလို ရနံ့ကိုလည်းအရမ်းနှစ်သက်တယ်။ 🙂

  • ဒီသီချင်း ကို ကျနော် 8တန်းကျောင်းသားဘဝမှာကြားဘူးတာပါ။
    နွေရာသီကျောင်းပိတ်ရက် မိတ္ထီလာလေတပ်ထဲမှာနေတဲ့ အမအိမ်ကို အလည်သွားတော့
    အဲဒီတပ်ထဲက တီးဝိုင်းက ဒီသီချင်းကို သီချင်းတိုက်နေတဲ့အချိန်မှာ စပြီးကြားဘူးတာပေါ့။
    အရင်ကလဲ ကြိုက် အခုထိလဲကြိုက်နေတဲ့သီချင်း

    ဒီသီချင်းလေးက ဘာသာပြန်သီချင်းလေးပါ။

    ဒီသီချင်းကို ခံစားပြီး သုမောင်က အချစ်သစ်ပင်ဆိုပြီး ဝတ္တုလေးရေးတော့
    ဖတ်ပြီး အတော်လေးကို သဘောကျခဲ့ ပြန်ပါတယ်

    ဒါပေမယ့ အဲဒီအချိန်က ယုဇနပန်းဆို တာ ဘယ်လိုပန်းမှန်းမသိခဲ့သေးဘူး။

    မူရင်းသီချင်းမှာ ပါတဲ့ ဝက်သစ်ချ ပင်တော့ မြင်ဘူးနေ သိနေခဲ့တယ်

    • Ma Ei

      May 28, 2015 at 2:40 pm

      အချစ်သစ်ပင်ကိုရုပ်ရှင်အဖြစ် ကြည့်ဘူးတယ်…
      ရုပ်ရှင်ရုံထုံးစံအတိုင်း ဇာတ်ကားပြီးပြီဆိုထပြန်ဘို့ပြင်နေကြသူတွေ…
      ဇာတ်ကားအဆုံးမှာ သီချင်းလဲလာရော ပြန်ထိုင်ကြတာမှတ်မိနေတယ်…

  • ​ဒေါ် လေး

    May 28, 2015 at 11:14 pm

    ယုဇနပန်းက ပွင့်ရင် အဆုပ်လိုက် လှတယ်
    ဒါပေမယ့် ကြာကြာ မခံဘူးနော်
    ယုဖနပင် နဲ့ ဖဲကြိုးဝါ သီချင်းက မင်းမင်းလတ် ဆိုတာတော့
    နားမထောင်ဘူးပါ ဇော်ဝင်းထွဋ်ဆိုတော့ အရမ်းကြိုက်
    နေတိုးက တခါပြန်ဆိုတော့ နားထောင်ရတာ ရှတတ အသံလောက်မကြိုက်

  • မြစပဲရိုး

    May 28, 2015 at 11:18 pm

    ပန်းလေး တွေ က လှလိုက်တာ။ အပွင့်ပွင့်ပြီး မှ အသီးသီး တာလား။
    တို့ အိမ်ရဲ့ မျက်စောင်းထိုး အိမ်မှာလဲ အရင်တုန်းက ယုဇနပင် တစ်ပင်ရှိတာ။
    အနံ့ သင်းသင်းလေး။ ဝေ နေအောင် ပွင့်ကြတာ။

    သီချင်းကတော့ အကြိုက်တွေထဲ က တစ်ပုဒ်ပါ။
    မူရင်း သီချင်းက ထောင်က ထွက် လာတဲ့ လူတစ်ယောက် ရဲ့ တကဲ့ အဖြစ်အပျက်လို့ ပြောတာဘဲ။
    သူထောင် က လွတ်ခါနီး သူ့မိန်းမ ဆီ စာရေးဖို့ခဲ့တာ။
    သူ့ကို ချစ်သေးလို့ ခွင့်လွှတ်ပြီး ပြန်လက်ခံရင် အဝါရောင်ဖဲကြိုးလေး ဝက်သစ်ချပင်မှာ ချည်ထားပါတဲ့။
    သူ့ ကို ထောင်က ဘတ်စ်ကား နဲ့ လိုက်ပို့ တာ မို့ ဖဲကြိုး မတွေ့ရင် ကားပေါ်က မဆင်းဘဲ ဆက်လိုက်သွားမယ်ပေါ့။
    အဲဒါကို ဘတ်စ်ကား မောင်းသမားကြီး အပါအဝင် ကားပေါ်ပါ အားလုံး သိလိုက်တော့ အားလုံး စိတ်လှုပ်ရှားပြီး သွားကြတာ။
    ကာယကံ ရှင်မှာ မကြည့်ရဲ လို့ မတွေ့ရင် ကား ကို ဆက်သာမောင်းသွားပါလို့ မှာထားတာ။
    တစ်ကားလုံး ဝိုင်းအော်ပြီး ကားရပ်လိုက်မှ သူက မျက်စီဝဖွင့်ကြည့်ရဲတာ တဲ့။
    သုမောင် ရဲ့ ဇာတ်လမ်း ကလဲ ဒီလို သရုပ်ဖော်ပါဘဲ မဟုတ်လား။

  • Alinsett @ Maung Thura

    May 28, 2015 at 11:50 pm

    အဲ့သီချင်းလေး နားထောင်ကောင်းလို့ ကြိုက်မိသေး
    စီးတီးအက်ဖ်မ်ပွဲမှာထင်တယ် နေတိုးပြန်ဆိုထားသေး

  • ခင်ဇော်

    May 29, 2015 at 4:24 am

    မနေ့ က ဒီစာဖတ်ပြီးး သီချင်းးကို စိတ်ထဲမှာ ညည်းးမိနေ…
    ဘယ်သူမှ သတိမထားးးမိတာ တစ်ခုက…
    ဒီ သီချင်းးကို ရဲတိုက်လည်းး ဆို ထားးး ဖူးးပါတယ်လို့…

    🙂

    • Ma Ei

      May 29, 2015 at 1:35 pm

      သူဆိုထားတယ်ဆို…နားထောင်ကြည့်ချင်သား…

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 29, 2015 at 2:15 pm

    တခါက ကေတီဘွီသွားတုန်းက မူးမူးနဲ့ ယုဇနပင် သီချင်းကို ဖီးလ်အပြည့်နဲ့ မုဒ် တွင်းပီး ဆိုလိုက်ဒါ…။
    ဘော်ဒါနဲ့ ထိုင်နေတဲ့ ယုဇနဆိုတဲ့ ကောင်မလေးက ကြာ ကြည့်တွေပဲ ကြည့်နေလို့..
    အစိုဒေါ် မလုပ်ခဲ့တာလေး ဘဝမှာ နောင်တရမိပါကြောင်း… အာ ဟိ .. 😳

  • Ma Ma

    May 30, 2015 at 6:16 am

    ဒီရာသီက ယုဇနပွင့်တဲ့ ရာသီထင်တယ်။
    အိမ်မှာလည်း နောက်အိမ်ကပွင့်တဲ့ပန်းက တစ်အိမ်လုံး မွှေးနေတာပဲ။
    သဘောကျတယ်။ 🙂

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 30, 2015 at 9:43 am

    ယုဇနပန်း တွေကိုး…. လှသဗျာ..

    အိမ်မှာလည်း ကနေ့ပွင့်သဗျ…
    အပင် အသေးလေးပဲ….
    မွှေးတော့ အတော်မွှေးသဗျ…
    အမေပြောတာတော့ ယိုးဒယားမျိုးတဲ့…
    အန်တီအိ ပန်းတွေထက်တောင် အရွယ် ပိုသေးသေးတယ်ထင့်

    မနက်စောစော ဓာတ်ဖမ်း ဘုရားကပ် ပြီးကြောင်းပါ…

  • Ma Ei

    June 2, 2015 at 10:33 am

    အောင် မိုးသူ …
    ယုဇနပန်းလေးတွေက ပုံစံလဲလှ ရနံ့လဲမွှေးလို့ လူတိုင်းနှစ်သက်ကြပါတယ်…

    ​ဒေါ် လေး …
    ဟုတ်တယ်မလေးရေ…
    ယုဇနပန်းက ပွင့်ရင် အဆုပ်လိုက်အရမ်းလှတာ ဒါပေမယ့် ကြာကြာ မခံ
    ပွင့်ပြီး မနက်ကျရင် မြေပြင်မှာဖွေးနေရော…

    မြစပဲရိုး…
    မလတ်ရေ…ယုဇနကအပွင့်ပွင့်ပီး မှ အသီးသီး တာပါ ..
    ပွင့်တိုင်း ဓာတ်ပုံလေးတွေရိုက်ထားတာမို့ အပွင့်တွေနဲ့ ရောတင်လိုက်တာပါ…

    Alinsett @ Maung Thura
    အဲ့ သီချင်းကို ဇော်ဝင်းထွဠ် ဆိုတာဘဲကြိုက်တယ်…

    စိန်ပလိန်တိန် မုန့်ကြိုးလိမ်…
    ခုမှ အဆိုတော်လုပ်လဲ နောက်မကျသေးပါကြောင်း… 🙂

    မမရေ…
    ယုဇနက အရမ်းမွှေးတော့ တစ်ပင်က ပွင့်နေရင် တစ်လမ်းလုံးမွှေးပါတယ်…
    ကြာကြာမခံတာဘဲ ခက်တာ… မကျွေရင်ကောင်းမှာနော်…

    စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း
    ယိုးဒယားမျိုးက ဗမာပန်းထက် အပွင့်သေးတယ်ပါတယ်…သူလဲ လှ သူလဲမွှေးတာပါဘဲ..
    ဖမ်းထားတဲ့ ပန်းလေးတွေလဲ ကြည့်ချင်ပါကြောင်း…

Leave a Reply