နောင်တမရခဲ့ပါဘူး

A mar nyoMay 28, 20151min29522

ကျွန်မမျက်ဝန်းအိမ်မှ မျက်ရည်ပူများကို ကြည့်ရင်းသက်ပြင်းချကာ မောင်မျက်နှာလွဲသွားသည်။ ကျွန်မရင်ကို အစိတ်စိတ် ကွဲစေသော လုပ်ရပ်များအတွက် ဖွင့်ဟလိုက်သော စကားတစ်ခွန်းက ‘တောင်းပန်ပါတယ်’တဲ့လား။ ဒီစကားလေး တစ်ခွန်းအပြင် မပိုတော့။ လွန်ခဲ့သော လပေါင်းများစွာ ကျွန်မပေးဆပ်ခဲ့သော အချိန်များ၊ အချစ်များကို ဒီစကားတစ်ခွန်းနဲ့ ကြေဖျက်လိုက်ခြင်းလား။ ဖြစ်နိုင်လျင် ဒီနေရာ ဒီအချိန်ကို ရပ်တန့်၍ အဝေးဆုံးနေရာသို့သာ ထွက်ပြေးသွားချင်တော့သည်။ ကျွန်မထက်ချစ်ရမည့်သူ ပေါ်လာ၍ လမ်းခွဲကြပါစို့ ဆိုတဲ့စကားအတွက် ကျွန်မဘယ်လို ဖြေသိမ့်ရမလဲ။ အမှန်တကယ်ဆို ပေါက်ကွဲလိုက်ဖို့ တစ်ခုခု တုန့်ပြန်လိုက်ဖို့ကောင်းပေမဲ့ စကားစရှာမရ။ မောင့်ပုံစံတွေ ပြောင်းနေခဲ့တာ သတိထားခဲ့ပေမဲ့ ယုံကြည်စိတ်လွန်ကဲခဲ့သောကြောင့် အပြစ်မမြင်ခဲ့မိ။ ကျွန်မအပေါ် ရက်စက်လိမ့်မယ်လို့လည်း မထင်ခဲ့။ အခုတော့ မောင့်အပေါ်ကျွန်မထားခဲ့သော ယုံကြည်မှူကို တစ်စစီချိုးဖျက်ခြင်းသာမက ကျွန်မရဲ့အချစ်ကိုပါသစ္စာဖောက်သွားခဲ့ပြီရက်စက်သွားခဲ့သည်။ မယုံကြည်နိုင်သော မောင့်ရဲ့ပြောင်းလဲခြင်းကြောင့် အိမ်မက်လား တစ်ကယ်လား ဝေခွဲမရကာ မျက်ရည်များသာ တွေတွေကျလာခဲ့သည်။ ကျွန်မခဏကြာ နှုတ်ဆိတ်နေခဲ့ပြီး မျက်ရည်များသုတ်၍
‘ကောင်းပြီမောင် လမ်းခွဲကြတာပေါ့’လို့ပြောလိုက်သည်။ ကျွန်မပြောသော စကားကိုနားထောင်ပြီး မောင့်မျက်နှာပေါ်တွင် အံဩရိပ်သန်းသွားသည်။
‘ဘာလဲမောင်မမျှော်လင့်တဲ့စကားကြားလိုက်လို့လား မကမောင့်ကိုငိုယိုပြီးတွယ်ကပ်နေမယ်ထင်ခဲ့တာလား ကိုယ့်ကိုမချစ်လို့ နောက်တစ်ယောက်ရှာသွားတဲ့ မောင့်ကိုမကဘာလို့တွယ်ကပ်နေရမှာလဲ။ တွယ်ကပ်စရာအကြောင်းမရှိပါဘူး သစ္စာမရှိတဲ့မောင့်အကြောင်းကို စောမသိခဲ့ပေမဲ့ အခုလည်းနောက်မကျသေးပါဘူး လက်ထပ်ပြီးမှဒီလိုအဖြစ်မျိုးတွေ့ခဲ့တာထက်စာရင်ပေါ့ အခုလည်းဘာမှလွန်လွန်ကျူးကျူးမဖြစ်ခဲ့တာ တော်သေးတာပေါ့’
ကျွန်မပြောသောစကားများကို မောင်တစ်ယောက် ငြိမ်သက်စွာ နားထောင်နေရင်း ခေါင်းငုံ့သွားသည်။ မောင့်ကိုကြည့်ပြီး ကျွန်မထိုနေရာမှ ထလာခဲ့သည်။ အရင်နှစ်ယောက်တွဲ လျှောက်ခဲ့ဖူးသော လမ်းမထက် တစ်ယောက်တည်း လျှောက်လာခဲ့သည်။ မောင့်ကိုချစ်ခဲ့ပေမဲ့ ချစ်ခဲ့တာလေးတစ်ခု အတွက် တွယ်ကပ်နေရလောက် အောင်စဉ်းစားဉာဏ် မမဲ့ပါဘူး၊ အခုချိန် လမ်းခွဲရလို့ နာကြင်ရပေမဲ့ နှစ်တွေကြာရင် အဆင်ပြေသွားမှာပါ။ အချိန်ကကုစားသွားမည်ဖြစ်သည်။ ချစ်ခဲ့ခြင်းအတွက် နောင်တမရခဲ့သလို လမ်းခွဲခြင်းအတွက်လည်း နောင်တမရပါ။
နောင်တမရခဲ့ပါဘူးမောင်ရယ်။

22 comments

  • Alinsett @ Maung Thura

    May 28, 2015 at 11:42 pm

    အဲ့ဒီကျမက အဲ့ဒီအချိန်မှာ
    .”ကျမလည်း ကျမကို ရှင့်ထက် ချစ်ပြနိုင်မဲ့ သစ္စာစောင့်သိတတ်သော
    ယောကျာ်းတယောက်ယောက်နဲ့ ထပ်ဆုံစည်းခွင့် ရှိသွားလို့ ကျေးဇူးတင်ပါတယ်”လို့သာ ပြောလိုက်သင့် ထင့်

    အဲ့လိုလူစားမျိုးနဲ့က ”လုပ်ရက်လေ မောင်ရယ် မောင့်အပေါါ် ချစ်ခဲ့မိသလောက် ပြန်မချစ်ခဲ့ပါလား ဟင် ဘယ့်နဲ့ညက်နဲ့”
    .ပြောနေဖို့ မသင့် / သံယောဇဉ်စကားတွေနဲ့ မတန်သူမို့

  • မြစပဲရိုး

    May 29, 2015 at 2:29 am

    ပါးရိုက်လိုက်မိရင်တောင် ကိုယ့်လက်ကိုယ်ကို ပြန်သနား နေရမှာ။
    ဒီလို ထားခဲ့တာ အကောင်းဆုံးပါဘဲ။
    . ဒီလို လူ အတွက်တော့ ဘယ်လို မှ နောင်တ မရပါနဲ့။

  • ခင်ဇော်

    May 29, 2015 at 4:21 am

    ဂလို ဆုံးးဖြတ်တာ ပဲ မှန်တယ်

  • Ma Ei

    May 29, 2015 at 11:40 am

    မှန်တယ်…
    နောင်တရစရာကို မလိုတာ…

  • hmee

    May 29, 2015 at 12:47 pm

    ကြိုးစားထား။ ကိုယ်​မ​ရေး ဖြစ်​လို့ ​ရေးနိုင်​သူကို အား​ပေးတာ။ စကားပြန်​လုပ်​ရင်​း ကြုံ​တွေ့ ရတာ​တွေကိုလည်​း ဗဟုသုတရ​အောင်​ ​ရေးဦး။

    • မြစပဲရိုး

      May 29, 2015 at 10:02 pm

      မှီ့ ညီမတော် လေးပေါ့။
      ကြိုဆိုပါတယ်နော်။

      လူလဲ စု ပေး ကိုယ်ကိုယ်တိုင်လဲ ရွာထဲ ဝင် စာချ ပေး ပါဦးမှီ ရယ်။
      မှီ့ စာလေးတွေ မဖတ်ရတာ ကြာပေါ့။ :-)))

      • hmee

        May 30, 2015 at 11:14 am

        အရီး​ရေ မ​ရေးဖြစ်​တာ ကြာလို့ ထင်​တယ်​ ​ရေးရမှာ စိတ်​မရဲ သလို။ အဓိက က အခုတ​လော စာမဖတ်​ဖြစ်​တာလည်​းပါမယ်​။ က​လေး​နှစ်​​ယောက်​လုံး ​ကျောင်​းတက်​​တော့မှာမို့ စိတ်​​ရော လူပါ မအားတာလည်​း တ​ကြောင်​းမို့ အချိန်​မ​ပေးနိုင်​ဘူး ဖြစ်​​နေတယ်​။ သိပ်​မကြာ​တော့ဘူး အချိန်​​တွေအား အထီးကျန်​တယ်​ဆိုြပြီး ရွာထဲ အချိန်​ပြည်​့ ပြန်​​ရောက်​ချိန်​ နီးလာြပြီ။ 🙂

  • စာအရေးကောင်းတဲ့ မအမာညိုရေ

    စဉ်ဆက်မပြတ်ရေးပါ

    အားပေးနေပါတယ်။

    မအမာညိုရဲ့ ဇာတ်ကောင် မောင် လို လူတစ်ယောက်က လမ်းခွဲသွားတဲ့
    တကယ့်အဖြစ်အပျက်ကို သိပ်မကြာသေးခင်က မှ ကျနော်က အပြင်မှာကြားထားတော့
    ဒီအထဲက ဇာတ်ကောင်မိန်းကလေးရဲ့ စိတ်ထားကို လေးစားမိတယ်။
    “နောင်တ မရ ခဲ့ပါဘူး” ဆိုတဲ့အတွေးလေးကို ပိုနှစ်သက်မိတယ်။
    ကျနော်သိလိုက်တဲ့ အပြင်ဘက်က တကယ့်အဖြစ်အပျက်က တော့ လမ်းခွဲချိန်မှာ ကျန်နေခဲ့တဲ့သူမှာ နစ်နာမူ့များစွာနဲ့ကျန်နေခဲ့ပါတယ်။

    • A mar nyo

      May 29, 2015 at 1:25 pm

      အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လေးပေါက်ရေဆက်ပြီးရေးနိုင်အောင်ကြိုးစားပါ့မယ်

  • Mike

    May 29, 2015 at 3:09 pm

    .က ျုုပ်တောင် အတိတ်ကိုပြန်လွမ်းသွားမိတယ်…“ဘာမှလွန်လွန်က ျူ းက ျူ းမဖြစ်ခဲ့တာအတွက်တောင်
    .မောင့်ကိုကေ ျးဇူးတင်ပါတယ်မောင်”

  • ​ဒေါ် လေး

    May 30, 2015 at 2:43 pm

    မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ
    ဒီလိုစာမျိုး မိန်းကလေးတွေ ကို ဖတ်စေချင်ပါတယ်
    ခံစားရတဲ့ အခိုက်အတန့် မှာတော့ ကိုယ်လောက်ခံစားရသူ
    ရှိမှာ မဟုတ်လို့ ထင်ခဲ့ပေမယ့် အချိန်ကြာလာတာ နဲ့အမျှ
    ဟာသတခု လိုပြန်ပြောပြ နိုင်လာလိမ့်မယ်

  • Ma Ma

    May 31, 2015 at 2:54 pm

    မိန်းကလေးတစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်ခိုင်မာတာကို သဘောကျတယ်။
    🙂

  • padonmar

    May 31, 2015 at 10:41 pm

    အမာညို့ကိုတော့ အော်မေ့ဂိုဏ်းထဲ ဆွဲသွင်းရင် ကောင်းမလား ချိန်နေတယ်။

    • A mar nyo

      July 18, 2016 at 2:14 pm

      အော်မေ့ဂိုဏ်းဝင်ဖြစ်ဖို့၉၀%သေချာနေပါပြီ

      • kai

        July 18, 2016 at 3:23 pm

        အမျိုးသမီးတွေ.. အဲလိုပြောတိုင်း.. ဟိုလူ..အဲ… အဲ.. အဝါဂိုဏ်းသားတွေကို.. လှိမ့်အမြင်ကပ်တော့တာပဲ..။
        ကုန်ထုတ်စွမ်းအားမရှိယုံတင်မဟုတ်.. လူထုတ်စွမ်းအားလည်းမရှိ..။ :k:

  • ဟုတ်ပါ့.. စောစောသိရတာ ကံကောင်းတယ်ပဲ မှတ်လိုက်ပါ..

    အူးမိုက်လိုပဲ.. ဟိုက်လိုက်လုပ်ဦးမယ်..
    “ဘာမှလွန်လွန်က ျူ းက ျူ းမဖြစ်ခဲ့တာအတွက်တောင် မောင့်ကိုကေ ျးဇူးတင်ပါတယ်မောင်”

    ကိုယ့်ကိုကိုယ်ကျေးဇူးတင်သင့်တာလို့.. 🙂

  • တောတွင်းပျော်

    July 19, 2016 at 12:32 am

    ပျော် ..
    အဲ ! ..မောင် ထပ်ပြီးတောင်းပန်ပါရစေ အမားရယ်
    မောင်တို ့အဖြစ်ကို
    ဂိုဏ်းစုံတဲ ့ ဟောဒီဂဇက်ထဲချပြလိုက်တော ့
    တကိုယ်တည်း လူပျိုချောလေးလို ့ အထင်သေးခံရတဲ ့
    မောင် ့ကို ခုတော ့ ရွာသားတွေ အထင်ကြီးကုန်ကြပြီ အမာညို :k:
    _ _ _ _ _ _ _ _ _ _
    နောက်တာနော် …
    တဂျိန်ဂျိန်နဲ ့ ဒီရွာမှာ ဒီလိုစာမျိုး မဖတ်ရတာကြာပြီ
    လှိုက်လှဲစွာကြိုဆိုပါတယ်ခညာ ..
    မျောက်ချောလေး .. တောတွင်းပျော်

    • A mar nyo

      August 22, 2016 at 3:11 pm

      ကြိုဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်

  • uncle gyi

    August 28, 2016 at 4:33 pm

    ဒီလိုစိတ်မ ျိုးဖြစ်နေရမှာ
    လူငယ်တွေအတွက်အားဆေးတခွက်

  • A mar nyo

    September 2, 2016 at 1:14 pm

    အခုခေတ်ထဲမှာ သိပ်အလေးအနက်မထားတော့ဘူးလားလို့လူငယ်တွေက ဒီတစ်ယောက်ပြတ်ရင် နောက်တစ်ယောက်ဆိုတာတွေများနေသလိုပဲ

    • kai

      September 3, 2016 at 2:26 pm

      အေးလေ.. အဲဒါအမှန်ပဲ…။
      ဒီတယောက်ပြတ်ရင်.. နောက်တယောက်…။
      ဘဝဆိုတာတိုတိုလေး..။ အထူးသဖြင့်.. ငယ်ဘဝဆိုတာ.. တိုတို့တို..။
      လုပ်ချင်တာတွေ.. လုပ်ချင်သလိုသာလုပ်.. :k:

Leave a Reply