ဖူးစာ

aye.kkMay 28, 20151min24122

တကယ်ဆို ကျမကို ဘယ်သူကမှ ကြိုက်ကြမှာ မဟုတ်ဘူးဆိုတာ

ကျမ ကိုယ့်ကိုကိုယ် ယုံကြည်မိပါတယ်။

ကျမက ရုပ်ကမလှပါဘူး  ၊  စိတ်ကလည်း ကြမ်းပါတယ် ။

ဒေါသကလည်းကြီး ၊ မလှတဲ့ရုပ်ကိုလည်း မပြင်မဆင်နဲ ့ ဆိုတော့ကြည့်ရဆိုးပါတယ်။

ကျမက အလုပ်နဲ ့မအားရတဲ့သူပါ ။

ကျမက အိမ်မှာ အလတ် ဆိုတဲ့အတိုင်း မအားရ ၊ မနားရ ၊ အကြီးကို ဦးစားပေးပြီး ၊ အငယ်တွေကို

ညှာတာနေရတဲ့သူ ဖြစ်ပြီး ၊နားလည်းမနားရ ၊ မအားလည်း မအားတဲ့အပြင်  ၊

ရည်းစားထားဖို့အတွက် ကိုလည်း စိတ်ကုန်နေတဲ့သူ တစ်ယောက်ပါ ။

ယောင်္ကျားဆို,ဘယ်ယောင်္ကျားမှ စိတ်မကူးတော့ဘူးလို ့အားကေါင်း မောင်းတင်ထားမိပါတယ်။

(အဲဒီအချိန်ကါလတုန်းကပေါ့နော်) ။

ဒီကမ္ဘာမှာ ကျမကြိုက်တဲ့သူနဲ ့မှ မဟုတ်ခဲ့ပါလျှင်,လွဲခဲ့ပါလျှင် ဆိုပြီးတော့ပါ။

ကျန်တာတွေ အားလုံးက ကျမအတွက်တော့ ဖွဲနဲ ့စကွဲချည်းပါလို့ ပြောဆိုပြီး မိသားစုဝင်တွေအပေါ်မှာ

ဟစ်ကြွေးထားမိပါသေးတယ်။

ကြိုက်သူတွေ ့ပေမယ်လို့ မိဘနဲ ့မောင်နှမတွေ သဘောမတူနိုင်တဲ ့ အကြောင်းပြချက်တွေ အပေါ်မှာ

ကျမ လက်ထပ်မှာ မဟုတ်ခဲ့လို့ပါ။

မိအိုဖအိုတွေအပေါ်မှာ မိအိုဖအိုတွေရဲ ့ကျမ္မာရေး အခြေအနေကြောင့် ကျမ

ရဲ ့အချစ်ရေးကို လစ်လျှူ ရှုခဲ့ရပြီး ၊ မိအိုဖအိုတွေအပေါ်မှာလည်း မိအိုဖအိုတွေရဲ ့မနှစ်သက်တဲ့သူနဲ ့ဆို

ကျမ က လက်ထပ်မှာ မဟုတ်ကြောင်း ကျမအနေနဲ့က မိဘတွေနဲ ့ ဂတိကဝတ်ထားရှိခဲ့ ပြုလုပ်မိထားခဲ့လို့ ဆိုတာကိုလည်း

ဝန်ခံပြောပြချင်မိပါတယ် ။

ကတိကဝတ်ပြုခဲ့မိလို့လည်း အချစ်ရေးမှာ ကိုယ့်ဒုက္ခနဲ ့ကိုယ်ဖြစ်ခဲ့ရပါတယ်။

မိဘနှစ်ပါးရဲ ့တောင်းပန်မှုတွေပေါ်မှာ ကျမမျက်ရည်စက်စက် ကျခဲ့ရပြီး နောက်ပိုင်းမှာ၊ ကျမရဲ ့နှလုံးသားကို အပြီးတိုင်

မီးသင်္ဂြိုလ်ပစ်လိုက်ရပါတယ် ။

အဖေအမေတွေရဲ ့ ယုံကြည်မှုအပေါ် မဖောက်မဖျက်လိုတဲ့ ကျမ အနေနဲ ့က ဘယ်ယောကျင်္ားအပေါ်မှာ မဆို

စိတ်မဝင်စားမှာလဲ မဟုတ်သလို ,ယူမှာလည်း မဟုတ်ဘူးဆိုတာ စိတ်မှာပိုင်းဖြတ်လက်ခံထားမိပါတယ် ။

အသက်၂ဝ ကျော်ဝန်းကျင် အရွယ် ၊ ကျမက အလှအပတွေ ဘေးခြိမ့်ထားပြီး မိသားစုအပေါ်မှာသာ

အာရုံထား စိတ်ဝင်စားပြီးနေခဲ့ပါတယ် ။ စားဝတ်နေရေးအတွက်နဲ ့ အစ်မဖြစ်သူရဲ ့စားသောက်ဆိုင်မှာပဲ ဝိုင်းလုပ်ဝိုင်းစားပြီး

မငြိုမငြင်ရအောင် နေထိုင်ခဲ့ရတဲ့ အတွက်ကြောင့်လည်း ကျမမှာ အားချိန် နားချိန်ဆိုတာတွေ မရှိခဲ့ပါဘူး ။

တစ်ရက်မှာ ကျမရဲ ့မောင်လေးက ကျမအဖေရဲ ့ပိုက်ဆံ ကျပျောက်သွားခဲ့လို့ ကျမဟာ ဒေါသတကြီးနဲ ့

မောင်လေးအပေါ်မှာ အော်ဟစ်ပြောဆိုမိပြီး ၊ စိတ်လက်မာန်ပါနဲ ့ ဆူပူရိုက်နှက်ပြောဆို

ဆုံးမနေမိပါတယ် ။

ဒီကိစ္စတွေအပေါ်မှာ တွေ ့မြင်သွားခဲ့တဲ့ သူ့ကို

ကျမက ဂရုမပြုခဲ့ပေမယ့် ၊ သူကတော့ စိတ်ဝင်စားစွာနဲ့ ကျမကို ကြည့်ရှုနေတာ ကျမသိလိုက်ပါတယ်။

သူသိသွားလို့လည်း ကျမက သူ့ကို အရေးလဲမစိုက် ၊ ဂရုလည်း ထားမနေခဲ့ပါဘူး ။

စားသောက်ဆိုင်ဖွင့်ထားတဲ့ အချိန်က ထင်းမီးသုံးနေရတဲ့ခေတ်ကါလပါ။

ကျမရဲ ့အစ်မ ဖွင့်ထားတဲ ့ စားသေါက်ဆိုင်အတွက်၊ တောရွာမှာဆိုတော့လည်း ထင်းတွေမှာရ

ဖြတ်ရတာတွေ ကိုယ်တိုင်ဝိုင်းကူပေးရပါတယ်။

ကျမအစ်မရဲ ့စားသောက်ဆိုင်မှာ ဝိုင်းကူလုပ်ပေးနေရလို့ ကျမရဲ ့မျက်နှာမှာ အမှုမဲ့

အမှတ်မဲ့ အိုးမဲပေသွားမှန်း မသိလိုက်တာတွေ ရှိပါတယ် ။ တစ်ခါမှာ

ကျမရဲ ့မျက်နှာပေါ်မှာ အိုးမဲတွေပေနေတာ သူတွေ ့မြင်သွားလို့

မျက်နှာမှာ အိုးမဲတွေနဲ ့သုတ်ပစ်လိုက်ဦးနော် လို့ ပြောဘူးခဲ့ပါတယ် ။

ကျမက သူ့ကိုသိလဲမသိတဲ့အတွက် သူပြောပြတာကိုလည်း ဂရုလဲမစိုက်မိခဲ့ပါဘူး။

လှလှပပ မနေတတ်တဲ့ ကျမကို အစ်မက

အိမ်နောက်ဖေး(မီးဖိုဆောင်) အလုပ်တွေမှာပဲ လုပ်ခိုင်းပါတယ် ။ကျမဟာ  ကြော်လှော်ချက်ပြုတ်ပေးရတဲ့ သူရဲ ့

အနားမှာ နေပြီး ဝိုင်းကူပေးရပါတယ်။ ထင်းမီးလည်း ဝိုင်းကူထိုးပေးရပါတယ်။

ဒါကြောင့်လည်း ကျမရဲ ့မျက်နှာမှာ အိုးမဲတွေ ပေကျံနေတတ်တာပါ။

အလုပ်လုပ်ရင်း ပင်ပန်းလို့ ပေတူးနေတာတွေကိုလည်း ကျမအနေနဲ ့  ကိုယ့်ကိုကိုယ်

ဂရုမစိုက်, ဂရုမပြုနိုင်ခဲ့တာ အမှန်ပါ။

ထင်းလုံး,ထင်းချောင်းကြီးတွေ မနိုင့်တစ်နိုင်နဲ ့သယ်ကူပေးရတဲ့အခါ ကျမက မောလို့မောမှန်းမသိ

ပင်ပန်းလို့ပင်ပန်းမှန်း မသိပါဘူး ။ အဲဒီလို ချိန်ကါလတွေမှာ ကျမတစ်ကိုယ်လုံးလဲ ရေချိုးထားသလို

ချွေးတွေနဲ့ ရွှဲနစ်ပြီး ဖြစ်နေတာပါပဲ။

အင်္ကျီကလည်း အိမ်နေရင်းဝတ်ဆင်တဲ့ အင်္ကျီနဲ့ပဲ အမြဲလိုလို နေနေဖြစ်နေတာ မို့လို့လည်း နဂိုရှိနေတဲ့

ရုပ်လေးတောင် ပေါ်လွင်မှာမဟုတ်သလို အရုပ်ဆိုးအကျည်းတန်နေမယ် ဆိုတာ

ကိုယ့်ကိုကိုယ် သိနေမိပါတယ်။

ကျမအနေနဲ ့ဒီလိုပြောဆိုရတာ လူမှာအဝတ် တောင်းမှာအကွတ် လို့ဆိုတဲ့ ဆိုရိုးစကါးရှိလို့ပါပဲ။

အိမ်ကိုဝင်ထွက်သွားလာနေတဲ့ သူ့ကို ကျမအရေးမစိုက်ခဲ့ ဂရုမပြု ခဲ့တာကလည်း အမှန်ပါ။

အဲသလို ဖြစ်သလို နေနေတဲ့ ကျမလို မိန်းခလေး တစ်ယောက်ကို ဘယ်ယောကျင်္ားလေးကမှ

စိတ်ဝင်စားလိမ့်မယ်လို့ ကျမစိတ်မှာ မထင်ခဲ့ပါဘူး။

စိတ်ဝင်စားနိုင်မှာ၊  မဟုတ်ဘူးဆိုတာကိုလည်း  ကျမစိတ်မှာ အသေအချာ သိနေခဲ့ပါတယ် ။

ဒါက ကျမစိတ်မှာ သိနေတဲ့အသိ ထင်နေတဲ့အထင်တစ်ခုပါ။

ကျမအတွက်တော့ သေချာစွာ ဟုတ်မှန်နေတာပါပဲ ။

အိမ်ကို ဝင်ထွက်နေတဲ့ သူ့အပေါ်မှာ ကျမက မနှစ်သက်တဲ့ ဟန်အမူအယာတွေ

လုပ်ဆောင်ပြခဲ့မိတာတွေလဲ ရှိခဲ့ပါတယ် ။

ဒါကိုလည်း သူ့စိတ်ထဲ မထည့်ထားတာကို သိလာတဲ့ နောက်ပိုင်း ကျမအနေနဲ ့ အံ့ဩမိပါတယ် ။

ဖူးစာဆိုတဲ့ ဖူးစာရေးနတ်မင်းကြီးကို ကျမမယုံကြည်ပဲ မနေနိုင်တော့ပါဘူး။

တစ်ရက်မှာ ကျမဟာ ကျမနဲ ့ပတ်သက်တဲ့ မဟုတ်မမှန်တဲ့ သတင်းဆိုး တစ်ခုကို ကျမအနေ

နဲ ့ကြားသိလိုက်ရပါတယ် ။

မယုံကြည်နိုင်တဲ့ ကျမနဲ ့ပတ်သက်နေတဲ့ သတင်း သူ့အနေနဲ့ဖြေရှင်းပေးဘို့အတွက် ကျမတောင်းဆိုမှု

ပြုလုပ်ခဲ့ရပါတယ် ။

သူနဲ ့ကျမ အကြားမှာ သဘောတူညီမှု,အပေးအယူ, ကြီးမားတဲ့ ကတိကဝတ် ပြုလုပ်လိုက်ရပါတယ်။

မထင်မှတ်စွာနဲ့ ပါပဲ။

ကောလဟလ ဆိုတဲ့သတင်းက ကျမအတွက် လက်သင့်ခံနိုင်မှု မရှိသလို

မဟုတ်မခံတတ်တဲ့ ကျမအတွက်က မီးခဲကြီး လက်ထဲဆုတ်ကိုင်မိ် လိုက်သလိုခံစားခဲ့ ရပါတယ်။

ဒါကိုကိုင်ပြီး ပူလောင်နေတဲ့ကျမ လန့်ဖြန့်စွာနဲ့ပဲ  ၊ နဖူးစာရေးနတ်က ဖန်ဆင်းထားတဲ့ ဖူးစာရေးနတ်ရေတွင်း

နက်နက်ကြီးထဲကို ကျမ ကိုယ်တိုင်ခုန်ဆင်းခဲ့လိုက်မိ သလို ဖြစ်သွားတော့တာပါပဲ။

ဖြစ်ရပ်တွေက မယုံကြည်နိုင်လောက်အောင်  တဒင်္ဂအတွင်းမှာကိုပဲ ဖြစ်,ပျက် ပြောင်းလဲသွားပါတယ်။

အဲဒီလို ဖြစ်ပျက်မှုတွေက ကျမအတွက် အင်မတန်ဆန်းကြယ်လှတယ် ဆိုတာ မိုးနတ်မင်းကြီးတော့

သိနိုင်မှာပါလို့ပဲ ဆိုချင်မိပါတယ်။

ကျမကို လှပချောမောတဲ့ အပြင်အဆင် မှာ မြင်တွေ ့လိုက်ရလို့ သူနှစ်သက်မိရင်

ကျမ မပြောလိုပါဘူး။

တစ်ခါတစ်ရံမှာ, ကျမရဲ ့မျက်နှာမှာ အိုးမဲတွေ ပေနေတတ်ပါတယ်,တစ်ကိုယ်လုံးမှာ ချွေးတွေနဲ ့ရွှဲနစ်နေတတ်ပါတယ်,

ဒေါသဖြစ်ပြီး အော်ဟစ်မိတတ်တာတွေ ကြားရ,သိရ,မြင်ရ,တွေ ့ရပါလျှက်နှင့်

သူဘာကြောင့် နှစ်သက်ခဲ့သလဲ ဆိုတာကို ကျမအနေနဲ ့ စဉ်းစားတဲ့အခါ

သူ့ရဲ ့ဖြူစင်မှု အဖြူထည်သပ်သပ်ကို ကျမတွေ ့မြင်လိုက်ရသလို ခံစားရပါတယ်။

ကျမအနေနဲ ့သူနဲ ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ပြောပြရပါလျှင်-

မှုံနံ ့သာ လိမ်းခြယ်သထားခြင်း မရှိတဲ့ ကျမရဲ ့မျက်နှာ ၊

ဟန်ဆောင်မှုတွေ ကွာကျနေတဲ့ ကျမရဲ ့ပကတိ ပုံစံ ၊

ကျမနဲ ့ပတ်သက်တဲ့ အစစအရာရာ အားလုံးဟာ နှစ်ခြိုက်စရာ မရှိဘူးဆိုတာတွေကိုပါ ။

ဒါကို ကျမ စိတ်မှာ အသေအချာ သိထားပါတယ် ။

နှစ်ခြိုက်စရာ မရှိအောင်လည်း ကျမနေထိုင်ပြုလုပ်ခဲ့မိလို့ပါပဲ။

ဒီအကြောင်းအရာတွေကို  ကါယကံရှင်ကလွှဲပြီး ,အတွင်းသိ အစင်းသိတွေမှ မဟုတ်ရင်

ပြောပြဘို့ ဆိုတာကလည်း ယုံကြည်နိုင်ကြမှာ မဟုတ်တဲ့ အတွက်ကြောင့်ပါပဲ ။

မယုံကြည်နိုင်တဲ့ သတင်းတွေကို မယုံကြည်နိုင်သူတွေရဲ ့နှုတ်ကနေ

ဖွခဲ့ ပြောဆိုခဲ့ကြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလို ဖွခဲ့ပြောခဲ့ကြတဲ့ “ကေါလာဟလ”ဆိုတဲ့ သတင်းဆိုးကြောင့်လည်း…………….။

သူနဲ ့ကျမဟာ

ဖူးစာရေးနတ်မင်းကြီးက ဖန်ဆင်းပေးလိုက်သလို  ဖူးစာဆုံတွေ ့ခဲ့ကြရပါတယ် ။။

.

ရွှင်လန်းချမ်းမြေ့ပါစေ

 

 

22 comments

  • မြစပဲရိုး

    May 29, 2015 at 2:26 am

    အစ်မအေး
    . ကောလဟာလဆိုတာ တစ်ချို့ က ကိုယ့် အ ထဲ ကနေ ထွက်တာ။
    အဲဒီ “ကျွန်မ” ကို ကြည့်ကြည့် နေသူ ကဘဲ ထုတ်လိုက်လေသလား။ 😉 :-))
    ဖတ်လို့ ကောင်းတယ် အစ်မရေ့။

  • ခင်ဇော်

    May 29, 2015 at 4:15 am

    ရေးးတာ ကောင်းးတယ် တီအေးးးး
    တီအေးး မလှဘူးးးလို ဘူပြောတုန်းးးးး
    အသားးက ဖွေးးပြီးးး ဘိုကပြားးမျက်နှာလေးးး နဲ့ အတော်လှ…
    :chit:

  • aye.kk

    May 29, 2015 at 9:53 am

    မလတ်ရေ
    တကယ်ဆိုသူ့ကြောင့်ပါပဲ။
    သူ့ကြောင့်လည်း,အစ်မရဲ ့အကြောင်းမသိတဲ့သူတွေက
    ထင်ရာတွေစွတ်ပြောပြီး၊ဝေဖန်တာတွေလုပ်ခဲ့ကြပါတယ်။
    နောက်ဆုံးတော့ သူ့အမေဖြစ်သူက အစ်မနဲ ့ပတ်သက်ပြီး
    အစ်မအပေါ်မှာအထင်လွှဲမှားပါတယ်။
    အထင်လွှဲမှားတာကို မခံမရပ်နိုင်ဖြစ်မိတဲ့ အစ်မရဲ ့စိတ်ဒေါသ တဒင်္ဂဟာ
    အစ်မရဲ ့ဘဝကို ပြောင်းလဲပစ်သွားနိုင်တာ ပြန်စဉ်းစားမိရင် ကျောချမ်းစရာပေါ့နော်။
    ဖူးစာက မမြင်ရပါဘူး။ ဒေါသကလည်း အမှန်ကို အမှားခြစ်ပစ်နိုင်တာ၊
    လိုချင်တာရတဲ့သူအဖို့ကပျော်သွားမှာ သေချာပါတယ် ၊ အစ်မအနေနဲ ့ကတော့
    ဪ……..ဖူးစာ…ဖူးစာ….ဖူးစာလို့ပဲသတ်မှတ်လိုက်မိပါတော့တယ်။

    ခင်ဇော်ရေ…..
    ကျေးဇူးပါ။
    လှတယ်ဆိုတာ၊ကိုယ့်ငါးချဉ်က ပိုချဉ်တယ်ဆိုသလိုပါပဲနော်။
    ဘဝတွေရဲ ့ရေစက်တွေမှာ ဆွေမျိုးမတော်စပ်ဘူးတာ၊မရှိကြဘူးပေါ့နော်……။
    အမ်တီအေးနဲ ့ဘဝတစ်ခုမှာတုန်းကအမျိုးတော်စပ်ခဲ့ဘူးလို့နေမှာလို့တွေးမိပါတယ်…..။

  • Wow

    May 29, 2015 at 3:21 pm

    ဖူးစာပါလာရင် ဘူးခါလို့မရဘူးဆိုလားး :kwi:

  • ဦးကျောက်ခဲ

    May 29, 2015 at 4:22 pm

    အန်တီအေးရေ … ဖူးစာပါရင် စောင်ခြုံပြီး ပုန်းနေတောင် မလွတ်ဘူး တဲ့…
    အဟိ … အန်တီအေးရဲ့ သဘာဝ ပင်ကိုယ်အလှကို ဦး က အကဲဖြတ်မိတာကိုး…
    အတော် ဆရာကျပါပေတယ် ခင်ဗျား… :k:

  • Ma Ei

    May 29, 2015 at 4:54 pm

    အရင်ကတော့ လှမလှ မတွေ့ဖူးလို့ မသိပါ…
    မလှတဲ့ အပြင်ဆင်နဲ့သူကို ချစ်တယ်ဆိုတာ ဖူးစာဆိုတဲ့ တစ်ကယ့်ချစ်သူပေါ့ ..
    ခု အမအေးရဲ့ ဖြူစင်ကြည်လင်နေတဲ့ မျက်နှာလေးကို က ျမတော့ ချစ်ပါတယ်…

  • မြစပဲရိုး

    May 29, 2015 at 9:38 pm

    အဲဒါ အစ်မအေးလား။
    နဂိုလှ တဲ့ သူမို့ ဘယ်လောက် အိုးမဲ ပေပေ ချွေးထွက်ထွက် အလှ က မပျောက်တာပေါ့။
    အဲဒီလို သဘာဝ အလှလေး ကို အစ်ကိုကြီး က ကြွေလဲကြွေ၊ ဖွင့်လဲ မပြောရဲ။
    . နောက်ဆုံး ကြံမိကြံရာ ကြံတာ နေမှာ။ :-)))
    အဲဒါဆို ဖူးစာ ထက် သူ့ ကြိုးစားမှု လို့ ခေါ်ရတော့ မှာ အစ်မ ရ။ တော်တယ်ဗျာ။

  • aye.kk

    May 29, 2015 at 9:44 pm

    အောင်မိုးသူ
    ဖူးစာဆိုတာနဖူးမှာတံဆိပ်ခပ်နှိပ်ထားပြီးသားတဲ့
    ရှေးစကါးအရပေါ့နော်။

    Wow
    ဖူးစာနတ်ကပေးမှရတာဆိုတော့
    ယူရတာပါပဲ၊ငြင်းလို့မှမရတာပါ။

    တူတော်မောင်ကျောက်ရေ
    မှန်လိုက်တာ၊ဖူးစာပါရင်၊ဝင်းဦး..ပြောသလို
    မင်းဘယ်ပြေးမလဲမိချိုသဲလို့ပဲ…ဆိုချင်မိပါတော့တယ်။
    ရှမ်းကြိုက်နွားချောဆိုတဲ့စကါးပုံကြားဘူးတယ်မဟုတ်လား
    အဲလိုလည်းနေမှာပါ။

    Ma Ei
    ကျေးဇူးပါ။
    အစ်မလည်းမအိကိုချစ်တယ်။
    ရေစက်တွေပါနော်။
    ဖူးစာစစ်လို့အနှစ်၃ဝတိုင်ခဲ့ပြီ။
    အစ်မကိုတကယ်ချစ်ခဲ့တဲ့သူပါပဲ။

    • မြစပဲရိုး

      May 29, 2015 at 9:47 pm

      အနှစ် ၃ဝ ဆိုတာ ပုလဲရတု ပါဘဲလား အစ်မ ရေ။
      အားကျဖို့ ကောင်းပါရဲ့။
      အိမ်ထောင်သက် ဒီလောက်ရှည်ရှည် အတွင်း နှစ်ဖက် ဘယ်လို စိတ်ထား သည်းခံ ရမယ် ဆိုတာလေး တွေ မျှပေးပါဦး။

  • aye.kk

    May 29, 2015 at 10:08 pm

    မလတ်ရေ
    ကျေးဇူးတင်မိပါတယ်။အချိန်ရတဲ့ခါရေးလိုက်ပါ့မယ်။
    အနှစ်၃ဝဆိုတဲ့အိမ်ထောင်သက်တမ်းထိ
    မေတ္တာအင်အားတွေနဲ ့ဆောက်တည်ခဲ့ရတာ အမှန်ပါ။
    အခုအရွယ်ဇရာပိုင်းရောက်လာပြန်တော့၊တရားအလုပ်ကိုလုပ်ချင်မိပါတယ်။

  • Alinsett @ Maung Thura

    May 30, 2015 at 9:46 am

    အနော်သာ… .ဖွေးဖွေးလေးနဲ့ ဖူးစာ ပါရင် သိပ်ကောင်းမှာပဲ…

    :mrgreenn:

  • aye.kk

    May 30, 2015 at 11:52 am

    ကိုပေါက်
    စိတ်ကဖူးစာကိုဖန်ဆင်းပစ်နိုင်တယ်။
    စိတ်,အစိုးမရတဲ့စိတ်ပါ၊ စိတ်က, ဘယ်အရာမှာမဆို
    နီးချင်ရင်နီးသွားတယ်,ပူးချင်ရင်ပူးသွားတယ်,ဝေးချင်ရင်ဝေးသွားတယ်
    အဲဒီသဘောတွေကိုဆောင်အောင်လုပ်နိုင်စွမ်းရှိတယ်၊စိတ်စွမ်းအင်ဆိုတာ
    မြင်နိုင်စွမ်းမရှိပါ၊ဖူးစာမှန် ဘာသာ ပူး သွားတတ်တယ်ဆိုတာထက် စိတ်လိုင်းပူးသွားတာလို့ဆိုချင်ပါတယ် ။
    စိတ်နဲ ့ဒေါသပူးသွားပြီး၊ဖြစ်တဲ့ဖူးစာပါ။။

  • aye.kk

    May 30, 2015 at 11:54 am

    အလင်းဆက်
    အိပ်မက်ဖူးစာပေါ့နော်။

  • ​ဒေါ် လေး

    May 30, 2015 at 2:30 pm

    ကောင်းလိုက်တာ အန်တီအေးရဲ့ ရင်တွင်ဖြစ်
    အနှစ်(၃၀) ဆိုတာ ဘယ်လိုများကျော်ဖြတ်ခဲ့ပါလိမ့်
    အားကျရင်းနဲ့ မျှဝေပါအုုံး

  • aye.kk

    May 30, 2015 at 7:49 pm

    ဒေါ်လေး
    အားပေးတာ၊ကျေးဇူးပါ။
    အချိန်ရတဲ့အခါမျှဝေပါ့မယ်။

  • ဝင့်ပြုံးမြင့်

    May 30, 2015 at 8:46 pm

    ။ဖူးစာတစ်​ခုထဲ ပါတာ မျှစ်​​တော့ မ​ကျေနပ်​ဘူး။ ၁ဝ ခု​လောက်​ လို ချင်​တာကို။

  • Ma Ma

    May 30, 2015 at 8:58 pm

    တစ်ယောက်သောသူဘက်က ပြန်ရေးရင် …………
    အလှစစ်ကို ရှာဖွေတွေ့ရှိခြင်း လို့များ ပြောလေမလားးးး 🙂

  • aye.kk

    May 30, 2015 at 11:16 pm

    ညီမလေးမျစ်ရေ
    ဖူးစာတစ်ခုနဲ ့တင်၊အနှစ်သုံးဆယ်ဆိုတဲ့
    ဖူးစာ”ဝဲကတော့”ထဲမှာဝဲလည်နေတာနဲ ့တင်၊ရိပ်သာပြေးရပြီ။
    ဆယ်ခုဆိုတာ မလိုချင်ပါနဲ ့လို့၊အစ်မကတောင်းဆိုလိုက်ပါရစေနော်။

    Ma Ma
    မမရဲ ့အတွေးလှလှနဲ ့သူ့အတွက်တွေးတတ်ပေးတာ
    ကျေးဇူးတင်ပါတယ်နော်။။

  • manawphyulay

    June 13, 2015 at 10:34 am

    မွေးလာတည်းက ဖူးစာရေးနတ်က တစ်ခါထဲ ရေးဆွဲထားတယ်လို့ လူကြီးမိဘတွေ ပြောခဲ့တာ ကြားဖူးနေပါတယ် အန်တီအေးရယ်…
    သူက အလှတရားတစ်ခုကို အန်တီအေးဆီမှာ မြင်တွေ့နေလို့ ဖြစ်မှာပေါ့နော်။

  • aye.kk

    June 13, 2015 at 3:17 pm

    မနောဖြူလေးရေ
    ဟုတ်မှာပါနော်။
    တကယ်ကိုမထင်မိတာပါ၊ရည်းစားထားဘူးပါတယ်၊
    အချစ်ဆုံးလို့ထင်ခဲ့မိတယ်၊အိမ်ထောင်ပြုလိုက်တော့မှပဲ၊
    ဆံတစ်ပင်တင်း၊ချစ်ခြင်းမယားဆိုတာနားလည်သွားတယ်။
    ရည်းစားအချစ်က၊လင်မယားအချစ်ကို ဘယ်လိုမှမမှီတာပါ၊တစ်ခြားစီပဲဆိုတာသိလိုက်ရပါတယ်။
    ဒါကြောင့်လည်းအိမ်ထောင်ရေးကတသက်တာခိုင်မြဲတာပေါ့နော်၊ရည်းစားအချစ်ကဆားမပါတဲ့ဟင်းလိုပါပဲ။
    မနောရဲ ့မေတ္တာနုနုအေးအေးအတွေး တွေးတတ်ပေးတာကိုလည်း ကျေးဇူးတင်မိပါတယ်လို့ပြောပြပါရစေ။။

Leave a Reply