နွေနှောင်း

ムラカミMay 29, 20152min18712

 

 

 

 

 

 

ရိုက်မိရိုက်ရာပါဗျာ ရိုးမတခွင် ပြဲပြဲစင်တုန်းက..

 

မိုးတွင်းဝင်တော့မှာမို့ .. ဆန်းဆက်တွေလည်း မလှတော့ပါဘူး

ပိန်းပိတ်နေပြီ… အကောင်ရှည်ကလည်း ကြောက်ရသေးသကိုး ..။ ဒင်းတို့က နေပူမိုးရွာဆို သိတော်မူတဲ့အတိုင်း

ရသလောက်ပေါ့ စက်လှေပတ်စီးရင်း နဲ့..။

 

 

IMG_7470-Edit
 ရေလယ်ကျွန်းမှာ

 

 

ဒါကနောက်တနေ့ပါ.. လမ်းမကြီးဘေးမယ်…

ဘာရယ်မဟုတ် သရက်ပင်အောက် ဖျာထိုင်ယက်နေတာ တွေ့တာနဲ့ပဲ ဝင်ရိုက်ဖြစ်တယ်။

ကျန်တဲ့ပုံတွေတော့ မဖြတ်ရသေး… သည်ပုံအရင် တင်လိုက်ပါတယ်။

IMG_7700-Edit
ဆေးလိပ်လည်းတို နေလည်းညိုပြီ

 

အဲ့သည့်ကကျော်လို့

အသီးဆိုင်ဘက် ဆက်လျောက်တော့လည်း ရိုက်ဖြစ်ပြန်တယ်..

ဘာကြောင့်မှန်းမသိ abstract ဘက်ကို စိတ်ဝင်စားနေတုန်းမို့ .. abstract ဆန်ဆန်ပဲ ရိုက်လိုက်ပါတယ်။

 

 

IMG_7702
နှောက်ယှက်ခံရတဲ့အခါ

 

နောက်တနေ့ကျတော့လည်း ထုံးစံအတိုင်းပါပဲ။

တနေ့တနေ့ နေလုံးမမြင်ရတဲ့ တိမ်တွေ မြူတွေကြား ညနေဆို အိမ်ရှေ့ထွက်ထွက် မော့ရတာအမော…

တရက်တော့ စိတ်အဆာပြေ အိမ်ဘေးက တရုတ်စကားပန်းပင် ဓားစာခံ ဖြစ်ရရှာပေါ့လား..။

IMG_7717-Edit
ညနေ

 

 

နောက်နေ့ မခံစားနိုင်လို့ မြို့ထဲ ထွက် .. ဟိုသည်သွား..

ဘုရားပွဲတခုကိုရောက်တော့ … သနပ်ခါးသည်တွေ တွေ့သဗျ…

ဒါလည်း အလွတ်မပေးခဲ့ဘူး ဆိုပါတော့..

လာလေရော့ သျှားစီး ဆေးဆွဲလေးတွေ

IMG_7424
ready to go

 

သည်မြို့မှာ လိပ်ပြာဖမ်းလို့ကောင်းတဲ့နေရာတော့ သိထားတယ်…

ဒါပေမယ့် နွေမှာတော့ မဟုတ်..

သည်တကောင်က အိမ်ရှေ့မှာ ဖမ်းတာပါ

 

 

IMG_7812-Edit
for the love of nectar

 

ခရီးသွားရတာ အထူးသဖြင့်နွေမှာ .. တယ်မလွယ်လှဘူးဗျ…။

အပေါ်ပူ အောက်ပူ နဲ့  ပိုဆိုးတာက …

တောင်ကုန်းမြင် ဘုရား ကောက်ကတ် တည်ပစ်တဲ့လူမျိုး ဆိုတော့..

ပူရတဲ့ကြားထဲ ချွတ်ပါ ချွတ်ရသေး.. (ဖိနပ်)။

သည်တခေါက် ခရီးက ဘာလိုလိုနဲ့ ဘုရားဖူးငါးယောက် စီးရီးစ် ကို ဖြစ်လို့…။

 

IMG_7396
အပြန်

 

ကြုံရင် တင်ပါဦးမယ်..။

 

တော်သေးပြီ

12 comments

  • မြစပဲရိုး

    May 29, 2015 at 2:40 am

    တိမ်ပလီ တဲ့ “နွေနှောင်း” ပေါ့။ :-)))
    (၁) “ရေလယ်ကျွန်း” က ရေ ထဲ လှိုင်းလေး တွေတောင် ထ ပြီး ရေလာ စင် နေ တယ် ဟဲ့။
    (၂) မင်း “ဆေးလိပ်တို” က အငွေ့တွေ ထွက်နေတာ မွှန်နေတာရော။
    (၃) အား အဲ့ အသီး က ကိုင်ကြည့်တာ စူး တယ်။
    (၄) တရုတ်စကားပန်းလေး ကတော့ မွှေးသား။
    (၅) အမယ် သနပ်ခါးတုံး ကို ဆိတ်ကြည့်တာ အပွေးကောင်းသားဘဲ။
    (၆) လိပ်ပြာ တောင်ပံ ခတ်လိုက်သံ ကြားရတယ်။
    (၇) ကျွန်မတို့ ရွာသူကြီး မမြင်အောင် ပုန်းနေတော် မူပါဘုရား။

    • kai

      May 29, 2015 at 4:26 am

      ….စတီးချိုင့်ကြီးနဲ့ ပိုပိုလေးပါဘုရား…။
      တနပ်.. ၁ဒေါ်လာနဲ့တွက်မိတာ.. မှားနေပြီလားမသိ..။

      ဆိုတော့…
      မေ..ဆိုတော့…. ဝသန်ဦးပေါ့…။

      • မြစပဲရိုး

        May 29, 2015 at 9:42 pm

        သိနေတယ်လေ။
        အဲဒီ စတီးချိုင့် ကြီး ကို ခလုတ်တိုက်တော့ မယ် ဆိုတာ။ lol:-)))))

        သူ့ နောက်က ဘုန်းကြီးကျောင်းသား လေး ကတော့ လည်သား။
        ရွာထဲ မှာ ပုံတင်ခံ လိုက်ရတာနဲ့ သူကြီး မင်း လေသေနတ် ကို ကြို သိနေသမို့
        ဘုန်းကြီး ကို ချိုင့်ကြီး ထိုးပေးပြီး ပုန်းနေတာကော။

        ဟုတ်တယ် မဟုတ်လား၊
        . နောက်မှာ ကျောင်းသားလေး ပါတယ် မဟုတ်လား ဓာတ်သေဆြာ ???
        🙄 😉 :-))))

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          May 29, 2015 at 10:32 pm

          အဲ့သည့်နေ့က
          ဆား ကျောင်းမတက်ဝူး

          😛

  • ခင်ဇော်

    May 29, 2015 at 4:11 am

    ကြိုက်သအေ….
    rock melon ပုံမျိုးး ရိုက်တာကို သိပ်ကြိုက်တယ်..
    ကြော်ငြာ အတွက်ဆို အဲလို အရိုက်များးကြတယ် မလားးဟင်??

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 29, 2015 at 4:42 am

      ကြော်ငြာ အတွက် ဆိုရာမှာ နည်းနည်း ကွဲပြားသဗျ ဂျီးတော်ရဲ့…
      သည်လို သစ်သီးဆိုကြော်ငြာ လိုမျိုး မယ် ..စာသားဖြည့်ပြီး ဘက်ဂရောင်းအနေနဲ့ ဒါမိုး သုံးနိုင်သပေါ့..
      theme တခုအနေလည်း ဖြစ်မပေါ့
      သို့သော် ဆိုင်ရာ သစ်သီး တခုခု ကို အသားပေးပြောရမယ့်နေရာမျိုး တော့ ဒါမျိုး မသုံးဘူး..

      သည်အထဲ လူလုပ်ပစ္စည်းတွေဖြစ်တဲ့ သနပ်ခါးရယ် အသီးရယ် ဖျဉ်ချပ်ရယ် ၃ခုလုံး စိတ်တိုင်းမကျဘူးဗျ…
      ရိုက်တာနှက်တာနဲ့ မဆိုင်တဲ့အပိုင်းပါ…

      သနပ်ခါးက အပွေးတွေနေရာမှာ ဆေးဆိုးတယ် အင်ထုတယ်….
      အသီးက မှည့်အောင် လုပ်တဲ့ အပိုင်းက tricky ပြီး … ဈေးက လျှာဖျားမှာ…
      ဝါးဖျာ ကတော့ နားနဲ့ ဆတ်ဆတ် ဘယ်လို မြန်အောင် ဘယ်လို လူသက်သာအောင် လုပ်ရမယ်ဆိုတဲ့
      know-how ကို ဆြာသမား လုပ်သူက တပည့်တွေကို သင်တာ ကြားရတယ်.. (သည်အထိ ပြသနာမဟုတ်)
      ဝယ်သူမေးရင်ဘယ်လိုပြော ဆိုတာ ပါ တဆက်တည်း ကြားလိုက်တော့ …စိတ်ကိုပျက်ရော…

      ကျန်တာတွေကတော့ သည်လိုပါပဲအေ…။

      P.S
      အပေါ်က ၂ယောက်ကိုတော့ ချဉ်လို့ ရီမပလိုင်ဖြစ်ကြောင်း
      ထည့်ရေးရန် မေ့သွားပါသည်။

  • Ma Ei

    May 29, 2015 at 9:18 am

    ရေလယ်ကျွန်းကလေးလှလိုက်တာအေ…
    အိမ်က ပန်းကလေးနားမှာတွေ့တဲ့ လိပ်ပြာကလေး လိုက်ရိုက်ဖူးပါတယ်…
    တစ်ခါမှ မရ …လှပဖို့တော့ဝေးပါလေရော… မိမိဂီရေ…

  • Mike

    May 29, 2015 at 2:20 pm

    .ဘာမှသာမဟုတ်တယ်..မိဂီတို့ရိုက်လိုက်တော့လည်း ဓါတ်ပုံဖြစ်သားသွားပဲနော်

  • Alinsett @ Maung Thura

    May 29, 2015 at 2:52 pm

    ဟိုဘုန်းဘုန်းကို ရုတ်တရက်ကြည့်လိုက်တာ …
    ဦးမျိုးသန့်များ… သာသနာ့ဘောင် ဝင်သွားပလားလို့…

    :mrgreenn:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 29, 2015 at 3:50 pm

      ငိငိ…
      တူသဗျားးး
      😀
      ကြားရင်… ယွန်းန ကယ်ဗာ အော်နေအူးမယ်..

      အားးဟိ

  • Ma Ma

    May 30, 2015 at 4:46 pm

    ရေလယ်ကျွန်း ပုံလေး သဘောကျတယ်။
    နေညိုညိုမှာ ရေပေါ်က ကိုင်းပင်ကွေးကွေးလေးနဲ့ ရေထဲက ကိုင်းပင်ရဲ့အရိပ်က လှိုင်းပုံလေးတွန့်နေတာ ကဗျာဆန်တယ်။ 🙂

Leave a Reply