“ကျနော်ဓါတ်ဖမ်းသမား” (၂)

“ကျနော်ဓါတ်ဖမ်းသမား” (၂)

(ဓါတ်ဖမ်းသူများ ဆုံကြခြင်း)

 

2 မသပ်မယပ် ကွန်ချက်
1 မသပ်မယပ် ကွန်ချက်

မန္တလေးရောက်တော့ ကိုစိန်သော့ နဲ့ ဆက်သွယ်ပါတော့တယ်။

သူနဲ့တစ်ရက်ဆုံပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြ စကားတွေပြောဖြစ်ကြပါတယ်။

သိပ်မကြာခင် ၂၀၁၁ ကုန်ခါနီးမှာ Mလုလင် က မန်းလေးကိုလာမယ်လို့ဖုန်းဆက်လာပါတယ်။

သူကလဲ ကိုစိန်သော့နဲ့တွေ့ချင်နေပါတယ်။

နောက်မန်းလေးမှာ ဓါတ်ဆရာ ရွှေမင်းသား လဲရှိနေပါတယ်။

သူတကယ်လာတဲ့ရက်မှာတော့ ကိုစိန်သော့ ရွှေမင်းသား ကျနော် နဲ့ Mလုလင် တို့ဆုံပြီး

တောင်သမန်းအင်းမှာ ကွန်ပစ်တာကို ရိုက်ကြပါတယ်။

အဲ့အချိန်က လှေသမားကို ငါးထောင်လောက်ပေးလိုက်ရင်

ကွန်ပစ်တဲ့ပုံ စိတ်တိုင်းကျ မရခြင်းကွန်ပစ်ပေးပါတယ်။

အခုတော့ စားဝတ်နေရေးကျပ်တည်း တာရယ် ကွန်သမားတွေကလဲ

စာတတ်ကုန်တော့

ကျပ်သောင်းဂဏန်းပေးမှကွန်ကိုကောင်းကောင်းပစ်ပေးပါတော့တယ်။

1 ပိုစ်စကဒ်ထုတ်ဖြစ်တဲ့ပုံလေး
2 ပိုစ်စကဒ်ထုတ်ဖြစ်တဲ့ပုံလေး

ပထမဆုံးအကြိမ်ကွန်ပစ်တာကိုရိုက်တော့ သူတို့မှာတော့ပုံကောင်းတွေရ

ကျနော်မှာတော့ တစ်ဝက်တစ်ပိုင်းပုံတွေဘဲရ။

အဲတော့မှာ ကျနော်ကို ကိုစိန်သော့က ဒီလိုပုံမျိုးရိုက်မယ်ဆိုရင်

ကွန်းတိန်းညူးရပ်(ဆက်တိုက်ရိုက်တာ)ဖန်ရှင်းမှာထားရိုက်ရတယ်ဆိုပြီးသင်ပေးမှ

စိတ်တိုင်းကျတဲ့ပုံရပါတယ်။

ကိုယ့်ဘာသာကိုယ်သာ စိတ်တိုင်းကျနေတာ သူတို့ပုံတွေနဲ့ယှဉ်လိုက်ရင် တခြားစီပါဘဲ။

 

နောက်ရက်မှာတော့ မင်းကွန်းကိုကျနော်ရယ် ကိုစိန်သော့ရယ် Mလုလင်

သုံးယောက် မင်းကွန်းကိုသွားကြပါတယ်။

ကံကောင်းချင်တော့ ကျနော်တို့ရောက်တဲ့ရက်မှာ

ဆင်တွေ့ လှည်းယာဉ်တွေ  မြင်းတွေနဲ့ဝင်းခင်းပြီးအလှူလှည့်တာနဲ့ဆုံပါတော့တယ်။

အလှူလှည့်လာတာ မင်းကွန်းပုထိုးတော်ကြီး ရှေ့ရောက်ချိန်မှာ

ကျနော်တို့အားလုံးအသဲအသန်ရိုက်ကြတာပေါ့။

အပေါ်တက်လိုက်အောက်ဆင်းလိုက်မြေကြီးပေါ်ဝမ်းလျားမှောက်လိုက်

ဒူးထောက်နဲ့ဆော်လိုက်ကြတာ အလှူလှည့်တာလဲပြီးရော

ဖုံတွေသဲတွေပေပွ

လက်တွေမျက်နှာတွေမှာ ဆူးခြစ်ရာတွေနဲ့ကျန်ခဲ့ပါတယ်။

ဆင် မြင်း လှည်းယာဉ်နဲ့မင်းကွန်းပိုထိုးတော်ကြီး ကြုံဘို့ဆိုတာ မလွယ်ဘူးလေ။

ဓါတ်ပုံရိုက်ပြီး ထမင်းစားချိန်ရောက်တော့ တစ်ယောက်နဲ့တစ်ယောက်ရိုက်ထားတာတွေပြန်ပြကြတာပေါ့။

ကိုစိန်သော့က နီကွန် Mလုလင်က ကင်နွန် နှစ်ယောက်လုံး DSLR

ကျနော်က တော့ အပျော်တမ်းကင်မရာပေါက်စလေးနဲ့ပေါ့။

သူတို့ပုံတွေက တော့ တကယ့်အကောင်းစား။

ကျနော်ပုံတွေလဲပြရော  ခြေမပါ ခေါင်းမပါ

နောက်ကလူက တစ်ခြမ်းပါ နေတော့ ဖြတ်လို့မရ။

လူနဲ့လှည်းယာဉ်အပြည့်ပါပေမယ့် ဘုရားက တစ်ဝက်တစ်ပိုင်း၊

အဲလိုပုံတွေချည်းပါဘဲ။

ဒီတော့မှ ဓါတ်ဖမ်းတယ်ဆိုတာ

ကိုယ်ဦးစားပေးပြချင်တဲ့ နေရာ  သစ်ပင် အဆောက်အဦးတို့

ကိုယ်ရိုက်တဲ့ပုံထဲကလူရဲ့ ခြေလက်ခေါင်းခါး

အကုန်ပါအောင်ရိုက်ရတယ်ဆိုတာ သဘောပေါက်သွားပါတယ်။

လူထုခေါင်းဆောင် အမှတ်တရ
လူထုခေါင်းဆောင် အမှတ်တရ

နောက်တော့ Mလုလင်နဲ့ မန်းလေးတောင် ရန်ကင်းတောင် အတူသွားပြီးရိုက်ခဲ့ကြပါတယ်။

အဲ့နောက်မှာတော့ မသိတာရှိရင် ကိုစိန်သော့မေး လုလင်မေးနဲ့

အရင်ကထက်စာရင် နည်းနည်းပိုသိလာပါတယ်။

အဲဒီအချိန်မှာမှ ကိုစိန်သော့က ပုသိမ်ဘက်ကို ပြောင်းသွားပြန်ပါတယ်။

ဒီတော့သိချင်တာကိုဖုန်းလေးဆက်ပြီးမေးရသပေါ့။

3လုလင်နဲ့ ဆုံတဲ့ မန်းလေးတောင်နံက်ခင်း
3လုလင်နဲ့ ဆုံတဲ့ မန်းလေးတောင်နံက်ခင်း

သူ ပုသိမ်ရှိနေတုန်းကျနော်ရယ်လုလင်ရယ်က ချောင်းသာကိုရောက်အောင်သွားလိုက်ကြပါသေးတယ်။

ကျနော်တို့စီးလာတဲ့ကားချောင်းသာဝင်ကတည်းက မိုးတွေဖွဲဖွဲကျတော့

အတော်လေးစိတ်ညစ်သွားပါတယ်။

ဒီတော့လဲ ပင်လယ်ထဲရေဆင်းချိုးကမ်းစပ်မှာလမ်းလျောက်လုပ်နေတဲ့အချိန်မှာမှ

ကောင်းကင်ကြီးကအရောင်တွေပြောင်းပြီးလှလာတာကို

အံ့ဩစဖွယ်မြင်ရတော့ ကင်မရာထုတ်လို့အပြေးအလွှားရိုက်ကြပါတယ်။

ဘာဘဲပြောပြော ချောင်းသာမှာတစ်ညအိပ်နေခဲ့ချိန်မှာ ညနေခင်းရောမနက်ပါ

ကျနော်စိတ်တိုင်းကျလှပတဲ့ရောင်စုံ ပုံလေးတွေရခဲ့တာအမှန်ပါဘဲ။

အဲဒီချောင်းသာသွားတုံးကကိုယ်စိတ်တိုင်းကျတဲ့ပုံလေးတစ်ပုံရှိပါတယ်။

ကမ်းစပ်ကဘုရားလေးဆီကိုရေလှိုင်းတွေပြေးဝင်လာတဲ့ပုံပါ။

အဲဒီပုံလေးကို ကျနော်သဘောအရမ်းကျနေပါတယ်။

ဒီတော့ဖေစ်ဘုတ်မှာအပြေးအလွှားတင်တာပေါ့။

နောက်ရက်ဖေစ်ဘုတ်ချက်ဘောက်မှာ

“ကိုပေါက် ပုံကိုဒီလိုလေး ဖြတ်လိုက်ရင်

လှိုင်းတွေက ဒေါင်လိုက်ဖြစ်သွားပြီး ပိုပြီးပုံကိုအားကောင်းသွားစေတယ်”

လို့စာလေးတစ်ကြောင်းနဲ့

အတူ ပြင်လေးထားတဲ့ ပုံလေးတစ်ပုံ ရောက်နေတာတွေ့လိုက်ရပါတယ်။

အဲတော့မှာ သူများတွေပြောနေတဲ့ ခရော့တယ်ဆိုတာ ကို သဘောပေါက်သွားပါတယ်။

အဲဒီသူကတော့ အကိုကြီး ရွှေသွေးဘောဂဗလပါဘဲ။

အဲဒီပုံလေးတစ်ပုံနဲ့အတူ ကျနော်ပညာနှစ်ခုရလိုက်ပါတယ်။

ကို်ယ်တင်ပြချင်တဲ့အကြောင်းအရာကို ပိုမိုထိရောက်အောင်

မလိုတဲ့အစိတ်အပိုင်းတွေဖြတ်ထုတ်ရတယ်ဆိုတာရယ်။

(ဓါတ်ပုံမှ မဟုတ်ဘူး လူ့လောကကြီးထဲက

ပေါင်းသင်းဆက်ဆံလုပ်ကိုင်ရေးတွေမှာလည်း မလိုအပ်တာကို

ပြတ်သားစွာဖြတ်ထုတ်မှ အကောင်းဆုံးကိုရမယ်ဆိုတာသိလိုက်ရပါတယ်။)

လူတစ်ယောက်ကိုသင်ပြပေးမယ် မှားနေတာတစ်ခုကိုထောက်ပြပေးမယ်ဆိုရင်

လူအများဝင်ဖတ်လို့ရနေတဲ့ ကော်မင်းဘောက်စ်ကနေ မရေးဘဲ

နှစ်ယောက်ချင်းသာ သိတဲ့ချက်ဘောက်ကနေပြောရင် နှစ်ဦးနှစ်ဘက်

ပိုအကျိုးရှိတယ်ဆိုတာကို သွယ်ဝိုက်သောနည်းအားဖြင့်သင်ပေးလိုက်လို့ပါ။

အခုအချိန်မှာတော့ သူများတင်ထားတဲ့ ပိုစ်တစ်ခုခုမှာစာလုံးပေါင်းမှားနေတာတို့

ဓါတ်ပုံမှာ ကြည့်လို့မကောင်းအောင်ဖြစ်နေတာမျိုးဆိုရင်

ချက်ဘောက်ကဘဲလှမ်းပြောပါတော့တယ်။

(အထူး ကျေးဇူးပါ အကိုရွှေသွေးရေ)

မှန်တော့လည်းမှန်ပါတယ်။

ကိုယ်ကကောင်းစေချင်လို့ ပြောတာမှန်ပေမယ့်

သူများတွေပါဖတ်နေတဲ့ ကွန်မင်းမှာဝင်ရေးရင် အကြောင်းမသိသူက

ဆရာလုပ်တယ်လို့ အထင်ခံရနိုင်တဲ့အပြင် ထောက်အပြခံရသူမှာလဲ

အနည်းနဲ့အများတော့ စိတ်ထဲမှာ အခံရ ခက်သွားနိုင်ပါတယ်။

ကော်မင်းကနေမပြောဘဲ ချက်ဘောက်ကပြောရင်လဲရတာပါဘဲ။

အဓိက က မှားနေတာကို ကာယကံရှင် သိသွားဘို့ ပါဘဲ။

 

4ချောင်းသာရဲ့ညနေ
4ချောင်းသာရဲ့ညနေ

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

29-5-2015

 

8 comments

  • Alinsett @ Maung Thura

    May 29, 2015 at 1:46 pm

    မန်းလေးတောင် နံနက်ခင်းနဲ့
    .ချောင်းသာ ညနေ ပုံလေးတွေ လှလိုက်တာ..
    အိပ်မက်ထဲမှာ မြင်နေရသလိုလေး…

    ဒါနဲ့ …ပိုစ့်ခေါင်းစဉ်က တမင် ဖြုတ်ထားတာ မဟုတ်ဘူးထင်တယ်။
    .မေ့ပြီး ပါမလာတာလား…လေးပေါက်…
    .လောလောဆယ် ထည့်ပေးထားမယ်နော်.. ။
    .ခေါင်းစဉ် မပါတဲ့ပိုစ့်က ကလစ်ရခက် / ဝင်ရခက် တတ်လို့….

  • ကျေးဇူးပါအလင်းဆက်ရေ

    ခေါ်င်းစဉ်က မေ့ကျန်ခဲ့တာဖြစ်မယ်ထင်ပါတယ်

    စာကိုယ် ကို အရင်ထည့်လိုက်မိလို့ဖြစ်မယ်

  • မြစပဲရိုး

    May 29, 2015 at 9:31 pm

    အပေါ်ဆုံး နှစ်ပုံ က မြင်ဖူးတယ်။
    . ဒေါ်အောင်ဆန်းစုကြည် ပုံ ကို ကိုယ်တိုင် ရိုက်လိုက်တာလား။ အားကျလိုက်တာ ကပေါက်ကြီး ရာ။
    . ချောင်းသာ ရဲ့ အလှ က ပိုပေမဲ့ သစ်ပင်တွေ တောတွေ ပါတဲ့ မန်းလေးတောင်နံက်ခင်း ကို အကြိုက်ပေး လိုက်ပါတယ်။ :-))

    • ကိုလတ်ကြီးရေ

      3-3-2012

      အမေစု မန္တလေးကို လာတဲ့ အချိန်က ကိုယ်တိုင်ရိုက်လိုက်တဲ့ ပုံလေးပါ။

      မှတ်မှတ်ရရ အဲဒီနေ့က မယ်ပု တို့ ကအမေစု ကိုလာကြိုရင်းတံခွန်တိုင်အဝိုင်းပါတ်မှာ

      ကျနော်က ဗာကင် စည်သွတ်စက်ရုံနားမှာ အဲလိုကြိုကြတာ

      ဒီပုံလေး အပါအဝင် ဖေစ်ဘုတ်မှာတင်လိုက်တဲ့ ဓါတ်ပုံ (၁၀)ပုံ ကို DVB သတင်းဌာန က တစ်နေကုန် လွှင့်ပေးသွားပါတယ်။
      ဘဝအမှတ်တရပေါ့။

      မန်းလေးတောင်ပုံကတော့ ကျနော် နှစ်သက်တဲ့ပုံလေးထဲက တစ်ပုံပါဘဲ။

      အကြိက်ခြင်းတူတယ်

  • aye.kk

    May 29, 2015 at 10:20 pm

    ကိုပေါက်
    အမေစုပုံလေးကို သဘောကျမိတယ်၊
    ချောင်းသာရှုခင်းကလှတယ်မန်းတောင်ရှုခင်းလည်းလှတယ်။

  • မမအေးရေ

    တာချိလိတ်ပါတ်ဝန်းကျင်အလှကို ကျနော့် ဂရု

    “လှပသောအလင်းပုံရိပ် “မှာ တင်ပေးပါအုံးနော်

  • ဝင့်ပြုံးမြင့်

    May 30, 2015 at 12:25 pm

    .မျှစ်ကြော်လည်း ပေါင်းသင်းဆက်ဆံရေး တအားညံ့တာ။ မလိုတာ ဖြတ်ထုတ် ဆိုတဲ့မူကို စဉ်းစားသွားပါတယ် လေးပေါက်ရေ

  • ဓါတ်ပုံပညာမှာ မဖြတ်တတ် ( မခရော့ )တတ်ရင် ကိုယ်ပေးချင်တဲ့ အကြောင်းအရာ ကို မပီပြင်နိုင်သလို
    လူလောကရဲ့ပေါင်းသင်းဆက်ဆံရေးကလဲ ဒီအတိုင်းပါ ဘဲ မပြုံးရေ

Leave a Reply