အရိုးသော့ – The Skeleton Key

အချို့ ရုပ်ရှင် ခရေဇီတွေဟာ ဟာသ ၊ ဒရာမာ ၊ အက်ရှင် တွေအပြင် သည်းထိတ်ရင်ဖို

ကားတွေကိုလည်း နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အရင်ကတည်းက ခုခေတ်ထိတိုင်အောင်

သည်းထိတ်ရင်ဖိုကားတွေဟာ နေရာရလာဆဲပါ။

သည်နေရာမှာတော့ ၂၀၀၅ခုနှစ်က နာမည်ကြီးခဲ့တဲ့ သည်းထိတ်ရင်ဖို ကားတစ်ကား

ကို ညွှန်းချင်ပါတယ်။ ကျတော်ကိုယ်တိုင်ကလည်း ရုပ်ရှင်ခရေဇီတစ်ယောက်မို့ပါ။

ဒရာမာကားကအစ ဖန်စီကအလယ် သည်းထိတ်ရင်ဖိုအဆုံး အလွန်နှစ်သက်သူူပါ။

အခု ညွှန်းမယ့်ကားကတော့ ၂၀၀၅ခုနှစ်မှာ ‘The Cave’ ဆိုတဲ့ သည်းထိတ်ရင်ဖိုကားနဲ့အတူ

ကြောက်စရာအကောင်းဆုံးဆိုတဲ့ ဇာတ်ကားကို တွဲပြီးအသိအမှတ်ပြုခဲ့ကြပါတယ်။

သွေးသံရဲရဲမနှစ်သက်သူတွေအတွက်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမြုပ်

ကွက်တွေနဲ့အတူ အစကနေ အဆုံး ကြည့်တဲ့သူကို ဆွဲခေါ်သွားမယ်။ သည်းထိတ်ရင်ဖို

ဇာတ်လမ်းတစ်ခုပါ။ သွေးသံရဲရဲ တစ်ကွက်မှမပါပါဘူး

တစ်ခုလောက် မှာထားပါရစေ။ ဇာတ်လမ်းတစ်ကွက်မှ မလွတ်ပဲ သေချာစွာကြည့်ဖို့ရယ်

ဒီဇာတ်လမ်းမှာ ဖြည်ချထားတာ လုံးဝမပါဘူးဆိုတာရယ်ပါပဲ။the-skeleton-key_81215-1400x1050

ဇာတ်ကားနာမည်ကတော့ ‘The Skeleton Key’  ပါ။ ကျနော်ကတော့ ကိုယ့်ဖာသာ

ဘာသာပြန်လိုက်ပါတယ်။ ‘အရိုးသော့’ လို့။

the-skeleton-key-photos-2

ဒီဇာတ်ကားမှာ အဓိက ဇာတ်ဆောင်အဖြစ် မင်းသမီး ‘Kate Hudson’ က သရုပ်ဆောင်

ထားပါတယ်။

ဇာတ်လမ်းအကျဉ်း

အဲလစ်ဟာ နာ့စ်တစ်ယောက်ပါ။ တစ်ရက်တော့ အဲလစ်အလုပ်တစ်ခု

ရခဲ့ပါတယ်။ မြို့အစွန်တစ်နေရာ အိမ်တစ်အိမ်က ကိုယ်တစ်ပိုင်းသေနေတဲ့လူနာတစ်ဦးကို

အနီးကပ်စောင့်ရှောက်ပေးဖို့ပါ။ hero_EB20050811REVIEWS50727003AR

အဖိုးကြီး နဲ့ အဖွားကြီး ဇနီးမောင်နှံနှစ်ယောက်သာနေပြီး အဖိုးကြီးခမျာ

အောက်ပိုင်းသေနေသူတစ်ယောက်ပါ။ အဖိုးကြီးရဲ့ ဝေယျာဝစ္စကို ပြုစုပေးဖို့ ရောက်လာခဲ့တဲ့

အဲလစ်ဟာ အိမ်ကြီးရဲ့ ထူးခြားမှုတွေကို စတင်ကြုံလာရပါတော့တယ်။

အိမ်ကြီးရဲ့  သော့ခတ်ထားပြီး သော့တံမရှိတဲ့ အခန်းတစ်ခုရဲ့ ဆွဲဆောင်မှုကို

အဲလစ်ခံရပါတော့တယ်။

အိမ်ကြီးဆီက အဖွားကြီးတူဖြစ်သူလို့ သိထားတဲ့ ရဲတစ်ယောက်လည်း တစ်ပတ်

နှစ်ရက် လာလေ့ရှိပါတယ်။ တစ်နေ့ထက် တစ်နေ့ အဲလစ်ပြုစုရတဲ့လူနာအဖိုးကြီးဟာ ထူးခြား

လို့ နေပါတော့တယ်။0e1564d711038ab88b3bdc5897c441c5

လူနာအဖိုးကြီးရဲ့ မျက်လုံးတွေဟာ အဲလစ်ကို အကူအညီတောင်းခံနေသလိုလို

ပုံစံရယ်။ အဖွားကြီးရဲ့ တူဖြစ်သူရောက်လာရင် မလိုတဲ့ပုံစံတွေရယ်။ တစ်ရက်မှာတော့

အဖိုးကြီးရဲ့  အိပ်ယာခင်းတစ်ခုမှာ သွေးနဲ့ရေးထားတဲ့ ‘Help Me’ ဆိုတဲ့ စကားလုံးကို

အဲလစ်တွေ့လိုက်တဲ့ အချိန်မှာတော့။

သည်းထိတ်ရင်ဖိုပြသတွေနဲ့အတူ ကြည့်ရှုသူ မထင်မှတ်ထားတဲ့ ဇာတ်လမ်းပုံစံ

ကို မြင်ရမှာဖြစ်ပါတယ်။ တကယ်ကောင်းတဲ့ကားမို့ ညွှန်းဆိုပါရစေ။ သည်းထိတ်ရင်ဖို

နှစ်သက်သူတွေအတွက်ပါ။

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

 

7 comments

  • ခင်ဇော်

    May 29, 2015 at 12:01 pm

    The Skeleton Key (2005)
    ၂၀၀၅ တုန်းက ထွက်တာ။ ကိတ်ဟတ်ဆန် ကို ကြိုက်တယ်။
    Horror ထဲမှာ တော်တော်ကြိုက်တဲ့ ထဲ ပါတယ်။
    နောက်တော့ Scary Movie က ပြောင်တာ ကြည့်ပြီး ထပ်ကြည့်တဲ့ အချိန်မှာ မကြောက်တော့ဘူးးးး
    အဲဒီကားကို ချိုပြုံးရယ် ညွန့်ဝင်းရယ် ပြန်ရိုက်လိုက်သေးတယ်လေ။

    • အောင် မိုးသူ

      May 29, 2015 at 12:04 pm

      ပြန်ရိုက်တာတော့ သိတယ်။ ဒါမယ့် မကြည့်ဖြစ်ဘူး။ နောက်ဆုံးအခန်းမှာ အားမလို အားမရဖြစ်မိတယ်။ ဆိုက်ဒ်ကိုလေးလည်း နည်းနည်းထည့်သွားတာ တွေ့တယ်။

  • Alinsett @ Maung Thura

    May 29, 2015 at 1:34 pm

    စိတ်ဝင်စားသွားပြီ…
    ခက်တာက ဘယ်မှာ ရှာရမှန်းမသိ…
    ဒဂုန်စင်တာဘက် ရောက်ရင် ဝင်မွှေကြည့်အုန်းမယ်။
    ဒေါင်းဖို့ကတော့ မလွယ်…
    ရုပ်ရှင်ဇာတ်ကားတစ်ကားရဖို့ ၂ ရက်လောက် ဒေါင်းယူရမယ့် ကိုးနက်ရှင်နဲ့မို့….

    ကျနော် မနေ့က ကြည့်ဖြစ်တာတော့… Seventh Son
    ဟိုတနေ့ကတော့ ကြည့်ပြီးသား ဇာတ်ကားဖြစ်တဲ့ World War Z ကိုပဲ ထပကာ ထပ်ကာ ပြန်ကြည့်နေမိ…

    • အောင် မိုးသူ

      May 29, 2015 at 3:14 pm

      အာ့ကိုပဲ ပြန်ကြည့်နေတာလား။ မကြည့်နဲ့ ကြည့်စရာကားတွေ များကြီးရှိတယ်။ ကြည့်ချင်ရင် ငှားမယ်လေ။

      • Alinsett @ Maung Thura

        May 29, 2015 at 3:22 pm

        အိုကေ… ဒီတစ်ခါ ဆုံဖြစ်ရင် … ကြည့်လို့ ကောင်းမယ့် ဇာတ်ကားလေးတွေ ထည့်ယူလာပေး..
        အိမ်ထိ မငှားပါဘူး။ အခွေကို ကော်ပီအဖြစ် ကွန်ပြူတာထဲ ထည့်ယူမယ်လေ…
        သရဲတစ္ဆေဇာတ်လမ်းတို့…
        စက်ရုပ်တို့ သိပ္ပံဇာတ်လမ်းတို့… ကြိုက်မိနေတယ်။
        ဟိုဘက် တပြုံ ကြီး ဒီဘက်တပြုံ ကြီးနဲ့ တိုက်ခိုက်နေတဲ့ စစ်ကားမျိုးကလွဲရင်…
        .အေးတိအေးစက် အချစ်ကားမျိုးက လွဲရင်…..

  • မြစပဲရိုး

    May 29, 2015 at 9:24 pm

    ( သွေးသံရဲရဲ တစ်ကွက်မှမပါပါဘူး }
    ဒီနေ့ ခေတ်ထဲ သွေးသံရဲရဲ ပြကွက် တွေ မရှိတော့ တာ သတိထားမိလား မောင်အောင်။
    Hollywood censorship guidelines ထဲ မှာ တွေ နဲ့ ရိုက်တာ တား ထားတယ် လို့ သိဖူးတယ်။
    ဟိုး အရင် Horror ကား တွေမှာ သွေးတွေ မှ အများကြီး မြင်ရတာလေ။
    ဥပမာ – Pirates of the Caribbean က ဇာတ်ဝင်ခန်း တွေ ကို ကြည့်ကြည့်။
    ဓားနဲ့ ထိုး လဲ ဘာသွေးမှ မထွက်တော့ဘူး။

    • အောင် မိုးသူ

      May 30, 2015 at 8:53 am

      အချို့ကားတွေမှာတော့ သွေးတွေများကြီးသုံးတာ မြင်ဖူးတယ်နော်။ Wrong Turn လိုကားမျိုးဆို ခုထိ သုံးတုန်းပဲ။

Leave a Reply