လိုက်ကြမလား…. သွားစို့ကွယ်…

alinsettMay 30, 20151min5118

 

 

 

27

 

 

 

 

 

 
လိုက်ခဲ့ကြမလား ??
စိုစွတ်ခြင်းလည်း မဟုတ် ခြောက်သွေ့ခြင်းလည်း မမည်သော သစ်တောအုပ်ကလေးထဲ ကျွန်တော် သွားပါမည်။

စိမ်းစိုလတ်ဆတ်သော သစ်ပင်ကြီးများ၏အောက်မှာ သစ်တောလမ်းကလေး ကွေ့ကောက်ကောက်က တစ်ယောက်ယောက် လျှောက်နင်းလာဖို့ အမြဲတစေ ခွင့်ပြုနေသည့်ဟန်. . .

ထို့အပြင် ဤတောအုပ်ထဲသို့ စတင်ဝင်ရောက်လိုက်သည်နှင့် ပထမဆုံး ခံစားမိနိုင်သည့်အချက်မှာ ”ဤနယ်မြေသည် ဘာမဆို ဖြစ်ပျက်သွားနိုင်သော နယ်မြေဖြစ်သည်” ဆိုတဲ့ခံစားမှု။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မွန်းကျပ်ပိတ်လှောင်နေသော ထိုထိုဤဤ မြို့ပြ လွှမ်းခြုံမှုအောက်မှနေ၍ ဆောက်တည်ရာမဲ့ ပြေးထွက်ချင်မိသူတွေပဲ မဟုတ်လား။

ပြေးလာသူမှန်သမျှကို ဆီးကြိုလင့်မည့် ဆိုင်းဘုတ်မရှိသော်လည်း ဤသစ်တောကလေးသည် လာသူတွေကို ဖိတ်ခေါ်ကြိုဆိုနေသယောင် ဖြစ်သည်။

တခါတရံမကသော ကာလများတွင် ကျွန်တော်တို့ဟာ ကြိုဆိုဖိတ်ခေါ်သူမရှိသော တနေရာရာရှေ့မှာ ရှက်ရွံ့သိမ်ငယ်စွာနဲ့ ရပ်နေခဲ့ရဖူးတာပဲ။

ဝင်လာခဲ့ပါ. . .တဲ့။ တောအုပ်ကလေးရဲ့ ခေါ်သံ မဟုတ်​ဘူးဆို​ပေမဲ့
သစ်ပင်သစ်ခက် အကိုင်းအလက်များကဖြင်​့  လှုပ်လှုပ်ခတ်ခတ်နဲ့ လာခဲ့ပါကွယ်​ ရယ်​လို့  ခေါ်နေသည်ပဲ။

သွားကြစို့ပါကွယ်. . .

ဤသစ်တောအုပ်ကလေးထဲမှာ ငြိမ့်ငြိမ့်ကလေး စီးဆင်းနေသော စမ်းချောင်းကလေးတွေ ရှိမနေဘူးလို့ မင်း ပြောနိုင်မလား။

ဒါမှမဟုတ် အဲသည် စမ်းချောင်းကလေးကို ဟိုဘက်သည်ဘက် ဖြတ်သန်းသွားနိုင်ဖို့ရာ နွယ်ကြိုးများဖြင့် သွယ်တန်းထားသော တံတားကလေးတစ်စင်းရော မရှိပါဘူး လို့ မင်​း. . ပြောဦးမလား. .

ဟင့်အင်းးး
ဤသစ်တောကလေးထဲမှာက ဘာမဆိုဖြစ်ပျက်သွားနိုင်သော အငွေ့အသက်များ လွှမ်းခြုံနေသည်ပဲ​လေ။

စမ်းချောင်းကလေးများ. . .

ထိုစမ်းချောင်းကလေး၏ ရေစီးသံကို  ဂီတသံစဉ်တစ်ခုလို ခံစားရင်း တည်ကြည်စွာ ကူးခတ်နေမည့် ရောင်စုံ ငါးကလေးများ. . .

ထိုငါးကလေးများနှင့် ထိုစမ်းချောင်း. . .
ထိုစမ်းရေဂီတ. . စသည်​တို့ကို နီးကပ်စွာ နားဆင် ခံစားကြည့်နိုင်ဖို့ရာ သွယ်တန်းထားသော ကြိုးတံတားကလေးများ. . .

အဲသည်နောက် နွယ်ကြိုးပေါ်မှာ ဖြတ်ပြေးသွားတတ်သော ရှဉ့်ငပေါကလေးများ. . .

သစ်ပင်ကိုင်းဖျားတွေဆီမှာ နားနေရင်းဖြင့် တီတီတာတာ အော်မြည်နေမည့် ကျေးငှက်ကလေးများ. . .

အဲသည်အရာတွေ အကုန် ရှိမနေဘူးလို့ ဘယ်သူမှ မပြောနိုင်​ပေမဲ့
“အဲဒါ​တွေမက ရှိ​နေနိုင်​တယ်​”လို့​တော့ ကျွန်​​တော်​ ​ပြောနိုင်​ပါသည်​။

ဘဝရဲ့ ခါးသီးနာကျင်ဖွယ်ရာသော ခံစားချက်တွေကို ပိုက်ထွေးလို့. . .လောကကြီးကို တိုင်တည်ကာ ငိုကြွေးချင်လာတဲ့ အခါမျိုးမှာ . . .
ကိုယ့်ကို အစစအရာရာ နားလည်ပေးပြီး”ဒီလိုပါပဲကွယ်. . ဘဝဆိုတာ. . .”ရယ်လို့ . . . အားပေးနှစ်သိမ့်ပေးမယ့် ချစ်သူတစ်ယောက်ဖြစ်ဖြစ် လိုအပ်လာတဲ့အခါ. . .

ဤသစ်​​တောအုပ်​က​လေးက စိတ်​အစဉ်​ကို ခဏတာဖြစ်​ဖြစ်​ အပူ​တွေနဲ့ ​ဝေးရာမှာ သိမ်​းထား​ပေးနိုင်​မှာ. . .

ကျွန်​​တော်​ဆိုလျှင်​ . . .
အတုန်​းအရုန်​း လဲကျသွားစေနိုင်​သည်​့ အခက်​အခဲ​တွေနဲ့ ကြုံရတဲ့အခါမျိုးမှာ ကျွန်​​တော်​့
မေ​မေ၏ ရင်​ခွင်​ကို ​ပြေးဝင်​ပြီး တခါတရံငို​ကြွေး ၊ တခါတရံ​တော့လည်​း ပင့်​့သက်​အခါခါရှိုက်​ . . အဲသည်​လိုနဲ့ လောကဓံ၏ အလစ်​အငိုက်​ တိုက်​ခိုက်​မှု​ကြောင်​့
ဒဏ်​ရာဒဏ်​ချက်​များစွာ. . . .
ဖြစ်​ပွား. . . .
အဲသည်​​နောက်​ ပြန်​လည်​ ကုစား. . .

အဲသည်​အခါမျိုးမှာ​တော့
ကျွန်​​တော်​့ မေ​မေက. . .
“သားရယ်​ ဒီလိုပါပဲ ကွယ်​ . . . လောကဆိုတာ. .. . .” ရယ်​လို့ ​ကျောကို သပ်​ကာသပ်​ကာနဲ့​ပေါ့. . .
အား​ပေးနှစ်​သိမ်​့ခဲ့တာ. . . .

အခု​တော့ အိမ်​မှာ ကျွန်​တော်​့ကို ​
.နွေး​ထွေးစွာ ပြုံးပြ​နေမယ်​့ ကျွန်​​တော်​့ကို နားလည်​​သော. . . .
ထို့အပြင်​ နှစ်​သိမ်​့​ပေးနိုင်​စွမ်​း​သော ကျွန်​​တော်​့မေ​မေ အပြင်​ . . .
သစ်​​တောအုပ်​က​လေးလည်​း
ရှိ​နေပြီ။

ဘယ်​​လောက်​ ​ကောင်​းလိုက်​သလဲ​ကွယ်​ ။

ယုံနိုင်​ပါ့မလား. . . .

ဤ သစ်​​တောအုပ်​ထဲ ​
.ခြေကို တလှမ်​းချင်​း တဖဝါးချင်​း ချမိရင်​းနဲ့ပဲ တဖြည်​းဖြည်​း သိလိုက်​ရတာတစ်​ခု . . .
ကျွန်​​တော်​့မှာ ရှိ​နေတယ်​။

လာ . . . .
ကျွန်​​တော်​နဲ့ လိုက်​ခဲ့။
လမ်​းမှာ ကျွန်​​တော်​ ​ပြောပြမှာ​ပေါ့။

zzzzzzzzzzzzzzzzzzzzzzzzzzzzzzz

 

 

(တီးတိုးသံ)

 

လူသား​ရေ. . .
မင်​း. . . ရခဲ့ဖူးတဲ့
ဒဏ်​ရာဒဏ်​ချက်​တွေကို
ထိုင်​​ရေတွက်​​နေမယ်​့အစား. . .  မီးစာကုန်​ ဆီခမ်​း​တော့မယ်​့ . . .
အဲ့ဒီ မီးခွက်​က​လေးကိုမှိတ်​ . . .
ခပ်​မြန်​မြန်​ အိပ်​ချလိုက်​ပါ​တော့ကွယ်​…

 

လူသား​ရေ. . .
အဲ့သည်​​နောက်​ . .
နှိုးစက်​ကြီးက ကိုယ်​့ကို မနှိုးခင်​. . . ကိုယ်​ကအရင်​ နှိုးစက်​ကိုနိုးပြီး. . .
နှိုးစက်​ကို ဆက်​အိပ်​​​စေ. . .
မင်​းအတွက်​ . . .
မင်​းကိုယ်​တိုင်​ ဖန်​တီးတဲ့ . . .
လန်​းဆန်​းတက်​ကြွခြင်​း​တွေနဲ့  အ​မှောင်​ညဆီက. . .
နိုးထ လွန်​​မြောက်​ပါ​စေ​တော့. . .

 

zzzzzzzzzzzzzzzzzzzzzzzzzzzzzzz

 

 

(​ရေရွတ်​သံ)

 

.ကြည်​့စမ်​း!!!!!!!!
ဒီသစ်​​တောအုပ်​က​လေးက. . . စကားတစ်​ခွန်​းတ​လေများ ​ခပ်​မြန်​မြန်​ ​ပြောလိုက်​​လေသလား. . .. . .

. . . . .
. . . . .
. . . . .

 

zzzzzzzzzzzzzzzzzzzzzzzzzzzzzzz

Alin Z @ Maung Thura

2015, May – 26 ( 16 : 22 )

8 comments

  • မြစပဲရိုး

    May 30, 2015 at 2:04 pm

    လိုက်တော့လိုက်ချင်သား။
    သို့ပေမဲ့ နားဒုက္ခ ရောက်ရှာမဲ့ အရေး တွေးပြီး လိုက်တော့ဝူး။
    lol:-)))))

    • Alinsett @ Maung Thura

      May 30, 2015 at 2:10 pm

      သစ်တောကလေးက…စကားတွေ ပြောချင်နေတာလေး တစ်ခုပဲ….

      :k:

  • တောင်ပေါ်သား

    May 30, 2015 at 4:30 pm

    သစ်တောတွေက ရှိသေးလို့လား 😛

  • lu lu

    June 2, 2015 at 3:30 pm

    သစ်တောဆိုရင် ခရိုနီကြီးတွေ လိုက်မယ်တဲ့

    • Alinsett @ Maung Thura

      June 2, 2015 at 6:38 pm

      သစ်တောကို ချစ်တဲ့သူတွေ စု ပေါင်းပြီး ထိရောက် သေချာတဲ့ အားနဲ့
      သစ်တောကို အမျိုးဖြုတ်နေတဲ့ ခရိုနီတွေကို တိုက် ထုတ်သင့်

  • ခင်ဇော်

    June 2, 2015 at 9:28 pm

    ကံကောင်းးပါစေ ဆက်ဆက်ရေ တဲ့..!!

Leave a Reply