ဓမ္မ Talk နဲ့ အီးဗနီး Walk

မနက်ဖြန် နယုန်လပြည့်နေ့ ရန်ကုန် မှာ ကျင်းပမဲ့ Damma Talk  အစီအစဉ်များ ကို စိတ်ပါဝင်စားသူများအတွက် ကြော်ငြာပေးချင်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++
. အောက်စ်စဖို့ဒ့် ဗုဒ္ဓဝိဟာရ မှ ဆရာတော်ဦးဓမ္မသာမိ ၏ ဓမ္မပူဇာ အထူးတရားပွဲ များကို ကျင်းပပြုလုပ် မည် ဖြစ်ပါ၍ အောက်ပါ အစီစဉ်အတိုင်း တရားတော် နာယူကြ ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
► ဟောကြားမည့်တရားတော်များ
♦ ၁.၆.၂၀၁၅ (တနင်္လာနေ့) – ပျော်နိုင်ပါလျက် ပျော်ဖို့မေ့နေသူများ ( Why forgetting to be happy. )
♦ ၂.၆.၂၀၁၅ ( အင်္ဂါနေ့ ) – အနက်ရောင်ကို အဖြူရောင်သို့ ပြောင်းလဲခြင်း ( Transforming pain into compassion )
♦ ၃.၆.၂၀၁၅ ( ဗုဒ္ဓဟူးနေ့ )- လျစ်လျူမရှု ကျောမခိုင်းသော ဥပက္ခာတရား ( Mindful and balanced emotion )
♦ တရားအလှူတော် ကျင်းပမည့်အချိန်
ညစဉ် (၇) နာရီ
♦ တရားအလှူတော် ကျင်းပမည့်နေရာ
ဇမ္ဗူသီရိဗိမာန်တော်
တံတားလေးလမ်းဝ၊ မရမ်းကုန်းမြို့နယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီနေရာ ကို မသွားနိုင်ရင်တောင်မှ စကိုင်းနက် ရှိသူများ စကိုင်းနက်တရားချန်နယ် ကနေ တိုက်ရိုက် လွှင့်မယ်လို့ လဲ သိရပါတယ်။
ဆရာတော် ရဲ့ တရား ကို ကျွန်မ ဘေးက ဘာသာရေး များ အကြောင်း ကို ပေါက်တတ်ကရ ဝေဖန်တတ်သော မဟာ အေးသီးရစ် နှစ်ယောက် တောင် လိုက်နာလက်ခံတာမို့ တကဲ့ တရား အနှစ်များ သိနိုင်မယ်လို့ ပြောလိုပါတယ်။ ဖြစ်နိုင်ရင် ကြိုးစားပြီး နာကြည့် ကြစေချင်တယ်။

 

ဆရာတော် ဟောထားတဲ့ တရား “Mindfulness Meditation Made Easy” က အင်္ဂလိပ်ဘာသာ နဲ့ ဟောထားတာပါ။
အဲဒီ ဟောတဲ့ တရား ကို pdf file  အနေနဲ့ အောက်က Link  မှတစ်ဆင့်  Download လုပ်ပြီး သိမ်းထားလို့ ရပါတယ်။
အစ်မဒုံ ပြောသလိုပါဘဲ။ အတော်လေး လွယ်ကူရှင်းလင်း တဲ့ စကားလုံး တွေ မို့ နားလည်လွယ်မှာပါ။
ဒါ့အပြင် နိုင်ငံခြားသား များ ကိုလဲ အခွင့်ရရင် တရားအကြောင်း ပြောပြပေးလို့ ရနိုင်ပါတယ်။
. မြန်မာလို ရလာတဲ့ အချိန်ကျရင်လဲ ရွာထဲ မပျက်မကွက် မျှပေးပါဦးမယ်။
အပျော်သဘောဖတ်ကြည့်ကြရင်တောင် သိပ်မဆိုးပါဘူး။

Mindfulness Meditation Made Easy

 

ကြော်ငြာ ဝင်အပြီး မှာ ညနေခင်းလေး တစ်ခု ကို ခံစားသွားနိုင်ကြမယ်လို့လဲ မျှော်လင့်ပါတယ်။

အားလုံး စိတ်ရွှင်လန်းချမ်းမြေ့ကြပါစေ။

. ပုံ
. အိုဘီဗွီလော်ဘီ  (OBV = Oxford Buddha Vihara)
. တရာရှင် မြ

W02
တိမ် တွေ ရဲ့ အကြည့်
W04
အစိမ်းရောင်တို့ ရဲ့ ရပ်ဝန်း
W05
အဝေးက အိမ်

 

W03
တစ်ကောင်တည်းဘဲ …. ဒါပေမဲ့ ကြောင် :-))
W01
အများကြီးဘဲ … ဒါပေမဲ့ မာစီဒီး :-))

23 comments

  • Alinsett @ Maung Thura

    May 31, 2015 at 4:19 pm

    မာစီဒီး တစ်စီးလောက် လိုချင်လိုက်တာလို့ မပြောခင်…
    စကိုင်းနက်လေး ကြည့်ခွင့်ရချင်လိုက်တာလို့ မပြောခင်…
    စကိုင်းနက်လေး ကြည့်… မာစီဒီးလေး မဟုတ်တောင် သာမန် ကားအပေါစားလေးတစ်စီးနဲ့ သွားလာနိုင်ဖို့…
    အလုပ်အကိုင် ဝင်ငွေ အခွင့်အလမ်းကောင်းလေးတစ်ခု …အရင် တောင့်တမိတယ်.. .

    😥

  • padonmar

    May 31, 2015 at 11:51 pm

    တခါတုံးက ဗဟန်းကြားတောရလမ်းမှာ ဆရာတော်ကို ကျိုင်းတုံရှမ်းတွေက ပူဇော်ပွဲလုပ်နေကြတယ်။သင်တန်းကအပြန် အဲဒီပွဲကို သွားစပ်စုကြရင်း ဆရာတော်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ဆရာတော်ရေးတဲ့ တရားစာအုပ်တွေ ရခဲ့တယ်။
    ဆရာတော်ကိုတော့ ခပ်ဝေးဝေးက မြင်ဖူးခဲ့တာပေါ့။
    ရှမ်းစကားတွေဆိုတော့ နားမလည်ခဲ့ဘူး။
    အဲဒီပွဲမှာ ရှမ်းတွေရဲ့ သဒ္ဓါတရားကြီးမားကြောင်းလည်း တွေ့ခဲ့တယ်။ရှမ်းမချောချော(ရှမ်းချောချောလည်းပါ)တွေလည်း တွေ့ခဲ့တယ်။ဆရာတော့်တရားစာအုပ်က ဘိုလိုရေးထားတာ ရှင်းလင်းလွယ်ကူ နားလည်လွယ်တာကို ခံစားသိခဲ့ရပါတယ်။
    တရားပွဲအကြောင်း FB ကနေ share ပေးလိုက်ပါတယ်။
    ကိုယ့်မိတ်ဆွေတွေထဲမှာ တရားနာဖို့ စိတ်ထက်သန်သူတွေ အများကြီးရှိတဲ့အတွက် ထိုက်သူတွေ ရကြပါလိမ့်မယ်။
    ကိုယ်လည်း တနည်းနည်းနဲ့ ထိုက်သူဖြစ်အောင် ကြိုးစားပါမယ်။

  • မြစပဲရိုး

    June 1, 2015 at 2:15 am

    ဆက်ဆက်ရေ
    တကယ်က မြန်မာပြည်မှာ လုပ်စရာတွေ အများကြီးပါ။
    ချစားမှု မရှိ အဂတိ ကင်းတဲ့ လမ်းမှန်ပေါ်ရောက်သွားရင် အလုပ်အကိုင်အခွင့်အလမ်း တွေ အတွက် တစ်ခြားနိုင်ငံ တွေက တောင် လာလုပ်လို့ ရအောင် ပေါသွားမှာပါ။
    အဲလို လမ်းမှန်ပေါ်ရောက်အောင် ဆုတောင်းဖို့ဘဲ ရှိတယ်။
    ကိုယ်က ဝင်လုပ်ပေးနိုင်တဲ့ အား မှ မရှိတာကိုး။
    တစ်ခါတစ်လေတော့လဲ ခပ်တိတ်တိတ် ဆုတောင်းခြင်းက ခပ်ကျယ်ကျယ် စကားတွေပြောနေတာထက် ပိုကောင်းတတ်သလားဘဲ။

    အစ်မဒုံ
    . ကျေးဇူးအများကြီးတင်ပါတယ်။
    ကျွန်မ အရင်က တွေ့ဖူးသမျှရော၊ အခုဒီမှာ တွေ့နေတဲ့ ရှမ်းလူမျိုး တွေ အားလုံး စိတ်အရမ်းနူးညံ့ကြတယ်။
    . လောဘ ဒေါသ နဲတယ်။
    အစ်မပြောသလို သဒ္ဒါတရား အရမ်းထက်သန်တယ်။
    အနေအထိုင်လဲ တစ်အားရိုးစင်းတယ်။ ကြွားဝါမောက်မာမှု မရှိသလောက်ရှားတယ်။
    . ကောက်ကျစ်တဲ့ စိတ် လဲ မမွေးတတ်ဘဲ တော်ရုံ အကောင်းမြင်ကြတာ။
    ဆရာတော် ကလဲ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာ အယုတ်အလတ် မခွဲခြားဘူး။
    အားလုံးက တန်းတူ ညီမျှဘဲ။
    သူ့ကို ဆွမ်းကပ်ရင် ပွဲတွေ အများကြီး လုပ်ကပ်တာ မကြိုက်ဘူး။
    အခု သတ်သတ်လွတ်ဘဲ စားနေတော့တာ။
    အင်္ဂလိပ်လို ပြောတာ အရမ်းရှင်းရှင်းလေး နဲ့ အားလုံး နားလည်အောင် ဟောနိုင်တာမို့ ကလေး တွေ အတွက် ဘာသာရေး လိုက်စားတတ်အောင် အစွန်းမရောက်စေဘဲ သင်ပေးတတ်တယ်။
    ယိုးဒယား တွေလဲ တော်တော်များများလာတယ်။ ဆရာတော်က ယိုးဒယားလိုလဲ ပြောနိုင်တယ်။
    သူ့ဇာတိက လဲချား ကပါ။
    ကျွန်မ သဘောအကျဆုံးက တရားဟောလဲ သူချည်းဟောမနေဘူး။
    အမေး အဖြေ ပုံစံ အမြဲလုပ်ပေးတယ်။
    သူ့ကို ကန့်လန့်တိုက်မေးလဲ ဘယ်တော့မှ မေးသူ ကို မှားတယ်မပြောဘူး။
    ကျွန်မလဲ ဆရာတော်ရဲ့ စကား တွေ ပြောရင်း အကောင်းမြင်ကြည့်လာတတ်တဲ့ စိတ်ပြောင်းခဲ့တာပါ။
    ၁၀၀% အထိတော့ အကောင်းမမြင်တတ်သေးပေမဲ့ ၅၅% လောက် တော့ အကောင်းမြင်ဖက် ကို ရောက်လာပြီ ထင်တာပါဘဲ။
    . တော်ရုံ ဘုန်းကြီးတရားဟောမျိုး တွေ ရဲ့ တရားတွေမှာ ငါစွဲ ဘာသာစွဲ တွေ ကို မြင်နေရတော့တာမို့ ကိုယ်လိုက်နာရမဲ့ တရားလို့ မထင်တတ်၊ လက်မခံတတ်တော့တာ။
    . အကောင်းမြင်ပြောရင်း မကောင်းမြင်ဘက်ရောက်လာပြီ မို့ ရပ်ပါပြီရှင့်။ lol:-))
    အစ်မ မှတ်ချက်လေး စိမ်းပေးပါရစေ။ :-))

    • ဦးကြောင်ကြီး

      June 1, 2015 at 11:14 am

      လှော်ဗီနဲ့ခိုနီ လိုက်ပါ့ကွာ..

      • မြစပဲရိုး

        June 1, 2015 at 11:42 pm

        ကျွန်မ က “တစ်” ပါ ကြောင်။
        “ခိုနီ” ရှိမှ တင့်ပါတယ် ကြောင်။
        စိတ်မကောင်း မဖြစ်ပါနဲ့ ကြောင်။
        “ခိုနီ” ဖြစ်ဖို့သာ အရင်ကြိုးစားပါ ကြောင်။
        “ခိုနီ” ဖြစ်ရင် ဆူးလေ ကို သာ သွားပါကြောင်။
        အဲ့မှာ ခိုစာ ကျွေးတဲ့ လူ တွေ က လှော်ဗီးပဲတွေ ကျွေးပါတယ်ကြောင်။
        lol:-)))))

  • ခင်ဇော်

    June 1, 2015 at 1:25 pm

    တော့ ကို ကျော်ပြီးး
    ဝေါ့ ကို ကြည့်သွားးတော့
    ကြောင် က တစ်ကောင်တည်းး ဖြစ်မပေါ့…
    သူ့ ကို ဘော့ ထားး ကြတာကိုးးး

  • Wow

    June 1, 2015 at 2:05 pm

    ကြောင်လေးက ချစ်စယာ
    ဂဇက်ကကြောင်ကတော့ တွေ့ရင် ဝိုင်းသမမဲ့သူဒွေများနေတယ်… :mrgreen:

  • Ma Ma

    June 1, 2015 at 2:31 pm

    သွားလေရာ ကင်မရာကိုင်ပြီး လိုက်ရိုက်နေတဲ့ စီဂျေမြရဲ့လက်တွင်းဖြစ်
    အားလုံးက ဝိုင်းဘော့ထားတဲ့ ကြောင်ကလေး မဟုတ်တဲ့ ကြောင်ကြီးတစ်ကောင်ထဲ ပျင်းနေပုံပေ့ါ။ :k:

    တိမ်တွေရဲ့အကြည့် ဆိုတဲ့ ပုံလေး ကြိုက်တယ်။ 🙂

  • တောင်ပေါ်သား

    June 1, 2015 at 3:39 pm

    ဒီကြောင်ကတော့ ချစ်စရာ

    ရွာ့ကြောင်ကတော့ 🙂

  • ​ဒေါ် လေး

    June 1, 2015 at 11:08 pm

    အရီးညွှန်းလို့ ဆရာတော် အခွေတော့ နားထောင်ချင်တယ်
    တရားနာကတော့ သွားဘို့မလွယ်

    • မြစပဲရိုး

      June 2, 2015 at 3:05 am

      . ဒေါ်လေးရေ
      ဆရာတော် ဟောထားတဲ့ တရား တစ်ပုဒ် “Mindfulness Meditation Made Easy” ကို မျှပေးလိုက်ပါတယ်။
      အင်္ဂလိပ်ဘာသာ နဲ့ ဟောထားပေမဲ့ အစ်မဒုံ ပြောသလိုပါဘဲ။ အတော်လေး လွယ်ကူရှင်းလင်း တဲ့ စကားလုံး တွေ မို့ နားလည်လွယ်မှာပါ။
      အဲဒီ ဟောတဲ့ တရား ကို pdf file အနေနဲ့ ပို့စ် ထဲ ထည့်ပေးထားပါတယ်။
      အပေါ်က Post ထဲမှာ Bold လုပ်ပေးထားတဲ့ စာပုဒ် ထဲ က Link မှတစ်ဆင့် download လုပ်ပြီး သိမ်းထားလို့ ရပါတယ်။
      . မြန်မာလို ရလာတဲ့ အချိန်ကျရင်လဲ ရွာထဲ မပျက်မကွက် မျှပေးပါဦးမယ်။
      အခု စာ ကိုလဲ အချိန်မရရင်တောင် နဲနဲချင်း အပျော်သဘောဖတ်ကြည့်ကြ ဖို့ တိုက်တွန်းပါတယ်။
      ဒါ့အပြင် နိုင်ငံခြားသား များ ကိုလဲ အခွင့်ရရင် တရားအကြောင်း ပြောပြပေးလို့ ရနိုင်ပါတယ်။

  • မြစပဲရိုး

    June 1, 2015 at 11:35 pm

    မောင်အောင်
    စီးချင်စိတ်ရှိရင် တစ်နေ့စီးရမှာပါ။
    ဒီမှာက အဲလိုကားတွေ က အရစ်ကျဆပ်ကြွေးစနစ်နဲ့ ရောင်းတာမို့ တော်ရုံ ဝင်ငွေရှိရင် ဝယ်စီးနိုင်ပါတယ်။
    ဒါကြောင့် ဒီမှာက ကားကောင်းစီးနိုင်တိုင်း ထူးပြီး အထင်ကြီးမနေကြဘူး။
    ဘတ်စ်ကားစီးလဲ ထူးပြီး အထင်သေးစရာမလိုပေါ့။

    ဇီ နဲ့ ဝါး (စည်းနဲ့ဝါး လိုဖြစ်) ၊ မမ နဲ့ ကိုမျိုး – ဒီ ကြောင်ကို သနားစိတ် ဝင်နေကြတယ်လား။

    . ဒေါ်လေး
    . အသေအချာတော့ ဂတိ မပေးနိုင်ပေမဲ့ ကျွန်မ ကြိုးစားပြီး ရှာပို့ပေးပါ့မယ်။

  • Mike

    June 2, 2015 at 1:53 pm

    ..ခေါင်းစဉ်ပေးပုံလေး သဘောက ျပါတယ် ဒေါ်မြစာကလေးေ၇
    .ပုံ။ တရားမရသေးသူ မိုက်ခ်

  • ​ဒေါ် လေး

    June 2, 2015 at 7:40 pm

    ကျေးဇူးပါ အရီးရေ
    အင်းဂလိတ် လိုတော့ ကြိုးစားပမ်းစားဖတ်ရမယ်
    အလှမ်းနဲနဲဝေးနေလို့
    ဦးနှောက်တွေ သံချေးတက်နေပြီ

    • မြစပဲရိုး

      June 3, 2015 at 3:32 am

      . ကျေးဇူးပါ ကကြီးမိုက် နဲ့ ဒေါ်လေး။
      . ရှိတာလေး မို့ မြလဲ ဖတ်နေတာ ကြာပေါ့။ သိတဲ့ အတိုင်းပါဘဲ။ ထစ်အအ နဲ့ အင်္ဂလိပ်စာတော်လွန်းသူမို့ အခုထိ ဆုံးခန်းမတိုင်ပါ။ lol:-))
      . အခုတရားပွဲ က တရား file တွေ ရခဲ့ ရင် မပျက်မကွက် မျှပါ့မယ် ဒေါ်လေးရေ။ :-))

  • kai

    June 3, 2015 at 3:30 pm

    ဩကာသနဲ့စ,ရင်ကို.. ဘယ်လိုမှအထင်ကြီးလို့မရတဲ့စိတ်တွေဖြစ်သွားပါတယ်..။
    အဲဒါနဲ့စ,မစ..သိချင်..။ :k:

    • မြစပဲရိုး

      June 3, 2015 at 10:48 pm

      မကြိုက်တာ ဖယ်ပြီး ကြိုက်တာသယ် တတ်တဲ့ စိတ်ကလေးများ ကြိုးစားမွေးစမ်းပါ သူကြီးရယ်။
      ဒီလောက်ပြောနေတာတောင် မမှတ်ဘူး။ ခက်တယ်။ 🙄 😉 🙂

  • padonmar

    June 3, 2015 at 11:15 pm

    မြတ်စွာဘုရားတောင်မှ ဟိန္ဒူဘာသာဝင်လူများစုတွေနဲ့ အတိုက်အခံ မဖြစ်စေဖို့ ရဟန်းဝိနည်းထဲမှာ ဟိန္ဒူ အယူတချို့ကို လိုက်လျောညီထွေ ထည့်ထားပါတယ်။
    ဒေသခံတွေ ကိုးကွယ်တဲ့ နတ်ကွန်း နတ်ရုပ်တွေကို မလေးမစားမပြုဖို့ ဆိုတာလည်း ပါတယ်လို့ မှတ်သားဖူးပါတယ်။
    စာသားအတိအကျတော့ စဉ်းစားမရသေးပါ။
    ဩကာသနဲ့စတာ အလေ့အကျင့်ဖြစ်နေတဲ့ ပရိသတ်ကို မလိုအပ်ပဲ အတိုက်အခံလုပ်မယ်လို့ မထင်ပါ။
    ဆရာတော့် တရားခွေ တောင်းထားပါတယ်။ဘယ်လို တင်ရမလဲတော့ သင်ပေးကြပါ။

    • kai

      June 4, 2015 at 3:29 am

      ဂေါတမဗုဒ္ဓက.. မိစ္ဆာဒိဋ္ဌိလို့ပြောတာလည်းအဲဒီ ဟိန္ဒူတွေပါပဲ..အမတော်ဒုံရယ်..။
      သေချာတာကတော့.. ဘုရားကိုယ်တော်တိုင်ကဩကာသနဲ့စ,တိုင်ပေးပြီး.. လူညွှန့်မချိုးခဲ့တာပါပဲ..
      ဗုဒ္ဓထက်ထူး.. ရှေ့ရောက်သူများဝါဒ.. ဖြစ်မှန်းမသိ… ဖြစ်..။
      ထေရာဝါဒ..။

      • မြစပဲရိုး

        June 4, 2015 at 3:48 am

        ကဲပါ … သူကြီးရာ။
        ဩကာသကို ခဏ ဘေးချပြီး အဲဒီ ရဟန်း ဟောထားတာ ကို ရတဲ့ အခါ နဲနဲလောက် မြည်းပြီး နာကြည့်စမ်းပါ။
        မဟုတ်လဲ ကျွန်မ မျှထား တဲ့ pdf file ကို နဲနဲ အစလောက်ဘဲ ဖတ်ကြည့်။
        စမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။
        မကြိုက်လဲ အကြောင်းမဟုတ်။ အရှုံးမရှိပါလေ။ မဟုတ်လား။

        • kai

          June 4, 2015 at 4:06 am

          ဩကာသမှာ.. ကိုယ်ရဲ့.. အတတ်..အသိ…ပါဝါအားလုံးကို.. ကိုယ့်လောက်သိ..တတ်သလားတောင်မသေချာတဲ့.. လူတယောက်ဆီ.. အပ်လိုက်..ချလိုက်ရတယ်..။
          ဒါရဲ့နောက်မှတော့.. အဲဒီကို့ယ်ရှေ့ရွှေခုံကြီးပေါ်စံနေတဲ့သူ… ဘာပြောပြော.. ဘာလုပ်လုပ်… ခံပေတော့ပဲ…
          ဆိုက်ကော်လောဂျီ… စိတ်ဓတ်ရေးရာအရ.. အရှုံးဖြစ်သွားပြီလေ…။

          ဒါလေးက..ဘာမှမဟုတ်သလိုလိုနဲ့.. ဗုဒ္ဓရဲ့အင်မတန်မွန်မြတ်ကောင်းမွန်တဲ့…တရားဓမ္မအားလုံးကို.. တခြားဘာသာဝင်တွေဖတ်လို့မရအောင်…လေ့လာလို့မရအောင်.. တားမြစ်ကာဆီးလုပ်လိုက်သလိုမို့.. ဒီဩကာသကို..တီထွင်ပြောဟောခဲ့သူဟာ.. ဗုဒ္ဓရဲ့..တရားတွေနဲ့.. သာသနာပြုမှုကို..သာသနာပြန့်ပွားတိုးတက်မှုကို.. ရှေ့က…ပိတ်ဆို့ဖျက်လိုက်သူလို့တောင်ပြောလို့ရသဗျ..။
          တခြားဘာသာကြီးတွေက.. လူလူချင်းအဲလိုမလုပ်ရဖူးလို့.. ပညတ်ပိတ်ပင်ထားတာကိုး…။

          ကမ္ဘာမှာ..လူသန်းရထောင်ကျော်ရှိတယ်ဗျ..။
          မြန်မာပြည်ကလူသန်း၃-၄ဆယ်လောက်လေးကို.. စည်းရုံးချင်တာနဲ့..ကျန်သန်းထောင်ဂဏန်းကြီးကို ပစ်ပယ်ဒါဟာ.. အင်မတန်ဆိုးဝါးခြင်းပဲ.. လို့…။

          ဆိုတော့…
          အဲဒါနဲ့မစ,ရင်လေ့လာကြည့်မယ်လေ.. :k:

        • မြစပဲရိုး

          June 4, 2015 at 4:11 am

          ပါလဲ အဲဒီ အပိုင်း ကို Edit လုပ်ပြီး ပို့ပေးပါ့မယ် ဖျာ့။ နာတော်မူနိုင်ဖို့ပါ။ lol:-)))))))

Leave a Reply