သို့/ Andre

မြစပဲရိုးMay 31, 20152min30278

. မေလ  ၃၁ရက် ၂၀၁၅ခုနှစ် တနင်္ဂနွေနေ့ –  အာရှတိုက် တရုတ်နိုင်ငံ နန်ဂျင်းမြို့ စံတော်ချိန် မနက် ၂နာရီ ၃၉မိနစ်

အာရှတိုက် တရုတ်နိုင်ငံ နန်ဂျင်းမြို့ ကနေ အမေရိကတိုက် ဟာဝိုင်ရီ ကျွန်း ဆီ ကို လေယာဉ်တစ်စီး ထွက်ခွါသွားခဲ့ပါတယ်။
သာမာန် ပျံသန်းနေကျ လေယာဉ်တော့ မဟုတ်ပါဘူး။
. နေရောင်ခြည်စွမ်းအား သက်သက် ကိုသာ သုံးပြီး ပျံနိုင်တဲ့ Solar Impulse လေယာဉ်လေးပါ။
အဲဒီ လေယာဉ်ပေါ်မှာ ခရီးသည် တစ်ယောက်ဘဲ ပါတယ်။
အဲဒီ ခရီးသည်ကဘဲ လေယာဉ်ရဲ့ လေယာဉ်မှူး Pilot Andre Borschberg လို့ ခေါ်ပြီး အသက် ၆၂နှစ် ရှိပါပြီ။

Andre
Pilot Andre Borschberg & his Solar plane အဲဒီ လေယာဉ်ပေါ်က နာမယ်တွေ က စပွန်ဆာ ပေးသူတွေ ပါ။ အိုမီဂါ ကတော့ နာမည်ကြီးပေါ့။

 

တကယ်တော့ ဒီ လေယာဉ်အကြောင်း ကို မြန်မာပြည်က သိကြပါတယ်။
အဲဒီ လေယာဉ်နဲ့ ကမ္ဘာတစ်ပါတ် ပါတ်မှာပါ။
ပျံသန်းနှုန်းက အမြန်ဆုံးဆိုရင် 87mph (140km/h) ဖြစ်ပါတယ်။
ခရီးစဉ်ကို ယူအေအီးနိုင်ငံ ရဲ့ အဘူဒါဘိုင် မြို့ ကနေ မတ်လ ၉ရက် နေ့မှာ စခဲ့ပါတယ်။
မတ်လ ၁၉ရက်နေ့က မြန်မာနိုင်ငံ မန္တလေးမြို့မှာ တစ်ထောက်နားပြီး ၂၉ရက် မှာ တရုတ်နိုင်ငံ ကို ထွက်ခွါခဲ့တာပါ။
ခရီး စဉ် ကို အောက်ကဇယားမှာ အသေးစိတ်ကြည့်နိုင်ပါတယ်။

LEG 1: 9 March. Abu Dhabi (UAE) to Muscat (Oman) – 441km; in 13 hours and 1 minute
LEG 2: 10 March. Muscat (Oman) to Ahmedabad (India) – 1,468km; in 15 hours and 20 minutes
LEG 3: 18 March. Ahmedabad (India) to Varanasi (India) – 1,215km; in 13 hours and 15 minutes
LEG 4: 19 March. Varanasi (India) to Mandalay (Myanmar) – 1,398km; in 13 hours and 29 minutes
LEG 5: 29 March. Mandalay (Myanmar) to Chongqing (China) – 1,459km; in 20 hours and 29 minutes
LEG 6: 21 April. Chongqing (China) to Nanjing China – 1,241km; in 17 hours and 22 minutes

အဲဒီမှာ ခရီးစဉ် အကြာဆုံးအချိန် ကမှ နာရီ ၂ဝကျော် ပါ။
.နောက်ပြီး ကုန်းတွင်းပိုင်း တွေကိုဘဲ ဖြတ်ခဲ့ပါတယ်။
.အောက်က ပုံတွေကို ကြည့်ပါ။

Solar Plane Route1Solar Plane Route2

အခု လက်ရှိသွားနေတဲ့ ခရီး စဉ်ကတော့ နာရီပေါင်း ၁၂ဝ ကျော် မို့ ၅ည နဲ့ ၆ရက်နီးပါး မရပ်ဘဲ သွားရမှာပါ။
နောက်တစ်ခု က ပစိဖိတ်သမုဒ္ဒရာ ကို ဖြတ်ရမှာမို့ ဆိုးတဲ့ လေဒါဏ် မျိုးခံရတတ်ပါတယ်။ အင်မတန် စိတ်ဝင်စားစရာ မဟာစွန့်စားခန်းပါဘဲ။
. နေရောင်ခြည်အားကိုး နဲ့ သွားရတာမို့ နေ့အချိန်မှာ နေရောင်က စွမ်းအား ကို သုံးလဲသုံး၊ စုလဲစုရပါတယ်။
ညအချိန်ကျ အဲဒီ စုထားတဲ့ စွမ်းအားတွေ ကို ထုတ်သုံးပေါ့။
ဒါကြောင့် ညကျ အနိမ့်ပိုင်း ကို ချပြီးပျံရပါတယ်။ ပုံ ကိုကြည့်ပါ။

solar_impulse_pacific620-3-0-0
အခု ဒီစာကို ရေးနေချိန် မှာ ဂျပန်နိုင်ငံ နားကို ဖြတ်နေပြီ။
အဲဒီမှာ ည ၁၁နာရီ ကျော်ကျော်မို့ တစ်နေ့လုံး စုထားတဲ့ ဘက်ထရီအား နဲ့ မောင်းနေတယ်တဲ့။
ခရီစဉ် ရဲ့ ၁၈% ဖြစ်တဲ့ နာရီ ၁ရနာရီ ကျော် ပျံလာနိုင်ခဲ့ပြီး နာရီပေါင်း ၁၀၃ နာရီ ဆက်ပြီး စွန့်စားရပါဦးမယ်။အဲဒီ ခရီး ကို ကူညီ ထိန်းချုပ်နေတဲ့ မြေပြင်အဖွဲ့ ရဲ့ Live အလုပ်လုပ်နေတာကိုရော ပိုင်းလော့နဲ့ ဆက်သွယ် စကားပြောနေတာတွေ ကိုပါ အောက်က Link  မှာ ကြည့် နေလို့ ရတယ်။
http://www.solarimpulse.com/leg-7-from-Nanjing-to-Hawaii 

(မှတ်ချက် သတိ – အဲဒီ website ထဲ မှာ Live ဗီဒီယို တွေ အများကြီး တင်ထားတာ မို့  မြန်မာပြည်က ဆို ဝင်လို့ သင့်မသင့် မသိ။ )

အခု မောင်းသူ လဲ အိပ်နေတယ်တဲ့။
တစ်ခါနားမှ မိနစ် ၂ဝ ဘဲ အော်တို ထိန်းပေးလို့ ရတာမို့ ခဏ လောက်ဘဲ မှေးရတဲ့ သဘောပေါ့။
မတ်တတ်လဲ ရပ်လို့ မရပါဘူး။ တစ်ချိန်လုံး ထိုင်ချင်ထိုင်၊ မှီလှဲချင်လှဲပေါ့။
သာမာန်စိတ်ဓာတ် နဲ့ ဒီလို စွန့်စားဖို့ က သိပ်တော့ မလွယ်ဘူး။

အဲဒီ လို ငွေများစွာအကုန်ခံ လူတွေ အပင်ပန်းခံ ရတာတင်မက ဒီ လေယာဉ်မှူး က အသက်တောင် ရင်းထားရတဲ့ အကြောင်းက စိတ်ဝင်စားစရာပါ။
ဒီလို လေယာဉ်ကနေ ခရီးသည်တင်လေယာဉ် တော့ လုပ်မရသေးတာ အသေအချာပါ။
ဒါပေမဲ့ အာကာသထဲ မနားဘဲ သွားပြီး အလုပ်လုပ်နေရမဲ့ ကိစ္စရပ်မျိုး တွေ အတွက် နေစွမ်းအင် ကို သုံးနိုင်ရင် အတော်လေး စရိတ်သက်သာပြီး ပါတ်ဝန်းကျင် ကို ထိန်းသိမ်းနိုင်မှု ပိုကောင်းလာမယ်လို့ မှန်းနိုင်ပါတယ်။
တယ်လီဖုန်း တာဝါတိုင်တွေ မြေပေါ်လျှောက်စိုက် နေမဲ့အစား လေထဲ မှာ ထားနိုင်လာမလားဘဲ။
သိပ္ပံပညာရှင်များ ရဲ့ စိတ်ကူးယဉ် အိမ်မက်များ ပိုပြီး လက်တွေ့မှာ သုံးလာနိုင်ဖို့ အထောက်အပံ့ တစ်ခုလို့ မှန်းထားနိုင်ပါတယ်။

ဒီအတွက် မြန်မာဂဇက် ရဲ့ ကိုယ်စားပြုအနေ နဲ့ ဒီစွန့်စားခန်းတစ်ရပ် အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့ ဆုမွန်တောင်းပေးပါတယ်။
ရာသီဥတု ကောင်းကောင်း နဲ့ ဘေးမသီရန်မခ ရှိပါစေကြောင်းလဲ ဆုတောင်းပေးပါတယ်။
အဲဒီစွန့်စားခန်းကနေ လူသားများအကျိုး၊ ကမ္ဘာမြေ တင်မက စင်္ကြာဝဋ္ဌာ ရဲ့ ကောင်းကျိုးကိုပါ ပြုနိုင်ပါစေလို့လဲ ထပ်ဆင့်ဆုတောင်းပါတယ်။

All the best Andre!
We are wishing you to have a safe flight and a success journey.

 

8 comments

  • ခင်ဇော်

    June 1, 2015 at 1:31 pm

    Fighting, Andre…!!

  • တောင်ပေါ်သား

    June 1, 2015 at 1:49 pm

    ကျနော်ဆိုု ခံနိူင်မယ် မထင် ၊ အိပ်ပျော်သွားမှာ

  • Ma Ma

    June 1, 2015 at 2:10 pm

    လောကအကျိုးအတွက် စွန့်စားတီထွင်ကြသူတွေ အောင်မြင်ကြပါစေလို့ ဆုတောင်းပါတယ်။
    အဲဒီအထဲကမှ အသက်ပါစွန့်ပြီး ကြိုးစားတဲ့ လေယာဉ်မှုး Andre ရဲ့ စိတ်ဓာတ်က လေးစားစရာပါပဲ။
    ဒါပေသိ ကိုယ်ကိုယ်တိုင်ဆိုရင်တော့ ကိုယ့်အတ္တကို မစွန့်နိုင်သေးးးးးးးးး 🙁

  • တောင်ပေါ်သား

    June 1, 2015 at 4:35 pm

    Solar Impulse to land in Japan because of poor weather .
    The plane should arrive at the Komaki airfield in Nagoya at approximately 23:00 local time (14:00 GMT) and its progress can be tracked on the Solar Impulse website.
    A spokesperson for the team said the batteries were currently fully charged.
    This is the seventh leg in an attempt to circumnavigate the globe using just the energy of the Sun.
    http://www.bbc.com/news/science-environment-32955880

  • မြစပဲရိုး

    June 2, 2015 at 12:01 am

    ဝင်ရောက် အားပေးသူများ အားလုံးကို ကျေးဇူးပါ။

    သတင်းလေး Update လုပ်ပေးထားလို့ ကျေးဇူးကြီးပါ ကိုမျိုး ရေ။
    သတင်းလေး အတွက် စိမ်းထားပါတယ်။

    နာရီ ၄ဝ ကျော်မောင်းလာပြီးချိန် ရာသီဆိုးလာတာမို့ ဂျပန်နိုင်ငံ နာဂိုရာမြို့ မှာ ဆင်းလိုက်ရပါတယ်။
    ရာသီကောင်းလာချိန်စောင့်ပြီး မှ ခရီးဆက်ထွက်ရမှာပါ။
    တကယ်တော့ သမုဒ္ဒရာထဲ မှာ မှ ရာသီထဖောက်ခဲ့ ရင် ပိုဆိုးမှာ။
    သူကတော့ စံချိန်တင်ဖို့ လုပ်ထားတာ ပျက်သွားတာမို့ စိတ်ပျက်နေရှာတယ်။

    အမှန်ကတော့ ချစ်မမ ရေ။
    သူတို့ လုပ်နေတာ က သူတို့ ရဲ့ စွန့်စားချင်တဲ့ ဝါသနာ အတွက် အများကောင်းဖို့ ကို တွဲလုပ်တဲ့ သဘောပါ။
    သူတို့မှာလဲ သူတို့ အတ္တ ပါတာအမှန်ပါ။
    ကိုယ့်အတွက်လဲ လိုအင်ပြည့် သိပ္ပံပညာရပ်တွေ အတွက်လဲ အပံ့အပိုးဖြစ်ပေါ့။
    ဘာဘဲဖြစ်ဖြစ် ဒီလို လူ တွေ ရှိလို့ ဘဲ သူတို့နဲ့ရင်း ပြီး နည်းပညာတွေ တိုးတက်လာတာ မနည်းတော့ပါဘူး။
    အကျိုးပြုတဲ့ Bright Side က Hungry ဖြစ်နေတဲ့ Foolish တွေပေါ့။ :-))

    All the best of LUCK Andre!!!!!!
    (ရာသီကောင်းဖို့ LUCK လို တယ်ဟုတ်၊ ဘယ်သူငြင်းချင်လဲ မသိ)

  • မြစပဲရိုး

    July 4, 2015 at 5:05 am

    WELL DONE Andre & Bye !!!! 🙂
    See you Bertrand!
    +++++++++++++++++++++++++++
    Solar plane makes historic landing in Hawaii
    Solar Impulse, the plane powered by the sun, has landed safely in Hawaii after completing an 8,000km journey from Japan, across the Pacific.

    The distance covered and the 118 hours spent in the air are records for manned, solar-powered flight.

    This leg of the journey had been delayed after pilot Andre Borschberg was forced to divert to Nagoya in Japan from Nanjing in China due to unsuitable weather conditions.

    He then spent a month there before being given the green light on Monday to take off for Kalaeloa in Hawaii.

    The next leg of the journey will be undertaken by pilot Bertrand Piccard, who will fly from Hawaii to Phoenix, Arizona.

    http://www.bbc.co.uk/news/science-environment-33389086

Leave a Reply