ကုသိုလ်အမျှရကြပါစေသော်…

aye.kkJune 2, 20153min24316
11328967_560525714086511_1562634620_n
တနင်္ဂနွေနေ့တန်းဆွမ်းကြွ ရောက်သော ရဟန်းသံဃာများနှင့် ကိုရင်များအား၊ ကြည်နှူးချမ်းမြေ့ဖွယ်ဖူးမျှော်တွေ့ရစဉ်။
IMG_0203
တနင်္ဂနွေနေ့တိုင်း၊အပါတ်စဉ် တန်းဆွမ်းအလှူခံ ထွက်ကြသည့်ရဟန်းသံဃာများနှင့်ကိုရင်များ(ငွေတောင်ဦးကမ္မဌာန်းကျောင်း-တာချီလိတ်)
11297677_560525594086523_796550142_n
(ဆရာတော်ဘဒ္ဒန္တဝိရောစန-ငွေတောင်ဦးကမ္မဌာန်းကျောင်း-တာချီလိတ်)၊ကျောင်းထိုင်ဆရာတော်ဘုရားကြီး။
IMG_0220
ကုသိုလ်ယူရတာ ကြည်နှူးချမ်းမြေ့ ဝမ်းမြောက်မိပါတယ်။
IMG_0224
သားရဟန်းပါ၊ပါလာတယ်။
11297744_560525614086521_2131276317_n
လှပစွာဖူးပွင့်နေသည့်ဂမုန်းပန်း။
IMG_0200
သဒ္ဓါထက်သန်စွာဖြင့် ရဟန်းသံဃာများအား လောင်းလှူရန်အသင့်စောင့်ဆိုင်း နေ ကြသော ယောဂီ၊သီလရှင်အပါဝင်ဒကာ,ဒကါမများ။
IMG_0189
လှပစွာပွင့်နေသည့်သစ်ခွ။
IMG_0192
လှပစွာပွင့်နေသည့်ပဒုမ္မာကြာပန်း။
11350045_1667251333493729_110026098_n (1)
အတူတူအားထုတ်ခဲ့ဘူးသည်၊သီလရှင်နှင့်အတူ အမှတ်တရ။

 

16 comments

  • မြစပဲရိုး

    June 2, 2015 at 1:33 am

    အစ်မအေး
    . ချောလိုက်တာ။ မျက်နှာလေး အေးချမ်းပြီး ကျက်သရေလဲရှိတယ်။
    သားရဟန်းကလဲ တည်တည်ငြိမ်ငြိမ် နဲ့ ကြည့်လို့ကောင်းတယ်။
    တို့ အစ်မတော့ သားမျက်နှာ နဲ့ မျက်နှာပွင့်ပုံရမယ်။
    အစ်မ ပေးဝေတဲ့ ကုသိုလ်ဒါန ကို သာဓု၊ သာဓု၊ သာဓု ခေါ်ပါတယ်။
    ဆထက်တန်ပိုး တိုးပြီး လှူဒါန်းနိုင်ပါစေ။

    အစ်မ ရဲ့ ပဒုမ္မာကြာပန်း က ကြာခွက်တွေ နဲ့ တင့်တယ်လှပါတယ်။
    ဂမုန်းပန်း ကိုတော့ မမြင်ဖူးဘူး။

    ပီတိ ဖြစ်စရာ အလှူအတွက် အမျှပေးတာကိုရော၊ စိတ်အေးချမ်းစရာ ပန်းလေးတွေကို မျှ တဲ့အတွက်ပါ ကျေးဇူးပါရှင့်။
    ဒါထက် အဲဒါဘယ်မှာလုပ်တဲ့ ပွဲလဲ အစ်မ။

  • aye.kk

    June 2, 2015 at 6:26 am

    မလတ်ရဲ ့
    သာဓုခေါ်ဆိုမှုအတွက်၊ကြည်နှူးဝမ်းမြောက်မိရပါတယ်၊ကျေးဇူးပါနော်။
    မလတ်ပေးတဲ့ဆုနဲ ့လည်းပြည့်ပါရစေလို့ဆုတောင်းပါတယ်။
    တချီလိတ်၊ပုန်းထွန်ရပ်ကွက်မှာရှိတဲ့၊ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှာပြုလုပ်တဲ့ပွဲပါ။
    သားကိုသင်္ကြန်မတိုင်ခင်ကတည်းကပဲ၊ယောဂီဘဝနဲ ့ရိပ်သာဝင်စေခဲ့ပြီး၊
    တရားကေါင်းစွာအားထုတ်တဲ့အတွက်၊ရဟန်းဝတ်ပေးပြီး၊ဆရာတော်ရဲ ့အဆုံးအမနာခံယူစေခဲ့ပြီး
    သာသနာ့ဘောင်ကိုဝင်ရောက်စေခဲ့ပါတယ်။
    ကျောင်းတိုက်မှာ၊အလှစိုက်ထားတဲ့ပန်းတွေကို၊အမှတ်တရတင်ပေးလိုက်တာပါ။

  • Alinsett @ Maung Thura

    June 2, 2015 at 7:16 am

    ကြည်နူးစရာာာာာာ
    သာဓု အခါခါ ခေါ်ဆိုလျှက်ပါဗျာာာာ

    • aye.kk

      June 2, 2015 at 10:42 am

      Alinsett @ Maung Thura
      သာဓုအခါခါခေါ်ဆိုမှုအတွက်
      အန်တီလှိုက်လှဲစွာဖြင့်ကြည်နှူးချမ်းမြေ့ဝမ်းမြောက်ပါကြောင်း…ပြောပြပါရစေ။

  • Ma Ma

    June 2, 2015 at 9:32 am

    သာဓု သာဓု သာဓု ပါ မအေးရေ။
    ဆရာတော်ရဲ့ မျက်နှာဖူးရတာ စိတ်ချမ်းသာလိုက်တာ။
    မအေးနဲ့ သီလရှင်ဆရာလေးတို့လည်း မျက်နှာ ကြည်လင်နေတာပဲ။
    ငွေတောင်ဦးကမ္မဌာန်းရိပ်သာအကြောင်းကို မအေးတင်ပေးလို့ မြင်နေကြားနေရတာ တကယ်အေးချမ်းတယ်။ 🙂

  • အမအေးရေ

    အမည်နဲ့လိုက်ဖက်အောင်

    အေးချမ်းသောနေရာလေးကို

    တစ်ခေါက်ရောက်နေပြန်ပြီထင်ပါတယ်

  • Ma Ei

    June 2, 2015 at 9:33 am

    အမအေး ပေးဝေသောအမျှကုသိုလ်များကို ရရှိ၍စိတ်အေးချမ်းရပါတယ်…
    ကျောင်းထိုင် ဆရာတော်ဘုရားကလဲ ကြည်ညိုဖွယ်ရာကောင်းလိုက်တာ…
    လှပစွာဖူးပွင့်နေသည့်ဂမုန်းပန်း။ ဆိုတာလေးက နေဝန်းဂမုန်းပါ…နေဝန်း လဝန်း ဂမုန်း၂ မျိုးရှိတယ်..လဝန်းဂမုန်းက ပွင့်ဖတ်ဝိုင်းပါတယ်…အိမ်မှာလဲရှိပါတယ်…
    သစ်ခွပန်းလေး၊ကြာပန်းတွေရော အမအေးရော လှနေတယ်…

  • aye.kk

    June 2, 2015 at 10:36 am

    Ma Ma
    ကျေးဇူးပါ။
    မမရဲ ့သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်။
    မမလည်းအခါအခွင့်သင့်တဲ့အခါ၊အလည်သဘောမျိုးနဲ့လာရောက်ခဲ့စေချင်မိပါတယ်။

    ကိုပေါက်
    ကျေးဇူးပါ။
    တစ်ခေါက်ပြန်ရောက်ဖို့ကြိုးစားနေမိပါတယ်။

    Ma Ei
    ကျေးဇူးပါ။
    ဆရာတော်ဘုရားကြည်ညိုဖွယ်ရာကေါင်းလှတာ၊အမှန်ပါ။
    မအိပြောပြလို့ဂမုန်းပန်းအမည်လေးတွေသိရလို့ဝမ်းသာမိပါတယ်။
    မအိလည်းဒီဘက်ဒေသရောက်ခဲ့ရင်၊ဝင်လည်ဖို့အတွက်ဖိတ်ခေါ်ပါရစေ။

  • lu lu

    June 2, 2015 at 11:34 am

    ကုသိုလ်မျှပေးတဲ့အတွက်
    သာဓု အကြိမ်ကြိမ် ခေါ်သွားပါကြောင်းးး
    🙂

  • ခင်ဇော်

    June 2, 2015 at 11:35 am

    သာဓု
    သာဓု
    သာဓု

  • aye.kk

    June 2, 2015 at 12:51 pm

    အောင်မိုးသူ,lu lu,ခင်ဇော်တို့အားလုံး
    ကျေးဇူးပါ။
    အသီးသီးသာဓုခေါ်ဆိုကြလို့၊အန်တီရင်ထဲကြည်နှူးဝမ်းမြောက်မိပါကြောင်း၊ပြောကြားလိုက်ပါရစေ။

  • padonmar

    June 2, 2015 at 10:30 pm

    သာဓုသာဓု သာဓုပါ.
    ငွေတောင်ဦးကျောင်းက ချမ်းမြေ့ဆရာတော်ကြီးနဲ့ အဆက်အစပ်ရှိမယ်ထင်တယ်။
    ကြာပန်းကို ပင့်ရိုက်ထားတာ လှလိုက်တာ။

  • ​ဒေါ် လေး

    June 2, 2015 at 10:42 pm

    သာဓု _/\_သာဓု_/\_သာဓု_/\_ပါ
    အန်တီအေးက ဖူးစာ ထဲမှာတော့ ကိုယ့်ကိုကိုယ်
    လှတဲ့အထဲ မပါတဲ့
    လှတာမလှထက် ကျက်သရေ ရှိပြီး အေးချမ် တဲ့ မျက်နှာကို
    ပိုင်ဆိုင်ထားသူပါ

  • aye.kk

    June 3, 2015 at 8:55 am

    padonmar
    ကျေးဇူးပါ။
    သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်၊
    ချမ်းမြေ့ဆရာတော်ကြီးနဲ ့အဆက်စပ်ရှိတာအမှန်ပါ။
    ငွေတောင်ဦးကျောင်းကဆရာတော်ကချမ်းမြေ့ကျောင်းမှာအရင်ကနေခဲ့ပါတယ်။
    ကြာပန်းမြင်ရင် ဒေါက်တာပဒုမ္မာကို ကိုသတိရမိတယ်။။

    ဒေါ်လေး
    ကျေးဇူးပါ။
    သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်။
    ဒေါ်လေးကိုလည်းမြင်ဘူးချင်မိပါတယ်။

  • kai

    June 3, 2015 at 3:43 pm

    ယပ်တောင်တွေမှာ.. ဘာစာမှမပါတာမို့..အံဩမိ..
    မျက်နှာများအေးချမ်းလှပါ၏..။ ။

Leave a Reply