“ကျနော်ဓါတ်ဖမ်းသမား” (၆) (ကြီးမှ အကြီးနဲ့ရိုက်တဲ့ ကြီးရိုက်)

“ကျနော်ဓါတ်ဖမ်းသမား” (၆)

(ကြီးမှ အကြီးနဲ့ရိုက်တဲ့ ကြီးရိုက်)

ပန်းကလေးများ
ပန်းကလေးများ

၂၀၁၃ခုနှစ် နှစ်ကုန်ခါနီးမှတော့ ကျနော်နဲ့ကင်မရာအကြီးနီးစပ်ဘို့

အကြောင်းဖန်လာပါတယ်။

တိုတိုပြောရရင်ကျနော့်မိတ်ဆွေတစ်ယောက်က ကျနော့်အတွက်

သူ့ နိုင်ငံခြားကနေမြန်မာပြည်ကိုခဏပြန်အလာမှာ

ကင်နွန် D70  တစ်လုံးဝယ်လာခဲ့ပါတယ်။

မှန်ဘီလူးက  ဝိုက်ဇွမ်း 18-200 နဲ့ တွဲထားပါတယ်။

အဲဒီအချိန်က ဒီအမျိုးအစားက မန္တလေးကိုမရောက်သေးပါဘူး။

ဒီပစ္စည်းကြီးလက်ထဲရောက်တော့ ကျနေ ာ်မှာ အင်္ဂလိပ်စာမတတ်တဲ့သူလက်ထဲ

အိုက်ပက်ရောက်လာသလိုပါဘဲ။

ကိုင်သာကြည့်နေရတယ်ဘာမှ မလုပ်တတ်။

ကင်မရာက အားလုံးတစ်စ စီဖြုတ်ထားတာကို။

မှန်ဘီလူးက သတ်သတ် ကိုယ်ထည်က သတ်သတ်။

ပြစရာ ကိုစိန်သော့ ကလဲမရှိ။

အဲဒါနဲ့ပါလာတဲ့ကက်တစ်လောက်ကိုဖတ်။

ပစ္စည်းကိုဘေးနားချပြီး ကြည့်ပြီး စမ်းတဝါးဝါးနဲ့ ဆင်ရပါတော့ တယ်။

မသိတဲ့အခါ စာအုပ်လို့ ကျနော်က ချစ်စနိုးခေါ်တဲ့ ရန်ကုန်က ဂန္ဓရီဆြာအုပ်

ကိုလှမ်းမေးရပါတော့တယ်။

သုံးရက်လောက်ကြာမှ ကင်မရာက ပုံပေါ်လာပါတယ်။

ဒါပေမယ့် ကျနော်ဒီကင်မရာနဲ့ မရိုက်တတ်သေး။

အဲဒီအချိန်အတွင်းမှာဘဲ ကျနော်ရဲ့လက်စွဲတော်ကင်နွန်

ကင်မရာလေးက ကျပျောက်သွားပါတော့တယ်။

မိတ်ဆွေတစ်ယောက်ကိုလိုက်ပို့ပေးရင်း

ကျနော်ကပေါ့ဆစွာနဲ့ ကင်မရာကို

ရှပ်အကျီနဲ့ရင်ဘတ်ကြားကိုထိုးထည့်ထားတာလိုက်မိပါတယ်။

မိတ်ဆွေကို အိမ်ပြန်ပို့ပြီးတဲ့အချိန်ရောက်မှ ကင်မရာပါမလာတော့ မှန်းသိပါတယ်။

ပြန်ရှာကြည့်ပေးမယ့် မရတော့ ပါဘူး။

1အောင်ပင်လယ်ကတိမ်
1အောင်ပင်လယ်ကတိမ်

ဒီတော့ ဓါတ်ဖမ်းချင်ရင် ကင်မရာအကြီးကို မသုံးရင် မရတဲ့အနေအထားကိုရောက်သွားပါတယ်။

အလုပ်ပိတ်တဲ့တစ်ရက်မှာတော့ ကိုစိန်သော့ အိမ်သွားပြီး

ကင်မရာသုံးတတ်ဘို့သင်ရပါတော့တယ်။

ဒီကင်မရာလေးက “လက်ထိစံနစ်”ဆိုတော့ ကိုယ်ပြောင်းချင်တာလေးကို

လက်နဲ့ဘဲရွှေ့လို့ရတော့ အဆင်ပြေပါတယ်။

(နောက်မှသိလာတာတော့ ကင်မရာခလုပ်ကိုရွှေ့တဲ့အခါမှာ

အဲလို ကြည့်ပြီး လက်နဲ့ရွှေ့နေရင် ပုံရိုက်တာအဆင်မပြေဘူးဆိုတာကိုပါဘဲ)

 

ကိိုစိန်သော့ က ဒီကင်မရာမှာပါတဲ့ ခလုတ်တွေကို ဘယ်ဟာကဘာဆိုတာကိုပြပေးရင်း

အပါချာတွေ ရှပ်တာစပိ အိုင်အက်စ်အို တွေ အကြောင်းကို ပြောပြပေးပါတယ်၊

ပြီးမှလက်တွေ့ရိုက်မယ်ဆိုပြီး

အောင်ပင်လယ်ကို သွားပြီးဓါတ်ဖမ်းကြပါတယ်။

မရှက်တမ်းပြောရရင်တော့ ကိုယ့် ရိုက်တဲ့ပုံလေးကိုကြည့်ပြီး သဘောကျခဲ့ရတဲ့နေ့လေးပေါ့။

ကျနော့်အကြိုက်တိမ်တွေ အိနေအောင်ရတဲ့နေ့လဲဖြစ်ပါတယ်။

ကိုစိန်သော့က သင်ပေးတဲ့အတိုင်းဘယ်ဟာကိုဘယ်နားထား ဘယ်ဟာကိုဘယ်လိုချိန်ဆိုတဲ့

အတိုင်းထားပြီးရိုက်တော့ ပုံလေးတွေက သေသပ်တာအမှန်ပါဘဲ။

ကင်မရာအသေးနဲ့အကြီးခြားနားချက်ကိုလဲသိလာပါတယ်။

ကင်မရာအသေးကတော့ အော်တို ချိန်ထားပေးတဲ့ အတိုင်း ပုံတစ်ပုံ ထွက်လာပါမယ်။

ဒီ့ထက်ပိုပြီးဘာမှလုပ်လို့ မရ။

ကိုယ်ပိုင်ဖန်တီးမူ့မပါ။

ပုံသေပေါ့။

2တိမ်ရဲ့အရိပ်
2တိမ်ရဲ့အရိပ်

ဒါပေမယ့် ကိုယ်ဖမ်းယူလိုက်တဲ့ မြင်ကွင်းတစ်ခုရဲ့ အလယ်အလတ်

အရည်အသွေး တစ်ခုတော့ ရပါမယ်။

ဒါပေမယ့် သူ့ရဲ့ ဆင်ဇာ ခေါ်တဲ့ အလင်းဖမ်းပုံရိပ်က ကသေးတဲ့အတွက်

ဓါတ်ပုံအဖြစ်ပြန်ကူးတဲ့ အခါ ပုံကြီးချဲ့ပြီး ကူးရင် ဝါးသွားတာပါတယ်။

ကင်မရာအကြီးနဲ့ရိုက်တဲ့အခါမှာတော့

ကိုယ့်ရဲ့အတွေး ကိုယ့်နှစ်သက်သလို ကိုယ်တတ်ကျွမ်းသလို

ဖန်တီး နိုင်ခွင့်ရှိပါတယ်။

ဒါပေမယ့်လည်း ကိုယ့်ရဲ့ ကျွမ်းကျင်စွာအသုံးချတတ်မူ့အပေါ်မှာမူတည်ပြီး

ပုံတစ်ပုံရဲ့အကောင်းဆုံးကို ရနိုင်သလိုအညံ့ဆုံးပုံလဲ ဖြစ်သွားနိုင်ပါတယ်။

အမှန်အတိုင်းဝန်ခံရရင်ကင်မရာအကြီးနဲ့ရိုက်ရင် ငါ့ပုံတွေကောင်းလာတော့မှာဘဲ

လို့ ထင်ခဲ့မိတာအမှန်ပါဘဲ။

ဒါပေမယ့် တကယ်လက်တွေ့ရိုက်ပြီဆိုတဲ့အခါမှာတော့ ကိုယ်ထင်သလိုဖြစ်မလာတာကို

တွေ့ရပါတော့တယ်။

မှောင်တဲ့အခါမှောင်လင်းတဲ့အခါလင်း နဲ့ တစ်ချို့ပုံတွေဆို ကင်မရာအသေးနဲ့

ရိုက်တာလောက်တောင်မကောင်းတာကို တွေ့ရပါတယ်။

အရင်က ကင်မရာအသေးနဲ့တုံးကဘာမှသိပ်ချိန်စရာမလို၊

မြင်တာနဲ့ကောက်ရိုက်လိုက်လို့ရပေမယ့်

ဒီကင်မရာကြီးနဲ့ကတော့ အိုင်အက်စ်အို(နာမယ်ကောင်းလက်မှတ်မဟုတ်)

ချိန်ရ အပါချာညှိရ ရှပ်တာစပိပြောင်းရနဲ့ အလုပ်တွေရှုပ်ရပါတယ်။

အလင်းကိုချိန်ဆပေးတဲ့ အလင်းဝင်ပေါက် ၊အလင်းဝင်ချိန် နဲ့ အလင်းဝင်အား

သုံးခုကြားမှာ ဗျာများခဲ့ရတာအမှန်ပါဘဲ။

ဟိုညှိ ဒီညှိ နဲ့တတ်သလောက်မှတ်သလောက်နဲ့ရိုက်ပေမယ့်

ကိုယ်ထင်သလို ပုံကောင်းမရတဲ့ အခါတွေမှာ

စိတ်ဓါတ်ကျမိပါတယ်။

ဒါပေမယ့်လဲ ကိုယ့် မှာ ဓါတ်ဖမ်းစရာ ဒီကင်မရာတစ်လုံးဘဲရှိတော့

လေ့လာသင်ယူဘို့ဘဲကြိုးစားရပါတော့တယ်။

ကျနော်မသိတာရှိရင် လုလင်ကိုဘဲလှမ်းမေးရပါတယ်။

သူက ကင်နွန်သမားကို။

အနီးကပ်ကတော့ ကိုစိန်သော့ပေါ့။

3 အလင်းရဲ့ကိုယ်ပွားအရိပ်များ
3 အလင်းရဲ့ကိုယ်ပွားအရိပ်များ

တစ်ရက်မှာတော့ ကိုစိန်သော့နဲ့ကျနော် မနက်အစောကြီးအောင်ပင်လယ်ကိုဓါတ်ဖမ်းထွက်ကြပါတယ်။

ဆောင်းမနက်ဝေလီဝေလင်းမှာ သွားကြတာပါ။

အောင်ပင်လယ်ရောက်တော့ ကိုယ်ကြိုက်တဲ့နေရာလဲရောက်ရော ဓါတ်စဖမ်းကြပါတယ်။

ကိုစိန်သော့ပြောတဲ့အတိုင်း ချိန်ပြီးရိုက်ပေမယ့် ကျနော့်ပုံကမှောင်မှောင်မဲမဲ။

ကိုစိန်သော့ရဲ့ပုံတွေက ကြည်လင်တောက်ပ။

အဲတော့ မရဘူးဆိုပြီး ပြောရတော့တာပေါ့၊

သူကိုယ်တိုင်ထပ်ပြီး ဆက်တင်တွေချိန်းပြီး ရိုက်လဲ မှောင်မှောင်မဲမဲ။

နောက်တော့မှ ကိုစိန်သော့ က ဖုန်းကလက်နှိပ်ဓါတ်မီးနဲ့ ကင်မရာကိုစစ်ကြည့်မှ

ကျနော်လက်ဆော့ ထားလို့ လော့ကျ နေတာကို တွေ့ ရပါတယ်။

ဒီတော့မှ လော့ဖွင့်ပြီးရိုက်မှကျနော်လိုချင်တဲ့ ပုံလေးတွေကိုရပါတော့တယ်။

ကင်မရာအကြီးရမှဘဲ ပုဂံ ပုပ္ပါး တောင်ကြီး ရန်ကုန် ဘားအံ စတဲ့ခရီးတွေထွက်ဖြစ်ပါတယ်။

ဒါပေမယ့်လဲ ကိုယ်စိတ်ထဲလိုချင်တဲ့ပုံအနေအထားတွေမရခဲ့တာအမှန်။

အများကြီးရိုက်တဲ့အထဲကမှ စိတ်ကြိုက်ပုံလေး သုံးလေးပုံထွက်လာပါတယ်။

ဒါတောင်မှသူများရိုက်ထားတာလောက်မကောင်းတာလဲအမှန်။

မကောင်းဆို အလင်းကိုချိန်ညှိ တာကို မတတ်ကျွမ်းလို့ပါဘဲ။

သင်ပေးတဲ့သူက သင်ပေးပေမယ့် ကျနော်ကိုယ်တိုင်က

ဒုံး ဝေးတာလဲ ပါ ပါ မယ်။

4 ဆွမ်းဦးပုညရှင်
4 ဆွမ်းဦးပုညရှင်

မန်းလေးမြို့ အနီးတစ်ဝိုက် ကိုလည်း မနက် နေ့ညမရွေးရိုက်ဖြစ်ပါတယ်။

ရိုက်ဖြစ်ဆို ဓါတ်ဖမ်းသူ လူတစ်စုနဲ့စုမိတာလဲပါ ပါတယ်။

အင်းဝ ဆိုတာကတော့ မကြာခဏ

စစ်ကိုင်းဘက်ခြမ်းဆိုတာ အစဉ်အမြဲ

အောင်ပင်လယ်ဆိုတာမရောက်ချင်အဆုံး

ရှမ်းလေးကျွန်းနဲ့တောင်သမန်ကတော့ အိမ်ဦးနဲ့ကြမ်းပြင်

ပြင်ဦးလွင်ဆိုတာက အမြဲလိုလိုတက်ဖြစ်

ဒီတော့လဲဓါတ်ပုံတွေလည်းရိုက်ဖြစ်တယ်ပေါ့။

ဒါပေမယ့်လဲရိုက်သမျှ ပုံတိုင်းကမကောင်းပါဘူး။

သူများတွေနဲ့ယှဉ်လိုက်ရင် ကျနော့် ပုံတွေက သူတို့ပုံလောက်မကောင်းတာကိုတွေ့ရပါတယ်။

မကောင်းဆို ကျနော်မှာဓါတ်ပုံနဲ့ပါတ်သက်တဲ့အတတ်ပညာကိုစံနစ်တကျမှ မသင်ဘူးတာကိုး။

ကိုစိန်သော့က မန်းလေးမှာ သင်တန်းဖွင့်မယ်ဆိုတော့ တက်မယ်စိတ်ကူးလိုက်ပါတယ်။

ဒါပေမယ့်လဲသူ့သင်တန်းနဲ့ကျနော်က အချိန်မကိုက်။

ကျနော့်အလုပ်ကလဲအကြာကြီးအပြင်ထွက်လို့မရ။

ဒီတော့သူက သင်တန်း သုံးလေးခုဖွင့်ပြီးတာတောင်ကျနော်မတက်နိုင်။

တကယ်တက်ဘို့ အစီအစဉ်တွေဆွဲပြီးချိန်ရောက်ပြန်တော့သူက ရန်ကုန်မြို့ကိုအပြီးပြောင်း။

အဲဒီမှာ ကျနော်တစ်ယောက်ထဲ ဓါတ်ဖမ်းတဲ့အခါဖမ်း နဲ့ စိတ်ထဲရှိသလိုရိုက်တော့

ကောင်းတဲ့အခါကောင်းညံ့တဲ့အခါညံ့။

အတူသွားစရာ ဆရာတင်စရာ လူမရှိတော့နည်းနည်းလေးတော့အားပျော့သွားသလိုပါဘဲ။

5အလွမ်းသစ်ပင်
5အလွမ်းသစ်ပင်

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

3-6-2015

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

9 comments

  • တောင်ပေါ်သား

    June 3, 2015 at 11:52 am

    အလွမ်းသစ်ပင်အောက် ကျနော်ရောက်နေပါတယ် ကိုပေါက်ရေ

  • Alinsett @ Maung Thura

    June 3, 2015 at 2:41 pm

    တိမ်ရဲ့ အရိပ် နဲ့ အလွမ်းသစ်ပင် ကို …နှစ်ခြိုက်မိတယ်ဗျို့..

  • မြစပဲရိုး

    June 4, 2015 at 3:39 am

    တိမ်တွေ ဆိုတာက တော့ ဘယ်မှာ မဆို အတူတူပါဘဲ ကပေါက်ကြီးရေ့။
    :-)))

  • ကိုအောင်မိုးသူ ဓါတ်အတူဖမ်းချင်ရင် မန်းလေးရောက်ရင်ဆက်သွယ်လိုက်ပါ

    ကိုလတ်ကြီးရေ တိမ်ခြင်းတူပေမယ့် တောင်ပေါ်တိမ်နဲ့မြေပြန့်တိမ် ဖွဲ့တည်ပုံ မတူပြန်ဘူး
    ဒါပေမယ့် လှတာခြင်းတော့ တူတယ်

  • Mike

    June 4, 2015 at 11:04 am

    .အလင်းရဲ့ကိုယ်ပွားအရိပ်များ ပုံသဘောက ျတယ်ဗျာ
    .လွမ်းလည်းလွမ်းသွားတာပေါ့

Leave a Reply